Joker (Akhayar)
Ref: The Verge
[Unicode]
ကွဲသွားရင် သူ့အလိုလိုပြန်ပြုပြင်သွားမယ့် ဖုန်းမှန်ကို Motorola မူပိုင်ခွင့်တင်
Motorola ဟာ ကွဲသွားလို့ရှိရင် သူ့အလိုလို ပြန်လည် Heal လုပ်နိုင်မယ့် ဖုန်းမှန်တွေကို ထွင်နိုင်ဖို့အတွက် ပြုလုပ်နေပါတယ်။ ဒီနေ့မှာ တင်ခဲ့တဲ့ မူပိုင်ခွင့်တစ်ရပ်အရ ဖုန်းတစ်လုံးအနေနဲ့ Touchscreen မှာ Crack ဖြစ်သွားတာ၊ Damage အသေးစား ဖြစ်သွားတာ စတဲ့ပြသနာတွေ ဖြစ်သွားတဲ့ဧရိယာကို အပူပေးပြီး အလိုအလျောက် ပြန်ကောင်းသွားနိုင်အောင် ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
Process ဟာ “Sharp memory polymer” လို့ခေါ်တဲ့ အပူချိန်ပေါ်မူတည်ပြီး ပြန်လည် ဖွဲ့စည်းနိုင်တဲ့ Material တစ်ခုပေါ်မှာ အခြေခံ ပြုလုပ်သွားမှာ ဖြစ်ပြီးတော့ Thermal cycling ဟာ အပူချိန်ပေါ်မူတည်ပြီး Material ရဲ့ Form ကို ပြောင်းလဲ ပေးသွားမှာပါ။
ဒီ Material ဟာ LCD, LED မျက်နှာပြင်တွေကို ကျော်ပြီးတော့ Capacitive Touch sensor layer ပါဝင်တဲ့ မျက်နှာပြင်အဖြစ်လည်း အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် ဖုန်းဟာ ပေါ်လီမာကိုသိမ်းထားရတာကြောင့် အပူချိန်ရှိနိုင်မယ့် ပြသနာတော့ ရှိပါတယ်။
ဒီလိုပြုလုပ်တာဟာ ဖုန်းတွေရဲ့ မျက်နှာပြင်တွေအတွက် တကယ့်မဟာကြီးကျယ်မှုတစ်ရပ်အဖြစ် ထင်နိုင်ပေမယ့် တကယ်မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ပါဘူး။ ပေါ်လီမာဟာ ဖန်သားမျက်နှာပြင်တွေထက်တော့ အများကြီးစျေးသက်သာပြီးတော့ ကလေးတွေဆော့တဲ့ Gadgets တွေမှာ အသုံးပြုတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
Joker (Akhayar)
Ref: The Verge