အခရာပရိသတ်ကြီးရေ မင်္ဂလာပါခင်ဗျ။ ဒီတစ်ပတ်လည်း အခရာက ပြန်ညွှန်းချင်တဲ့ ရုပ်ရှင်ကဏ္ဍလေး ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် ဘယ်ရုံမှာ ဘယ်ကားတွေ တင်ပြီး ဘယ်လိုတွေ ကောင်းတယ်ဆိုတာကို နည်းနည်းတီးခေါက်ကြည့်မိတဲ့အခါ..

 

၁။ ချိုမြိန်သော လက်စားချေခြင်း

ချိုမြိန်သော လက်စားချေခြင်း

ဒီတစ်ပတ်ရုံဝင်လာတဲ့ ကားကတော့ ချိုမြိန်သော လက်စားချေခြင်း မြန်မာကားသစ်ကြီးဖြစ်ပါတယ်။ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုန်ရတီနဲ့ ခင်ဝင့်ဝါတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားဟာ လွန်းထားထားရဲ့ ဝတ္ထုကို ဇာတ်ညွှန်း မိုးနီလွင်က ရေးသားပြီး ဒါရိုက်တာ မီးပွားက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အချစ်ဇာတ်လမ်းသီးသန့်ကြည့်ချင်သူတွေအတွက် လူငယ်တွေရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ဒီကားမှာတော့ အားရပါတယ်လို့ ဆိုထားတဲ့အတွက် ကွီးစိုင်းရဲ့ သရုပ်ဆောင်မှုတွေ ဒီကားမှာ တကယ်ပဲ တိုးတက်လာပြီလားဆိုတာကို သွားရောက်အကဲဖြတ်ကြည့်ရှုသင့်ပါတယ်။

ပြသမယ့်ရုံတွေကတော့

ရန်ကုန် – ရှေ့ဆောင်၊ မင်္ဂလာ(သိမ်ကြီးဈေး)၊ မင်္ဂလာစံပြ၊ မင်္ဂလာဂမုန်းပွင့်၊ မင်္ဂလာဝဇီရာ၊ JCGV Junction City ၊ JCGV Square ၊ JCGV Mawtin ၊ Mega Ace Cineplex (သာကေတ၊ မြရတနာ)၊ Mega Ace Cineplex (တာမွေ၊ရွှေဗဟို)၊ Mega Ace Cineplex (မြောက်ဥက္ကလာပ၊ကန်သာယာ) ။

မန္တလေး – မြို့မ၊ မင်္ဂလာမန်းနေပြည်တော် (ဆိုင်းတန်း)၊ JCGV Mingalar Mandalay ၊ ချမ်းအေးသာစံမန္တလေး (မြို့ဂုဏ်ရောင်) ။

 

၂။ Alien (Covenant)

Alien Convenant

ဒီကားကတော့ Alien ဇာတ်ကားတွေရဲ့ အဆက်ဖြစ်ပြီး Science-fiction အမျိုးအစားဖြစ်ကာ ဒါရိုက်တာ Ridley Scott ရိုက်ကူးပေးထားပါတယ်။ ရုပ်ရှင်စတားတွေဖြစ်တဲ့ Michael Fassbender ၊ Katherine Waterston ၊ Billy Crudup ၊ Danny Mcbride ၊ Carmen Ejogo ၊ Demian Bichir တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီကား Alien  : Convenant ဟာ လန်ဒန်မှာ မေလ ၄ရက် ၊ ၂၀၁၇ခုနှစ်တည်းက ရုံတင်တာဖြစ်ပြီး US မှာတော့ မေလ ၁၉ရက် ၂၀၁၇ မှာမှ ရုံတင်မှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ အချိန်နဲ့ တပြေးညီကြည့်ရမှာ ဖြစ်တဲ့ အတွက် ခေတ်မီအောင် အပြေးအလွှားသွားကြည့်သင့်တယ်ပေါ့ဗျာ။ 😀 R အဆင့်သတ်မှတ်ထားတဲ့အတွက် နည်းနည်းတော့ ကြမ်းနိုင်ပါတယ်လို့။

ပြသမယ့် ရုံတွေကတော့

ရန်ကုန် – နေပြည်တော်၊ မင်္ဂလာ(ဒဂုံစင်တာ၂)၊ မင်္ဂလာ ဂမုန်းပွင့် ၊ JCGV Junction City ၊ JCGV Square ၊ Mega Ace Cineplex (တာမွေ၊ရွှေဗဟို) ၊ Mega Ace Cineplex (မြောက်ဥက္ကလာပ၊ ကန်သာယာ) ။

မန္တလေး – မင်္ဂလာဒိုင်းမွန်း ၊ JCGV Mingalar Mandalay ၊

 

၃။ King Arthur (Legend of the Sword)

King Arthur ကတော့ ဒါရိုက်တာ Guy Ritchie  ရိုက်ကူးထားပြီး US မှာ မေလ ၁၂ရက်နေ့က ရုံတင်ခဲ့တာပါ။ Action ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Action တစ်မျိုးတည်းမဟုတ်ပဲ Drama ပါ ရောစပ်ပါဝင်နေတဲ့ King  Arthur မှာတော့ Charlie Hunnam ၊ Astrids Berges Frisbey ၊ Djimon Hounsou ၊ Aidan Gillen ၊ Jude Law နဲ့ Eric Bana တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Box Office မှာ No. 3 ရထားတဲ့ King Arthur ဇာတ်ကားကိုမှ စောင့်မျှော်နေတယ်ဆိုတဲ့ သူတွေအတွက်

ပြသမယ့် ရုံတွေကတော့ –

ရန်ကုန် – ရှေ့ဆောင်၊ မင်္ဂလာစံပြ၊ မင်္ဂလာ (ဂမုန်းပွင့်)၊ JCGV Junction City၊ Mega Ace Cineplex (မြောက်ဥက္ကလာပ၊ ကန်သာယာ)။

မန္တလေး – မင်္ဂလာဒိုင်းမွန်း ၊ ချမ်းအေးသာစံ မန္တလေး (မြို့ဂုဏ်ရောင်)။

 

၎။ Mune :Guardian of the Moon

Mune : Guardian of the Moon က 3D Animated Movie ဖြစ်ပြီးတော့ Adventure Fantasy အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Benoit Philippon နဲ့ Alexandre Heboyan တို့က ရိုက်ကူးတင်ဆက်ထားပြီး Michael Gregorio ၊ Omar Sy နဲ့ Izai Higelin တို့က အသံနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ TIFF Kids အပြည်ပြည်ဆိုင်ရာဖလင်ပွဲတော်မှာလည်း Young People’s Jury Award နဲ့ Tokyo Anime Awards မှာလည်း အကောင်းဆုံးဖလင်ဆု ရရှိထားတဲ့ ကားဖြစ်တဲ့ အတွက် Animated Movie ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ ကားလို့ ဆိုချင်ပါတယ်။

ပြသမယ့် ရုံတွေကတော့

ရန်ကုန် –  JCGV Junction City ။

 

၅။ လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်

လူများကို ခြောက်လှန့်ရန် တစ္တေတစ်ကောင်အလိုရှိသည်

ဒီမြန်မာဇာတ်ကားကြီးကတော့ သောကြာနေ့ (၁၂.၅.၂၀၁၇) ကနေစပြီး ရုံတင်ပြသခဲ့ပြီး ခုထိလည်း ဆက်လက်ရုံတင်ထားဆဲဖြစ်ပါတယ်။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတင်ဆက်ထားပြီး မင်း​မော်​ကွန်း၊ နိုင်းနိုင်း၊ ထွန်းထွန်း၊ ကျော်​​ကျော်​ဗို၊ သင်ဇာဝင့်ကျော်တို့ ခေါင်း​ဆောင်​ပါဝင်​သရုပ်​​ဆောင်​ထားပြီး​ပရိသတ်​​တွေအတွက်​သည်းထိပ်​ရင်​ဖိုခြောက်​လှ့န်​ခံရမယ့် ဇာတ်​ကားကြီးဖြစ်ပါတယ်။

ပြသမယ့် ရုံတွေကတော့

ရန်ကုန် – သမ္မတ၊ သွင်၊ မင်္ဂလာစံပြ၊ Top Royal ၊ မင်္ဂလာ ဂမုန်းပွင့်၊ JCGV Juntion City ၊ JCGV Junction Square၊ JCGV Maw Tin ၊

မန္တလေး – ဝင်းလိုက်၊ မင်္ဂလာဒိုင်းမွန်း၊ JCGV Mingalar Mandalay ။

 

၆။ Bahubali 2

Bahubali 2 : The Conclusion

Bahubali 2 : The Conclusion ( အင်္ဂလိပ်လို ဆိုရင်တော့ the one with strong arms : the conclusion) လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ထွက် အိန္ဒိယ သမိုင်းနောက်ခံ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပြီး Bahubali : The Beginning ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ Bahubali 2 ကို ဒါရိုက်တာ S.S Rajamouli ရိုက်ကူးတင်ဆက်ခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းကိုတော့ ဧပြီလ ၂၈ရက်နေ့မှာ တင်ဆက်ပြသခဲ့ပါတယ်။ USD 39 Million အကုန်အကျခံရိုက်ကူးထားတဲ့ ဒီကားဟာ သုံးရက်အတွင်း ကမ္ဘာအဝှမ်းဝင်ငွေ 5 Billion ကျော်ရရှိခဲ့တဲ့ ပထမဆုံး အိန္ဒိယရုပ်ရှင်ကားဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းမှာလည်း ၅ရက်အတွင်း ဝင်ငွေ 5.65 billion ရရှိပြီး ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် စာရင်းဝင်ခဲ့ပြန်ပါတယ်။ ဒီထက်ကြမ်းတဲ့ အချက်ကတော့ ဒီကားဟာ IMDB Rating 9.2 ရထားပြီး Box Office မှာ အိန္ဒိယဇာတ်ကားတစ်ကားအနေနဲ့ No. 10 နေရာရရှိထားတယ်ဆိုတော့ကာ ဘယ်လိုကောင်းမလဲ၊ ဘယ်လောက်ကောင်းမလဲဆိုတာတော့ ဆက်လက်ရှုစားကြရမှာပါ။

ပြသမယ့် ရုံတွေကတော့

ရန်ကုန် – နေပြည်တော်

 

၇။ Guardians of the Galaxy Vol.2

Guardians of the Galaxy vol 2

Marvel က ထုတ်တဲ့ရုပ်ရှင် ဖြစ်တဲ့ Guardians of The Galaxy Vol 2 ဟာ Tokyo မှာ ဧပြီလ ၁၀ ရက်နေ့က အကြိုပြသထားကာ ကြာချိန် ၁၃၆ မိနစ်ရှိပြီး Walt Disney က ဖြန့်ချိကာ Budget အနေနဲ့တော့ $200 Million လောက် သုံးထားတဲ့ ကားဖြစ်ပါတယ်။ ပထမကားဖြစ်တဲ့ Guardians of the Galaxy ဟာ ကမ္ဘာအနှံ့က ရုံဝင်ငွေ ဒေါ်လာ 773 သန်းကျော်ရရှိခဲ့ပြီး အမေရိကန်ပြည်တွင်းမှာတော့ ဒေါ်လာ သန်း 440 ကျော် ရရှိထားခဲ့တာပါ။ လက်ရှိမှာ ရုံဝင်ငွေ သန်း 100 ကျော်ခဲ့ပြီဖြစ်တဲ့ GOTG 2 ဟာ မာဗယ်ရုပ်ရှင်တွေထဲမှာတော့ ၀င်ငွေအကောင်းဆုံး စူပါဟီးရိုး ရုပ်ရှင် 5 ကားစာရင်းထဲ ပါဝင်ဖို့ရာ အလားအလာကောင်းနေပါတယ်။လက်ရှိလည်း Box Office မှာ နံပါတ် ၁ နေရာကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။

ဒါရိုက်တာ James Gunn ရိုက်ကူးထားပြီး ဒီကားဟာ IMDB Rating မှာ 8.2 ရရှိထားပါတယ်။ နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်တဲ့ Chris Patt ၊ Zoe Saldana ၊ Dave Bautista ၊ Vin Diesel ၊ Bradley Cooper ၊ Michael Rooker ၊ Karen Gillan ၊ Pom Klementieff ၊ Elizabeth Debicki ၊ Chris Sullivan ၊ Sean Gunn ၊ Sylvester Stallone နဲ့ Kurt Russell တို့ ပါဝင် အားဖြည့်ထားတဲ့ ဒီ GOTG 2 ဟာ ပထမကား GOTG ကို မီမလား၊ ပိုမိုကောင်းမွန်သွားမလားဆိုတာတော့ ..

ပြသမယ့်ရုံတွေကတော့

ရန်ကုန် – နေပြည်တော်

 

ရုပ်ရှင်ရုံများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ရန်ကုန်

သမ္မတ –  ဖုန်း – ၀၁ ၂၄၆၉၆၂၊ ၂၄၆၉၆၃ ။

သွင်     – ဖုန်း ၀၁ ၃၇၂ ၅၉၄၊ ၀၉ ၇၃၂ ၂၅၅ ၆၀ ။

နေပြည်တော် – ဖုန်း – ၀၁ ၂၅၁၂၇၇၊ ၀၁၂၅၁၂၈၈။

ရှေ့ဆောင် (၁) – ဖုန်း – ၀၁ ၂၅၂ ၁၁၃၊ ၀၁ ၃၈၈ ၀၃၄။

မဟာမြိုင် – ဖုန်း – ၀၁ ၆၄၀၀၀၃၊ ၀၉ ၇၃၀ ၇၆၃ ၂၀။

နဝဒေး – ဖုန်း – ၀၉ ၂၆၂ ၆၁၄ ၄၄၂။

မင်္ဂလာ (၁) သိမ်ကြီးဈေး – ဖုန်း – ၀၁ ၂၄၃ ၀၅၇၊ ၀၁ ၂၄၃ ၀၅၈။

Mingalar Cineplex (Ga Mone Pwint) – ဖုန်း – ၀၉ ၇၇၉ ၀၅၄ ၆၇၁၊ ၀၉ ၇၇၉ ၀၅၄ ၆၇၂၊ ၀၉ ၇၇၉ ၀၅၄ ၆၇၃ ။

Mingalar (2) Dagon Center 2 – ဖုန်း – ၀၉ ၇၃၂ ၅၄၀ ၉၁၊ ၀၉ ၇၃၂ ၅၄၀ ၉၂။

Mingalar San Pya – ဖုန်း -၀၉ ၂၆၀ ၈၈၇ ၀၃၅၊ ၀၉ ၂၆၀ ၈၈၇ ၀၃၆။

Mingalar Waziyar – ဖုန်း – ၀၉ ၂၆၁ ၉၀၁ ၁၅၅၊ ၀၉ ၂၆၁ ၉၀၁ ၁၆၆၊ ၀၉ ၂၆၁ ၉၀၁ ၁၇၇။

JCGV (Mawtin) – ဖုန်း – ၀၁ ၂၂၅၂၂၄၊ ၂၁၈၁၅၂၊ ၂၁၈၂၅၃၊ ၂၁၈၁၅၄၊ ၂၁၈၁၅၅၊ ၂၁၈၁၅၆၊ ၂၁၈၁၅၇၊ ၂၁၈၁၅၈ Ext ၁၄၁၆။

JCGV (Square) –ဖုန်း – ၀၁ ၅၂၇၀၅၅၊ ၀၉၂၅၄ ၄၂၄ ၅၄၄။

JCGV (Junction City) –ဖုန်း – ၀၁ ၅၂၇ ၀၅၅ ၊ ၀၉ ၂၅၄ ၄၂၄ ၅၄၄။

Mega Ace Kantharyar Cineplex – ဖုန်း – ၀၉ ၂၆၃ ၁၈၀ ၉၃၆။

Mega Ace Shwe Baho – ဖုန်း – ၀၁ ၅၅၄ ၃၈၃။

Mega Ace Mya Yadanar – ဖုန်း – ၀၁ – ၅၅၆ ၇၈၂။

Red Radiance Digital Cinema (Hledan Center) – ဖုန်း – ၀၉ ၇၆၂ ၁၀၀ ၈၈၇။

Top Royal (စိန်ဂေဟာပါရမီ) – ဖုန်း – ၀၉ ၄၂၀ ၁၈၆ ၂၉၁၊ ၀၉ ၄၂၀ ၁၈၆ ၂၉၂။

 

မန္တလေး

ဝင်းလိုက် – ဖုန်း -၀၂ ၆၀၂၉၁၊ ၀၂ ၃၉၁၂၈။

JCGV (Mingalar Mandalay) – ဖုန်း – ၀၉ ၄၂၀ ၀၂၀ ၈၁၂။

Mingalar Diamond – ဖုန်း – ၀၉ ၄၀၂ ၇၆၅ ၆၄၂၊ ၀၉ ၄၀၂ ၇၆၅ ၆၄၃။

Mingalar Mann Nay Pyi Taw – ဖုန်း – ၀၉၉ ၆၀၉ ၁၁၂ ၁၁၊ ၀၉၉ ၆၀၉ ၁၁၃ ၁၁။

Myoe Ma – ဖုန်း – ၀၂ ၃၉၁ ၃၆၊ ၀၂ ၃၉၁ ၃၇။

Mega Ace Myoe Gone Yaung – ဖုန်း – ၀၂ ၆၀၃ ၆၅။

 

ဒီတစ်ပတ်တော့ မြန်မာကားတွေရော၊ အင်္ဂလိပ်ကားကောင်းတွေရော အများကြီးဝင်လာတဲ့ အတွက် အခရာပရိသတ်ကြီးလည်း ရုပ်ရှင်တဝကြီး ကြည့်ပြီး ပိတ်ရက်မှာ စိတ်လက်အပန်းပြေ အားသစ်မွေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com