[Zawgyi]

အီဘရာဟီမိုဗစ္ Ibrahimović ကို အိုးထရက္ဖို႔ဒ္ေျမမွာ ျပန္လည္ျမင္ေတြ႕ရေတာ႔မလား

LA Galaxy အသင္းမွာ ေျခစြမ္းျပကစားေနတဲ႔ အသက္(၃၇)ႏွစ္အရြယ္ ၀ါရင္႔တိုက္စစ္မႈး အီဘရာဟီမိုဗစ္ Ibrahimović ကို မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ကလာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ျပန္လည္ေခၚယူလိုေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ လက္ရိွမွာေတာ႔ အီဘရာဟီမိုဗစ္ဟာ LA Galaxy အသင္းအတြက္ (၂၅)ပြဲကစားထားျပီး (၂၁)ဂိုးသြင္းယူထားပါတယ္။

Ibrahimovic-And-Mourinho

Ibrahimovic-And-Mourinho

ေမာ္ရင္ဟိုနဲ႔ အီဘရာဟီမိုဗစ္ တို႔ဟာ အင္တာမီလန္နဲ႔ မန္ယူအသင္းေတြမွာ လက္တြဲညီခဲ႔ၾကသူေတြျဖစ္ျပီး ဆက္ဆံေရးေကာင္းေတြကိုလည္း ပိုင္ဆိုင္ထားၾကသူေတြပဲ ျဖစ္ပါတယ္။ အီဘရာဟီမိုဗစ္ဟာ မန္ယူအသင္းမွာ ကစားတုန္းက ေျခစြမ္းျပကစားႏိုင္ခဲ႔ျပီး အသင္းအတြက္ ျပိဳင္ပြဲစံုသြင္းဂိုး(၂၉)ဂိုးသြင္းယူႏိုင္ခဲ႔သလို ဆုဖလားေအာင္ျမင္မႈေတြလည္း ရရိွခဲ႔ပါတယ္။ ေမဂ်ာလိဂ္ကေန ဒိုႏိုဗန္ Donovan နဲ႔ အြန္နရီ Henry တို႔ဟာ ပရီးမီးယားလိဂ္မွာ ကာလတိုနဲ႔ လာေရာက္ကစားခဲ႔ၾကဖူးတာေၾကာင္႔ အီဘရာဟီမိုဗစ္ အေနနဲ႔လည္း အသင္းေဟာင္းမန္ယူအသင္း အခက္အခဲၾကံဳေနခ်ိန္မွာ လာေရာက္ကစားျပီး အကူအညီေပးသြားမလားဆိုတာ စိတ္၀င္စားစရာပါပဲ။ အသက္ၾကီးေလ ပိုေကာင္းေလျဖစ္ျပီး နတ္ဘုရားၾကီးလို႔ တင္စားၾကတဲ႔ အီဘရာဟီမိုဗစ္ ကိုအိုးထရက္ဖို႔ဒ္ေျမမွာ ျပန္လည္ျမင္ေတြ႕ရေတာ႔မလား ဆိုတာကေတာ႔ …

Ibrahimovic

Ibrahimovic

အီဘရာဟီမိုဗစ္ Ibrahimović ရဲ႕ မန္ယူကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Ref: BBC Sport
Photo: Yahoo! Sports ,  SPORTbible , US Sports Guru
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အီဘရာဟီမိုဗစ် Ibrahimović ကို အိုးထရက်ဖို့ဒ်မြေမှာ ပြန်လည်မြင်တွေ့ရတော့မလား

LA Galaxy အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အသက်(၃၇)နှစ်အရွယ် ဝါရင့်တိုက်စစ်မှုး အီဘရာဟီမိုဗစ် Ibrahimović ကို မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ကလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြန်လည်ခေါ်ယူလိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ အီဘရာဟီမိုဗစ်ဟာ LA Galaxy အသင်းအတွက် (၂၅)ပွဲကစားထားပြီး (၂၁)ဂိုးသွင်းယူထားပါတယ်။

Ibrahimovic-And-Mourinho

Ibrahimovic-And-Mourinho

မော်ရင်ဟိုနဲ့ အီဘရာဟီမိုဗစ် တို့ဟာ အင်တာမီလန်နဲ့ မန်ယူအသင်းတွေမှာ လက်တွဲညီခဲ့ကြသူတွေဖြစ်ပြီး ဆက်ဆံရေးကောင်းတွေကိုလည်း ပိုင်ဆိုင်ထားကြသူတွေပဲ ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ မန်ယူအသင်းမှာ ကစားတုန်းက ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၂၉)ဂိုးသွင်းယူနိုင်ခဲ့သလို ဆုဖလားအောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ မေဂျာလိဂ်ကနေ ဒိုနိုဗန် Donovan နဲ့ အွန်နရီ Henry တို့ဟာ ပရီးမီးယားလိဂ်မှာ ကာလတိုနဲ့ လာရောက်ကစားခဲ့ကြဖူးတာကြောင့် အီဘရာဟီမိုဗစ် အနေနဲ့လည်း အသင်းဟောင်းမန်ယူအသင်း အခက်အခဲကြုံနေချိန်မှာ လာရောက်ကစားပြီး အကူအညီပေးသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ အသက်ကြီးလေ ပိုကောင်းလေဖြစ်ပြီး နတ်ဘုရားကြီးလို့ တင်စားကြတဲ့ အီဘရာဟီမိုဗစ် ကိုအိုးထရက်ဖို့ဒ်မြေမှာ ပြန်လည်မြင်တွေ့ရတော့မလား ဆိုတာကတော့ …

Ibrahimovic

Ibrahimovic

အီဘရာဟီမိုဗစ် Ibrahimović ရဲ့ မန်ယူကစားသမားဘ၀ အောင်မြင်မှုများ

EFL Cup: 2016–17
FA Community Shield: 2016
UEFA Europa League: 2016–17

Ref: BBC Sport
Photo: Yahoo! Sports ,  SPORTbible , US Sports Guru
Ko Kyue(Akhayar)
www.akhayar.com