[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

မိုရီဆာကီဝင်း ကို ချစ်တဲ့ပရိသတ်တွေအတွက် ဇာတိမြေရုပ်ရှင်လာပါပြီ

ဇာတိမြေ ( My Country My Home ) ဇာတ်ကားကြီးကို ဇူလိုင်လ ၂၇ရက်နေ့မှာ မှာစတင်ပြသတော့မှာဖြစ်တယ်လို့သိရပါတယ်။ ပြသမည့်ရုပ်ရှင်ရုံများကို မကြာမှီအသေးစိတ်ကြော်ငြာပေးပါ့မယ်လို့ My Country My Home Facebook Page မှတဆင့်သိရပါတယ်။
ဒီဇာတ်ကားကို ပရိသတ်တွေစောင့်မျှော်နေရတဲ့ အကြောင်းတွေထဲကတစ်ခုဟာဆိုရင်လည်း မိုရီဆာကီဝင်း (အဝင်း) လို့ချစ်စနိုးခေါ်ကြတဲ့ မြန်မာနိုင်ငံဖွား ဂျပန်အဆိုတော်လေးကြောင့်လည်း ဖြစ်ပါတယ်။

အဝင်း ရဲ့သွက်လတ်တဲ့ဟန်ပန်တွေကြောင့် မြန်မာနိုင်ငံ ကပရိသတ်တွေရဲ့ သဲသဲလှုပ်အားပေးခြင်း ကိုခံနေရတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာရော အဝင်းကိုဘယ်လိုပုံစံတွေနဲ့တွေ့ရဦးမလဲဆိုတာကိုလည်း အဝင်းရဲ့ပရိသတ်တွေက စိတ်ဝင်စားလို့နေကြပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည် ၊ အောင်ရဲလင်း နဲ့ မိုရီဆာကီဝင်း တို့ပါဝင်ပါတယ်။ ဒါရိုက်တာကတော့ ကြည်ဖြူသျှင် ဖြစ်ပြီး ဂျပန်နဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးအဖြစ် ပူးပေါင်းရိုက်ကူး ထားတာဖြစ်ပါတယ်။မိုရီဆာကီဝင်း သီဆိုထားတဲ့ My Country My Home သီချင်းလေးကိုလည်းထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:My Country My Home Facebook Page

www.akhayar.com