[Zawgyi]

ေမာ္ရင္ဟို Mourinho စြန္႔ပစ္ခဲ့ေသာ တုိက္စစ္ဓားသြားတစ္လက္

ဆာလာ Salah ဟာ ေမာ္ရင္ဟို Mourinho စြန္႔ပစ္ခဲ့ေသာ တုိက္စစ္ဓားသြားတစ္လက္ပဲ။ ဆာလာရဲ႕ခ်ာတိတ္ဘ၀မွာ ေမာ္ရင္ဟိုေတြ႕ရွိခဲ့၊ ဆာလာရဲ႕ပါ၀ါကို ယံုၾကည္ခ့ဲ၊ ဒါဆို သူကိုယ္တုိင္ေမွ်ာ္လင့္ခဲ့တဲ့၊ သူကုိယ္တုိင္ ပရီးမီးယားလိဂ္ရပ္၀န္းဆီ Export လုပ္ခဲ့တဲ့ တုိက္စစ္ဓားသြားကို ဘာလုိ႔အလြယ္တကူစြန္႔ပစ္ခဲ့သလဲ။ ေမာ္ရင္ဟို ရဲ႕ဘ၀မွာ အ၀ယ္မွားခဲ့တာ သိပ္မရွိေပမယ့္ အေရာင္းမွားခဲ့တာေတြဟာ စိတ္ပ်က္စရာ၊ မာတာ Mata ၊ ဒီဘ႐ိုင္းနား De Bryune ၊ ေနာက္ဆံုး ဆာလာ Salah ၊ သူတို႔ဟာ ေမာ္ရင္ဟို ပစ္ခ်ခဲ့တဲ့ ေပါက္မဲနံပါတ္ေတြပဲ။

၂၀၁၃ ခုႏွစ္၊ ယူ႐ိုပါလိဂ္ဆီမီးဖုိင္နယ္မွာ ဆာလာဟာ ေမာ္ရင္ဟိုရဲ႕ ခ်ယ္လ္ဆီးဘက္ကို ဂိုးသြင္းႏုိင္ခဲ့ပါတယ္။ ေနာက္တစ္ခါ ခ်န္ပီယံလိဂ္ပြဲမွာလည္း ဆာလာက ခ်ယ္လ္ဆီးကို ဂိုးသြင္းႏုိင္ခဲ့ျပန္တယ္။ ေမာ္ရင္ဟို စိတ္ထဲ ဆာလာ ၿငိတြယ္ခဲ့ၿပီ။ ၂၀၁၄ ခုႏွစ္၊ ဇန္န၀ါရီလမွာ ဆာလာကို ေမာ္ရင္ဟို ခ်ယ္လ္ဆီးဆီ ေခၚေဆာင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးကို ဆာလာေရာက္ရွိခဲ့တဲ့အခ်ိန္နဲ႔ မေရွးမေႏွာင္းမွာပဲ ေမာ္ရင္ဟိုက မာတာ၊ ဒီဘ႐ိုင္းနားတို႔ကို ေရာင္းထုတ္ခဲ့တယ္။ အဲဒီအခ်ိန္မွာ မာတာဟာ ခ်ယ္လ္ဆီးအတြက္ ေျခစြမ္းျပေနပါတယ္။ ဒီလိုကစားသမားမ်ဳိး ကိုေရာင္းထုတ္ခဲ့လို႔ ေမာ္ရင္ဟို ဘာလုပ္တာလဲဆိုၿပီး ျမင္ၾကတယ္။ ဒီအတြက္ ေမာ္ရင္ဟိုရဲ႕ ဆင္ေျခက ဆာလာပါပဲ။ “ ကၽြန္ေတာ္တို႔ ငယ္ရြယ္တဲ့ကစားသမားတစ္ဦးကို လိုခ်င္ခဲ့ပါတယ္။ ဘယ္သန္၊ ကစားပံုျမန္တယ္၊ အထူးသျဖင္ ေနရာလြတ္ေတြမွာ ျမန္ႏႈန္းျမင့္သူေပါ့။ ဆာလာဟာ ဒီလုိကစားသမားမ်ဳိးပဲ။ ေနရာလြတ္ေတြကို ရွာေဖြတယ္၊ ၿပီးရင္ ခံစစ္ကစားသမားေတြကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားေတာ့တာပဲ” လို႔ ေမာ္ရင္ဟိုက ဆုိခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ ဆာလာအေပၚ အဲဒီေလာက္အထိကို ယံုၾကည္စိတ္ႀကီးခဲ့ပါတယ္။

ေမာ္ရင္ဟုိ သံုးသပ္ခဲ့သလို၊ ဆာလဟာ ဘယ္သန္၊ ေနရာလြတ္ေတြကို အေကာင္းဆံုးအသံုးခ်ႏုိင္တဲ့ ျမန္ႏႈန္းျမင့္ ကစားသမားအျဖစ္ လီဗာပူးလ္မွာ ေတာက္ပေနပါၿပီ။ ဒါဆို ခ်ယ္လ္ဆီးမွာ ဆာလာ ဘာလို႔ မေအာင္ျမင္ခဲ့တာလဲ။ ေမာ္ရင္ဟိုရဲ႕ ခ်ယ္လ္ဆီးမွာ ဆာလာ ဘာလို႔(၁၉)ပြဲပဲ ကစားခဲ့ရတာလဲ။ ဆာလာကို ေမာ္ရင္ဟို ဘာလို႔ ေရာင္းထုတ္ခဲ့တာလဲ။ ခ်ယ္လ္ဆီးပရိသတ္ေတြ မႏွစ္သက္လို႔လား။ ဒီလိုလည္း မဟုတ္ျပန္ဘူး။ ဆာလာရဲ႕ ကနဦးေျခစြမ္းေတြကို ၾကည့္ၿပီး ေနာင္တစ္ခ်ိန္မွာအားကုိးရမယ့္သူဆိုၿပီး ခ်ယ္လ္ဆီးပရိသတ္တခ်ဳိ႕ ေမွ်ာ္လင့္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးနဲ႔ ဆာလာ လမ္းခြဲခဲ့ရတဲ့အေၾကာင္းရင္းေတြထဲ အဓိကအခ်က္ေတြဟာ ေမာ္ရင္ဟိုရဲ႕ ခံစစ္စိတ္ယုိင္မႈ၊ ခ်ယ္လ္ဆီးအသင္းတာ၀န္ရွိသူေတြရဲ႕ အငွားခ်စနစ္ႏွစ္သက္လြန္းမႈေတြေၾကာင့္ပဲ။ ေမာ္ရင္ဟိုက ခ်ယ္လ္ဆီးကို ခံစစ္အားျပဳအသင္းအျဖစ္ တည္ေဆာက္ခဲ့တယ္။ ဒီေတာ့ ဆာလာကို သူယံုၾကည္စြာ ေခၚယူခဲ့ေပမယ့္ သူ႕ရဲ႕ခံစစ္ဦးစားေပးနည္းဗ်ဴဟာေၾကာင့္ သိပ္ၿပီးမသံုးျဖစ္ဘူး။ ဆာလာအတြက္ ေနရာသိပ္မရွိခဲ့ဘူး။ ေနာက္ဆံုး စီးရီးေအကလပ္ ဖီအိုရင္တီးနားအသင္းမွာ ေျခသြားေသြးဆိုၿပီး အငွားေစလႊတ္ခဲ့တယ္။ ခ်ယ္လ္ဆီးကို ဆာလာေရာက္လာခ်ိန္ဟာ မွားခဲ့တယ္။ ပရီးမီးယားလိဂ္ကို ဆာလာ ပထမအႀကိမ္ေရာက္လာခ်ိန္ဟာ မွားခဲ့တယ္။ ဆာလာရဲ႕ ပထမအႀကိမ္ ပရီးမီးယားလိဂ္ခရီးဟာ နကၡတ္မွားခဲ့ တယ္လို႔ ဆိုရမယ္။

ေမာ္ရင္ဟိုဦးစီးေနတဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ မဟာၿပိဳင္ဘက္ လီဗာပူးလ္ဆီ ဒီရာသီမွာ ေပါင္(၃၄) သန္းနဲ႔ ဆာလာေရာက္လာခဲ့ပါၿပီ။ မတ္လ (၁၀)ရက္၊ စေနေန႔မွာ ေမာ္ရင္ဟိုနဲ႔ ဆာလာ ေနာက္တစ္ႀကိမ္ျပန္ဆံုပါ ၿပီ။ လီဗာပူးလ္နည္းျပ ကေလာ့ပ္ Klopp ရဲ႕ Heavy Metal အျပင္းစားတုိက္စစ္သံစဥ္ေတြဟာ ဆာလာနဲ႔အတူ ေပါက္ကြဲေနပါတယ္။ ပရီးမီးယားလိဂ္မွာ (၂၄)ဂိုးသြင္းယူထားၿပီး ဂိုးသြင္းဘုရင္ဆုကို အားေကာင္းေမာင္းသန္ ေမွ်ာ္လင့္ခြင့္ရွိေနတဲ့ ဆာလာတစ္ေယာက္ အိုးလ္ထရက္ဖို႔ဒ္မွာ ေမာ္ရင္ဟိုရဲ႕ ဥေပကၡာေတြကို သူ႕ရဲ႕အေကာင္း စားတန္ဖိုးမ်ားနဲ႔ လက္စားေခ်ႏိုင္မလား။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မော်ရင်ဟို Mourinho စွန့်ပစ်ခဲ့သော တိုက်စစ်ဓားသွားတစ်လက်

ဆာလာ Salah ဟာ မော်ရင်ဟို Mourinho စွန့်ပစ်ခဲ့သော တိုက်စစ်ဓားသွားတစ်လက်ပဲ။ ဆာလာရဲ့ချာတိတ်ဘဝမှာ မော်ရင်ဟိုတွေ့ရှိခဲ့၊ ဆာလာရဲ့ပါဝါကို ယုံကြည်ခဲ့၊ ဒါဆို သူကိုယ်တိုင်မျှော်လင့်ခဲ့တဲ့၊ သူကိုယ်တိုင် ပရီးမီးယားလိဂ်ရပ်ဝန်းဆီ Export လုပ်ခဲ့တဲ့ တိုက်စစ်ဓားသွားကို ဘာလို့အလွယ်တကူစွန့်ပစ်ခဲ့သလဲ။ မော်ရင်ဟို ရဲ့ဘဝမှာ အဝယ်မှားခဲ့တာ သိပ်မရှိပေမယ့် အရောင်းမှားခဲ့တာတွေဟာ စိတ်ပျက်စရာ၊ မာတာ Mata ၊ ဒီဘရိုင်းနား De Bryune ၊ နောက်ဆုံး ဆာလာ Salah ၊ သူတို့ဟာ မော်ရင်ဟို ပစ်ချခဲ့တဲ့ ပေါက်မဲနံပါတ်တွေပဲ။

၂၀၁၃ ခုနှစ်၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဆာလာဟာ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးဘက်ကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။ နောက်တစ်ခါ ချန်ပီယံလိဂ်ပွဲမှာလည်း ဆာလာက ချယ်လ်ဆီးကို ဂိုးသွင်းနိုင်ခဲ့ပြန်တယ်။ မော်ရင်ဟို စိတ်ထဲ ဆာလာ ငြိတွယ်ခဲ့ပြီ။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ ဆာလာကို မော်ရင်ဟို ချယ်လ်ဆီးဆီ ခေါ်ဆောင်ခဲ့ပါတယ်။ ချယ်လ်ဆီးကို ဆာလာရောက်ရှိခဲ့တဲ့အချိန်နဲ့ မရှေးမနှောင်းမှာပဲ မော်ရင်ဟိုက မာတာ၊ ဒီဘရိုင်းနားတို့ကို ရောင်းထုတ်ခဲ့တယ်။ အဲဒီအချိန်မှာ မာတာဟာ ချယ်လ်ဆီးအတွက် ခြေစွမ်းပြနေပါတယ်။ ဒီလိုကစားသမားမျိုး ကိုရောင်းထုတ်ခဲ့လို့ မော်ရင်ဟို ဘာလုပ်တာလဲဆိုပြီး မြင်ကြတယ်။ ဒီအတွက် မော်ရင်ဟိုရဲ့ ဆင်ခြေက ဆာလာပါပဲ။ “ ကျွန်တော်တို့ ငယ်ရွယ်တဲ့ကစားသမားတစ်ဦးကို လိုချင်ခဲ့ပါတယ်။ ဘယ်သန်၊ ကစားပုံမြန်တယ်၊ အထူးသဖြင် နေရာလွတ်တွေမှာ မြန်နှုန်းမြင့်သူပေါ့။ ဆာလာဟာ ဒီလိုကစားသမားမျိုးပဲ။ နေရာလွတ်တွေကို ရှာဖွေတယ်၊ ပြီးရင် ခံစစ်ကစားသမားတွေကို ကျော်ဖြတ်ဖို့ ကြိုးစားတော့တာပဲ” လို့ မော်ရင်ဟိုက ဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဆာလာအပေါ် အဲဒီလောက်အထိကို ယုံကြည်စိတ်ကြီးခဲ့ပါတယ်။

မော်ရင်ဟို သုံးသပ်ခဲ့သလို၊ ဆာလဟာ ဘယ်သန်၊ နေရာလွတ်တွေကို အကောင်းဆုံးအသုံးချနိုင်တဲ့ မြန်နှုန်းမြင့် ကစားသမားအဖြစ် လီဗာပူးလ်မှာ တောက်ပနေပါပြီ။ ဒါဆို ချယ်လ်ဆီးမှာ ဆာလာ ဘာလို့ မအောင်မြင်ခဲ့တာလဲ။ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးမှာ ဆာလာ ဘာလို့(၁၉)ပွဲပဲ ကစားခဲ့ရတာလဲ။ ဆာလာကို မော်ရင်ဟို ဘာလို့ ရောင်းထုတ်ခဲ့တာလဲ။ ချယ်လ်ဆီးပရိသတ်တွေ မနှစ်သက်လို့လား။ ဒီလိုလည်း မဟုတ်ပြန်ဘူး။ ဆာလာရဲ့ ကနဦးခြေစွမ်းတွေကို ကြည့်ပြီး နောင်တစ်ချိန်မှာအားကိုးရမယ့်သူဆိုပြီး ချယ်လ်ဆီးပရိသတ်တချို့ မျှော်လင့်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ ဆာလာ လမ်းခွဲခဲ့ရတဲ့အကြောင်းရင်းတွေထဲ အဓိကအချက်တွေဟာ မော်ရင်ဟိုရဲ့ ခံစစ်စိတ်ယိုင်မှု၊ ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေရဲ့ အငှားချစနစ်နှစ်သက်လွန်းမှုတွေကြောင့်ပဲ။ မော်ရင်ဟိုက ချယ်လ်ဆီးကို ခံစစ်အားပြုအသင်းအဖြစ် တည်ဆောက်ခဲ့တယ်။ ဒီတော့ ဆာလာကို သူယုံကြည်စွာ ခေါ်ယူခဲ့ပေမယ့် သူ့ရဲ့ခံစစ်ဦးစားပေးနည်းဗျူဟာကြောင့် သိပ်ပြီးမသုံးဖြစ်ဘူး။ ဆာလာအတွက် နေရာသိပ်မရှိခဲ့ဘူး။ နောက်ဆုံး စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှာ ခြေသွားသွေးဆိုပြီး အငှားစေလွှတ်ခဲ့တယ်။ ချယ်လ်ဆီးကို ဆာလာရောက်လာချိန်ဟာ မှားခဲ့တယ်။ ပရီးမီးယားလိဂ်ကို ဆာလာ ပထမအကြိမ်ရောက်လာချိန်ဟာ မှားခဲ့တယ်။ ဆာလာရဲ့ ပထမအကြိမ် ပရီးမီးယားလိဂ်ခရီးဟာ နက္ခတ်မှားခဲ့ တယ်လို့ ဆိုရမယ်။

မော်ရင်ဟိုဦးစီးနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မဟာပြိုင်ဘက် လီဗာပူးလ်ဆီ ဒီရာသီမှာ ပေါင်(၃၄) သန်းနဲ့ ဆာလာရောက်လာခဲ့ပါပြီ။ မတ်လ (၁၀)ရက်၊ စနေနေ့မှာ မော်ရင်ဟိုနဲ့ ဆာလာ နောက်တစ်ကြိမ်ပြန်ဆုံပါ ပြီ။ လီဗာပူးလ်နည်းပြ ကလော့ပ် Klopp ရဲ့ Heavy Metal အပြင်းစားတိုက်စစ်သံစဉ်တွေဟာ ဆာလာနဲ့အတူ ပေါက်ကွဲနေပါတယ်။ ပရီးမီးယားလိဂ်မှာ (၂၄)ဂိုးသွင်းယူထားပြီး ဂိုးသွင်းဘုရင်ဆုကို အားကောင်းမောင်းသန် မျှော်လင့်ခွင့်ရှိနေတဲ့ ဆာလာတစ်ယောက် အိုးလ်ထရက်ဖို့ဒ်မှာ မော်ရင်ဟိုရဲ့ ဥပေက္ခာတွေကို သူ့ရဲ့အကောင်း စားတန်ဖိုးများနဲ့ လက်စားချေနိုင်မလား။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။