[Zawgyi]

မန္ယူအသင္းဟာ တန္းဆင္းဖုိ႔ မျဖစ္ႏုိင္သလုိ ခ်န္ပီယံလည္း မျဖစ္ႏုိင္ေတာ့ပါဘူး

”ကၽြန္ေတာ္တို႔ အသင္းဟာ တန္းေတာ့ မဆင္းရေလာက္ဘူးလုိ႔ ထင္ပါတယ္”။ ဒါဟာ မန္စီးတီးကို စိတ္ပ်က္စရာ ေျခစြမ္းနဲ႔ ႐ံႈးနိမ့္ၿပီးတဲ့ေနာက္မွာ မီဒီယာေတြက ဒီရာသီမွာ မန္ယူအသင္း မန္စီးတီးနဲ႔ ဘယ္ေလာက္အထိ အဆင့္ကြာဟႏုိင္လဲဆုိတဲ့ေမးခြန္းကုိ ေမာ္ရင္ဟုိ Mourinho တုံ႔ျပန္ခဲ့တဲ့ စကားပါ။ ေမာ္ရင္ဟုိဟာ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ဒီလုိ ဘုကန္႔လန္႔ေတြ ေျဖၾကားေလ့ရွိေပမယ့္ ဒီတစ္ခါေတာ့ သူ႔ရဲ႕ စကားကုိ သေဘာမက်ျဖစ္မိတယ္။ ဒါက ကၽြန္ေတာ္တစ္ေယာက္တည္းရဲ႕ ပုဂၢိဳလ္ေရး ခံစားခ်က္သက္သက္ပါ။

gundogan-Scores

gundogan-Scores

မန္ယူပရိသတ္ျဖစ္လုိ႔ ကုိယ့္အသင္း ႐ုန္းကန္ေနရခ်ိန္မွာ စိတ္ပ်က္မိေပမယ့္ တျခားအသင္းကုိေတာ့ ေျပာင္းလဲ အားေပးမွာ မဟုတ္ပါဘူး။ အခု ေမာ္ရင္ဟုိရဲ႕ အေျဖက Reality က်တဲ့ စကားမဟုတ္ဘဲ ကေလးတစ္ေယာက္ ေျပာခ်င္ရာ ေလွ်ာက္ေျပာေနသလုိျဖစ္ေနတယ္။ ေမာ္ရင္ဟုိနဲ႔ ေျပာစကားနဲ႔ပတ္သက္ၿပီး Oddschecker ဘြတ္ကီကုမၸဏီရဲ႕ ေျပာေရးဆုိခြင့္ရွိသူ George Elek က ” အရမ္းအေကာင္းျမင္တတ္တဲ့ မန္ယူပရိသတ္ေတြေတာင္ ဒီရာသီမွာ မန္ယူအသင္း ထိပ္ဆုံး ျပန္ေရာက္ဖုိ႔ မရွိဘူးဆုိတာကုိ လက္ခံလုိက္ၾကပါၿပီ။ မန္ယူအသင္း တန္းဆင္းဖုိ႔ဆုိတာ စဥ္းစားစရာေတာင္ မလုိတဲ့ကိစၥပါ။ ဒီလုိပဲ မန္ယူအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖုိ႔ဆုိတာကလည္း မျဖစ္ႏုိင္ေတာ့ပါဘူး”လုိ႔ ေျပာၾကားခဲ့တယ္။

Mourinho

Mourinho

မန္ယူအသင္းရဲ႕ ဒီရာသီ ရလဒ္ေတြကုိ ပရိသတ္ေတြ အသိပဲျဖစ္ပါလိမ့္မယ္။ ႐ုိလာကုိစတာလုိ ျဖစ္ေနတဲ့ မန္ယူအသင္း အခုေနာက္ပုိင္းပဲြေတြမွာ တည္ၿငိမ္လာလုိ႔ ခ်ီးက်ဴးမလုိ႔ပဲရွိေသး၊ မန္စီးတီးကုိ ေျချပတ္ ဂုိးျပတ္ ႐ႈံးနိမ့္ခဲ့ျပန္တယ္။ ဒီပဲြမွာ ေပ့ါဘာ Pogba မပါဘူးလုိ႔ ဆင္ေျခေပးလုိ႔ေတာ့ ရေကာင္းရလိမ့္မယ္။ ဒါေပမဲ့ အဲဒါက ဆင္ေျခသက္သက္ပါပဲ။

Alexis-Sanchez

Alexis-Sanchez

မန္ယူဆုိတာ ေပ့ါဘာနဲ႔ တည္ေဆာက္ထားတာ မဟုတ္ပါဘူး။ အရင္ကတည္းကလည္း မန္ယူဆုိတာက တစ္ဦးေကာင္းဆုိတာထက္ Team Work ကုိ ဦးစားေပးထားတဲ့ အသငး္ပါ။ အခု မန္ယူအသင္းရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးအတြက္ ဘြတ္ကီဒုိင္ေတြရဲ႕ အေလးေပးမႈက ၂၅၀ ေလး/၁ ေလး အထိ က်ဆင္းသြားပါၿပီ။ ဒါဟာ မန္ယူ တန္းဆင္း၊ မဆင္းအတြက္ အေလးေပးမႈနဲ႔ ပမာဏခ်င္း အတူတူပါပဲ။ ပရီးမီးယားလိဂ္ ရာသီစတာ (၁၂)ပဲြပဲ ရွိပါေသးတယ္၊ မန္ယူဟာ ထိပ္ဆုံးက မန္စီးတီးနဲ႔ (၁၂)မွတ္အထိ ကြာဟေနၿပီး အဆင့္(၈)ေနရာမွာ ရပ္တည္ေနရတယ္။

Manchester-United-

Manchester-United-

ခ်န္ပီယံဆုဆုိတာကုိ အသာထားဦး၊ ခ်န္ပီယံလိဂ္၀င္ခြင့္ ရဖုိ႔ေတာင္ ႐ုန္းကန္ရဦးမယ့္အေနအထားပါပဲ။ လက္ရွိေျခစြမ္းအရလည္း မန္ယူအသင္းကုိ ယုံစားလုိ႔ မရတာ အမွန္ပါ။ လက္ရွိအေနအထားကုိ ေမာ္ရင္ဟုိ ဘယ္လုိေျပာင္းလဲမလဲ၊ တျဖည္းျဖည္းနဲ႔ က်ဆင္းလာတဲ့ မန္ယူရဲ႕ အရွိန္အ၀ါကုိ ဘယ္လုိ ျမႇင့္တင္ေပးမွာလဲ။ ဘာပဲျဖစ္ျဖစ္ George Elek ေျပာခဲ့သလုိ မန္ယူ တန္းဆင္းဖုိ႔ဆုိတာ မျဖစ္ႏုိင္သလုိ၊ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖုိ႔ ဆုိတာကလည္း မျဖစ္ႏုိင္ေတာ့ပါဘူး . .

REF:talksport
Photo:The National,Football On Spot,Evening Standard,sportsdroid
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းဟာ တန်းဆင်းဖို့ မဖြစ်နိုင်သလို ချန်ပီယံလည်း မဖြစ်နိုင်တော့ပါဘူး

”ကျွန်တော်တို့ အသင်းဟာ တန်းတော့ မဆင်းရလောက်ဘူးလို့ ထင်ပါတယ်”။ ဒါဟာ မန်စီးတီးကို စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရှုံးနိမ့်ပြီးတဲ့နောက်မှာ မီဒီယာတွေက ဒီရာသီမှာ မန်ယူအသင်း မန်စီးတီးနဲ့ ဘယ်လောက်အထိ အဆင့်ကွာဟနိုင်လဲဆိုတဲ့မေးခွန်းကို မော်ရင်ဟို Mourinho တုံ့ပြန်ခဲ့တဲ့ စကားပါ။ မော်ရင်ဟိုဟာ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဒီလို ဘုကန့်လန့်တွေ ဖြေကြားလေ့ရှိပေမယ့် ဒီတစ်ခါတော့ သူ့ရဲ့ စကားကို သဘောမကျဖြစ်မိတယ်။ ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်သက်သက်ပါ။

gundogan-Scores

gundogan-Scores

မန်ယူပရိသတ်ဖြစ်လို့ ကိုယ့်အသင်း ရုန်းကန်နေရချိန်မှာ စိတ်ပျက်မိပေမယ့် တခြားအသင်းကိုတော့ ပြောင်းလဲ အားပေးမှာ မဟုတ်ပါဘူး။ အခု မော်ရင်ဟိုရဲ့ အဖြေက Reality ကျတဲ့ စကားမဟုတ်ဘဲ ကလေးတစ်ယောက် ပြောချင်ရာ လျှောက်ပြောနေသလိုဖြစ်နေတယ်။ မော်ရင်ဟိုနဲ့ ပြောစကားနဲ့ပတ်သက်ပြီး Oddschecker ဘွတ်ကီကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ George Elek က ” အရမ်းအကောင်းမြင်တတ်တဲ့ မန်ယူပရိသတ်တွေတောင် ဒီရာသီမှာ မန်ယူအသင်း ထိပ်ဆုံး ပြန်ရောက်ဖို့ မရှိဘူးဆိုတာကို လက်ခံလိုက်ကြပါပြီ။ မန်ယူအသင်း တန်းဆင်းဖို့ဆိုတာ စဉ်းစားစရာတောင် မလိုတဲ့ကိစ္စပါ။ ဒီလိုပဲ မန်ယူအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ပါဘူး”လို့ ပြောကြားခဲ့တယ်။

Mourinho

Mourinho

မန်ယူအသင်းရဲ့ ဒီရာသီ ရလဒ်တွေကို ပရိသတ်တွေ အသိပဲဖြစ်ပါလိမ့်မယ်။ ရိုလာကိုစတာလို ဖြစ်နေတဲ့ မန်ယူအသင်း အခုနောက်ပိုင်းပွဲတွေမှာ တည်ငြိမ်လာလို့ ချီးကျူးမလို့ပဲရှိသေး၊ မန်စီးတီးကို ခြေပြတ် ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြန်တယ်။ ဒီပွဲမှာ ပေ့ါဘာ Pogba မပါဘူးလို့ ဆင်ခြေပေးလို့တော့ ရကောင်းရလိမ့်မယ်။ ဒါပေမဲ့ အဲဒါက ဆင်ခြေသက်သက်ပါပဲ။

Alexis-Sanchez

Alexis-Sanchez

မန်ယူဆိုတာ ပေ့ါဘာနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ အရင်ကတည်းကလည်း မန်ယူဆိုတာက တစ်ဦးကောင်းဆိုတာထက် Team Work ကို ဦးစားပေးထားတဲ့ အသင်းပါ။ အခု မန်ယူအသင်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုက ၂၅၀ လေး/၁ လေး အထိ ကျဆင်းသွားပါပြီ။ ဒါဟာ မန်ယူ တန်းဆင်း၊ မဆင်းအတွက် အလေးပေးမှုနဲ့ ပမာဏချင်း အတူတူပါပဲ။ ပရီးမီးယားလိဂ် ရာသီစတာ (၁၂)ပွဲပဲ ရှိပါသေးတယ်၊ မန်ယူဟာ ထိပ်ဆုံးက မန်စီးတီးနဲ့ (၁၂)မှတ်အထိ ကွာဟနေပြီး အဆင့်(၈)နေရာမှာ ရပ်တည်နေရတယ်။

Manchester-United-

Manchester-United-

ချန်ပီယံဆုဆိုတာကို အသာထားဦး၊ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့တောင် ရုန်းကန်ရဦးမယ့်အနေအထားပါပဲ။ လက်ရှိခြေစွမ်းအရလည်း မန်ယူအသင်းကို ယုံစားလို့ မရတာ အမှန်ပါ။ လက်ရှိအနေအထားကို မော်ရင်ဟို ဘယ်လိုပြောင်းလဲမလဲ၊ တဖြည်းဖြည်းနဲ့ ကျဆင်းလာတဲ့ မန်ယူရဲ့ အရှိန်အဝါကို ဘယ်လို မြှင့်တင်ပေးမှာလဲ။ ဘာပဲဖြစ်ဖြစ် George Elek ပြောခဲ့သလို မန်ယူ တန်းဆင်းဖို့ဆိုတာ မဖြစ်နိုင်သလို၊ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်တော့ပါဘူး . .

REF:talksport
Photo:The National,Football On Spot,Evening Standard,sportsdroid
Naing Linn(Akhayar)
www.akhayar.com