[Zawgyi]
Overboard (May 4)
Tully (May 4)
Breaking In (May 11)
Revenge (May 11)
အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ယောက်ျားနဲ့အတူ အပန်းပြေခရီးထွက်တဲ့အခါမှာ သူ့ယောကျာ်းရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ဘာတွေ ဆက်ဖြစ်လာမလဲ၊ မိန်းမတစ်ယောက်ကို လျှော့တွက်လို့ ရမလားဆိုတာ ပိတ်ကားပေါ်မှာ ကြည့်ရှုရမှာပါ။
Terminal (May 11)
Dark Crimes (May 11)
The Seagull (May 11)
Deadpool 2 (May 18)
Yoe Lu (Akhayar)
www.akhayar.com
Ref : Esquire.com
[Unicode]
၂၀၁၈ မေလအတွင်း နိုင်ငံတကာမှာ ရုံတင်ပြသမယ့် ရုပ်ရှင်တွေကတော့
အခုနောက်ပိုင်း ရုပ်ရှင်တစ်ကားထွက်ပြီဆိုတာနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားနဲ့ တန်းတူ အချိန်နဲ့ တပြေးညီ ကြည့်နေရပါပြီ။ ဒါပေမယ့် ဇာတ်ကားတွေတော့ ပေါက်လောက်မယ့် ကားရွေးတင်သပေါ့လေ။ ဒါကြောင့်လည်း သူတို့ဆီမှာ မေလထဲ ဘယ်ဇာတ်ကားတွေ ပြပြီး ကိုယ်တွေဆီ ဘယ်ဇာတ်ကားတွေ ရောက်နိုင်တယ်ဆိုတာ တစ်ချက်ကြည့်ရအောင်။ဇာတ်ကားအများကြီးထဲကမှ ကောင်းမယ်ထင်တဲ့ကားတစ်ချို့ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
Overboard (May 4)
ဒီကားကတော့ Romantic Comedy အမျိုးအစားဇာတ်ကားလေး ဖြစ်ပြီးတော့ ဒါရိုက်တာ Rob Greenberg ကရိုက်ကူးထားပါတယ်။ Eugenio Derbez ၊ Anna Feris ၊ Eva Longoria တို့ ဦးဆောင်ပါဝင်ထားပြီးတော့ ပိုက်ဆံချမ်းသာတဲ့ သူဌေးသားတစ်ယောက်ဟာ သူ့ရဲ့ ရွက်လှေပေါ်က ပြုတ်ကျပြီး အတိတ်မေ့ရောဂါရှိနေတာကို အမျိုးသမီးတစ်ယောက်နဲ့ တွေ့တဲ့အခါ ဘာတွေ ဖြစ်ကြမလဲ ကြည့်ရမှာပါ။
Tully (May 4)
Tully ကလည်း Comedy –Drama အမျိုးအစားပါပဲ။ Jason Reitman ရိုက်ကူးပြီး Charlie Theron နဲ့ Mackenzie Davis ၊ Mark Duplass နဲ့ Ron Livingston တို့ ပါဝင်ထားပါတယ်။
Breaking In (May 11)
ဒီဇာတ်ကားကိုတော့ James McTeigue ရိုက်ကူးပြီး Gabrielle Union က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ ကလေးနှစ်ယောက်အမေ Single Mother ဖြစ်တဲ့ Shaun Russell ရဲ့ သူ့ကလေးတွေကို ပြန်ပေးဆွဲခံရတဲ့အခါ ကယ်တင်ဖို့ ကြိုးစားပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။
Revenge (May 11)
အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ယောကျ်ားနဲ့အတူ အပန်းပြေခရီးထွက်တဲ့အခါမှာ သူ့ယောကျာ်းရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ဘာတွေ ဆက်ဖြစ်လာမလဲ၊ မိန်းမတစ်ယောက်ကို လျှော့တွက်လို့ ရမလားဆိုတာ ပိတ်ကားပေါ်မှာ ကြည့်ရှုရမှာပါ။
Terminal (May 11)
Drama Thriller အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Vaughn Stein က ရိုက်ကူးထားပါတယ်။ Margot Robbie ၊ Simon Pegg ၊ Dexter Fletcher တို့ ပါဝင်ထားပြီး Trailer အရတော့ စိတ်ဝင်စားစရာကောင်းပါတယ်။
Dark Crimes (May 11)
Jim Carrey ကို အတည်ဇာတ်၊ စုံထောက်တစ်ယောက်နေရာက ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားကို ရွေးချယ်ရမှာပါ။ အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့တဲ့ “ True Crimes – A postmodern murder mystery” ကို ရိုက်ကူးထားတာမို့ အရမ်းကို မိုက်မယ် မျှော်လင့်ရတာပဲ။
The Seagull (May 11)
အပစ်အခတ်တွေ ရိုးအီလို့ရှိရင်တော့ The Seagull လို ဒရာမာဇာတ်ကားကောင်းကောင်းပြဖို့ ရှိနေပါတယ်။ ချက်ကော့ဗ်ရဲ့ ဝတ္ထုကို ရိုက်ကူးထားပြီး Saoirse Ronan ၊ Annette Bening နဲ့ Corey Stoll တို့ ပါဝင်ထားပါတယ်။
Deadpool 2 (May 18)
Deadpool 2 ကတော့ မေလ ၁၈ ရက် ရုံတင်ပါပြီဗျာ။ Ryan Reynold သရုပ်ဆောင်ထားတဲ့ ဒီ Marvel ရဲ့ Hero ဟာ အရင် Deadpool ကားရဲ့ အဆက် ဒီကားမှာရော ဘယ်လို မွှေမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။
Yoe Lu (Akhayar)
www.akhayar.com
Ref : Esquire.com