[Zawgyi]

နယူးကာဆယ္နဲ႔ ပြဲမတိုင္ခင္ မန္ယူနည္းျပေမာ္ရင္ဟို Mourinho နဲ႔ အင္တာဗ်ဴး

နယူးကာဆယ္နဲ႔ ပြဲမတိုင္ခင္ျပဳလုပ္ခဲ႔တဲ႔ သတင္းစာရွင္းလင္းပြဲမွာ မန္ယူနည္းျပေမာ္ရင္ဟို Mourinho ရဲ႕ အင္တာဗ်ဴးကို Manchester Evening News ကအခုလိုေဖာ္ျပေပးခဲ႔ပါတယ္။

Jose-Mourinho

Jose-Mourinho

ေမး – မန္ယူအသင္းမွာ ခင္ဗ်ားရဲ႕ ကစားသမားေတြအေပၚခ်မွတ္တဲ႔ နည္းစနစ္ေတြ ဘာလို႔အလုပ္မျဖစ္တာလို႔ ထင္ပါသလဲ ?

ေျဖ – မတူညီ ျခားနားတဲ႔ အေၾကာင္းျပခ်က္ေတြအမ်ားၾကီးရိွပါတယ္။

ေမး – ဒီအေၾကာင္းျပခ်က္ေတြကို ေျပာျပေပးႏိုင္မလား ?

ေျဖ – မေျပာျပႏိုင္ပါဘူး။

ေမး – ခင္ဗ်ားရဲ နည္းျပဘ၀အစထဲက အိမ္ကြင္းစြမ္းေဆာင္ရည္မွတ္တမ္းဟာ တကယ္႔ကိုေကာင္းမြန္ခဲ႔ပါတယ္။ အခု နယူးကာဆယ္နဲ႔ ကစားမယ္႔အိမ္ကြင္းပြဲဟာ ဘယ္ေလာက္ထိအေရးပါေနပါသလဲ ?

ေျဖ – တကယ္႔ကုိ အေရးၾကီးပါတယ္။ ဒီပြဲဟာ ေအာက္တိုဘာလအစမွာပါ။ ဒါကိုက်ြန္ေတာ္သိပါတယ္။ ခင္ဗ်ားတို႔က ဥေရာပတစ္လႊားက အမွတ္ေပးျပိဳင္ပြဲေတြရဲ႕ အမွတ္ေပးဇယားေတြကို ၾကည္႔ေနၾကပါတယ္။ ျပိဳင္ပြဲေတြရဲ႕ လက္ရိွရပ္တည္မႈနဲ႔ စက္တင္ဘာ ၊ ေအာက္တိုဘာ ရပ္တည္မႈေတြဟာ ရာသီကုန္မွာ ဘာျဖစ္မလဲဆိုတာကုိ မသိႏိုင္ပါဘူး။ က်ြန္ေတာ္တို႔ အေကာင္းဆံုးစြမ္းေဆာင္သြားရမွာျဖစ္ျပီး ရမွတ္ေတြလိုအပ္ေနပါတယ္။ ျပီးခဲ႔တဲ႔ ပရီးမီးယားလိဂ္(၂)ပြဲရဲ႕ရမွတ္(၆)မွတ္မွာ (၁)မွတ္ပဲရယူႏိုင္ခဲ႔ပါတယ္။ အသင္းက တိုးတက္ဖို႔လိုေနျပီး အႏိုင္ရမွတ္(၃)မွတ္လိုအပ္ပါတယ္။ နယူးကာဆယ္အသင္းမွာ နည္းျပေကာင္းရိွျပီး ထိပ္သီးအသင္းေတြနဲ႔ ေတြ႕ဆံုရင္လည္း ဒုကၡေပးႏိုင္ပါတယ္။ က်ြန္ေတာ္တို႔ အတြက္ ခက္ခဲတဲ႔ပြဲျဖစ္လာႏိုင္တယ္လို႔ ေမွ်ာ္လင္႔ထားပါတယ္။

ေမး – လက္စတာကို ႏိုင္တဲ႔ပြဲျပီးထဲက အသင္းကအိမ္ကြင္းႏိုင္ပြဲမရိွေတာ႔ဘူး။ လက္ရိွအခ်ိန္က အသင္းပရိသတ္ေတြကို ျပန္ေပးဆပ္ရမယ္႔ အခ်ိန္ေရာက္ျပီလို႔ က်ြန္ေတာ္ထင္တယ္။

ေျဖ – ဟုတ္ပါတယ္။ ဒါကမွန္ပါတယ္။ ဒီရာသီအိမ္ကြင္းမွာ ႏိုင္ပြဲတစ္ပြဲပဲရပါေသးတယ္။ စေနေန႔ မွာကစားမယ္႔ ပြဲမွာအႏိုင္ရဖို႔ က်ြန္ေတာ္တို႔အတြက္ အေရးၾကီးပါတယ္။

ေမး – ခင္ဗ်ားက ေနာက္ဆံုး(၄)ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားတယ္။ ကလပ္အသင္းက ၁၉၉၉ ခုႏွစ္ေနာက္ပိုင္း (၅)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ႔တာ တစ္ခါပဲရိွခဲ႔တယ္။ ကလပ္အသင္းရဲ႕ လက္ရိွအေနအထားဟာ လံုေလာက္မႈမရိွဖူးဆိုတာကို ခင္ဗ်ားလက္ခံပါသလား?

ေျဖ – လက္ခံပါတယ္။

ေမး – ျပီးေတာ႔ အခုလက္ရိွအေျခအေနဆိုးကို ခင္ဗ်ားေက်ာ္ျဖတ္ႏိုင္တယ္လို႔ ပရိသတ္ေတြက ယံုၾကည္ေနၾကတယ္။ အဲ႔အတိုင္း ခင္ဗ်ားလုပ္ျပႏိုင္မလား ?

ေျဖ – ေမာ္ရင္ဟို ျပန္လည္ေျဖၾကားျခင္းမရိွ။

Ref: Manchester Evening News
Photo: 0News , Kandanda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နယူးကာဆယ်နဲ့ ပွဲမတိုင်ခင် မန်ယူနည်းပြမော်ရင်ဟို Mourinho နဲ့ အင်တာဗျူး

နယူးကာဆယ်နဲ့ ပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ယူနည်းပြမော်ရင်ဟို Mourinho ရဲ့ အင်တာဗျူးကို Manchester Evening News ကအခုလိုဖော်ပြပေးခဲ့ပါတယ်။

Jose-Mourinho

Jose-Mourinho

မေး – မန်ယူအသင်းမှာ ခင်ဗျားရဲ့ ကစားသမားတွေအပေါ်ချမှတ်တဲ့ နည်းစနစ်တွေ ဘာလို့အလုပ်မဖြစ်တာလို့ ထင်ပါသလဲ ?

ဖြေ – မတူညီ ခြားနားတဲ့ အကြောင်းပြချက်တွေအများကြီးရှိပါတယ်။

မေး – ဒီအကြောင်းပြချက်တွေကို ပြောပြပေးနိုင်မလား ?

ဖြေ – မပြောပြနိုင်ပါဘူး။

မေး – ခင်ဗျားရဲ နည်းပြဘဝအစထဲက အိမ်ကွင်းစွမ်းဆောင်ရည်မှတ်တမ်းဟာ တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်။ အခု နယူးကာဆယ်နဲ့ ကစားမယ့်အိမ်ကွင်းပွဲဟာ ဘယ်လောက်ထိအရေးပါနေပါသလဲ ?

ဖြေ – တကယ့်ကို အရေးကြီးပါတယ်။ ဒီပွဲဟာ အောက်တိုဘာလအစမှာပါ။ ဒါကိုကျွန်တော်သိပါတယ်။ ခင်ဗျားတို့က ဥရောပတစ်လွှားက အမှတ်ပေးပြိုင်ပွဲတွေရဲ့ အမှတ်ပေးဇယားတွေကို ကြည့်နေကြပါတယ်။ ပြိုင်ပွဲတွေရဲ့ လက်ရှိရပ်တည်မှုနဲ့ စက်တင်ဘာ ၊ အောက်တိုဘာ ရပ်တည်မှုတွေဟာ ရာသီကုန်မှာ ဘာဖြစ်မလဲဆိုတာကို မသိနိုင်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်သွားရမှာဖြစ်ပြီး ရမှတ်တွေလိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲရဲ့ရမှတ်(၆)မှတ်မှာ (၁)မှတ်ပဲရယူနိုင်ခဲ့ပါတယ်။ အသင်းက တိုးတက်ဖို့လိုနေပြီး အနိုင်ရမှတ်(၃)မှတ်လိုအပ်ပါတယ်။ နယူးကာဆယ်အသင်းမှာ နည်းပြကောင်းရှိပြီး ထိပ်သီးအသင်းတွေနဲ့ တွေ့ဆုံရင်လည်း ဒုက္ခပေးနိုင်ပါတယ်။ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ပွဲဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

မေး – လက်စတာကို နိုင်တဲ့ပွဲပြီးထဲက အသင်းကအိမ်ကွင်းနိုင်ပွဲမရှိတော့ဘူး။ လက်ရှိအချိန်က အသင်းပရိသတ်တွေကို ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီလို့ ကျွန်တော်ထင်တယ်။

ဖြေ – ဟုတ်ပါတယ်။ ဒါကမှန်ပါတယ်။ ဒီရာသီအိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲပဲရပါသေးတယ်။ စနေနေ့ မှာကစားမယ့် ပွဲမှာအနိုင်ရဖို့ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။

မေး – ခင်ဗျားက နောက်ဆုံး(၄)ပွဲဆက်နိုင်ပွဲပျောက်ထားတယ်။ ကလပ်အသင်းက ၁၉၉၉ ခုနှစ်နောက်ပိုင်း (၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာ တစ်ခါပဲရှိခဲ့တယ်။ ကလပ်အသင်းရဲ့ လက်ရှိအနေအထားဟာ လုံလောက်မှုမရှိဖူးဆိုတာကို ခင်ဗျားလက်ခံပါသလား?

ဖြေ – လက်ခံပါတယ်။

မေး – ပြီးတော့ အခုလက်ရှိအခြေအနေဆိုးကို ခင်ဗျားကျော်ဖြတ်နိုင်တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြတယ်။ အဲ့အတိုင်း ခင်ဗျားလုပ်ပြနိုင်မလား ?

ဖြေ – မော်ရင်ဟို ပြန်လည်ဖြေကြားခြင်းမရှိ။

Ref: Manchester Evening News
Photo: 0News , Kandanda
Ko Kyue(Akhayar)
www.akhayar.com