အသက် ၂၀ အရွယ်ဟာ ရင့်ကျက်မှုအတွက် အောင်မြင်မှုတည်ဆောက်ဖို့အတွက် လောကကြီးကိုစိန်ခေါ်နေရတဲ့ အရွယ်ပါ။ ဒီအသက်အရွယ်မှာ ဘဝအဓိပ္ပါယ်ကိုပိုသိဖို့ ကြုံတွေ့လာရမယ့်အခြေအနေတွေကိုကြိုမြင်တတ်ဖို့ စိတ်ခွန်အားရဖို့ ပျော်ရွှင်ရဖို့ ဒီရုပ်ရှင်ကားလေးတွေကို ကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။

in a world poster

In a World…

ဒီဇာတ်လမ်းမှာ ဇာတ်ဆောင်မိန်းကလေးက နောက်ခံစကားပြော အနုပညာရှင်ဖြစ်ချင်တာပါ။ ဒါပေမဲ့ သူမအသံကတော့ စံမမီဘူးလို့သတ်မှတ်ကြပါတယ်။ သူမကို အထင်သေးခဲ့သူတွေကို ကြိုးစားမှုတွေနဲ့ ဘယ်လိုအနိုင်ယူခဲ့လဲဆိုတာ ပြသမှာဖြစ်ပါတယ်။

movies to watch in your 20s

Tangerine

လိင်ပြောင်း လိင်လုပ်သားမိန်းကလေးတစ်ယောက်ဟာသူမကို လိမ်ညာသွားတဲ့ချစ်သူကိုလိုက်ရှာတဲ့ခရီးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို သူငယ်ချင်းဆိုတာရဲ့ အနှစ်သာရ ၊ ကိုယ်နဲ့အနီးဆုံးမှာရှိနေတဲ့ မေ့လျော့ထားမိတဲ့ တန်ဖိုးရှိတဲ့အရာတွေကို သတိရစေဖို့ ကြည့်သင့်ပါတယ်။

movies to watch in your 20s

50/50

စာရေးဆရာ Will Reiser ရဲ့ ကင်ဆာဝေဒနာခံစားရချိန် ကြုံတွေ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေတည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေနဲ့ ကိုယ့်ဘေးမှာရှိတဲ့ စစ်မှန်သောအရာတွေကို တန်ဖိုးထားတတ်စေဖို့ ရည်ရွယ်ပါတယ်။

beyond the lights

Beyond the Lights

နာမည်ကြီးလာတဲ့ အဆိုတော်ကောင်မလေးတစ်ယောက် အောင်မြင်မှုရဲ့ဒဏ်ကို မလွန်ဆန်နိုင်ဖြစ်နေရပါတယ်။ သူမဟာ သူမဘဝကိုကိုယ်ကျိုးစွန့်ပြီး အထောက်အပံ့ကောင်းတွေပေးခဲ့တဲ့ ရဲအရာရှိလေးတစ်ဦးကိုချစ်ကြိုက်မိပါတယ်။ လူတွေမမြင်ခဲ့တဲ့ အောင်မြင်မှုနောက်ကွယ်က ပံ့ပိုးမှု အနစ်နာခံမှုတွေကို တွေ့မြင်ရမှာပါ။

 

the social network

The Social Network

ဒီဇာတ်ကားကတော့ နာမည်ကြီးမို့ အထူးညွှန်းဖို့လိုမယ်မထင်ပါဘူး။ ရည်မှန်းချက်အတွက် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ ယှဉ်ပြိုင်မှုတွေကိုတွေ့မြင်ရမှာပါ။ အရမ်းမိုက်တဲ့ College Movie လို့ဆိုရမှာဖြစ်ပါတယ်။

 

ဂျူဂျူး(အခရာ)

www.akhayar.com