[Zawgyi]

လာမယ့္ရာသီမွာ ပထမဆုံးအထုတ္ခံရမယ့္ နည္းျပအျဖစ္ ေရပန္းစားေနတဲ့ ေမာ္ရင္ဟုိ Mourinho

မန္ယူ Manchester United အသင္းနည္းျပ Mourinho ဟာ လာမယ့္ ၂၀၁၈-၁၉ ပရီးမီးယားလိဂ္ ရာသီမွာ ရာထူးကေန ပထမဆုံးထုတ္ပယ္ခံရမယ့္ နည္းျပအျဖစ္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ေရပန္းစားေနတယ္။ ပရီးမီးယားလိဂ္ရာသီသစ္က ၾသဂုတ္လ(၁၀)ရက္ေန႔မွ စတင္မွာျဖစ္ေပမယ့္ ေမာ္ရင္ဟုိဟာ နည္းျပရာထူးက ထုတ္ပယ္ခံရႏုိင္တဲ့စာရင္းမွာ မထင္မွတ္ေလာက္ေအာင္ ေရပန္းစားေနတာျဖစ္ပါတယ္။ မန္ယူအသင္းဟာ အခုရာသီႀကိဳေျခစမ္းပဲြေတြမွာ စိတ္ပ်က္စရာရလဒ္ေတြနဲ႔ ႀကံဳေတြ႕ေနသလုိ ကစားသမားသစ္ေခၚယူမႈနဲ႔ပတ္သက္ၿပီး ေမာ္ရင္ဟုိက မန္ယူတာ၀န္ရွိသူေတြကုိ အျမင္မၾကည္ျဖစ္ေနတာေၾကာင့္လည္း သူ႔ရဲ႕အနာဂတ္က မေသခ်ာျဖစ္ေနတာပါ။

Mourinho-is-the-early-favourite-to-be-the-first-Premier-League-manager-out-of-a-job

Mourinho-is-the-early-favourite-to-be-the-first-Premier-League-manager-out-of-a-job

အခု ဥေရာပမွာရွိတဲ့ ေလာင္းကစားကုမၸဏီအေတာ္မ်ားမ်ားက လာမယ့္ရာသီမွာ ေမာ္ရင္ဟုိဟာ ရာထူးက ထုတ္ပယ္ခံရဖုိ႔ ဒါမွမဟုတ္ရင္လည္း မန္ယူနဲ႔လမ္းခဲြမယ္ဆုိၿပီး ေလာင္းေၾကးဖြင့္ထားပါတယ္။ မန္ယူအသငး္ဟာ လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးဖုိ႔ ေရပန္းစားေနတဲ့အသင္းေတြထဲမွာ ပါ၀င္ေနသလုိ ေမာ္ရင္ဟုိကလည္း ဖ်ဴရယ္လ္ Puel ၊ ဟာဗီဂါစီယာ Javi Gracia ၊ ဘင္နီတက္ဇ္ Benitez တို႔နဲ႔အၿပိဳင္ နည္းျပရာထူးက ထုတ္ပယ္ခံရဖုိ႔ ေရပန္းစားေနတာပဲျဖစ္ပါတယ္။ မန္ယူအသင္းဟာ အခုေႏြရာသီကာလေျခစမ္းပဲြ (၄)ပဲြ ကစားၿပီးခ်ိန္အထိ မိနစ္(၉၀)အတြင္း တစ္ပဲြမွ အႏုိင္ရခဲ့တာမရွိေသးဘဲ ၿပီးခဲ့တဲ့စေနေန႔က လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ပဲြမွာ (၄-၁)ဂုိးနဲ႔ ဂုိးျပတ္႐ႈံးနိမ့္ခဲ့တယ္။ လီဗာပူးလ္နဲ႔ပဲြအၿပီး ေမာ္ရင္ဟုိေျပာခဲ့တဲ့စကားေတြကလည္း မန္ယူအသင္းတာ၀န္ရွိသူေတြအတြက္ မခံခ်ိမခံသာျဖစ္စရာပါပဲ။

Mourinho

Mourinho

“ပရိသတ္ေတြရဲ႕ အားေပးမႈက အားရစရာပါ။ ဒါေပမဲ့ ကၽြန္ေတာ္သာ သူတို႔ေနရာမွာဆုိရင္ ဒီပဲြကုိ လာၾကည့္မွာ မဟုတ္ပါဘူး။ ဒီႏွစ္သင္း(မန္ယူ-လီဗာပူးလ္)ကန္တဲ့ပဲြကုိ ၾကည့္ရဖုိ႔ ကၽြန္ေတာ္ ေငြကုန္ခံမွာ မဟုတ္ဘူး”လုိ႔ ဆုိခဲ့တာပါ။ ေမာ္ရင္ဟုိဟာ အရင္တုန္းကလည္း ႏႈတ္မေစာင့္ဆည္းမႈေၾကာင့္ သူကုိင္တြယ္ခဲ့တဲ့အသင္းတာ၀န္ရွိသူေတြနဲ႔ အဆင္မေျပျဖစ္ၿပီး လမ္းခဲြခဲ့ရတဲ့ သာဓကေတြ ရွိခဲ့လုိ႔ ဒီတစ္ႀကိမ္မွာလည္း သူ႔ရဲ႕မန္ယူနည္းျပဘ၀က အဆုံးသတ္ရေတာ့မလားဆုိတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

မန္ယူအသင္းရဲ႕ ေႏြရာသီေျခစမ္းပဲြရလဒ္မ်ား

19 July 2018 Club América 1–1 Man U
22 July 2018 San Jose Earthquakes 0–0 Man U
25 July 2018 Milan 1–1 (8–9p) Man U
28 July 2018 Liverpool 4–1 Man U

REF:Daily Mail
Photo:Goal.com,The Sun,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လာမယ့်ရာသီမှာ ပထမဆုံးအထုတ်ခံရမယ့် နည်းပြအဖြစ် ရေပန်းစားနေတဲ့ မော်ရင်ဟို Mourinho

မန်ယူ Manchester United အသင်းနည်းပြ Mourinho ဟာ လာမယ့် ၂၀၁၈-၁၉ ပရီးမီးယားလိဂ် ရာသီမှာ ရာထူးကနေ ပထမဆုံးထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် အံ့အားသင့်စရာကောင်းလောက်အောင် ရေပန်းစားနေတယ်။ ပရီးမီးယားလိဂ်ရာသီသစ်က သြဂုတ်လ(၁၀)ရက်နေ့မှ စတင်မှာဖြစ်ပေမယ့် မော်ရင်ဟိုဟာ နည်းပြရာထူးက ထုတ်ပယ်ခံရနိုင်တဲ့စာရင်းမှာ မထင်မှတ်လောက်အောင် ရေပန်းစားနေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုရာသီကြိုခြေစမ်းပွဲတွေမှာ စိတ်ပျက်စရာရလဒ်တွေနဲ့ ကြုံတွေ့နေသလို ကစားသမားသစ်ခေါ်ယူမှုနဲ့ပတ်သက်ပြီး မော်ရင်ဟိုက မန်ယူတာဝန်ရှိသူတွေကို အမြင်မကြည်ဖြစ်နေတာကြောင့်လည်း သူ့ရဲ့အနာဂတ်က မသေချာဖြစ်နေတာပါ။

Mourinho-is-the-early-favourite-to-be-the-first-Premier-League-manager-out-of-a-job

Mourinho-is-the-early-favourite-to-be-the-first-Premier-League-manager-out-of-a-job

အခု ဥရောပမှာရှိတဲ့ လောင်းကစားကုမ္ပဏီအတော်များများက လာမယ့်ရာသီမှာ မော်ရင်ဟိုဟာ ရာထူးက ထုတ်ပယ်ခံရဖို့ ဒါမှမဟုတ်ရင်လည်း မန်ယူနဲ့လမ်းခွဲမယ်ဆိုပြီး လောင်းကြေးဖွင့်ထားပါတယ်။ မန်ယူအသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေသလို မော်ရင်ဟိုကလည်း ဖျူရယ်လ် Puel ၊ ဟာဗီဂါစီယာ Javi Gracia ၊ ဘင်နီတက်ဇ် Benitez တို့နဲ့အပြိုင် နည်းပြရာထူးက ထုတ်ပယ်ခံရဖို့ ရေပန်းစားနေတာပဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုနွေရာသီကာလခြေစမ်းပွဲ (၄)ပွဲ ကစားပြီးချိန်အထိ မိနစ်(၉၀)အတွင်း တစ်ပွဲမှ အနိုင်ရခဲ့တာမရှိသေးဘဲ ပြီးခဲ့တဲ့စနေနေ့က လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ (၄-၁)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ လီဗာပူးလ်နဲ့ပွဲအပြီး မော်ရင်ဟိုပြောခဲ့တဲ့စကားတွေကလည်း မန်ယူအသင်းတာဝန်ရှိသူတွေအတွက် မခံချိမခံသာဖြစ်စရာပါပဲ။

Mourinho

Mourinho

“ပရိသတ်တွေရဲ့ အားပေးမှုက အားရစရာပါ။ ဒါပေမဲ့ ကျွန်တော်သာ သူတို့နေရာမှာဆိုရင် ဒီပွဲကို လာကြည့်မှာ မဟုတ်ပါဘူး။ ဒီနှစ်သင်း(မန်ယူ-လီဗာပူးလ်)ကန်တဲ့ပွဲကို ကြည့်ရဖို့ ကျွန်တော် ငွေကုန်ခံမှာ မဟုတ်ဘူး”လို့ ဆိုခဲ့တာပါ။ မော်ရင်ဟိုဟာ အရင်တုန်းကလည်း နှုတ်မစောင့်ဆည်းမှုကြောင့် သူကိုင်တွယ်ခဲ့တဲ့အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေဖြစ်ပြီး လမ်းခွဲခဲ့ရတဲ့ သာဓကတွေ ရှိခဲ့လို့ ဒီတစ်ကြိမ်မှာလည်း သူ့ရဲ့မန်ယူနည်းပြဘဝက အဆုံးသတ်ရတော့မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နွေရာသီခြေစမ်းပွဲရလဒ်များ

19 July 2018 Club América 1–1 Man U
22 July 2018 San Jose Earthquakes 0–0 Man U
25 July 2018 Milan 1–1 (8–9p) Man U
28 July 2018 Liverpool 4–1 Man U

REF:Daily Mail
Photo:Goal.com,The Sun,Evening Standard
Naing Linn(Akhayar)
www.akhayar.com