[Zawgyi]

ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ နည္းျပထိုင္ခံုပူေပၚ ဘယ္သူထပ္ေရာက္လာမလဲ

ရီးယဲလ္အသင္းရဲ႕ လက္ရိွအေနအထားဟာ အဆိုးရြားဆံုးအေျခအေနကို ေရာက္ေနျပီ။ ရီးယဲလ္လိုအသင္းၾကီးတစ္သင္းအေနနဲ႔ ျပိဳင္ပြဲစံုေနာက္ဆံုး(၄)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားျပီး အဲဒီ(၄)ပြဲမွာ တစ္ဂိုးမွမသြင္းႏိုင္ဘူးဆိုတာ ေတာ္ေတာ္ကိုစိတ္ပ်က္စရာေကာင္းတဲ႔ အေနအထားလိုပဲေျပာရမယ္။ အခုလိုဂိုးေပါက္ေပ်ာက္ေနတာဟာ ၁၉၈၅ ခုႏွစ္ေနာက္ပိုင္း အသင္းသမိုင္းမွာ အၾကာဆံုးလည္းျဖစ္ေနတယ္။ နည္းျပ လိုပယ္တက္ဂီ Lopetegui ဟာ ရီးယဲလ္အသင္းကို လက္ရိွအခ်ိန္ထိ (၁၁)ပြဲကိုင္တြယ္ထားျပီး (၅)ပြဲႏိုင္ ၊ (၂)ပြဲသေရ ၊ (၄)ပြဲရံႈးရလဒ္ရရိွထားပါတယ္။ ဒီစြမ္းေဆာင္ရည္ေၾကာင္႔ နည္းျပ လိုပယ္တက္ဂီဟာ ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္ Perez လက္ထက္အဆိုးရြားဆံုး တာထြက္ရလဒ္ကို ပိုင္ဆိုင္ခဲ႔တဲ႔ နည္းျပလည္းျဖစ္ခဲ႔ပါတယ္။ ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္ဟာ နည္းျပအေျပာင္းအလဲလုပ္တဲ႔ေနရာမွာ လက္ရြံ႕ေလ႔မရိွတာေၾကာင္႔ နည္းျပ လိုပယ္တက္ဂီရဲ႕ အနာဂတ္ဟာ စိုးရိမ္စရာျဖစ္ေနပါျပီ။

Mourinho-And-Perez

Mourinho-And-Perez

လက္ရိွမွာေတာ႔ ရီးယဲလ္အသင္းရဲ႕ နည္းျပရာထူးအတြက္ မန္ယူနည္းျပေမာ္ရင္ဟို Mourinho နဲ႔ ခ်ယ္လ္ဆီးနည္းျပေဟာင္းကြန္တီ Conte တို႔ အသံေတြထြက္ေနၾကပါတယ္။ ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္နဲ႔ မန္ယူန ည္းျပေမာ္ရင္ဟိုတို႔ဟာ ေကာင္းမြန္တဲ႔ ဆက္ဆံေရးကိုပိုင္ဆိုင္ထားၾကသလို ေမာ္ရင္ဟိုဟာလည္း ရီးယဲလ္အသင္းကို တာ၀န္ယူခ်ိန္က ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ႔သူပါ။ ဒီေနရာမွာ တစ္ခုေျပာစရာရိွတာကေတာ႔ ရီးယဲလ္အသင္းရဲ႕ အစဥ္အလာတစ္ခုပါပဲ။ ရီးယဲလ္အသင္းဟာ အသင္းရဲ႕ နည္းျပေဟာင္းေတြျဖစ္ၾကတဲ႔ ကာပယ္လို Capello ၊ ကမာခ်ိဳ Camacho ၊ တိုရွက္ Toshack တို႔ကို အသင္းမွာျပန္လည္တာ၀န္ေပးဖူးတဲ႔ အစဥ္အလာရိွတာေၾကာင္႔ ေမာ္ရင္ဟိုကို ရီးယဲလ္အသင္းမွာထပ္ျမင္ေတြ႕ရမလားဆိုတာ စိတ္၀င္စားစရာျဖစ္ေနပါတယ္။ ေမာ္ရင္ဟိုဟာ ခ်ယ္လ္ဆီးအသင္းကို ဒုတိယအၾကိမ္ကိုင္တြယ္တုန္းက ေအာင္ျမင္မႈရခဲ႔တာေၾကာင္႔ ဒီအခ်က္ဟာလည္း ရီးယဲလ္အသင္း ဥကၠဌ ပီရက္ဇ္ရဲ႕ အၾကိဳက္ျဖစ္လာႏိုင္ပါတယ္။ ရီးယဲလ္အသင္းရဲ႕ နည္းျပထိုင္ခံုဆိုတာ တကယ္႔ကိုဖိအားမ်ားတဲ႔ေနရာပါ။ ဘယ္ေလာက္ပဲ နာမည္ၾကီးတဲ႔ နည္းျပလာပါေစ ဘယ္သူမွၾကာၾကာခံေလ႔မရိွတဲ႔ ေနရာတစ္ခုပါ။ လက္ရိွမွာေတာ႔ လိုပယ္တက္ဂီရဲ႕ အနာဂတ္ဟာ အေျပာင္းအလဲျဖစ္လာမလားဆိုတာ စိတ္၀င္စားစရာျဖစ္ေနျပီၤး ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ နည္းျပထိုင္ခံုပူေပၚ ဘယ္သူထပ္ေရာက္လာမလဲဆိုတာကို ေစာင္႔ၾကည္႔လိုက္ရေအာင္။

Ref: Daily Post
Photo: RTVE.es , Marca
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြထိုင်ခုံပူပေါ် ဘယ်သူထပ်ရောက်လာမလဲ

ရီးယဲလ်အသင်းရဲ့ လက်ရှိအနေအထားဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်နေပြီ။ ရီးယဲလ်လိုအသင်းကြီးတစ်သင်းအနေနဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အဲဒီ(၄)ပွဲမှာ တစ်ဂိုးမှမသွင်းနိုင်ဘူးဆိုတာ တော်တော်ကိုစိတ်ပျက်စရာကောင်းတဲ့ အနေအထားလိုပဲပြောရမယ်။ အခုလိုဂိုးပေါက်ပျောက်နေတာဟာ ၁၉၈၅ ခုနှစ်နောက်ပိုင်း အသင်းသမိုင်းမှာ အကြာဆုံးလည်းဖြစ်နေတယ်။ နည်းပြ လိုပယ်တက်ဂီ Lopetegui ဟာ ရီးယဲလ်အသင်းကို လက်ရှိအချိန်ထိ (၁၁)ပွဲကိုင်တွယ်ထားပြီး (၅)ပွဲနိုင် ၊ (၂)ပွဲသရေ ၊ (၄)ပွဲရှုံးရလဒ်ရရှိထားပါတယ်။ ဒီစွမ်းဆောင်ရည်ကြောင့် နည်းပြ လိုပယ်တက်ဂီဟာ ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ် Perez လက်ထက်အဆိုးရွားဆုံး တာထွက်ရလဒ်ကို ပိုင်ဆိုင်ခဲ့တဲ့ နည်းပြလည်းဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ်ဟာ နည်းပြအပြောင်းအလဲလုပ်တဲ့နေရာမှာ လက်ရွံ့လေ့မရှိတာကြောင့် နည်းပြ လိုပယ်တက်ဂီရဲ့ အနာဂတ်ဟာ စိုးရိမ်စရာဖြစ်နေပါပြီ။

Mourinho-And-Perez

Mourinho-And-Perez

လက်ရှိမှာတော့ ရီးယဲလ်အသင်းရဲ့ နည်းပြရာထူးအတွက် မန်ယူနည်းပြမော်ရင်ဟို Mourinho နဲ့ ချယ်လ်ဆီးနည်းပြဟောင်းကွန်တီ Conte တို့ အသံတွေထွက်နေကြပါတယ်။ ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ်နဲ့ မန်ယူန ည်းပြမော်ရင်ဟိုတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုပိုင်ဆိုင်ထားကြသလို မော်ရင်ဟိုဟာလည်း ရီးယဲလ်အသင်းကို တာဝန်ယူချိန်က အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ ရီးယဲလ်အသင်းရဲ့ အစဉ်အလာတစ်ခုပါပဲ။ ရီးယဲလ်အသင်းဟာ အသင်းရဲ့ နည်းပြဟောင်းတွေဖြစ်ကြတဲ့ ကာပယ်လို Capello ၊ ကမာချို Camacho ၊ တိုရှက် Toshack တို့ကို အသင်းမှာပြန်လည်တာဝန်ပေးဖူးတဲ့ အစဉ်အလာရှိတာကြောင့် မော်ရင်ဟိုကို ရီးယဲလ်အသင်းမှာထပ်မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်ကိုင်တွယ်တုန်းက အောင်မြင်မှုရခဲ့တာကြောင့် ဒီအချက်ဟာလည်း ရီးယဲလ်အသင်း ဥက္ကဌ ပီရက်ဇ်ရဲ့ အကြိုက်ဖြစ်လာနိုင်ပါတယ်။ ရီးယဲလ်အသင်းရဲ့ နည်းပြထိုင်ခုံဆိုတာ တကယ့်ကိုဖိအားများတဲ့နေရာပါ။ ဘယ်လောက်ပဲ နာမည်ကြီးတဲ့ နည်းပြလာပါစေ ဘယ်သူမှကြာကြာခံလေ့မရှိတဲ့ နေရာတစ်ခုပါ။ လက်ရှိမှာတော့ လိုပယ်တက်ဂီရဲ့ အနာဂတ်ဟာ အပြောင်းအလဲဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပြီၤး ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြထိုင်ခုံပူပေါ် ဘယ်သူထပ်ရောက်လာမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်။

Ref: Daily Post
Photo: RTVE.es , Marca
Ko Kyue(Akhayar)
www.akhayar.com