[Zawgyi]

မန္ယူရဲ႕အေျခအေနထက္ ျမန္မာႏုိင္ငံက ပုိခက္ခဲေနတယ္လု႔ိ သုံးသပ္ခဲ့တဲ့ ေမာ္ရင္ဟုိ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho ဟာ စပါးအသင္းနဲ႔ပဲြအၿပီး အင္တာဗ်ဴးမွာ အံ့အားသင့္စရာေကာင္းေလာက္တဲ့ ဖြင့္ဟေျပာဆုိမႈတစ္ခုျပဳလုပ္ခဲ့တယ္။ စပါးအသင္းကုိ ႐ႈံးနိမ့္ခဲ့အၿပီး မီဒီယာေတြက မန္ယူအသင္းဟာ ခက္ခဲတဲ့အခ်ိန္ေရာက္ေနၿပီလားလုိ႔ ေမးျမန္းခဲ့ေတာ့ ေမာ္ရင္ဟုိက “အခုကေတာ့ ခက္ခဲတဲ့အခ်ိန္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါေပမဲ့ ဒီပဲြမတိုင္ခင္ သတင္းေတြကုိ ခင္ဗ်ား ၾကည့္လုိက္မယ္ဆုိရင္ေတာ့ ျမန္မာႏုိင္ငံက ကၽြန္ေတာ္တို႔ထက္ ပုိၿပီး ခက္ခဲတဲ့အေနအထားျဖစ္ေနတယ္လုိ႔ ယူဆပါတယ္။ ေဘာလုံးေလာကမွာ ႐ႈံးပဲြႀကံဳေတြ႕တာက ဘာမွ မေျပာပေလာက္ပါဘူး”လုိ႔ ေျပာၾကားခဲ့တယ္။

Mourinho-Talking-About-Myanmar

Mourinho-Talking-About-Myanmar

ေမာ္ရင္ဟုိရဲ႕ ဆုိလုိရင္းက ေဘာလုံးပဲြထက္ လူေတြရဲ႕ဘ၀ေတြက ပုိအေရးႀကီးတာကုိ ေျပာခ်င္တာလည္းျဖစ္ပါတယ္။ ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီး ေမာ္ရင္ဟုိရဲ႕ ေျပာဆုိမႈေတြက ဒီေန႔ နာရီပုိင္းအတြင္းမွာပဲ ျပည္တြင္းက လူမႈကြန္ရက္အသုံးျပဳသူေတြၾကား ပ်ံ႕ႏွံ႔ေနပါၿပီ။ ေမာ္ရင္ဟုိရဲ႕ မန္ယူအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ (၂)ပဲြဆက္ ႐ႈံးနိမ့္ခဲ့လုိ႔ ဖိအားေတြနဲ႔ ရင္ဆုိင္ေနရၿပီး အခုတစ္ပတ္ ဘန္ေလနဲ႔ ကစားမယ့္ပဲြမွာ ရလဒ္မေကာင္းခဲ့ရင္ ေမာ္ရင္ဟုိ ရာထူးက ထုတ္ပယ္ခံရဖုိ႔ရွိတယ္ဆုိတဲ့ ခန္႔မွန္းသတင္းေတြ ထြက္ေပၚေနပါတယ္။

ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီး ေမာ္ရင္ဟုိေျပာဆုိခဲ့မႈကုိ ၾကည့္႐ႈရန္ လင့္ခ္

REF:Youtube Channel
Photo:Youtube Channel,DNA India
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူရဲ့အခြေအနေထက် မြန်မာနိုင်ငံက ပိုခက်ခဲနေတယ်လု့ိ သုံးသပ်ခဲ့တဲ့ မော်ရင်ဟို Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ စပါးအသင်းနဲ့ပွဲအပြီး အင်တာဗျူးမှာ အံ့အားသင့်စရာကောင်းလောက်တဲ့ ဖွင့်ဟပြောဆိုမှုတစ်ခုပြုလုပ်ခဲ့တယ်။ စပါးအသင်းကို ရှုံးနိမ့်ခဲ့အပြီး မီဒီယာတွေက မန်ယူအသင်းဟာ ခက်ခဲတဲ့အချိန်ရောက်နေပြီလားလို့ မေးမြန်းခဲ့တော့ မော်ရင်ဟိုက “အခုကတော့ ခက်ခဲတဲ့အချိန်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီပွဲမတိုင်ခင် သတင်းတွေကို ခင်ဗျား ကြည့်လိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံက ကျွန်တော်တို့ထက် ပိုပြီး ခက်ခဲတဲ့အနေအထားဖြစ်နေတယ်လို့ ယူဆပါတယ်။ ဘောလုံးလောကမှာ ရှုံးပွဲကြုံတွေ့တာက ဘာမှ မပြောပလောက်ပါဘူး”လို့ ပြောကြားခဲ့တယ်။

Mourinho-Talking-About-Myanmar

Mourinho-Talking-About-Myanmar

မော်ရင်ဟိုရဲ့ ဆိုလိုရင်းက ဘောလုံးပွဲထက် လူတွေရဲ့ဘဝတွေက ပိုအရေးကြီးတာကို ပြောချင်တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မော်ရင်ဟိုရဲ့ ပြောဆိုမှုတွေက ဒီနေ့ နာရီပိုင်းအတွင်းမှာပဲ ပြည်တွင်းက လူမှုကွန်ရက်အသုံးပြုသူတွေကြား ပျံ့နှံ့နေပါပြီ။ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက် ရှုံးနိမ့်ခဲ့လို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး အခုတစ်ပတ် ဘန်လေနဲ့ကစားမယ့်ပွဲမှာ ရလဒ်မကောင်းခဲ့ရင် မော်ရင်ဟို ရာထူးက ထုတ်ပယ်ခံရဖို့ရှိတယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မော်ရင်ဟိုပြောဆိုခဲ့မှုကို ကြည့်ရှုရန် လင့်ခ်

REF:Youtube Channel
Photo:Youtube Channel,DNA India
Naing Linn(Akhayar)
www.akhayar.com