[Zawgyi]

ကစားသမားေခၚယူမႈနဲ႔ပတ္သက္ၿပီး တာ၀န္ရွိသူေတြကုိ မေက်မနပ္ျဖစ္ေနတဲ့ ေမာ္ရင္ဟုိ Mourinho

မန္ယူ Manchester United အသင္းနည္းျပေမာ္ရင္ဟုိ Mourinho ဟာ ကစားသမားသစ္ေခၚယူမႈနဲ႔ပတ္သက္ၿပီး တာ၀န္ရွိသူေတြကုိ မေက်မနပ္ျဖစ္ေနတယ္။ ေမာ္ရင္ဟုိက ဒီေႏြရာသီမွာ သူ ေခၚယူလုိတဲ့ကစားသမားသစ္(၅)ဦးကုိ အရင္လေတြကတည္းက တာ၀န္ရွိသူေတြဆီ တင္ျပခဲ့ေပမယ့္လည္း တစ္ဦးပဲ ေခၚယူရေသးတဲ့အတြက္ မေက်မနပ္ျဖစ္ေနၿပီး ေနာက္ထပ္ကစားသမား(၂)ဦး ထပ္ေခၚဖုိ႔ဆႏၵရွိေနတာပါ။

Fred

Fred

မန္ယူအသင္းဟာ ဒီေႏြရာသီမွာ ဖရက္ဒ္ Fred ၊ ဒါေလာ့တ္ Dalot ၊ လီဂရန္႔ Lee Grant တို႔ကုိ ေခၚယူထားေပမယ့္ ေမာ္ရင္ဟုိက ခံစစ္ပုိင္း အားျဖည့္ဖုိ႔အတြက္ စပါးေနာက္ခံလူ အယ္လ္ဒါ၀ီယဲလ္ Alderweireld ၊ လက္စတာေနာက္ခံလူ မက္ဂြိဳင္းယား Maguire တို႔ကုိ ဆက္လက္ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

Dalot

Dalot

လီဗာပူးလ္အသင္းကုိ (၄-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့ ICC ပဲြအၿပီးမွာ ေမာ္ရင္ဟုိက “ေနာက္ထပ္ ကစားသမားသစ္(၂)ဦး ထပ္ေခၚလုိပါတယ္။ အခုေလာေလာ ကၽြန္ေတာ္ ေခၚယူလုိတဲ့ကစားသမားထဲက တစ္ဦးသာ ရပါေသးတယ္။ အဲဒီတစ္ဦးကလည္း ဒီေႏြရာသီမွာ ေခၚဖုိ႔ တာ၀န္ရွိသူေတြဆီ အရင္လေတြကတည္းက တင္ျပခဲ့တဲ့ Transfer List (၅)ဦးထဲက တစ္ဦးျဖစ္ပါတယ္။ ျဖစ္ႏုိင္ရင္ေတာ့ ကစားသမားသစ္ေတြ ထပ္ၿပီး ေခၚခ်င္ပါတယ္။ ျဖစ္မလာခဲ့ရင္လည္း လက္ရွိလူစာရင္းကုိ ယုံၾကည္မႈရွိရွိနဲ႔ တိုက္ပဲြ၀င္သြားရမွာပါ”လုိ႔ ေျပာၾကားခဲ့တယ္။

Mourinho-Tranfers

Mourinho-Tranfers

ေမာ္ရင္ဟုိဟာ မန္ယူအသင္းနည္းျပအျဖစ္ စတင္ကုိင္တြယ္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ကစၿပီး အခုအခ်ိန္အထိ ကစားသမား ေခၚယူမႈအတြက္ ေျပာင္းေရႊ႕ေၾကး ယူ႐ုိသန္း(၄၀၀)ေက်ာ္ သုံးစဲြခဲ့ၿပီးပါၿပီ။ ေမာ္ရင္ဟုိအေနနဲ႔ သူ႔ရဲ႕အဓိက ၿပိဳင္ဘက္မန္စီးတီးအသင္းကုိ ဒီရာသီမွာ ေက်ာ္ျဖတ္ျပႏုိင္ဖုိ႔အတြက္ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္သြားဖုိ႔ ဆႏၵရွိေနတာေၾကာင့္ ေနာက္ထပ္ ေငြေၾကးေတြ အမ်ားႀကီး ဆက္သုံးသြားမယ့္ အေနအထားပါပဲ။

REF:Goal.com
Photo:DNA India,.standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို မကျေမနပ်ဖြစ်နေတဲ့ မော်ရင်ဟို Mourinho

မန်ယူ Manchester United အသင်းနည်းပြမော်ရင်ဟို Mourinho ဟာ ကစားသမားသစ်ခေါ်ယူမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို မကျေမနပ်ဖြစ်နေတယ်။ မော်ရင်ဟိုက ဒီနွေရာသီမှာ သူ ခေါ်ယူလိုတဲ့ကစားသမားသစ်(၅)ဦးကို အရင်လတွေကတည်းက တာဝန်ရှိသူတွေဆီ တင်ပြခဲ့ပေမယ့်လည်း တစ်ဦးပဲ ခေါ်ယူရသေးတဲ့အတွက် မကျေမနပ်ဖြစ်နေပြီး နောက်ထပ်ကစားသမား(၂)ဦး ထပ်ခေါ်ဖို့ဆန္ဒရှိနေတာပါ။

Fred

Fred

မန်ယူအသင်းဟာ ဒီနွေရာသီမှာ ဖရက်ဒ် Fred ၊ ဒါလော့တ် Dalot ၊ လီဂရန့် Lee Grant တို့ကို ခေါ်ယူထားပေမယ့် မော်ရင်ဟိုက ခံစစ်ပိုင်း အားဖြည့်ဖို့အတွက် စပါးနောက်ခံလူ အယ်လ်ဒါဝီယဲလ် Alderweireld ၊ လက်စတာနောက်ခံလူ မက်ဂွိုင်းယား Maguire တို့ကို ဆက်လက်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Dalot

Dalot

လီဗာပူးလ်အသင်းကို (၄-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ICC ပွဲအပြီးမှာ မော်ရင်ဟိုက “နောက်ထပ် ကစားသမားသစ်(၂)ဦး ထပ်ခေါ်လိုပါတယ်။ အခုလောလော ကျွန်တော် ခေါ်ယူလိုတဲ့ကစားသမားထဲက တစ်ဦးသာ ရပါသေးတယ်။ အဲဒီတစ်ဦးကလည်း ဒီနွေရာသီမှာ ခေါ်ဖို့ တာဝန်ရှိသူတွေဆီ အရင်လတွေကတည်းက တင်ပြခဲ့တဲ့ Transfer List (၅)ဦးထဲက တစ်ဦးဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကစားသမားသစ်တွေ ထပ်ပြီး ခေါ်ချင်ပါတယ်။ ဖြစ်မလာခဲ့ရင်လည်း လက်ရှိလူစာရင်းကို ယုံကြည်မှုရှိရှိနဲ့ တိုက်ပွဲဝင်သွားရမှာပါ”လို့ ပြောကြားခဲ့တယ်။

Mourinho-Tranfers

Mourinho-Tranfers

မော်ရင်ဟိုဟာ မန်ယူအသင်းနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး အခုအချိန်အထိ ကစားသမား ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀၀)ကျော် သုံးစွဲခဲ့ပြီးပါပြီ။ မော်ရင်ဟိုအနေနဲ့ သူ့ရဲ့အဓိက ပြိုင်ဘက်မန်စီးတီးအသင်းကို ဒီရာသီမှာ ကျော်ဖြတ်ပြနိုင်ဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်သွားဖို့ ဆန္ဒရှိနေတာကြောင့် နောက်ထပ် ငွေကြေးတွေ အများကြီး ဆက်သုံးသွားမယ့် အနေအထားပါပဲ။

REF:Goal.com
Photo:DNA India,.standard
Naing Linn(Akhayar)
www.akhayar.com