[Zawgyi]

သင့္ေတာ္တဲ့ ေျပာင္းေရႊ႕ေၾကးရရင္ Martial ကုိ ေရာင္းခ်ဖုိ႔ စီစဥ္ေနတဲ့ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိဟာ Mourinho အနာဂတ္မတည္မၿငိမ္ျဖစ္ေနတဲ့ အသင္းရဲ႕ေတာင္ပံတိုက္စစ္ကစားသမား မာစီယဲလ္ Martial ကုိ အသင္းတစ္သင္းက သင့္ေတာ္တဲ့ေစ်းႏႈန္းနဲ႔ ကမ္းလွမ္းလာရင္ ေရာင္းခ်ဖုိ႔ ဆႏၵရွိေနပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က San Jose အသင္းနဲ႔ ဂုိးမရွိသေရက်ခဲ့တဲ့ ေျခစမး္ပဲြမွာ မာစီယဲလ္ ေျခစြမ္းမျပႏုိင္ဘဲ အဲဒီပဲြအၿပီးမွာ ေမာ္ရင္ဟုိက မာစီယဲလ္ဟာ တစ္ကုိယ္ေကာင္းဆန္ဆန္ မကစားသင့္ဘူးလုိ႔ ေ၀ဖန္ျပစ္တင္ခဲ့တယ္။ ေမာ္ရင္ဟုိအေနနဲ႔လည္း အသငး္မွာ မေပ်ာ္ရႊင္ေတာ့တဲ့ ကစားသမားတစ္ဦးကုိ ဆက္ထားဖုိ႔ အစီအစဥ္မရွိေတာ့တာေၾကာင့္ မာစီယဲလ္ကုိ ေရာင္းခ်ဖုိ႔ အသင္းဘုတ္အဖဲြ႕တာ၀န္ရွိသူေတြကုိ ေတာင္းဆုိသြားမယ့္အေနအထားရွိၿပီး အေျပာင္းအေရႊ႕ကာလၿပီးဆုံးမယ့္ ၾသဂုတ္လ(၉)ရက္မတိုင္ခင္ မာစီယဲလ္ေနရာ အစားထုိးမယ့္သူကုိ ေခၚယူဖုိ႔ ျပင္ဆင္ေနပါတယ္။

Jose-Mourinho-will-let-Anthony-Martial-leave-this-summer-

Jose-Mourinho-will-let-Anthony-Martial-leave-this-summer-

မန္ယူအသင္းဟာ မုိနာကုိအသင္းကေန မာစီယဲလ္ကုိ ေခၚယူခဲ့တုန္းက ေပါင္(၃၆)သန္းေပးေခ်ခဲ့ရၿပီး ဆုေၾကးေတြပါ ထည့္တြက္ရင္ ေပါင္(၅၆)သန္းအထိျမင့္တက္သြားမွာျဖစ္ပါတယ္။ မန္ယူအသင္းက မာစီယဲလ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၈၀)အထိအလုိရွိေနၿပီး ဥေရာပထိပ္သီးအသင္းေတြျဖစ္တ့ဲ စပါး၊ ခ်ယ္လ္ဆီး၊ ဘုိင္ယန္၊ PSG တို႔က မာစီယဲလ္ကုိ ေခၚယူဖုိ႔စိတ္၀င္စားေနေပမယ့္ မန္ယူအသင္းကေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းဆီေရာင္းခ်ဖုိ႔ ဆႏၵမရွိပါဘူး။ မာစီယဲလ္ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း ၂၀၁၉၊ ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ၿပီး မန္ယူအသင္းက (၁)ႏွစ္သက္တမ္းတိုးဖုိ႔ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားက ျငင္းဆန္ခဲ့တယ္။ မာစီယဲလ္ဟာ ေမာ္ရင္ဟုိရဲ႕နည္းစနစ္ေတြနဲ႔ လုိက္ေလ်ာညီေထြကစားႏုိင္ဖုိ႔ ႐ုန္းကန္ေနရတာေၾကာင့္ ေမာ္ရင္ဟုိက မာစီယဲလ္ကုိ ေရာင္းထုတ္လုိေနတာလည္းျဖစ္ပါတယ္။

REF:Daily Mail
Photo:Football Whispers,Soccer News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် Martial ကို ရောင်းချဖို့ စီစဉ်နေတဲ့ Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ Mourinho အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား မာစီယဲလ် Martial ကို အသင်းတစ်သင်းက သင့်တော်တဲ့ဈေးနှုန်းနဲ့ ကမ်းလှမ်းလာရင် ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က San Jose အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ မာစီယဲလ် ခြေစွမ်းမပြနိုင်ဘဲ အဲဒီပွဲအပြီးမှာ မော်ရင်ဟိုက မာစီယဲလ်ဟာ တစ်ကိုယ်ကောင်းဆန်ဆန် မကစားသင့်ဘူးလို့ ဝေဖန်ပြစ်တင်ခဲ့တယ်။ မော်ရင်ဟိုအနေနဲ့လည်း အသင်းမှာ မပျော်ရွှင်တော့တဲ့ ကစားသမားတစ်ဦးကို ဆက်ထားဖို့ အစီအစဉ်မရှိတော့တာကြောင့် မာစီယဲလ်ကို ရောင်းချဖို့ အသင်းဘုတ်အဖွဲ့တာဝန်ရှိသူတွေကို တောင်းဆိုသွားမယ့်အနေအထားရှိပြီး အပြောင်းအရွှေ့ကာလပြီးဆုံးမယ့် သြဂုတ်လ(၉)ရက်မတိုင်ခင် မာစီယဲလ်နေရာ အစားထိုးမယ့်သူကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

Jose-Mourinho-will-let-Anthony-Martial-leave-this-summer-

Jose-Mourinho-will-let-Anthony-Martial-leave-this-summer-

မန်ယူအသင်းဟာ မိုနာကိုအသင်းကနေ မာစီယဲလ်ကို ခေါ်ယူခဲ့တုန်းက ပေါင်(၃၆)သန်းပေးချေခဲ့ရပြီး ဆုကြေးတွေပါ ထည့်တွက်ရင် ပေါင်(၅၆)သန်းအထိမြင့်တက်သွားမှာဖြစ်ပါတယ်။ မန်ယူအသင်းက မာစီယဲလ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)အထိအလိုရှိနေပြီး ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ စပါး၊ ချယ်လ်ဆီး၊ ဘိုင်ယန်၊ PSG တို့က မာစီယဲလ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဆီရောင်းချဖို့ ဆန္ဒမရှိပါဘူး။ မာစီယဲလ်ရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၁၉၊ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး မန်ယူအသင်းက (၁)နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ငြင်းဆန်ခဲ့တယ်။ မာစီယဲလ်ဟာ မော်ရင်ဟိုရဲ့နည်းစနစ်တွေနဲ့ လိုက်လျောညီထွေကစားနိုင်ဖို့ ရုန်းကန်နေရတာကြောင့် မော်ရင်ဟိုက မာစီယဲလ်ကို ရောင်းထုတ်လိုနေတာလည်းဖြစ်ပါတယ်။

REF:Daily Mail
Photo:Football Whispers,Soccer News
Naing Linn(Akhayar)
www.akhayar.com