[Zawgyi]

နည္းျပဘ၀တစ္ေလွ်ာက္ အဆုိးရြားဆုံး အိမ္ကြင္းမွတ္တမ္းနဲ႔ ရင္ဆုိင္ေနရတဲ့ ေမာ္ရင္ဟုိ Mourinho

ရလဒ္ဆုိးေတြေၾကာင့္ ဖိအားေတြ မ်ားေနတဲ့ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho ဟာ အခုဆိုရင္ သူ႔ နည္းျပဘ၀တစ္ေလွ်ာက္ အိမ္ႏုိင္ပဲြေပ်ာက္ဆုံးမႈ အခ်ိန္အၾကာဆုံးမွတ္တမ္းကုိ ပုိင္ဆုိင္ခဲ့ျပန္ပါၿပီ။ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က ဗလင္စီယာအသင္းနဲ႔ ခ်န္ပီယံလိဂ္ အိမ္ကြင္းပဲြ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဂုိးမရွိသေရက်ခဲ့ပါတယ္။ ဒီသေရပဲြေၾကာင့္ ေမာ္ရင္ဟုိရဲ႕ မန္ယူအသင္းဟာ ၿပိဳင္ပဲြစုံ အိမ္ကြင္း(၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ဆုံးခဲ့ၿပီး ဒါဟာ ေမာ္ရင္ဟုိရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ အဆုိးရြားဆုံးလည္းျဖစ္ခဲ့တယ္။

Mourinho-has-set-a-new-unwanted-record-for-the-longest-time-without-a-home-win

Mourinho-has-set-a-new-unwanted-record-for-the-longest-time-without-a-home-win

မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ရာသီအဖြင့္မွာ လက္စတာကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တဲ့ပဲြေနာက္ပုိင္း အိမ္ကြင္းႏုိင္ပဲြ ေပ်ာက္ဆုံးေနၿပီး စပါးအသင္းကုိ (၃)ဂုိးျပတ္႐ႈံး၊ ၀ုလ္ဗ္ကုိ (၁)ဂုိးစီသေရ၊ လိဂ္ဖလားမွာ ဒါဘီကုိ ပယ္နယ္တီနဲ႔ ႐ႈံး၊ အခု ဗလင္စီယာနဲ႔ ဂုိးမရွိသေရက်ခဲ့ပါတယ္။ မန္ယူအသင္း ၿပိဳင္ပဲြစုံ အိမ္ကြင္း(၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့တာက နည္းျပေဟာင္း ဗန္ဟားလ္ Louis Van Gaal လက္ထက္မွာ ျဖစ္ၿပီး ၂၀၁၅-၁၆ ရာသီတုန္းက PSV ၊ ၀က္စ္ဟမ္း၊ ခ်ယ္လ္ဆီးတို႔ကုိ သေရ၊ ေနာ၀စ္ခ်္ကုိ (၂-၁)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာပါ။ ေမာ္ရင္ဟုိရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ အိမ္ကြင္း(၃)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့တာပဲရွိခဲ့ၿပီး ၂၀၁၃-၁၄ ရာသီ ခ်ယ္လ္ဆီးနည္းျပဘ၀မွာ ဆန္းဒါးလန္း၊ အက္သလက္တီကုိအသင္းေတြကို ႐ႈံး၊ ေနာ၀စ္ခ်္ကုိ သေရက်ခဲ့တယ္။ မန္ယူအသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ပဲြအျဖစ္ နယူးကာဆယ္နဲ႔ အိမ္ကြင္းပဲြ ကစားရမွျဖစ္လုိ႔ ေမာ္ရင္ဟုိအေနနဲ႔ ႏုိင္ပဲြ ျပန္ရွာႏုိင္ေအာင္ ႀကိဳးစားရေတာ့မွာပါ . .

REF:sportskeeda
Photo:Telegraph,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံး အိမ်ကွင်းမှတ်တမ်းနဲ့ ရင်ဆိုင်နေရတဲ့ မော်ရင်ဟို Mourinho

ရလဒ်ဆိုးတွေကြောင့် ဖိအားတွေ များနေတဲ့ မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ အခုဆိုရင် သူ့ နည်းပြဘဝတစ်လျှောက် အိမ်နိုင်ပွဲပျောက်ဆုံးမှု အချိန်အကြာဆုံးမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြန်ပါပြီ။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဗလင်စီယာအသင်းနဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒီသရေပွဲကြောင့် မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ ပြိုင်ပွဲစုံ အိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဒါဟာ မော်ရင်ဟိုရဲ့ နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံးလည်းဖြစ်ခဲ့တယ်။

Mourinho-has-set-a-new-unwanted-record-for-the-longest-time-without-a-home-win

Mourinho-has-set-a-new-unwanted-record-for-the-longest-time-without-a-home-win

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ လက်စတာကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲနောက်ပိုင်း အိမ်ကွင်းနိုင်ပွဲ ပျောက်ဆုံးနေပြီး စပါးအသင်းကို (၃)ဂိုးပြတ်ရှုံး၊ ဝုလ်ဗ်ကို (၁)ဂိုးစီသရေ၊ လိဂ်ဖလားမှာ ဒါဘီကို ပယ်နယ်တီနဲ့ ရှုံး၊ အခု ဗလင်စီယာနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ မန်ယူအသင်း ပြိုင်ပွဲစုံ အိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာက နည်းပြဟောင်း ဗန်ဟားလ် Louis Van Gaal လက်ထက်မှာ ဖြစ်ပြီး ၂၀၁၅-၁၆ ရာသီတုန်းက PSV ၊ ဝက်စ်ဟမ်း၊ ချယ်လ်ဆီးတို့ကို သရေ၊ နောဝစ်ချ်ကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ မော်ရင်ဟိုရဲ့ နည်းပြဘဝတစ်လျှောက် အိမ်ကွင်း(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပဲရှိခဲ့ပြီး ၂၀၁၃-၁၄ ရာသီ ချယ်လ်ဆီးနည်းပြဘဝမှာ ဆန်းဒါးလန်း၊ အက်သလက်တီကိုအသင်းတွေကို ရှုံး၊ နောဝစ်ချ်ကို သရေကျခဲ့တယ်။ မန်ယူအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲ ကစားရမှဖြစ်လို့ မော်ရင်ဟိုအနေနဲ့ နိုင်ပွဲ ပြန်ရှာနိုင်အောင် ကြိုးစားရတော့မှာပါ . .

REF:sportskeeda
Photo:Telegraph,Getty Images
Naing Linn(Akhayar)
www.akhayar.com