[Zawgyi]

တြမ္မီေနး(Tominay) အေၾကာင္း ေမးခံရလို႔ ေမာ္ရင္ဟို(Mourinho) သေဘာက်

ေပါ့ဘာ (Pogba)နဲ႔ ေမာ္ရင္ဟုိ(Mourinho)အၾကား ဆက္ဆံေရးအက္ေၾကာင္း ပိုၿပီးစုိးရိမ္စရာျဖစ္လာၿပီလား။ ေမာ္ရင္ဟိုက ေပါ့ဘာကို ဆီဗီလာနဲ႔ပြဲမွာ အရံခံုမွာပဲ ဆက္ထားခဲ့တယ္။ ဟာရဲရား(Herrera) ဒဏ္ရာရသြားလို႔သာ ေပါ့ဘာကံေကာင္းေထာက္မစြာ ပြဲထြက္ခြင့္ရခဲ့တာပါပဲ။ ဒါေပမဲ့ ပြဲၿပီးဆံုးခ်ိန္ အင္တာဗ်ဴးအစီအစဥ္မွာ ေပါ့ဘာအေၾကာင္း ေမာ္ရင္ဟိုသိပ္ ေျပာခ်င္ပံုမရဘူး။ ၿပီးခဲ့တဲ့ ဟတ္ဒါဖီးလ္နဲ႔ပြဲတုန္းကလည္း ေပါ့ဘာ ဘာလုိ႔မပါတာလဲဆုိတဲ့ေမးခြန္းကို ေမာ္ရင္ဟိုက မေျဖခ်င္ေျဖခ်င္နဲ႔ ေျဖခဲ့ရတယ္။ သူနဲ႔ ေပါ့ဘာၾကား ဆက္ဆံေရးမေျပလည္မႈကို ဦးစားေပးေမးျမန္းခ်င္ေနတဲ့ မီဒီယာေတြကို ေမာ္ရင္ဟုိ စိတ္ပ်က္ေနသလားပဲ။

BT ႐ုပ္သံသတင္းေထာက္ ဒက္စ္ကယ္လီ(Des Kelly) က ဆီဗီလာနဲ႔ပြဲမွာ ေပါ့ဘာကို ေက်ာ္ၿပီးပြဲထြက္ခြင့္ရခဲ့တဲ့ လူငယ္ကြင္းလယ္လူ တြမ္မီေနး(Tominay) အေၾကာင္း ေမးလုိက္ပါတယ္။ ဒီအခ်ိန္မွာ ေမာ္ရင္ဟုိက ၀မ္းသာအားရျဖစ္ၿပီး ဒက္စ္ကယ္လီကို ဖက္လိုက္တာပါပဲ။ ပါးစပ္ကေနလည္း “ ခင္ဗ်ားကို ကၽြန္ေတာ္ဖက္မယ္ဗ်ာ၊ ဒီေမးခြန္းအတြက္ ေက်းဇူးတင္လို႔ပါ။ ေပါ့ဘာအေၾကာင္း ကၽြန္ေတာ္ေျပာတာ မ်ားေနပါၿပီ။ တြမ္မီေနးအတြက္ေတာ့ ေမးခြန္းေတြ လုိအပ္ေနတယ္။ သူက တကယ့္ကို စိတ္လႈပ္ရွားစရာကစားသမားတစ္ဦး၊ အေကာင္းဆံုးစြမ္းေဆာင္ေနတယ္။ ဆီဗီလာ၀ါရင့္ ကြင္းလယ္လူ ဘာနီဂါ(Banega)နဲ႔ ယွဥ္ၿပီးကစားႏုိင္ခဲ့တယ္။ ဖိအားေတြေပးႏုိင္ခဲ့တယ္။ သူကစားတာက အၿမဲတမ္းသက္ေသာက္သက္သာရွိၿပီး ႐ုိးရွင္းစြာ ေဘာလံုးကုိင္ကစားပါတယ္။ သူက အလားအလာေကာင္းသူပါပဲ” လို႔ ျပန္ေျဖခဲ့ပါတယ္။

သတင္းေထာက္ကို ေမာ္ရင္ဟို (Mourinho) ေပြ႕ဖက္ခဲ့

သတင္းေထာက္ကို ေမာ္ရင္ဟို (Mourinho) ေပြ႕ဖက္ခဲ့

ေပါ့ဘာအေၾကာင္းေမးတုိင္းေမာ္ရင္ဟိုက နည္းစနစ္အရခ်န္လွပ္ရတာပါလို႔ အၿမဲလုိလိုေျပာေလ့ရွိပါတယ္။ ဒါေပမဲ့ ေပါ့ဘာဘက္ကလည္း လက္ရွိကစားေနရတဲ့ေနရာကို သေဘာမက်ဘူး။ ေမာ္ရင္ဟိုကို ေနရာေျပာင္း ကစားခြင့္ေပးဖို႔ ေတာင္းဆုိထားတယ္။ သူတို႔ႏွစ္ဦးစလံုးမွာ ကိုယ္ပိုင္အတၱေတြစြန္းထင္းေနၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္း ေကာင္းက်ဳိးအတြက္ မေျပလည္မႈကို ေလွ်ာ့ေပးဖို႔ လုိေနပါတယ္။ ဒီလိုမွမဟုတ္ရင္ မန္ခ်က္စတာယူႏုိက္တက္အ၀တ္လဲခန္းထဲမွာ စည္းလံုးမႈၿပိဳကြဲသြားႏုိင္တယ္လို႔  Daily Mail ရဲ႕ပင္တုိင္ေဆာင္းပါးရွင္း ေဘာလံုးသမားေဟာင္ေဂ်မီရက္နက္ပ္(Jamie Redknapp) က သတိေပးခဲ့ပါတယ္။ ေမာ္ရင္ဟိုအေနနဲ႔ ေပါ့ဘာကို “ မင္္းအခုကစားေနရတာ မန္ခ်က္စတာယူႏုိက္တက္လို ႀကီးက်ယ္ခမ္းနားတဲ့အသင္းတစ္သင္း၊ ဒီေတာ့ ကိုယ့္ကုိယ္ကုိယ္အထင္ႀကီးမေနဘဲ ကိုယ့္ေနရာကိုယ္ရေအာင္ ႀကိဳးစားရမယ္။ ဒီအသင္းမွာ ေျခစြမ္းမျပႏိုင္ဘဲနဲ႔ ရီးယဲလ္၊ ဘာစီလိုနာတို႔မွာ ပြဲထြက္ကစားခြင့္ကို စိတ္ကူးယဥ္မေနနဲ႔” လို႔ ေျပာသင့္တယ္မဟုတ္လားလုိ႔ ေဂ်မီရက္နက္ပ္ သံုးသပ္ပါတယ္။

ၿပီးေတာ့ ေဂ်မီရက္နက္ပ္က တြမ္မီေနးကစားပံုဟာ ယံုၾကည္မႈရွိၿပီး ေစာင့္ၾကည့္ခ်င္စရာေကာင္းလာေပမယ့္  ေပါ့ဘာနဲ႔ ႏႈိင္းယွဥ္ေနတာမျဖစ္သင့္ဘူးလုိ႔ ဆိုခဲ့ပါတယ္။ ေပါ့ဘာက စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ယူႏုိက္တက္ကို ေရာက္လာတာ၊ တြမ္မီေနးက အခုမွ ခ်ာတိတ္သာသာ၊ မန္ခ်က္စတာယူႏုိက္တက္အတြက္ (၉)ပဲြပဲကစားရေသးတယ္။ သူ႕ရဲ႕အရည္အခ်င္းေတြကို အလြန္အမင္းေမွ်ာ္လင့္ခ်က္ဖိအားေတြေအာက္ နစ္မြန္းသြားတာမ်ဳိး မျဖစ္သင့္ပါဘူး။ တျဖည္းျဖည္းခ်င္းတိုးတက္ေနတာမ်ဳိးက ပိုၿပီးသင့္ေတာ္ပါလိမ့္မယ္။

ဆီဗီလာနဲ႔ပြဲမွာ တြမ္မီေနး(Tominay)

ဆီဗီလာနဲ႔ပြဲမွာ တြမ္မီေနး(Tominay)

ေမာ္ရင္ဟိုက “ ဆီဗီလာနဲ႔ပြဲမွာ လူစား၀င္လာၿပီးေနာက္ ေပါ့ဘာကစားတာ ေကာင္းတယ္လို႔ ကၽြန္ေတာ္ျမင္ပါတယ္။ ကၽြန္ေတာ္တို႔လုုိအပ္တဲ့ ကစားပံုအတိုင္း သူ ႀကိဳးစားအားထုတ္ခဲ့ပါတယ္။ ဒါဟာ အျပဳသေဘာေဆာင္တဲ့စြမ္းေဆာင္ရည္ပါပဲ” လို႔ ေျပာခဲ့ပါတယ္။ ေမာ္ရင္ဟိုရဲ႕ ဒီေျပာၾကားမႈဟာ လူႀကီးလူေကာင္းဆန္စြာ ေပါ့ဘာနဲ႔ သူ႕အၾကား မေျပလည္မႈကို ေျဖရွင္းလုိက္တာလား။ ဒါမွမဟုတ္ အသင္းကလိုအပ္တဲ့အတုိင္းသာ ကစားပါ၊ မဟုတ္ရင္ေနရာမရႏုိင္ဘူးလို႔ ေပါ့ဘာကို သြယ္၀ုိက္ၿပီး သတိေပးလုိက္တာလား။ ေမာ္ရင္ဟိုကိုယ္တုိင္ပဲ သိပါလိမ့္မယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တွမ်မီနေး(Tominay) အကြောင်း မေးခံရလို့ မော်ရင်ဟို(Mourinho) သဘောကျ

ပေါ့ဘာ (Pogba)နဲ့ မော်ရင်ဟို(Mourinho)အကြား ဆက်ဆံရေးအက်ကြောင်း ပိုပြီးစိုးရိမ်စရာဖြစ်လာပြီလား။ မော်ရင်ဟိုက ပေါ့ဘာကို ဆီဗီလာနဲ့ပွဲမှာ အရံခုံမှာပဲ ဆက်ထားခဲ့တယ်။ ဟာရဲရား(Herrera) ဒဏ်ရာရသွားလို့သာ ပေါ့ဘာကံကောင်းထောက်မစွာ ပွဲထွက်ခွင့်ရခဲ့တာပါပဲ။ ဒါပေမဲ့ ပွဲပြီးဆုံးချိန် အင်တာဗျူးအစီအစဉ်မှာ ပေါ့ဘာအကြောင်း မော်ရင်ဟိုသိပ် ပြောချင်ပုံမရဘူး။ ပြီးခဲ့တဲ့ ဟတ်ဒါဖီးလ်နဲ့ပွဲတုန်းကလည်း ပေါ့ဘာ ဘာလို့မပါတာလဲဆိုတဲ့မေးခွန်းကို မော်ရင်ဟိုက မဖြေချင်ဖြေချင်နဲ့ ဖြေခဲ့ရတယ်။ သူနဲ့ ပေါ့ဘာကြား ဆက်ဆံရေးမပြေလည်မှုကို ဦးစားပေးမေးမြန်းချင်နေတဲ့ မီဒီယာတွေကို မော်ရင်ဟို စိတ်ပျက်နေသလားပဲ။

BT ရုပ်သံသတင်းထောက် ဒက်စ်ကယ်လီ(Des Kelly) က ဆီဗီလာနဲ့ပွဲမှာ ပေါ့ဘာကို ကျော်ပြီးပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်ကွင်းလယ်လူ တွမ်မီနေး(Tominay) အကြောင်း မေးလိုက်ပါတယ်။ ဒီအချိန်မှာ မော်ရင်ဟိုက ဝမ်းသာအားရဖြစ်ပြီး ဒက်စ်ကယ်လီကို ဖက်လိုက်တာပါပဲ။ ပါးစပ်ကနေလည်း “ ခင်ဗျားကို ကျွန်တော်ဖက်မယ်ဗျာ၊ ဒီမေးခွန်းအတွက် ကျေးဇူးတင်လို့ပါ။ ပေါ့ဘာအကြောင်း ကျွန်တော်ပြောတာ များနေပါပြီ။ တွမ်မီနေးအတွက်တော့ မေးခွန်းတွေ လိုအပ်နေတယ်။ သူက တကယ့်ကို စိတ်လှုပ်ရှားစရာကစားသမားတစ်ဦး၊ အကောင်းဆုံးစွမ်းဆောင်နေတယ်။ ဆီဗီလာဝါရင့် ကွင်းလယ်လူ ဘာနီဂါ(Banega)နဲ့ ယှဉ်ပြီးကစားနိုင်ခဲ့တယ်။ ဖိအားတွေပေးနိုင်ခဲ့တယ်။ သူကစားတာက အမြဲတမ်းသက်သောက်သက်သာရှိပြီး ရိုးရှင်းစွာ ဘောလုံးကိုင်ကစားပါတယ်။ သူက အလားအလာကောင်းသူပါပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။

သတင်းထောက်ကို မော်ရင်ဟို (Mourinho) ပွေ့ဖက်ခဲ့

သတင်းထောက်ကို မော်ရင်ဟို (Mourinho) ပွေ့ဖက်ခဲ့

ပေါ့ဘာအကြောင်းမေးတိုင်းမော်ရင်ဟိုက နည်းစနစ်အရချန်လှပ်ရတာပါလို့ အမြဲလိုလိုပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ပေါ့ဘာဘက်ကလည်း လက်ရှိကစားနေရတဲ့နေရာကို သဘောမကျဘူး။ မော်ရင်ဟိုကို နေရာပြောင်း ကစားခွင့်ပေးဖို့ တောင်းဆိုထားတယ်။ သူတို့နှစ်ဦးစလုံးမှာ ကိုယ်ပိုင်အတ္တတွေစွန်းထင်းနေပြီး မန်ချက်စတာယူနိုက်တက်အသင်း ကောင်းကျိုးအတွက် မပြေလည်မှုကို လျှော့ပေးဖို့ လိုနေပါတယ်။ ဒီလိုမှမဟုတ်ရင် မန်ချက်စတာယူနိုက်တက်အဝတ်လဲခန်းထဲမှာ စည်းလုံးမှုပြိုကွဲသွားနိုင်တယ်လို့  Daily Mail ရဲ့ပင်တိုင်ဆောင်းပါးရှင်း ဘောလုံးသမားဟောင်ဂျေမီရက်နက်ပ်(Jamie Redknapp) က သတိပေးခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ ပေါ့ဘာကို “ မင်းအခုကစားနေရတာ မန်ချက်စတာယူနိုက်တက်လို ကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်း၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမနေဘဲ ကိုယ့်နေရာကိုယ်ရအောင် ကြိုးစားရမယ်။ ဒီအသင်းမှာ ခြေစွမ်းမပြနိုင်ဘဲနဲ့ ရီးယဲလ်၊ ဘာစီလိုနာတို့မှာ ပွဲထွက်ကစားခွင့်ကို စိတ်ကူးယဉ်မနေနဲ့” လို့ ပြောသင့်တယ်မဟုတ်လားလို့ ဂျေမီရက်နက်ပ် သုံးသပ်ပါတယ်။

ပြီးတော့ ဂျေမီရက်နက်ပ်က တွမ်မီနေးကစားပုံဟာ ယုံကြည်မှုရှိပြီး စောင့်ကြည့်ချင်စရာကောင်းလာပေမယ့်  ပေါ့ဘာနဲ့ နှိုင်းယှဉ်နေတာမဖြစ်သင့်ဘူးလို့ ဆိုခဲ့ပါတယ်။ ပေါ့ဘာက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်ကို ရောက်လာတာ၊ တွမ်မီနေးက အခုမှ ချာတိတ်သာသာ၊ မန်ချက်စတာယူနိုက်တက်အတွက် (၉)ပွဲပဲကစားရသေးတယ်။ သူ့ရဲ့အရည်အချင်းတွေကို အလွန်အမင်းမျှော်လင့်ချက်ဖိအားတွေအောက် နစ်မွန်းသွားတာမျိုး မဖြစ်သင့်ပါဘူး။ တဖြည်းဖြည်းချင်းတိုးတက်နေတာမျိုးက ပိုပြီးသင့်တော်ပါလိမ့်မယ်။

ဆီဗီလာနဲ့ပွဲမှာ တွမ်မီနေး(Tominay)

ဆီဗီလာနဲ့ပွဲမှာ တွမ်မီနေး(Tominay)

မော်ရင်ဟိုက “ ဆီဗီလာနဲ့ပွဲမှာ လူစားဝင်လာပြီးနောက် ပေါ့ဘာကစားတာ ကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့လိုုအပ်တဲ့ ကစားပုံအတိုင်း သူ ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့စွမ်းဆောင်ရည်ပါပဲ” လို့ ပြောခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ဒီပြောကြားမှုဟာ လူကြီးလူကောင်းဆန်စွာ ပေါ့ဘာနဲ့ သူ့အကြား မပြေလည်မှုကို ဖြေရှင်းလိုက်တာလား။ ဒါမှမဟုတ် အသင်းကလိုအပ်တဲ့အတိုင်းသာ ကစားပါ၊ မဟုတ်ရင်နေရာမရနိုင်ဘူးလို့ ပေါ့ဘာကို သွယ်ဝိုက်ပြီး သတိပေးလိုက်တာလား။ မော်ရင်ဟိုကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။