[Zawgyi]

iPhone X နဲ႔ Huawei P20 လို ဒီဇိုင္းမ်ိဳးနဲ႔ ျမင္ေတြ႔ရမယ့္ Motorola P30 စမတ္ဖုန္း

Motorola ရဲ႕ P30 စမတ္ဖုန္းအသစ္ကေတာ့ လူတစ္ကာ ႏွစ္ခါျပန္ေငးၾကည့္ေနရမယ့္ Android OS သုံး ဖုန္းတစ္လုံးျဖစ္လာခဲ့ပါျပီ။ ဘာျဖစ္လို႔လဲဆိုရင္ P30 ရဲ႕ ေရွ႕မ်က္ႏွာျပင္ကို iPhone X လို ခပ္က်ယ္က်ယ္ Notch သုံးေပးထားသလို စမတ္ဖုန္းရဲ႕ ေက်ာ္ဖက္ကိုယ္ထည္ကို Huawei ထုတ္ P20 ဖုန္းေတြလို ဒီဇိုင္းဆင္ထားတာ ျမင္ေတြ႕ရမွာပါ။

Eyes appealing translucent bluish design

ဆိုေတာ့ Motorola P30 ဖုန္းဒီဇိုင္းနဲ႔ ပတ္သက္လို႔ ဘာ ေျပာေနၾကသလဲဆိုရင္ “ဒီဖုန္းက iPhone နဲ႔ Huawei ဖုန္းႏွစ္လုံး Mix လုပ္ထားပါ၊ ၾကည့္ေလ Notch ၾကီးနဲ႔၊ ျပီးေတာ့ P20 လို အေရာင္မ်ိဳးနဲ႔” ဆိုျပီး The Verge မွာ ေဖာ္ျပထားပါတယ္။ ဒီလိုပဲ Cnet မွာလည္း “iPhone X ကို အေရာင္မ်ိဳးစုံ ဆိုးေပးပစ္လိုက္တာနဲ႔ အတူတူပဲလို”႔ ေရးသားထားတာ ေတြ႔ရပါတယ္။ တကယ္လည္း Motorola P30 ကို ေျပာခ်င္တယ္ဆိုရင္လည္း ေျပာခ်င္စရာပါ၊ လုံးဝ ဒီဇိုင္းပိုင္းနဲ႔ အေရာင္ယူထားကအစ လုံးဝ သြားတူေနတာဆိုေတာ့ ရုတ္တရက္ ခန္႔မွန္းဖို႔ မလြယ္ဘူးထင္ပါတယ္။

Also in Ceramic white

ဘယ္သူေတြ ဘာပဲေျပာေျပာ Motorola ကေတာ့ သူ႔ဖုန္း ဒီဇိုင္းေလးကို မိုးေသာက္ပန္း “Aurora” လို႔ တင္စားထားပါတယ္။ ဒါမယ့္လည္း iPhone X Wallpaper ပါ ထည့္သုံးထားလို႔ အခုခ်ိန္ Google မွာ iPhone X လို႔ ရိုက္ရွာလိုက္ရင္ P30 ဖုန္းပုံပဲ ထြက္လာမွာပါ။ ဒါနဲ႔ ပတ္သက္လို႔ ဘယ္သူသေရာထားလဲ မသိရေပမယ့္ Android စမတ္ဖုန္းေတြမွာ iPhone X လို Notch မ်ိဳး အသုံးတြင္က်ယ္လာတာက အထူးဆန္းလိုေတာ့ မဟုတ္ေတာ့ပါဘူး။

Literally an iPhone X & P20 like design

ဖုန္းအတြင္းပိုင္း Specification နဲ႔ ပတ္သက္လို႔ သာမန္ Mid-range ဖုန္းေတြလိုပဲ Snapdragon 636 Processor ကို 6GB RAM နဲ႔ တြဲဖက္ အသုံးျပဳေပးထားမွာပါ။ Storage နဲ႔ Display ပိုင္းမွာေတာ့ 128GB Storage ပါဝင္လာမယ္လို႔ Motorola ေျပာၾကားထားျပီး Display ကိုေတာ့ 19:9 Aspect Ratio အသုံးျပဳထားမွာပါ၊ Display Size နဲ႔ ပါဝင္လာမယ့္ Resolution အေသးစိတ္ကိုေတာ့ တရားဝင္ ေျပာၾကားထားျခင္း မရွိေသးပါဘူး။ ကင္မရာပိုင္းမွာဆိုရင္ f/1.8 Sensor အသုံးျပဳထားမယ့္ 16MP နဲ႔ 5MP ကင္မရာႏွစ္လုံး ေက်ာဖက္မွာ Dual Camera အေနနဲ႔ ပါဝင္လာဖြယ္ ရွိပါတယ္။ ေရွ႕ကင္မရာကိုေတာ့ 12MP ကင္မရာ အသုံးျပဳထားဖြယ္ရွိတယ္လို႔ သိရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

iPhone X နဲ့ Huawei P20 လို ဒီဇိုင်းမျိုးနဲ့ မြင်တွေ့ရမယ့် Motorola P30 စမတ်ဖုန်း

Motorola ရဲ့ P30 စမတ်ဖုန်းအသစ်ကတော့ လူတစ်ကာ နှစ်ခါပြန်ငေးကြည့်နေရမယ့် Android OS သုံး ဖုန်းတစ်လုံးဖြစ်လာခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုရင် P30 ရဲ့ ရှေ့မျက်နှာပြင်ကို iPhone X လို ခပ်ကျယ်ကျယ် Notch သုံးပေးထားသလို စမတ်ဖုန်းရဲ့ ကျော်ဖက်ကိုယ်ထည်ကို Huawei ထုတ် P20 ဖုန်းတွေလို ဒီဇိုင်းဆင်ထားတာ မြင်တွေ့ရမှာပါ။

Eyes appealing translucent bluish design

ဆိုတော့ Motorola P30 ဖုန်းဒီဇိုင်းနဲ့ ပတ်သက်လို့ ဘာ ပြောနေကြသလဲဆိုရင် “ဒီဖုန်းက iPhone နဲ့ Huawei ဖုန်းနှစ်လုံး Mix လုပ်ထားပါ၊ ကြည့်လေ Notch ကြီးနဲ့၊ ပြီးတော့ P20 လို အရောင်မျိုးနဲ့” ဆိုပြီး The Verge မှာ ဖော်ပြထားပါတယ်။ ဒီလိုပဲ Cnet မှာလည်း “iPhone X ကို အရောင်မျိုးစုံ ဆိုးပေးပစ်လိုက်တာနဲ့ အတူတူပဲလို”့ ရေးသားထားတာ တွေ့ရပါတယ်။ တကယ်လည်း Motorola P30 ကို ပြောချင်တယ်ဆိုရင်လည်း ပြောချင်စရာပါ၊ လုံးဝ ဒီဇိုင်းပိုင်းနဲ့ အရောင်ယူထားကအစ လုံးဝ သွားတူနေတာဆိုတော့ ရုတ်တရက် ခန့်မှန်းဖို့ မလွယ်ဘူးထင်ပါတယ်။

Also in Ceramic white

ဘယ်သူတွေ ဘာပဲပြောပြော Motorola ကတော့ သူ့ဖုန်း ဒီဇိုင်းလေးကို မိုးသောက်ပန်း “Aurora” လို့ တင်စားထားပါတယ်။ ဒါမယ့်လည်း iPhone X Wallpaper ပါ ထည့်သုံးထားလို့ အခုချိန် Google မှာ iPhone X လို့ ရိုက်ရှာလိုက်ရင် P30 ဖုန်းပုံပဲ ထွက်လာမှာပါ။ ဒါနဲ့ ပတ်သက်လို့ ဘယ်သူသရောထားလဲ မသိရပေမယ့် Android စမတ်ဖုန်းတွေမှာ iPhone X လို Notch မျိုး အသုံးတွင်ကျယ်လာတာက အထူးဆန်းလိုတော့ မဟုတ်တော့ပါဘူး။

Literally an iPhone X & P20 like design

ဖုန်းအတွင်းပိုင်း Specification နဲ့ ပတ်သက်လို့ သာမန် Mid-range ဖုန်းတွေလိုပဲ Snapdragon 636 Processor ကို 6GB RAM နဲ့ တွဲဖက် အသုံးပြုပေးထားမှာပါ။ Storage နဲ့ Display ပိုင်းမှာတော့ 128GB Storage ပါဝင်လာမယ်လို့ Motorola ပြောကြားထားပြီး Display ကိုတော့ 19:9 Aspect Ratio အသုံးပြုထားမှာပါ၊ Display Size နဲ့ ပါဝင်လာမယ့် Resolution အသေးစိတ်ကိုတော့ တရားဝင် ပြောကြားထားခြင်း မရှိသေးပါဘူး။ ကင်မရာပိုင်းမှာဆိုရင် f/1.8 Sensor အသုံးပြုထားမယ့် 16MP နဲ့ 5MP ကင်မရာနှစ်လုံး ကျောဖက်မှာ Dual Camera အနေနဲ့ ပါဝင်လာဖွယ် ရှိပါတယ်။ ရှေ့ကင်မရာကိုတော့ 12MP ကင်မရာ အသုံးပြုထားဖွယ်ရှိတယ်လို့ သိရပါတယ်။

2B (Akhayar)

www.akhayar.com