အခရာပရိသတ်ကြီးရေ.. ဒီတစ်ပတ်တော့ ရုပ်ရှင်ချစ်ပရိသတ်ကြီးတွေ အတွက် ရုံတင်ဇာတ်ကားတွေထဲမှာ နိုင်ငံခြားဇာတ်ကားအသစ်ထက် မြန်မာကားအသစ်ပဲ ဝင်လာတာကို တွေ့ရပါတယ်။ ဒီတစ်ပတ်ရဲ့ ကြည့်ချင်စရာ ဇာတ်ကားတွေကတော့ …

 

၁။ လူများကို ခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်

လူများကို ခြောက်လှန့်ရန် တစ္တေတစ်ကောင်အလိုရှိသည်

ဒီမြန်မာဇာတ်ကားကြီးကတော့ သောကြာနေ့ (၁၂.၅.၂၀၁၇) ကနေစပြီး ရုံတင်ပြသပါပြီခင်ဗျ။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတင်ဆက်ထားပြီး မင်း​မော်​ကွန်း၊ နိုင်းနိုင်း၊ ထွန်းထွန်း၊ ကျော်​​ကျော်​ဗို၊ သင်ဇာဝင့်ကျော်တို့ ခေါင်း​ဆောင်​ပါဝင်​သရုပ်​​ဆောင်​ထားပြီး​ပရိသတ်​​တွေအတွက်​သည်းထိပ်​ရင်​ဖိုခြောက်​လှ့န်​ခံရမယ့် ဇာတ်​ကားကြီးဖြစ်ပါတယ်။

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – သမ္မတ၊ သွင်၊ မင်္ဂလာ(၁) သိမ်ကြီးဈေး၊ မင်္ဂလာ(၂) မြေနီကုန်း Dagon Center (2) ၊ Top Royal (စိန်ဂေဟာ ပါရမီ)၊ မင်္ဂလာစံပြ၊ မင်္ဂလာ Cineplex ဂမုန်းပွင့်၊ JCGV Junction City ၊ JCGV Square ၊ JCGV Maw Tin ။

မန္တလေး – ဝင်းလိုက်၊ မြို့မ၊ မန်းနေပြည်တော်၊ JCGV Mingalar Mandalay ၊

 

 

၂။ Seoul Station

Seoul Station

ဒီတစ်ခါတော့ ထူးထူးခြားခြား Animation Horror ဇာတ်ကားလေး ရုံတင်လာပါပြီခင်ဗျာ။ Animation ပရိသတ်တွေရော၊ ကြောက်စရာရသကို ခံစားချင်တဲ့ သူတွေရော အဆင်ပြေမယ်ထင်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Yeon Sang-ho က ရိုက်ကူးထားပြီးတော့ Ryu Seung-ryong ၊ Shim Eun-kyung နဲ့ Lee Joon တို့က အဓိကနေရာက ပါဝင်ထားပါတယ်။ Seoul မြို့ရဲ့မြို့လည်ခေါင်မှာ Zombie ကပ်ဆိုက်မှုကြီးကနေ လွတ်အောင် ရင်ဆိုင်ကြရတဲ့ လူတွေ အကြောင်းကို ရိုက်ကူးထားတဲ့ ဒီထူးခြား Animation Horror ဇာတ်ကား တကယ်ကောင်းမကောင်းဆိုတာကတော့ ပိတ်ကားထက်မှာ စောင့်ကြည့်ရမှာပေါ့ဗျာ။

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – JCGV Junction City ။

၃။ The Ice Breaker

The Ice Breaker

ဒီဇာတ်ကားကတော့ ၁၉၈၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံထားတာပါ။ ရေခဲခွဲသဘောင်္ကြီးတစ်စင်းဟာ အန္တာတိတ်ရေခဲပြင်မှာ ၁၃၃ရက်ကြာ ပိတ်မိနေခဲ့တဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး ဒါရိုက်တာကတော့ Nikolay Khomeriki ပါ။ တကယ့်ဖြစ်ရပ်ဆိုတော့ စိတ်ဝင်စားဖွယ်အပြည့်ဖြစ်နိုင်ပြီး ဇာတ်လမ်းက ဘယ်လိုဘယ်ပုံဆိုတာကတော့ ရုံမှာ ဆက်လက်ရှုစားရမှာပါ။

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – Mega Ace Cineplex (မြောက်ဥက္ကလာပ၊ ကန်သာယာ)

မန္တလေး – ချမ်းအေးသာစံ မန္တလေး (မြို့ဂုဏ်ရောင်)

၎။ Guardian of The Galaxy Vol 2

Guardians of the Galaxy vol 2

Marvel က ထုတ်တဲ့ရုပ်ရှင် ဖြစ်တဲ့ Guardians of The Galaxy Vol 2 ဟာ Tokyo မှာ ဧပြီလ ၁၀ ရက်နေ့က အကြိုပြသထားကာ ကြာချိန် ၁၃၆ မိနစ်ရှိပြီး Walt Disney က ဖြန့်ချိကာ Budget အနေနဲ့တော့ $200 Million လောက် သုံးထားတဲ့ ကားဖြစ်ပါတယ်။ ပထမကားဖြစ်တဲ့ Guardians of the Galaxy ဟာ ကမ္ဘာအနှံ့က ရုံဝင်ငွေ ဒေါ်လာ 773 သန်းကျော်ရရှိခဲ့ပြီး အမေရိကန်ပြည်တွင်းမှာတော့ ဒေါ်လာ သန်း 440 ကျော် ရရှိထားခဲ့တာပါ။ လက်ရှိမှာ ရုံဝင်ငွေ သန်း 100 ကျော်ခဲ့ပြီဖြစ်တဲ့ GOTG 2 ဟာ မာဗယ်ရုပ်ရှင်တွေထဲမှာတော့ ၀င်ငွေအကောင်းဆုံး စူပါဟီးရိုး ရုပ်ရှင် 5 ကားစာရင်းထဲ ပါဝင်ဖို့ရာ အလားအလာကောင်းနေပါတယ်။လက်ရှိလည်း Box Office မှာ နံပါတ် ၁ နေရာကို ရရှိထားပါတယ်။ ဒါရိုက်တာ James Gunn ရိုက်ကူးထားပြီး ဒီကားဟာ IMDB Rating မှာ 8.2 ရရှိထားပါတယ်။ နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်တဲ့ Chris Patt ၊ Zoe Saldana ၊ Dave Bautista ၊ Vin Diesel ၊ Bradley Cooper ၊ Michael Rooker ၊ Karen Gillan ၊ Pom Klementieff ၊ Elizabeth Debicki ၊ Chris Sullivan ၊ Sean Gunn ၊ Sylvester Stallone နဲ့ Kurt Russell တို့ ပါဝင် အားဖြည့်ထားတဲ့ ဒီ GOTG 2 ဟာ ပထမကား GOTG ကို မီမလား၊ ပိုမိုကောင်းမွန်သွားမလားဆိုတာတော့ ..

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – မင်္ဂလာ (၂) ဒဂုံစင်တာ ၂ မြေနီကုန်း၊ နေပြည်တော်၊ မင်္ဂလာစံပြ၊ JCGV Junction City ၊ JCGV Square ၊ Mega Ace Cineplex (တာမွေ၊ရွှေဗဟို)၊ Mega Ace Cineplex (မြောက်ဥက္ကလာ၊ကန်သာယာ)။

မန္တလေး – Mingalar Diamond ၊ JCGV Mingalar Mandalay။

 

၅။ Bahubali 2

Bahubali 2 : The Conclusion

Bahubali 2 : The Conclusion ( အင်္ဂလိပ်လို ဆိုရင်တော့ the one with strong arms : the conclusion) လို့ အမည်ရတဲ့ ဒီဇာတ်ကားဟာ ၂၀၁၇ ခုနှစ်ထွက် အိန္ဒိယ သမိုင်းနောက်ခံ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပြီး Bahubali : The Beginning ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ Bahubali 2 ကို ဒါရိုက်တာ S.S Rajamouli ရိုက်ကူးတင်ဆက်ခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းကိုတော့ ဧပြီလ ၂၈ရက်နေ့မှာ တင်ဆက်ပြသခဲ့ပါတယ်။ USD 39 Million အကုန်အကျခံရိုက်ကူးထားတဲ့ ဒီကားဟာ သုံးရက်အတွင်း ကမ္ဘာအဝှမ်းဝင်ငွေ 5 Billion ကျော်ရရှိခဲ့တဲ့ ပထမဆုံး အိန္ဒိယရုပ်ရှင်ကားဖြစ်ပြီး အိန္ဒိယနိုင်ငံအတွင်းမှာလည်း ၅ရက်အတွင်း ဝင်ငွေ 5.65 billion ရရှိပြီး ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် စာရင်းဝင်ခဲ့ပြန်ပါတယ်။ ဒီထက်ကြမ်းတဲ့ အချက်ကတော့ ဒီကားဟာ IMDB Rating 9.2 ရထားပြီး Box Office မှာ အိန္ဒိယဇာတ်ကားတစ်ကားအနေနဲ့ No. 7 နေရာရရှိထားတယ်ဆိုတော့ကာ ဘယ်လိုကောင်းမလဲ၊ ဘယ်လောက်ကောင်းမလဲဆိုတာတော့ ဆက်လက်ရှုစားကြရမှာပါ။

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – နေပြည်တော်၊ ရှေ့ဆောင် (၃)၊ Mingalar Cineplex (ဂမုန်းပွင့်)၊

မန္တလေး – Mingalar Diamond Cineplex ။

 

၆။ အရွယ်သုံးပါးချစ်တတ်သည်

အရွယ်သုံးပါးချစ်တတ်သည်

ဒါရိုက်တာ မောင်မျိုးမင်းရဲ့ လက်ရာ အရွယ်သုံးပါးချစ်တတ်သည် ကားကြီးမှာ ရန်အောင်၊ရဲအောင်၊ ပြေတီဦး၊ မို့မို့မြင့်အောင်၊ မေသဉ္စာဦး၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည် နဲ့ ကျော်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ညွှန်းထားတာကတော့ ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ (၂) လို့ ညွှန်းဆိုထားပါတယ်။ ပထမကား ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲကတော့ အတော်ကို ရယ်ရခဲ့တဲ့ ကားကောင်းတစ်ကားဖြစ်တော့ ဒီကားကရော ပထမကားကို မီမလားဆိုတာ စောင့်ကြည့်သင့်ပါတယ်။ အနုပညာရှင်တွေ စုံစုံလင်လင် အများကြီး ပါဝင်ထားတဲ့ ဒီဟာသရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီတစ်ပတ်ဆက်ရှိနေဦးမှာဖြစ်တဲ့အတွက် ဆက်လက်ရှုစားကြရမှာပါ။

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – ရှေ့ဆောင် (၂)၊ မင်္ဂလာစံပြ၊မင်္ဂလာဝဇီရာ(လှိုင်သာယာ)၊မင်္ဂလာဂမုန်းပွင့်(လှည်းတန်း၊စံရိပ်ငြိမ်)၊ JCGV Junction City ၊ JCGV Square ၊ JCGV Mawtin ၊ Mega Ace Cineplex (သာကေတ၊ မြရတနာ)၊ Mega Ace Cineplex (တာမွေ၊ ရွှေဗဟို)၊ Mega Ace Cineplex (မြောက်ဥက္ကလာပ၊ကန်သာယာ)။

မန္တလေး – Mingalar Diamond ၊JCGV Mingalar Mandalay ၊ချမ်းအေးသာစံ မန္တလေး(မြို့ဂုဏ်ရောင်)။

 

 

၇။ ခေါက်ထီးကလေး မလုံ့တလုံ

ခေါက်ထီးကလေး မလုံ့တလုံ

စာရေးဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့ နာမည်ကြီး ဝတ္ထု “ခေါက်ထီးကလေး မလုံ့တလုံ့” ကို ပြန်ရိုက်ထားတဲ့ ဒီကားဟာ ဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာ မီးပွားရိုက်ကူးထားပြီး အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီ စိုးပြည့်သဇင်နဲ့ အေးမြတ်သူတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အယုံလွယ်တတ်တဲ့ မိန်းကလေးတွေအတွက်နဲ့ ဘဝမှာ အမှားတွေရှိခဲ့ရင် အမှန်ကို ပြန်ပြုပြင်ဖို့ သင်ခန်းစာတွေ အများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်ကားကြော်ငြာစာသား “အရိပ်မှတ်လို့ ခိုလိုက်တာ အမှောင်ဖြစ်သွားတယ်….”ဆိုပြီး စိတ်ဝင်စားဖွယ်ရေးထားတဲ့အတွက် ဇာတ်ကားကောင်း မကောင်းကိုတော့ ရုံမှာ အပြေးအလွှား သွားကို သွားကြည့်သင့်တဲ့ သဘောရှိနေပါပြီဗျာ။

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – ရှေ့ဆောင်၊ Mega Ace Cineplex (သာကေတ၊ မြရတနာ)။

 

 

၈။ The Fate of the Furious

The Fate of the Furious

F8 ဟာ Paul Walker ကြီး မရှိတော့ပေမယ့် အရင်အတိုင်း Vin Diesel၊ Dwayne Johnson (The Rock)၊ Jason Statham၊ Michelle Rodriguez၊ Tyrese Gibson၊ Charlize Theron နဲ့ အခြားနာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပြီး Director ကတော့ F Gary Gary ဖြစ်ပါတယ်။

သူ့ ဇနီး Letty (Michelle Rodriguez) နဲ့ Dom တစ်ယောက် Honeymoon ထွက်ရင်း အနားယူအပန်းဖြေနေတဲ့ အချိန်မှာ ဆိုက်ဘာအကြမ်းဖက်သမားတစ်ယောက်လည်းဖြစ်၊ Hacker တစ်ယောက်လည်းဖြစ်တဲ့ Cipher (Theron) က ချဉ်းကပ်ပြီး သူ့အတွက် အလုပ်လုပ်ပေးဖို့ ချိမ်းခြောက်အကျပ်ကိုင်တဲ့ အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရှူစားရမှာပါ။

Box Office မှာ No. 2 နေရာကို ရယူထားဆဲဖြစ်ပြီးတော့ လက်ရှိအချိန်ထိ IMDB Rating 7.3 ရရှိထားပါတယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်အရ ပြောရရင်တော့ ဘာဇာတ်လမ်းမှ မယ်မယ်ရရမရှိဘဲ ကြမ်းပြ၊ ရမ်းပြထားတဲ့ ကားပါပဲ။ ယုတ္တိလွန်ဇာတ်ကွက်တွေကို ဖောဖောသီသီတွေ့ရမှာ ဖြစ်ပြီး နောက်ဆုံးပေါ် လက်နက်ပစ္စည်းဆန်းအစုံနဲ့ ကားအလန်းစားတွေ မောင်းပြီး ကြမ်းပြ၊ရမ်းပြတာကို ကြည့်ချင်ရုံဆိုရင်တော့ သင့်တော်တဲ့ ကားမျိုးပါ။ အားမနာတမ်းပြောရရင်တော့ ဒီတိုင်းသာ ဆက်ရိုက်နေမယ်ဆိုရင် နောက်တစ်ကားထပ်မထွက်သင့်တော့တဲ့ ကားမျိုး ဖြစ်သွားပါပြီ။

ပြသနေတဲ့ ရုံတွေကတော့

ရန်ကုန် – နေပြည်တော်၊ JCGV Junction City။

 

ရုပ်ရှင်ရုံများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ရန်ကုန်

သမ္မတ –  ဖုန်း – ၀၁ ၂၄၆၉၆၂၊ ၂၄၆၉၆၃ ။

သွင်     – ဖုန်း ၀၁ ၃၇၂ ၅၉၄၊ ၀၉ ၇၃၂ ၂၅၅ ၆၀ ။

နေပြည်တော် – ဖုန်း – ၀၁ ၂၅၁၂၇၇၊ ၀၁၂၅၁၂၈၈။

ရှေ့ဆောင် (၁) – ဖုန်း – ၀၁ ၂၅၂ ၁၁၃၊ ၀၁ ၃၈၈ ၀၃၄။

မဟာမြိုင် – ဖုန်း – ၀၁ ၆၄၀၀၀၃၊ ၀၉ ၇၃၀ ၇၆၃ ၂၀။

နဝဒေး – ဖုန်း – ၀၉ ၂၆၂ ၆၁၄ ၄၄၂။

မင်္ဂလာ (၁) သိမ်ကြီးဈေး – ဖုန်း – ၀၁ ၂၄၃ ၀၅၇၊ ၀၁ ၂၄၃ ၀၅၈။

Mingalar Cineplex (Ga Mone Pwint) – ဖုန်း – ၀၉ ၇၇၉ ၀၅၄ ၆၇၁၊ ၀၉ ၇၇၉ ၀၅၄ ၆၇၂၊ ၀၉ ၇၇၉ ၀၅၄ ၆၇၃ ။

Mingalar (2) Dagon Center 2 – ဖုန်း – ၀၉ ၇၃၂ ၅၄၀ ၉၁၊ ၀၉ ၇၃၂ ၅၄၀ ၉၂။

Mingalar San Pya – ဖုန်း -၀၉ ၂၆၀ ၈၈၇ ၀၃၅၊ ၀၉ ၂၆၀ ၈၈၇ ၀၃၆။

Mingalar Waziyar – ဖုန်း – ၀၉ ၂၆၁ ၉၀၁ ၁၅၅၊ ၀၉ ၂၆၁ ၉၀၁ ၁၆၆၊ ၀၉ ၂၆၁ ၉၀၁ ၁၇၇။

JCGV (Mawtin) – ဖုန်း – ၀၁ ၂၂၅၂၂၄၊ ၂၁၈၁၅၂၊ ၂၁၈၂၅၃၊ ၂၁၈၁၅၄၊ ၂၁၈၁၅၅၊ ၂၁၈၁၅၆၊ ၂၁၈၁၅၇၊ ၂၁၈၁၅၈ Ext ၁၄၁၆။

JCGV (Square) –ဖုန်း – ၀၁ ၅၂၇၀၅၅၊ ၀၉၂၅၄ ၄၂၄ ၅၄၄။

JCGV (Junction City) –ဖုန်း – ၀၁ ၅၂၇ ၀၅၅ ၊ ၀၉ ၂၅၄ ၄၂၄ ၅၄၄။

Mega Ace Kantharyar Cineplex – ဖုန်း – ၀၉ ၂၆၃ ၁၈၀ ၉၃၆။

Mega Ace Shwe Baho – ဖုန်း – ၀၁ ၅၅၄ ၃၈၃။

Mega Ace Mya Yadanar – ဖုန်း – ၀၁ – ၅၅၆ ၇၈၂။

Red Radiance Digital Cinema (Hledan Center) – ဖုန်း – ၀၉ ၇၆၂ ၁၀၀ ၈၈၇။

Top Royal (စိန်ဂေဟာပါရမီ) – ဖုန်း – ၀၉ ၄၂၀ ၁၈၆ ၂၉၁၊ ၀၉ ၄၂၀ ၁၈၆ ၂၉၂။

 

မန္တလေး

ဝင်းလိုက် – ဖုန်း -၀၂ ၆၀၂၉၁၊ ၀၂ ၃၉၁၂၈။

JCGV (Mingalar Mandalay) – ဖုန်း – ၀၉ ၄၂၀ ၀၂၀ ၈၁၂။

Mingalar Diamond – ဖုန်း – ၀၉ ၄၀၂ ၇၆၅ ၆၄၂၊ ၀၉ ၄၀၂ ၇၆၅ ၆၄၃။

Mingalar Mann Nay Pyi Taw – ဖုန်း – ၀၉၉ ၆၀၉ ၁၁၂ ၁၁၊ ၀၉၉ ၆၀၉ ၁၁၃ ၁၁။

Myoe Ma – ဖုန်း – ၀၂ ၃၉၁ ၃၆၊ ၀၂ ၃၉၁ ၃၇။

Mega Ace Myoe Gone Yaung – ဖုန်း – ၀၂ ၆၀၃ ၆၅။

 

ဒီတစ်ပတ်လည်း ရုပ်ရှင်လေးကြည့်ရင်း အချိန်ဖြုန်းရင်း ဘယ်ဇာတ်ကားတွေ ကောင်းတယ်၊မကောင်းဘူးဆိုတာ အခရာဝိုင်းသူ ဝိုင်းသားတွေကို လက်တို့ဦးနော်။

 

ရိုးလူ (အခရာ)

www.akhayar.com