







Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

အင်တာနက်ကို အရင်တုန်းထဲက အသုံးပြုနေတဲ့သူတွေဆိုရင် ကမ္ဘာလုံးကို မြေခွေးကပိတ်နေတဲ့ Mozilla Firefox Browser Logo ကို ရင်းနှီးနေကြမှာပါ။ အခုအချိန်မှာတော့ Mozilla ကနေ Firefox ရဲ့ Logo ကို ပြောင်းလဲဖို့ စဉ်းစားနေပြီပဲဖြစ်ပါတယ်။

Mozilla Firefox New Design

အခုလိုမျိုး Logo ပြောင်းလဲဖို့ ပြုလုပ်နေတာက Firefox Browser တစ်ခုထဲတင်မဟုတ်ဘဲ Mozilla ရဲ့ Mobile နဲ့ VR Browser တွေ၊ Screenshot ပြုလုပ်တာနဲ့ File Sharing Tool တွေမှာပါ ပြောင်းလဲသွားမှာဖြစ်ပြီး Brand တစ်ခုလုံးကို ပုံစံအသစ်ပြောင်းတော့မှာပဲဖြစ်ပါတယ်။ Mozilla က အခုပြောင်းလဲသွားမယ့် Icon ပုံစံ နှစ်ခုကိုလည်း သူတို့ရဲ့ Blog မှာ တင်ထားခဲ့ပြီးတော့ ဘယ်ပုံစံကို ပိုပြီး သဘောကျလဲဆိုတာကိုပါ Feedback ရယူနေတာဖြစ်ပါတယ်။

Mozilla Firefox New Design

Mozilla ရဲ့ ပြောကြားချက်အရတော့ ယခင်က မီးလောင်နေတဲ့ အမြီးနဲ့ မြန်ဆန်တဲ့ မြေခွေးတစ်ကောင်က Mozilla ရဲ့ Product Family တစ်ခုလုံးအတွက် Design Language လုံလုံလောက်လာက်မရှိတဲ့အတွက် အခုလိုမျိုး ဒီဇိုင်းအသစ်ကို ပြုလုပ်ဖို့ စိတ်ကူးတာဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာ Mozilla ကနေ ယခင်ဒီဇိုင်းကနေ လုံးဝကွဲထွက်နေတဲ့ မြေခွေးခေါင်းပုံ Logo နဲ့ System တစ်ခု၊ လက်ရှိ Logo နဲ့ အနီးစပ်ဆုံး တူညီနေသေးတဲ့ မီးလောင်နေတဲ့မြေခွေး အမြီးပုံစံ Logo နဲ့ System တစ်ခုကို ရွေးချယ်ခိုင်းတာဖြစ်ပါတယ်။

Mozilla Firefox New Design

Mozilla ကတော့ အခု System ၂ ခုမှာ ပါဝင်တဲ့ Icon တွေက Final Product မရောက်ခင်အထိ Refinement များစွာပြုလုပ်နေမှုတွေ၊ ဒါမှမဟုတ် အလုံးစုံပြောင်းလဲမှုတွေရှိလာနိုင်သေးတယ်လို့ သိရပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ Firefox Quantum Browser ကို ဒီဇင်ဘာလတုန်းက ထုတ်လုပ်ခဲ့ပြီး ဒါကနောက်ထပ် Design ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Mozilla Firefox Browser ကို မကြာခင်မှာ မတူကွဲပြားနေတဲ့ ဒီဇိုင်းအသစ်နဲ့ မြင်တွေ့ရတော့မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com