[Zawgyi]

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေခါင္းေဆာင္ေပ်ာက္ရွာပံုေတာ္

ဆီဗီလာကို အေ၀းကြင္းမွာအနိမ့္သေရသာကစားႏုိင္ခဲ့တာဟာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေမွ်ာ္လင့္ခ်က္အားလံုး႐ိုက္ခ်ဳိးခံရတာမ်ဳိးမဟုတ္ပါဘူး။ ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္မ်ားစြာအတြက္၊ အနာဂတ္ခုိင္မာမႈမ်ားစြာအတြက္ ေခါင္းေဆာင္ေကာင္း မရိွတာကမန္ခ်က္စတာယူႏုိက္တက္ရဲ႕ စိုးရိမ္ဖြယ္အေျခအေနမ်ဳိးျဖစ္ပါတယ္။ ေမာ္ရင္ဟို Mourinho ဟာ မန္ခ်က္စတာယူႏုိက္တက္အတြက္ကြင္းျပင္ပ  ေခါင္းေဆာင္တစ္ဦးမွ်သာပါပဲ။ ကစားသမားေတြၾကားတစ္ဦးနဲ႔တစ္ဦး ကူးလူးဆက္ဆံယံုၾကည္မႈနဲ႔ ေအာင္ပြဲဆီခ်ီတက္ရာမွာ ဦးေဆာင္လႈံ႔ေဆာ္ႏုိင္သူ မန္ခ်က္စတာယူႏုိက္တက္မွာ ေပ်ာက္ဆံုးေနတယ္။ ကြင္းအတြင္းမွာ ကစားသမားေတြကို စိတ္ဓာတ္လႈံ႔ေဆာ္ေပးမယ့္သူမ်ဳိး မန္ခ်က္စတာယူႏုိက္တက္မွာ ေလာေလာဆယ္ဆယ္မရွိ ဘူး။ ဘ႐ုိင္ယန္ေရာ့ဘ္ဆင္ Bryan Robson၊ ႐ြိဳင္ကင္း Roy Kane တို႔လိုေခါင္းေဆာင္မ်ဳိး လက္ရွိမန္ခ်က္စတာယူႏုိက္တက္မွာ မရွိဘူး။ လက္ပတ္ပတ္ထား႐ံုနဲ႔ ႔အသင္းေခါင္းေဆာင္င္းအစစ္မဟုတ္ဘူး။ ကုိယ္ရထားတဲ့အခြင့္အေရးကို သာယာခံစားေန႐ံုနဲ႔အသင္းေခါင္းေဆာင္အစစ္မဟုတ္ဘူး။

ရြန္နီ Rooney ေခတ္လြန္မွာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ပထမအသင္းေခါင္းေဆာင္ဟာ ကာရစ္ပါပဲ။ ဒါေပမဲ့ ကာရစ္ကက်န္းမာေရးျပႆနာေၾကာင့္ ပံုမွန္ပြဲထြက္ခြင့္မရတဲ့အခါ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အသင္းေခါင္းေဆာင္ရာထူးကို ဗလင္စီယာ Valencia၊ ေပါ့ဘာ Pogba။ ယန္း Young နဲ႔ စေမာလင္း Smalling တို႔ တာ၀န္ယူခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ဒီကစားသမားေလးဦးက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အသင္းေခါင္းေဆာင္ရာထူးကို ဂုဏ္ယူဖြယ္ပိုင္ဆုိင္ခဲ့ပါတယ္။ ဗလင္စီယာက အသင္းေခါင္းေဆာင္ရာထူးကို အႀကိမ္အမ်ားဆံုးေဆာင္ရြက္ခြင့္ရခဲ့သူပါပဲ။ ဒီေနရာမွာ ေတြးမိတာက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အသင္းေခါင္းေဆာင္ရာထူးကို ပုိင္ဆုိင္ခဲ့သူေတြမွာ ေခါင္းေဆာင္အရည္အေသြးရွိရဲ႕လားဆိုတာပဲ။ ကစားသမားတစ္ဦးခ်င္းစီရဲ႕ စြမ္းေဆာင္ရည္နဲ႔ ကစားအား၊ Mental ပုိင္းကို ေျပာတာမဟုတ္ဘဲ ကစားသမားတစ္ဦးခ်င္းစီရဲ႕ စိတ္ခံယူခ်က္ Moral ပုိင္းကို ေျပာတာပါ။ ေခါင္းေဆာင္တစ္ဦးမွာရွိရမယ့္ စိတ္အရည္အေသြးမ်ဳိး သူတို႔အားလံုးမွာမရွိပါဘူး။ ဗလင္စီယာနဲ႔ ယန္းက ကြင္းထဲမွာ၀ီရိယအားေကာင္းၿပီး မဆုတ္မနစ္ႀကိဳးစားတတ္ေပမယ့္ သူတုိ႔ရဲ႕ ေခါင္းေဆာင္မႈအရည္အေသြးဟာ ပါးလ်ပါတယ္။  ေပါ့ဘာက်ေတာ့ အသင္းေခါင္းေဆာင္မျဖစ္ထိုက္ေသးဘူးလို႔ ထင္ပါတယ္။ လူငယ္တစ္ဦးပီပီ သူ႕စိတ္ကိုသူမထိန္းကြပ္ႏုိင္ေသးသူဟာ အသင္းေဖာ္ေတြကို ဘယ္လုိဦးေဆာင္မလဲဆိုတာ  ေတြးၾကည့္စရာမလိုပါဘူး။ ေနာက္တစ္ေယာက္စေမာလင္း၊ သူကကုိယ္တုိင္လုပ္အမွားေတြနဲ႔ အၿမဲလိုလို၊ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြရဲ႕ ၿငိဳျငင္မႈကို ခံေနရသူ၊ ေခါင္းေဆာင္တစ္ဦးစမွားေနတဲ့အသင္းမ်ဳိးကိုဘယ္သူျမင္ခ်င္မွာလဲ။

ေခါင္းေဆာင္တစ္ဦးရဲ႕အရည္အေသြးေတြထဲ ကိုယ့္နယ္ပယ္အတြက္ဆို ေျပာရဲဆုိရဲ၊ ကာကြယ္ရဲစိတ္ရွိရပါမယ္။ သင့္တင့္မွ်တမယ့္ Aggressive Style မ်ဳိးရွိရပါမယ္။ လက္ရွိမန္ခ်က္စတာယူႏုိက္တက္ရဲ႕ အသင္းေခါင္းေဆာင္ေလးဦးစလံုးမွာ အဲဒီဟန္ပန္မ်ဳိးမေတြ႕ရဘူး။ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေခါင္းေဆာင္မႈအရည္အေသြးနိမ့္ ပါးတာကို နည္းျပေမာ္ရင္ဟို ေျဖရွင္းသင့္ေနပါၿပီ။ အသင္းေခါင္းေဆာင္ေကာင္းမရွိတာဟာ အ၀တ္လဲခန္းအတြင္းက ျပႆနာေတြကိုပိုၿပီးႀကီးထြားႏုိင္ပါတယ္။ အခု ေပါ့ဘာနဲ႔ ေမာ္ရင္ဟိုတို႔ၾကားက ျပႆနာမ်ဳိးေပါ့။ လက္ရွိမန္ခ်က္စတာယူႏုိက္တက္အသင္းမွာသာ ရြိဳင္ကင္းလိုမ်ဳိးအသင္းေခါင္းေဆာင္ရွိမယ္ ဆိုရင္ ေပါ့ဘာျပႆနာဟာ အ၀တ္လဲခန္းထဲမွာပဲ ၿပိီးသြားမယ့္ျပႆနာမ်ဳိး၊ ၾသဇာေညာင္းတဲ့အသင္းေခါင္းေဆာင္မ်ဳိးဆုိရင္ ေပါ့ဘာကို လက္ရွိအသင္းရဲ႕အေျခအေနမွန္ကို ရွင္းျပမယ္။ ေခ်ာ့တန္ေခ်ာ့၊ ေျခာက္တန္ေျခာက္လုပ္ၿပီး  ေပါ့ဘာရဲ႕ စိတ္ခံယူခ်က္ကိုေျပာင္းလဲေပးမယ္လို႔ ျမင္မိပါတယ္။

ဘာစီလုိနာ၊ ရီးယဲလ္၊ ဘုိင္ယန္ျမဴးနစ္တို႔ဟာ အသင္းေခါင္းေဆာင္ေကာင္းေတြ ပိုင္ဆုိင္ခဲ့ၿပီး ဥေရာပၿပိဳင္ပြဲေတြကိုအေကာင္းဆံုးစိုးမိုးထားႏုိင္ခဲ့ပါတယ္။ အသင္းေဖာ္ေတြကို ၾသဇာေညာင္းတာမ်ဳိးမဟုတ္ဘဲ အသင္းေဖာ္ေတြရဲ႕ ယံုၾကည္စိတ္ကို ခိုင္ခုိင္မာမာရယူထားႏုိင္မယ္ဆုိရင္လည္း အသင္းေခါင္းေဆာင္ေကာင္းျဖစ္လာႏုိင္ပါတယ္။ ဘာစီလိုနာက မက္ဆီ Messi၊ စပါးက ဟာရီကိန္း Harry Kane တို႔လိုပံုစံမ်ဳိးပါပဲ။ မက္ဆီ၊ ဟာရီကိန္းတို႔ဟာ အသင္းအတြက္အေရးပါတဲ့အလွည့္အေျပာင္းေတြကို ဖန္တီးေပးႏုိင္သူေတြ၊ First Class ေတြပါပဲ။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အိပ္မက္ေတြပိုၿပီးခမ္းနားခ်င္တယ္ဆိုရင္ နည္းျပေမာ္ရင္ဟိုအေနနဲ႔ ေခါင္းေဆာင္ေကာင္းတစ္ဦးကို ပ်ဳိးေထာင္ေပးႏုိင္ဖို႔လိုပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မန်ချက်စတာယူနိုက်တက်ရဲ့ ခေါင်းဆောင်ပျောက်ရှာပုံတော်

ဆီဗီလာကို အဝေးကွင်းမှာအနိမ့်သရေသာကစားနိုင်ခဲ့တာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ မျှော်လင့်ချက်အားလုံးရိုက်ချိုးခံရတာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ မျှော်လင့်ချက်များစွာအတွက်၊ အနာဂတ်ခိုင်မာမှုများစွာအတွက် ခေါင်းဆောင်ကောင်း မရှိတာကမန်ချက်စတာယူနိုက်တက်ရဲ့ စိုးရိမ်ဖွယ်အခြေအနေမျိုးဖြစ်ပါတယ်။ မော်ရင်ဟို Mourinho ဟာ မန်ချက်စတာယူနိုက်တက်အတွက်ကွင်းပြင်ပ  ခေါင်းဆောင်တစ်ဦးမျှသာပါပဲ။ ကစားသမားတွေကြားတစ်ဦးနဲ့တစ်ဦး ကူးလူးဆက်ဆံယုံကြည်မှုနဲ့ အောင်ပွဲဆီချီတက်ရာမှာ ဦးဆောင်လှုံ့ဆော်နိုင်သူ မန်ချက်စတာယူနိုက်တက်မှာ ပျောက်ဆုံးနေတယ်။ ကွင်းအတွင်းမှာ ကစားသမားတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးမယ့်သူမျိုး မန်ချက်စတာယူနိုက်တက်မှာ လောလောဆယ်ဆယ်မရှိ ဘူး။ ဘရိုင်ယန်ရော့ဘ်ဆင် Bryan Robson၊ ရွိုင်ကင်း Roy Kane တို့လိုခေါင်းဆောင်မျိုး လက်ရှိမန်ချက်စတာယူနိုက်တက်မှာ မရှိဘူး။ လက်ပတ်ပတ်ထားရုံနဲ့အသင်းခေါင်းဆောင်င်းအစစ်မဟုတ်ဘူး။ ကိုယ်ရထားတဲ့အခွင့်အရေးကို သာယာခံစားနေရုံနဲ့အသင်းခေါင်းဆောင်အစစ်မဟုတ်ဘူး။

ရွန်နီ Rooney ခေတ်လွန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ပထမအသင်းခေါင်းဆောင်ဟာ ကာရစ်ပါပဲ။ ဒါပေမဲ့ ကာရစ်ကကျန်းမာရေးပြဿနာကြောင့် ပုံမှန်ပွဲထွက်ခွင့်မရတဲ့အခါ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဗလင်စီယာ Valencia၊ ပေါ့ဘာ Pogba။ ယန်း Young နဲ့ စမောလင်း Smalling တို့ တာဝန်ယူခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဒီကစားသမားလေးဦးက မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဂုဏ်ယူဖွယ်ပိုင်ဆိုင်ခဲ့ပါတယ်။ ဗလင်စီယာက အသင်းခေါင်းဆောင်ရာထူးကို အကြိမ်အများဆုံးဆောင်ရွက်ခွင့်ရခဲ့သူပါပဲ။ ဒီနေရာမှာ တွေးမိတာက မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ပိုင်ဆိုင်ခဲ့သူတွေမှာ ခေါင်းဆောင်အရည်အသွေးရှိရဲ့လားဆိုတာပဲ။ ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ ကစားအား၊ Mental ပိုင်းကို ပြောတာမဟုတ်ဘဲ ကစားသမားတစ်ဦးချင်းစီရဲ့ စိတ်ခံယူချက် Moral ပိုင်းကို ပြောတာပါ။ ခေါင်းဆောင်တစ်ဦးမှာရှိရမယ့် စိတ်အရည်အသွေးမျိုး သူတို့အားလုံးမှာမရှိပါဘူး။ ဗလင်စီယာနဲ့ ယန်းက ကွင်းထဲမှာဝီရိယအားကောင်းပြီး မဆုတ်မနစ်ကြိုးစားတတ်ပေမယ့် သူတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေးဟာ ပါးလျပါတယ်။  ပေါ့ဘာကျတော့ အသင်းခေါင်းဆောင်မဖြစ်ထိုက်သေးဘူးလို့ ထင်ပါတယ်။ လူငယ်တစ်ဦးပီပီ သူ့စိတ်ကိုသူမထိန်းကွပ်နိုင်သေးသူဟာ အသင်းဖော်တွေကို ဘယ်လိုဦးဆောင်မလဲဆိုတာ  တွေးကြည့်စရာမလိုပါဘူး။ နောက်တစ်ယောက်စမောလင်း၊ သူကကိုယ်တိုင်လုပ်အမှားတွေနဲ့ အမြဲလိုလို၊ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံနေရသူ၊ ခေါင်းဆောင်တစ်ဦးစမှားနေတဲ့အသင်းမျိုးကိုဘယ်သူမြင်ချင်မှာလဲ။

ခေါင်းဆောင်တစ်ဦးရဲ့အရည်အသွေးတွေထဲ ကိုယ့်နယ်ပယ်အတွက်ဆို ပြောရဲဆိုရဲ၊ ကာကွယ်ရဲစိတ်ရှိရပါမယ်။ သင့်တင့်မျှတမယ့် Aggressive Style မျိုးရှိရပါမယ်။ လက်ရှိမန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လေးဦးစလုံးမှာ အဲဒီဟန်ပန်မျိုးမတွေ့ရဘူး။ မန်ချက်စတာယူနိုက်တက်ရဲ့ ခေါင်းဆောင်မှုအရည်အသွေးနိမ့် ပါးတာကို နည်းပြမော်ရင်ဟို ဖြေရှင်းသင့်နေပါပြီ။ အသင်းခေါင်းဆောင်ကောင်းမရှိတာဟာ အဝတ်လဲခန်းအတွင်းက ပြဿနာတွေကိုပိုပြီးကြီးထွားနိုင်ပါတယ်။ အခု ပေါ့ဘာနဲ့ မော်ရင်ဟိုတို့ကြားက ပြဿနာမျိုးပေါ့။ လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းမှာသာ ရွိုင်ကင်းလိုမျိုးအသင်းခေါင်းဆောင်ရှိမယ် ဆိုရင် ပေါ့ဘာပြဿနာဟာ အဝတ်လဲခန်းထဲမှာပဲ ပြီးသွားမယ့်ပြဿနာမျိုး၊ သြဇာညောင်းတဲ့အသင်းခေါင်းဆောင်မျိုးဆိုရင် ပေါ့ဘာကို လက်ရှိအသင်းရဲ့အခြေအနေမှန်ကို ရှင်းပြမယ်။ ချော့တန်ချော့၊ ခြောက်တန်ခြောက်လုပ်ပြီး  ပေါ့ဘာရဲ့ စိတ်ခံယူချက်ကိုပြောင်းလဲပေးမယ်လို့ မြင်မိပါတယ်။

ဘာစီလိုနာ၊ ရီးယဲလ်၊ ဘိုင်ယန်မြူးနစ်တို့ဟာ အသင်းခေါင်းဆောင်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲတွေကိုအကောင်းဆုံးစိုးမိုးထားနိုင်ခဲ့ပါတယ်။ အသင်းဖော်တွေကို သြဇာညောင်းတာမျိုးမဟုတ်ဘဲ အသင်းဖော်တွေရဲ့ ယုံကြည်စိတ်ကို ခိုင်ခိုင်မာမာရယူထားနိုင်မယ်ဆိုရင်လည်း အသင်းခေါင်းဆောင်ကောင်းဖြစ်လာနိုင်ပါတယ်။ ဘာစီလိုနာက မက်ဆီ Messi၊ စပါးက ဟာရီကိန်း Harry Kane တို့လိုပုံစံမျိုးပါပဲ။ မက်ဆီ၊ ဟာရီကိန်းတို့ဟာ အသင်းအတွက်အရေးပါတဲ့အလှည့်အပြောင်းတွေကို ဖန်တီးပေးနိုင်သူတွေ၊ First Class တွေပါပဲ။

မန်ချက်စတာယူနိုက်တက်ရဲ့ အိပ်မက်တွေပိုပြီးခမ်းနားချင်တယ်ဆိုရင် နည်းပြမော်ရင်ဟိုအနေနဲ့ ခေါင်းဆောင်ကောင်းတစ်ဦးကို ပျိုးထောင်ပေးနိုင်ဖို့လိုပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။