အခရာပရိသတ်ကြီးရေ မိုးက ရွာလိုက်၊ နေက ပူလိုက်နဲ့ ရာသီဥတုတွေ ကမောက်ကမဖြစ်နေလို့ ပိတ်ရက်တွေကို ဘယ်သွားလို့ ဘယ်လာရမှန်းမသိဖြစ်နေတာလား။ အကောင်းဆုံးအကြံပေးရရင်တော့ ဒီအချိန်ဟာ ရုပ်ရှင်ရုံအေးအေးလေးထဲမှာ ထိုင်ပြီး ရုပ်ရှင်ကြည့်ဖို့ အချိန်ရောက်ပါပြီ။ ကြိုက်ရာ ရုပ်ရှင်တစ်ကားကိုရွေး၊ မြင်ကွင်းကျယ် Screen နဲ့ အသံပိုင်းဆိုင်ရာကောင်းကောင်းရတဲ့ ရုံမှာ ပေါက်ပေါက်ဆုပ်တစ်ဗူးနဲ့ အေးအေးလူလူ ရုပ်ရှင်ကြည့်ရတဲ့ အရသာကို ခံစားကြည့်ကြရအောင်ဗျာ။

 

၁။ ကျွန်

slave

မြန်မာနိုင်ငံရဲ့ အသည်းနှလုံးဖြစ်တဲ့ ပုဂံမြေမှာ ဇာတ်အိမ်တည်ထားပြီး မင်းသား နေတိုး၊ မြင့်မြတ်တို့နဲ့အတူ မင်းသမီး ဝတ်မှုန်ရွှေရည်တို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း ၊ မင်းသမီး စိုးမြတ်သူဇာနဲ့ ထူးမွန်တို့ရဲ့ သရုပ်ဆောင်ကောင်းကောင်းနဲ့ အားပြိုင်မှုတွေနဲ့အတူ “ဘုရားကျွန်ဆိုတာ မြင့်မြတ်တဲ့မျိုးရိုး ဒါကို နိမ့်ကျတဲ့ မျိုးရိုးလို့ ထင်နေတဲ့ ယုံကြည်မှု အမှားတွေကြောင့်”လို့ ဆိုထားတဲ့ ဒီဇာတ်လမ်းကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်နဲ့ ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ ထက်မြက်နိုင်ဇင်တို့ ဘယ်လိုပူးပေါင်းပုံဖော်ထားတာလဲဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုရမှာပါ။

ပြသမယ့်ရုံတွေကတော့

ရန်ကုန် – သမ္မတ၊ သွင်၊ မင်္ဂလာ (သိမ်ကြီးဈေး)၊ မင်္ဂလာစံပြ ၊ Mingalar Cineplex (ဂမုန်းပွင့်-စံရိပ်ငြိမ်) ၊ Top Royal ပါရမီ စိန်ဂေဟာ၊ JCGV Junction City ၊ JCGV Square ၊ JCGV Mawtin ၊

မန္တလေး – ဝင်းလိုက်၊ မြို့မ၊ မန်းနေပြည်တော် (ဆိုင်းတန်း)၊ JCGV Mingalar Mandalay ။

 

၂။ ချိုမြိန်သော လက်စားချေခြင်း

ချိုမြိန်သော လက်စားချေခြင်း

ချိုမြိန်သော လက်စားချေခြင်း ဇာတ်ကားကိုလည်း ဆက်လက်ပြသနေပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုန်ရတီနဲ့ ခင်ဝင့်ဝါတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားဟာ လွန်းထားထားရဲ့ ဝတ္ထုကို ဇာတ်ညွှန်း မိုးနီလွင်က ရေးသားပြီး ဒါရိုက်တာ မီးပွားက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အချစ်ဇာတ်လမ်းသီးသန့်ကြည့်ချင်သူတွေအတွက် လူငယ်တွေရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ဒီကားမှာတော့ အားရပါတယ်လို့ ဆိုထားတဲ့အတွက် ကွီးစိုင်းရဲ့ သရုပ်ဆောင်မှုတွေ ဒီကားမှာ တကယ်ပဲ တိုးတက်လာပြီလားဆိုတာကို သွားရောက်အကဲဖြတ်ကြည့်ရှုသင့်ပါတယ်။

ပြသမယ့် ရုံတွေကတော့ –

ရန်ကုန် – ရှေ့ဆောင်၊ မင်္ဂလာ Cineplex(ဂမုန်းပွင့်)၊မင်္ဂလာစံပြ၊ JCGV Junction City ၊ JCGV Square ၊ JCGV Mawtin ၊

မန္တလေး – မင်္ဂလာဒိုင်းမွန်း၊ JCGV Mingalar Mandalay။

 

၃။ Alien : Convenant

Alien Convenant

 

ကားကတော့ Alien ဇာတ်ကားတွေရဲ့ အဆက်ဖြစ်ပြီး Science-fiction အမျိုးအစားဖြစ်ကာ ဒါရိုက်တာ Ridley Scott ရိုက်ကူးပေးထားပါတယ်။ ရုပ်ရှင်စတားတွေဖြစ်တဲ့ Michael Fassbender ၊ Katherine Waterston ၊ Billy Crudup ၊ Danny Mcbride ၊ Carmen Ejogo ၊ Demian Bichir တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီကား Alien  : Convenant ဟာ လန်ဒန်မှာ မေလ ၄ရက် ၊ ၂၀၁၇ခုနှစ်တည်းက ရုံတင်တာဖြစ်ပြီး US မှာတော့ မေလ ၁၉ရက် ၂၀၁၇ မှာမှ ရုံတင်မှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ အချိန်နဲ့ တပြေးညီကြည့်ရမှာ ဖြစ်တဲ့ အတွက် ခေတ်မီအောင် အပြေးအလွှားသွားကြည့်သင့်တယ်ပေါ့ဗျာ။ လက်ရှိလည်း Box Office မှာ နံပါတ် ၁နေရာရရှိထားပြီး R အဆင့်သတ်မှတ်ထားတဲ့အတွက် နည်းနည်းတော့ ကြမ်းနိုင်ပါတယ်လို့။ 😀

ပြသမယ့် ရုံတွေကတော့

ရန်ကုန် – နေပြည်တော်၊ မင်္ဂလာစံပြ၊ မင်္ဂလာ Cineplex (ဂမုန်းပွင့်)၊ JCGV Junction City ၊ Mega Ace Cineplex (တာမွေ၊ရွှေဗဟို)၊  Mega Ace Cineplex (မြောက်ဥက္ကလာပ၊ကန်သာယာ)၊

မန္တလေး – မင်္ဂလာဒိုင်းမွန်း၊ JCGV Mingalar Mandalay ၊ ချမ်းအေးသာစံ မန္တလေး (မြို့ဂုဏ်ရောင်)။

 

၎။ King Arthur

King Arthur ကတော့ ဒါရိုက်တာ Guy Ritchie  ရိုက်ကူးထားပြီး US မှာ မေလ ၁၂ရက်နေ့က ရုံတင်ခဲ့တာပါ။ Action ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Action တစ်မျိုးတည်းမဟုတ်ပဲ Drama ပါ ရောစပ်ပါဝင်နေတဲ့ King  Arthur မှာတော့ Charlie Hunnam ၊ Astrids Berges Frisbey ၊ Djimon Hounsou ၊ Aidan Gillen ၊ Jude Law နဲ့ Eric Bana တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Box Office မှာ No. 5 ရထားတဲ့ King Arthur ဇာတ်ကားကိုမှ စောင့်မျှော်နေတယ်ဆိုတဲ့ သူတွေအတွက်

ပြသမယ့် ရုံတွေကတော့

ရန်ကုန် – နေပြည်တော်၊ Mingalar Cineplex (ဂမုန်းပွင့်)၊ မင်္ဂလာဒဂုံစင်တာ၂၊ JCGV Junction City၊ JCGV Junction Square၊ Mega Ace Cineplex (မြောက်ဥက္ကလာပ၊ကန်သာယာ)။

မန္တလေး – မင်္ဂလာဒိုင်းမွန်း၊ ချမ်းအေးသာစံ မန္တလေး (မြို့ဂုဏ်ရောင်)။

 

၅။ လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်

လူများကို ခြောက်လှန့်ရန် တစ္တေတစ်ကောင်အလိုရှိသည်

ဒီမြန်မာဇာတ်ကားကြီးကတော့ သောကြာနေ့ (၁၂.၅.၂၀၁၇) ကနေစပြီး ရုံတင်ပြသခဲ့ပြီး ခုထိလည်း ဆက်လက်ရုံတင်ထားဆဲဖြစ်ပါတယ်။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတင်ဆက်ထားပြီး မင်း​မော်​ကွန်း၊ နိုင်းနိုင်း၊ ထွန်းထွန်း၊ ကျော်​​ကျော်​ဗို၊ သင်ဇာဝင့်ကျော်တို့ ခေါင်း​ဆောင်​ပါဝင်​သရုပ်​​ဆောင်​ထားပြီး​ပရိသတ်​​တွေအတွက်​သည်းထိပ်​ရင်​ဖိုခြောက်​လှ့န်​ခံရမယ့် ဇာတ်​ကားကြီးဖြစ်ပါတယ်။

ပြသမယ့် ရုံတွေကတော့

ရန်ကုန် – ရှေ့ဆောင်၊ Mega Ace Cineplex (သာကေတ၊မြရတနာ)။

 

၆။ ခေါက်ထီးကလေး မလုံ့တလုံ

စာရေးဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့ နာမည်ကြီး ဝတ္ထု “ခေါက်ထီးကလေး မလုံ့တလုံ့” ကို ပြန်ရိုက်ထားတဲ့ ဒီကားဟာ ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ မီးပွားရိုက်ကူးထားပြီး အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီ စိုးပြည့်သဇင်နဲ့ အေးမြတ်သူတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက်နဲ့ ဘဝမှာ အမှားတွေရှိခဲ့ရင် အမှန်ကို ပြန်ပြုပြင်ဖို့ သင်ခန်းစာတွေ အများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်ကားကြော်ငြာစာသား “အရိပ်မှတ်လို့ ခိုလိုက်တာ အမှောင်ဖြစ်သွားတယ်….”ဆိုပြီး စိတ်ဝင်စားဖွယ်ရေးထားတဲ့အတွက် ဇာတ်ကားကောင်း မကောင်းကိုတော့ ရုံမှာ အပြေးအလွှား သွားကို သွားကြည့်သင့်တဲ့ သဘောရှိနေပါပြီဗျာ။

ရန်ကုန် – မင်္ဂလာဝဇီရာ။

 

၇။ Bahubali 2

Bahubali 2 : The Conclusion

Bahubali 2 : The Conclusion ( အင်္ဂလိပ်လို ဆိုရင်တော့ the one with strong arms : the conclusion) လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ထွက် အိန္ဒိယ သမိုင်းနောက်ခံ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပြီး Bahubali : The Beginning ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ Bahubali 2 ကို ဒါရိုက်တာ S.S Rajamouli ရိုက်ကူးတင်ဆက်ခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းကိုတော့ ဧပြီလ ၂၈ရက်နေ့မှာ တင်ဆက်ပြသခဲ့ပါတယ်။ USD 39 Million အကုန်အကျခံရိုက်ကူးထားတဲ့ ဒီကားဟာ သုံးရက်အတွင်း ကမ္ဘာအဝှမ်းဝင်ငွေ 5 Billion ကျော်ရရှိခဲ့တဲ့ ပထမဆုံး အိန္ဒိယရုပ်ရှင်ကားဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းမှာလည်း ၅ရက်အတွင်း ဝင်ငွေ 5.65 billion ရရှိပြီး ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် စာရင်းဝင်ခဲ့ပြန်ပါတယ်။ ဒီထက်ကြမ်းတဲ့ အချက်ကတော့ ဒီကားဟာ IMDB Rating 9.2 ရထားပြီး Box Office မှာ အိန္ဒိယဇာတ်ကားတစ်ကားအနေနဲ့ No. 14 နေရာရရှိထားတယ်ဆိုတော့ကာ ဘယ်လိုကောင်းမလဲ၊ ဘယ်လောက်ကောင်းမလဲဆိုတာတော့ ဆက်လက်ရှုစားကြရမှာပါ။

ရန်ကုန် – နေပြည်တော်။

 

ရုပ်ရှင်ရုံများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

 

ရန်ကုန်

သမ္မတ –  ဖုန်း – ၀၁ ၂၄၆၉၆၂၊ ၂၄၆၉၆၃ ။

သွင်     – ဖုန်း ၀၁ ၃၇၂ ၅၉၄၊ ၀၉ ၇၃၂ ၂၅၅ ၆၀ ။

နေပြည်တော် – ဖုန်း – ၀၁ ၂၅၁၂၇၇၊ ၀၁၂၅၁၂၈၈။

ရှေ့ဆောင် (၁) – ဖုန်း – ၀၁ ၂၅၂ ၁၁၃၊ ၀၁ ၃၈၈ ၀၃၄။

မဟာမြိုင် – ဖုန်း – ၀၁ ၆၄၀၀၀၃၊ ၀၉ ၇၃၀ ၇၆၃ ၂၀။

နဝဒေး – ဖုန်း – ၀၉ ၂၆၂ ၆၁၄ ၄၄၂။

မင်္ဂလာ (၁) သိမ်ကြီးဈေး – ဖုန်း – ၀၁ ၂၄၃ ၀၅၇၊ ၀၁ ၂၄၃ ၀၅၈။

Mingalar Cineplex (Ga Mone Pwint) – ဖုန်း – ၀၉ ၇၇၉ ၀၅၄ ၆၇၁၊ ၀၉ ၇၇၉ ၀၅၄ ၆၇၂၊ ၀၉ ၇၇၉ ၀၅၄ ၆၇၃ ။

Mingalar (2) Dagon Center 2 – ဖုန်း – ၀၉ ၇၃၂ ၅၄၀ ၉၁၊ ၀၉ ၇၃၂ ၅၄၀ ၉၂။

Mingalar San Pya – ဖုန်း -၀၉ ၂၆၀ ၈၈၇ ၀၃၅၊ ၀၉ ၂၆၀ ၈၈၇ ၀၃၆။

Mingalar Waziyar – ဖုန်း – ၀၉ ၂၆၁ ၉၀၁ ၁၅၅၊ ၀၉ ၂၆၁ ၉၀၁ ၁၆၆၊ ၀၉ ၂၆၁ ၉၀၁ ၁၇၇။

JCGV (Mawtin) – ဖုန်း – ၀၁ ၂၂၅၂၂၄၊ ၂၁၈၁၅၂၊ ၂၁၈၂၅၃၊ ၂၁၈၁၅၄၊ ၂၁၈၁၅၅၊ ၂၁၈၁၅၆၊ ၂၁၈၁၅၇၊ ၂၁၈၁၅၈ Ext ၁၄၁၆။

JCGV (Square) –ဖုန်း – ၀၁ ၅၂၇၀၅၅၊ ၀၉၂၅၄ ၄၂၄ ၅၄၄။

JCGV (Junction City) –ဖုန်း – ၀၁ ၅၂၇ ၀၅၅ ၊ ၀၉ ၂၅၄ ၄၂၄ ၅၄၄။

Mega Ace Kantharyar Cineplex – ဖုန်း – ၀၉ ၂၆၃ ၁၈၀ ၉၃၆။

Mega Ace Shwe Baho – ဖုန်း – ၀၁ ၅၅၄ ၃၈၃။

Mega Ace Mya Yadanar – ဖုန်း – ၀၁ – ၅၅၆ ၇၈၂။

Red Radiance Digital Cinema (Hledan Center) – ဖုန်း – ၀၉ ၇၆၂ ၁၀၀ ၈၈၇။

Top Royal (စိန်ဂေဟာပါရမီ) – ဖုန်း – ၀၉ ၄၂၀ ၁၈၆ ၂၉၁၊ ၀၉ ၄၂၀ ၁၈၆ ၂၉၂။

 

မန္တလေး

ဝင်းလိုက် – ဖုန်း -၀၂ ၆၀၂၉၁၊ ၀၂ ၃၉၁၂၈။

JCGV (Mingalar Mandalay) – ဖုန်း – ၀၉ ၄၂၀ ၀၂၀ ၈၁၂။

Mingalar Diamond – ဖုန်း – ၀၉ ၄၀၂ ၇၆၅ ၆၄၂၊ ၀၉ ၄၀၂ ၇၆၅ ၆၄၃။

Mingalar Mann Nay Pyi Taw – ဖုန်း – ၀၉၉ ၆၀၉ ၁၁၂ ၁၁၊ ၀၉၉ ၆၀၉ ၁၁၃ ၁၁။

Myoe Ma – ဖုန်း – ၀၂ ၃၉၁ ၃၆၊ ၀၂ ၃၉၁ ၃၇။

Mega Ace Myoe Gone Yaung – ဖုန်း – ၀၂ ၆၀၃ ၆၅။

 

“ကျွန်”လား၊ ချိုမြိန်သော လက်စားချေခြင်းလား ၊ Alien တွေ ကြည့်ပြီး အကြမ်းအရမ်းလား ၊ King Arthur လို ကားမျိုး ကြည့်ချင်တာလား၊ ဘာပဲ ပြောပြော ဒီစနေ၊ တနင်္ဂနွေအတွက်တော့ ကားကောင်းတွေကြီးပဲမို့ အခုပဲ ဇာတ်ကားရွေးချယ်၊ အခုပဲ လက်မှတ်ဘွတ်ကင်တင်လိုက်ကြပါစို့။

 

ရိုးလူ (အခရာ)

www.akhayar.com