[Zawgyi]

ႏုိင္ငံအသင္းက ေျခစြမ္းအတိုင္း ကလပ္မွာလည္း ဆက္ျပသဖုိ႔ Pogba ကုိ တိုက္တြန္းခဲ့တဲ့ Mourinho

မန္ယူ Manchester United အသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho က ကြင္းလယ္လူ ေပ့ါဘာ Pogba အေနနဲ႔ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျပင္သစ္အသငး္အတြက္ ေျခစြမ္းျပကစားခဲ့သလုိ ကလပ္အသင္းမွာလည္း ဒီေျခစြမ္းကုိ ဆက္လက္ထိန္းသိမ္းဖုိ႔ တိုက္တြန္းေျပာဆုိခဲ့တယ္။ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ျပင္သစ္အသင္းရဲ႕ကြင္းလယ္မွာ အေကာင္းဆုံးပါ၀င္ကစားခဲ့ၿပီး အသင္းနဲ႔အတူ ခ်န္ပီယံဆုဖလားကုိလည္း ဆြတ္ခူးႏုိင္ခဲ့တယ္။ ေပါ့ဘာအေနနဲ႔ (၄-၃-၃)ကစားကြက္မွာ ကြင္းလယ္ဘယ္ဘက္ျခမ္းေနရာကုိ ကစားရတာ ပုိႏွစ္သက္ေပမယ့္ ေမာ္ရင္ဟုိကေတာ့ ေပါ့ဘာဟာ ကုိယ္ေကာင္းဖုိ႔ထက္ အသင္းအတြက္ ပုိအာ႐ုံစုိက္ဖုိ႔ သတိေပးခဲ့ပါတယ္။

Pogba-with-World-Cup

Pogba-with-World-Cup

ေမာ္ရင္ဟုိက”ေပ့ါဘာ ေျခစြမ္းျပကစားႏုိင္ဖုိ႔အတြက္ ကၽြန္ေတာ္တို႔က စီစဥ္ေပးစရာမလုိဘူးလုိ႔ ထင္ပါတယ္။ သူကပဲ အသင္းအတြက္ ကုိယ္တတ္ႏုိင္သေလာက္ ျပန္ေပးရမွာပါ။ ေပါ့ဘာလုိ ကစားသမားမ်ိဳး ေျခစြမ္းျပႏုိင္ဖုိ႔အတြက္ ကမၻာ႔ဖလားၿပိဳင္ပဲြက အသင့္ေတာ္ဆုံးျဖစ္မယ္လုိ႔ ကၽြန္ေတာ္ယူဆပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကမၻာ႔ဖလားၿပိဳင္ပဲြက (၁)လေလာက္ပဲ ၾကာတာေၾကာင့္ တျခားဘာကုိမွ မေတြးဘဲ ေဘာလုံးတစ္ခုတည္းသာ အာ႐ုံစုိက္ခြင့္ရလုိ႔ပါ။ လိဂ္ၿပိဳင္ပဲြမွာဆုိရင္ ၿပိဳင္ဘက္အေပၚ မူတည္ၿပီး အာ႐ုံစူးစုိက္မႈ ေလ်ာ႔နည္းတတ္လုိ႔ပါပဲ”လုိ႔ ေျပာၾကားခဲ့တယ္။ ေပါ့ဘာနဲ႔ေမာ္ရင္ဟုိတို႔ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ပဋိပကၡေတြျဖစ္ပြားခဲ့ၿပီး ေပါ့ဘာကုိ ေရာင္းခ်မယ္လုိ႔ သတင္းေတြထြက္ခဲ့ေပမယ့္လည္း ေပါ့ဘာကေတာ့ မန္ယူအသင္းမွာပဲ ဆက္ကစားဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

REF:The Sun
Photo:Goal.com,Fox Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နိုင်ငံအသင်းက ခြေစွမ်းအတိုင်း ကလပ်မှာလည်း ဆက်ပြသဖို့ Pogba ကို တိုက်တွန်းခဲ့တဲ့ Mourinho

မန်ယူ Manchester United အသင်းနည်းပြ မော်ရင်ဟို Mourinho က ကွင်းလယ်လူ ပေ့ါဘာ Pogba အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့သလို ကလပ်အသင်းမှာလည်း ဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းဖို့ တိုက်တွန်းပြောဆိုခဲ့တယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပြင်သစ်အသင်းရဲ့ကွင်းလယ်မှာ အကောင်းဆုံးပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်။ ပေါ့ဘာအနေနဲ့ (၄-၃-၃)ကစားကွက်မှာ ကွင်းလယ်ဘယ်ဘက်ခြမ်းနေရာကို ကစားရတာ ပိုနှစ်သက်ပေမယ့် မော်ရင်ဟိုကတော့ ပေါ့ဘာဟာ ကိုယ်ကောင်းဖို့ထက် အသင်းအတွက် ပိုအာရုံစိုက်ဖို့ သတိပေးခဲ့ပါတယ်။

Pogba-with-World-Cup

Pogba-with-World-Cup

မော်ရင်ဟိုက”ပေ့ါဘာ ခြေစွမ်းပြကစားနိုင်ဖို့အတွက် ကျွန်တော်တို့က စီစဉ်ပေးစရာမလိုဘူးလို့ ထင်ပါတယ်။ သူကပဲ အသင်းအတွက် ကိုယ်တတ်နိုင်သလောက် ပြန်ပေးရမှာပါ။ ပေါ့ဘာလို ကစားသမားမျိုး ခြေစွမ်းပြနိုင်ဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲက အသင့်တော်ဆုံးဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲက (၁)လလောက်ပဲ ကြာတာကြောင့် တခြားဘာကိုမှ မတွေးဘဲ ဘောလုံးတစ်ခုတည်းသာ အာရုံစိုက်ခွင့်ရလို့ပါ။ လိဂ်ပြိုင်ပွဲမှာဆိုရင် ပြိုင်ဘက်အပေါ် မူတည်ပြီး အာရုံစူးစိုက်မှု လျော့နည်းတတ်လို့ပါပဲ”လို့ ပြောကြားခဲ့တယ်။ ပေါ့ဘာနဲ့မော်ရင်ဟိုတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ပေါ့ဘာကို ရောင်းချမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း ပေါ့ဘာကတော့ မန်ယူအသင်းမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

REF:The Sun
Photo:Goal.com,Fox Sports
Naing Linn(Akhayar)
www.akhayar.com