တိုးႏိုင္မန္းနဲ႔ နန္းဆန္တဲ့ရြာ ရုပ္ရွင္ဇာတ္ကား

[Zawgyi]

Celebrity ထုတ္လုပ္ေရးအတြက္ ဒါရိုက္တာေက်ာ္သားႀကီး႐ိုက္ကူးမယ့္ “တိုးႏိုင္မန္းနဲ႔ နန္းဆန္တဲ့ရြာ” ရုပ္ရွင္ဇာတ္ကားကို ပဲခူးရိုးမေပၚမွာ႐ိုက္ကူးသြားမယ္လို႔ ဒါရိုက္တာေက်ာ္သားႀကီးက ေျပာဆိုလာပါတယ္။

“ကၽြန္ေတာ္တို႔ ဒီဇာတ္ကားကို ရန္ကုန္မွာ နည္းနည္းရိုက္မယ္။ ၿပီးရင္ ပဲခူးရိုးမေပၚမွာ ဆက္ၿပီးရိုက္ကူးသြားမွာပါ။ ပထမေတာ့ သံေတာင္မွာရိုက္ဖို႔ပါပဲ။ ဒါေပမဲ့ ပဲခူးရိုးမမွာလည္း ကၽြန္ေတာ္တို႔လိုခ်င္တဲ့ပံုစံမ်ိဳး၊ Location ကရွိေနတယ္။ အဓိကေတာ့ ဇာတ္နဲ႔လိုက္ဖက္တဲ့ေနရာကို ေရြးျဖစ္ခဲ့တာပါ။ ဒီဇာတ္ကားက နည္းနည္းေတာ့ထူးျခားတယ္။ ပရိသတ္ေတြလည္း ႀကိဳက္ႏွစ္သက္ၾကမယ္ထင္ပါတယ္”လို႔ ဒါရိုက္တာ ေက်ာ္သားႀကီးကေျပာပါတယ္။

“တိုးႏိုင္မန္းနဲ႔ နန္းဆန္တဲ့ရြာ” ရုပ္ရွင္ဇာတ္ကားကို ၾသဂုတ္ ၂၉ ရက္က စတင္႐ိုက္ကူးေနတာျဖစ္ၿပီး အဓိကဇာတ္ေကာင္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္မယ့္ ေျပတီဦးကလည္း အက္ရွင္ နဲ႔ ဟာသတို႔ပါဝင္တဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

“ဒီဇာတ္ကားက ျမင္ဖူးေနက်ပံုစံမ်ိဳးလည္းမဟုတ္ဘူး။ သာမာန္ဇာတ္လမ္းေတြထဲက ကြဲထြက္တဲ့ဇာတ္ကားတစ္ကားပါ။ ဇာတ္လမ္းပံုစံက အက္ရွင္နည္းနည္းပါမယ္။ ဟာသပါမယ္။ ၿပီးေတာ့ Adventure ပံုစံမ်ိဳးပါမယ္”လို႔ ေျပတီဦးက ဆုိပါတယ္။

သရုပ္ေဆာင္ အကယ္ဒမီ ေျပတီဦး ညီမျဖစ္သူ ေငြတီဦးရဲ႕ဇာတ္လမ္းကို မိုးနီလြင္ဇာတ္ၫႊန္းေရးသား ေပးထားၿပီး ပါဝင္သ႐ုပ္ေဆာင္မယ့္သူေတြကေတာ့ ေက်ာ္ရဲေအာင္၊ ေျပတီဦး၊ ေဗလုဝ၊ ေအးျမတ္သူ၊ သင္ဇာဝင့္ေက်ာ္၊ ေမဆူးေမာင္၊ မိုးပြင့္ျဖဴ၊ ေခ်ာေခ်ာ၊ စင္ဒီျမတ္၊ အိႏုေဝ၊ လီလီေက်ာ္ခိုင္၊ ဆုလဲ့လဲ့ႏိုင္၊ နန္းအိေျႏၵရွင္၊ သိမ့္နႏၵာေအာင္၊ ယြန္းရတီဦးနဲ႔ ေမာ္ဒယ္သရုပ္ေဆာင္မ်ားစြာ ပါဝင္သရုပ္ေဆာင္ၾကမယ္လို႔ သိရပါတယ္။HGID_KV_Ads_Square-42

www.akhayar.com

[Unicode]

Celebrity ထုတ်လုပ်ရေးအတွက် ဒါရိုက်တာကျော်သားကြီးရိုက်ကူးမယ့် “တိုးနိုင်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ်ကားကို ပဲခူးရိုးမပေါ်မှာရိုက်ကူးသွားမယ်လို့ ဒါရိုက်တာကျော်သားကြီးက ပြောဆိုလာပါတယ်။

“ကျွန်တော်တို့ ဒီဇာတ်ကားကို ရန်ကုန်မှာ နည်းနည်းရိုက်မယ်။ ပြီးရင် ပဲခူးရိုးမပေါ်မှာ ဆက်ပြီးရိုက်ကူးသွားမှာပါ။ ပထမတော့ သံတောင်မှာရိုက်ဖို့ပါပဲ။ ဒါပေမဲ့ ပဲခူးရိုးမမှာလည်း ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုး၊ Location ကရှိနေတယ်။ အဓိကတော့ ဇာတ်နဲ့လိုက်ဖက်တဲ့နေရာကို ရွေးဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားက နည်းနည်းတော့ထူးခြားတယ်။ ပရိသတ်တွေလည်း ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်”လို့ ဒါရိုက်တာ ကျော်သားကြီးကပြောပါတယ်။

“တိုးနိုင်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၂၉ ရက်က စတင်ရိုက်ကူးနေတာဖြစ်ပြီး အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်မယ့် ပြေတီဦးကလည်း အက်ရှင် နဲ့ ဟာသတို့ပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီဇာတ်ကားက မြင်ဖူးနေကျပုံစံမျိုးလည်းမဟုတ်ဘူး။ သာမာန်ဇာတ်လမ်းတွေထဲက ကွဲထွက်တဲ့ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းပုံစံက အက်ရှင်နည်းနည်းပါမယ်။ ဟာသပါမယ်။ ပြီးတော့ Adventure ပုံစံမျိုးပါမယ်”လို့ ပြေတီဦးက ဆိုပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး ညီမဖြစ်သူ ငွေတီဦးရဲ့ဇာတ်လမ်းကို မိုးနီလွင်ဇာတ်ညွှန်းရေးသား ပေးထားပြီး ပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ ကျော်ရဲအောင်၊ ပြေတီဦး၊ ဗေလုဝ၊ အေးမြတ်သူ၊ သင်ဇာဝင့်ကျော်၊ မေဆူးမောင်၊ မိုးပွင့်ဖြူ၊ ချောချော၊ စင်ဒီမြတ်၊ အိနုဝေ၊ လီလီကျော်ခိုင်၊ ဆုလဲ့လဲ့နိုင်၊ နန်းအိနြေ္ဒရှင်၊ သိမ့်နန္ဒာအောင်၊ ယွန်းရတီဦးနဲ့ မော်ဒယ်သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ကြမယ်လို့ သိရပါတယ်။HGID_KV_Ads_Square-42

www.akhayar.com