[Zawgyi]

ပိုျပီး ရင့္က်က္တဲ့ Version နဲ႔ “Mowgli (2018)” ရဲ့ Trailer ထြက္ေပၚလာပါျပီ

ေတာေပ်ာ္ေလး ေမာဂလိရဲ့ အေၾကာင္းကို ငယ္ငယ္တည္းက ဖတ္ဖူး၊ ၾကည့္ဖူးၾကမွာပါ။ Rudyard Kipling ရဲ့ စာအုပ္ေပၚအေျခခံျပီး ၂၀၁၆ ခုႏွစ္ကလည္း Jon Favreau က The Jungle Book ကို ထုတ္လုပ္ရိုက္ကူးခဲ့ပါတယ္။

Rudyard Kipling ရဲ့ The Jungle Book

ဒီလို ၂ ႏွစ္ပဲ ၾကာေသးတဲ့ ဇာတ္လမ္းတစ္ခုကို ဒါရိုက္တာ Andy Serkis က “Mowgli” လို႔ နာမည္ေပးျပီး ရိုက္ကူးတယ္ဆိုေတာ့ အံ့ၾသရပါတယ္။ ဒါေပမယ့္လည္း The Jungle Book (2016) က Box Office မွာ ေဒၚလာ သန္း ၉၆၀ နဲ႔ ဝင္ေငြေကာင္းလူၾကိဳက္မ်ားခဲ့ျပီး ေအာ္စကာဆုေပးပြဲမွာလည္း Academy Award for Best Visual Effects ဆုကုိလည္း ရရွိခဲ့တဲ့အတြက္ ဒီဇာတ္လမ္းကို ေနာက္တစ္ေခါက္ထပ္ရုိက္ကူးဖို႔ ၾကံစည္တာ ျဖစ္ႏုိင္ပါတယ္။

The Jungle Book (2016)

အခု “Mowgli (2018)” မွာေတာ့ အရင္လို ကေလးဘဝက စိတ္ကူးယဥ္ထားတဲ့ ေမာဂလိမဟုတ္ဘဲ ဇာတ္လမ္းဇာတ္ကြက္ေတြက ပုိၾကမ္းတမ္းရင့္က်က္လာပံုကို ျမင္ရပါတယ္။ ေမာဂလိေနရာက Rohan Chand ဆိုတဲ့ အိႏိၵယအႏြယ္အေမရိကန္သရုပ္ေဆာင္ကေလးေလးက သရုပ္ေဆာင္ထားျပီး ေမာဂလိသူငယ္ခ်င္းၾကီး ျဖစ္တဲ့ Black Panther ၾကီး Bagheera ေနရာက Christina Bale က အသံနဲ႔ သရုပ္ေဆာင္ေပးထားပါတယ္။

ေမာဂလိေနရာက သရုပ္ေဆာင္တဲ့ Rohan Chand

Kaa ေနရာမွာေတာ့ Cate Blanchett က အသံနဲ႔ သရုပ္ေဆာင္ေပးထားျပီး က်ားၾကီး Shere Khan ေနရာကေတာ့ Benedict Cumberbatch က အသံနဲ႔ သရုပ္ေဆာင္ေပးထားတာပါ။

Mowgli (2018) ဝုိင္းေတာ္သားမ်ား

ဒီဇာတ္ကားဟာ ေအာက္တိုဘာလ ၁၉၊ ၂၀၁၈ ခုႏွစ္ထြက္ရွိမွာမို႔လို႔ Mowgli ရဲ့ ပိုၾကမ္းၾကဳတ္တဲ့ Version ကို ၾကည့္ခ်င္ရင္ေတာ့ ဒီရက္ကို မွတ္သားထားရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ပိုပြီး ရင့်ကျက်တဲ့ Version နဲ့ “Mowgli (2018)” ရဲ့ Trailer ထွက်ပေါ်လာပါပြီ

တောပျော်လေး မောဂလိရဲ့ အကြောင်းကို ငယ်ငယ်တည်းက ဖတ်ဖူး၊ ကြည့်ဖူးကြမှာပါ။ Rudyard Kipling ရဲ့ စာအုပ်ပေါ်အခြေခံပြီး ၂၀၁၆ ခုနှစ်ကလည်း Jon Favreau က The Jungle Book ကို ထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။

Rudyard Kipling ရဲ့ The Jungle Book

ဒီလို ၂ နှစ်ပဲ ကြာသေးတဲ့ ဇာတ်လမ်းတစ်ခုကို ဒါရိုက်တာ Andy Serkis က “Mowgli” လို့ နာမည်ပေးပြီး ရိုက်ကူးတယ်ဆိုတော့ အံ့သြရပါတယ်။ ဒါပေမယ့်လည်း The Jungle Book (2016) က Box Office မှာ ဒေါ်လာ သန်း ၉၆၀ နဲ့ ဝင်ငွေကောင်းလူကြိုက်များခဲ့ပြီး အော်စကာဆုပေးပွဲမှာလည်း Academy Award for Best Visual Effects ဆုကိုလည်း ရရှိခဲ့တဲ့အတွက် ဒီဇာတ်လမ်းကို နောက်တစ်ခေါက်ထပ်ရိုက်ကူးဖို့ ကြံစည်တာ ဖြစ်နိုင်ပါတယ်။

The Jungle Book (2016)

အခု “Mowgli (2018)” မှာတော့ အရင်လို ကလေးဘဝက စိတ်ကူးယဉ်ထားတဲ့ မောဂလိမဟုတ်ဘဲ ဇာတ်လမ်းဇာတ်ကွက်တွေက ပိုကြမ်းတမ်းရင့်ကျက်လာပုံကို မြင်ရပါတယ်။ မောဂလိနေရာက Rohan Chand ဆိုတဲ့ အိန္ဒိယအနွယ်အမေရိကန်သရုပ်ဆောင်ကလေးလေးက သရုပ်ဆောင်ထားပြီး မောဂလိသူငယ်ချင်းကြီး ဖြစ်တဲ့ Black Panther ကြီး Bagheera နေရာက Christina Bale က အသံနဲ့ သရုပ်ဆောင်ပေးထားပါတယ်။

မောဂလိနေရာက သရုပ်ဆောင်တဲ့ Rohan Chand

Kaa နေရာမှာတော့ Cate Blanchett က အသံနဲ့ သရုပ်ဆောင်ပေးထားပြီး ကျားကြီး Shere Khan နေရာကတော့ Benedict Cumberbatch က အသံနဲ့ သရုပ်ဆောင်ပေးထားတာပါ။

Mowgli (2018) ဝိုင်းတော်သားများ

ဒီဇာတ်ကားဟာ အောက်တိုဘာလ ၁၉၊ ၂၀၁၈ ခုနှစ်ထွက်ရှိမှာမို့လို့ Mowgli ရဲ့ ပိုကြမ်းကြုတ်တဲ့ Version ကို ကြည့်ချင်ရင်တော့ ဒီရက်ကို မှတ်သားထားရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com