[Zawgyi]
August(Akhayar)
www.akhayar.com
[Unicode]
နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးမှ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲကို ပဲ့လေစ်နဲ့ပွဲတွင် မော်ရင်ဟို ပိုင်ဆိုင်
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုရဲ့ ပရီးမီးယားလိဂ်နည်းပြဘဝသက်တမ်းမှာနှစ်ဂိုးရှုံးနိမ့်နေပါက နိုင်ပွဲပြန်လည်ရယူနိုင်ခြင်းမရှိခဲ့ဘဲ ပဲလေ့စ်အသင်းနဲ့ပွဲမှာမှ ပထမဆုံးအကြိမ်အနိုင်ရရှိခဲ့ပါတယ်။
ပဲလေ့စ်နဲ့ပွဲမတိုင်မီ မော်ရင်ဟိုရဲ့နှစ်ဂိုးရှုံးနိမ့်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲရလဒ်တွေက နှစ်ပွဲသရေ၊ (၁၉)ပွဲရှုံးခဲ့ပါတယ်။ ပဲ့လေစ်အသင်းရဲ့ တန်း ဆင်းဇုန်ရုန်းအားကြောင့် ယူနိုက်တက်ရဲ့ အခက်တွေ့ခဲ့ရပြီး ဦးဆောင်ဂိုး နှစ်ဂိုးပေးခဲ့ရပါတယ်။ ဒုတိယပိုင်းရောက်မှ သုံးဂိုးသွင်းပြီး ပွဲအပြီးမှာ ပဲလေ့စ်ကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါပဲ။ နည်းပြမော်ရင်ဟိုရဲ့ နှစ်ဂိုးပြတ်ရှုံးနိမ့်ပြီးမှ ပထမဆုံးအနိုင်ရရှိတဲ့ ပရီးမီးယားလိဂ်ပွဲဖြစ်ခဲ့သလို ယူနိုက်တက်အတွက်လည်း ၂၀၁၃ ခုနှစ်နောက်ပိုင်း နှစ်ဂိုးပြတ်ရှုံးနိမ့်နေပြီးမှ ပထမဆုံးအကြိမ်နိုင်ပွဲရခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်နည်းပြ မေ်ာရင်ဟိုရဲ့ နည်းဗျူဟာအပြောင်းအလဲတွေက အရေးပါခဲ့ပြီး နိုင်ပွဲရရှိခဲ့တာလို့ ဆိုရမယ်။
August(Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။