[Zawgyi] 


18:9 OLED Display



Moto Z3 Specs


Moto TurboPower


Moto Mods


Ref: 

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Moto ရဲ့ ၂၀၁၈ အတွက်ထုတ်ကုန်သစ် ဒါမှမဟုတ် Moto Z3

$499 တန် Moto က Z3 Play ကိုတော်တော်များများ သိပြီးသားဖြစ်မှာပါ။ Qualcomm Snapdragon 636 ၊ Full HD+ 18:9 Display နဲ့ထွက်လာပြီး Moto Mods တွေ တွဲသုံးလို့ရတဲ့ Premium Mid-Range ဖုန်းတစ်လုံးပါ။ အခုထပ်ထွက်လာတာကတော့ Moto ရဲ့ Flagship အနေနဲ့ Qualcomm Snapdragon 835 သုံးထားတဲ့ Moto Z3 ပါ။ Moto Z3 Play ရဲ့ Design နဲ့ အများကြီးကွာခြားနေတာမျိုးမရှိဘဲ အထဲက Specification တွေပဲကွာသွားတာမျိုးပါ။ 

18:9 OLED Display

Moto က ၂၀၁၈ အတွက်ထုတ်တဲ့ Flagship ဖုန်းမှာ Snapdragon 845 ကို မသုံးပေးတာ ဈေးပိုသက်သာစေချင်လို့ပါ။ ရှိပြီးသား Moto Z3 Play ကို နည်းနည်းပြန်ပြင်ပြီး အသစ်ထုတ်လိုက်တဲ့သဘောပါပဲ။ ပြောင်းသွားတာဆိုလို့ Processor နဲ့ Camera ပိုင်းလောက်ပဲ ရှိတာပါ။ Moto Z3 Play အတွက် မိတ်ဆက်ပေးခဲ့တဲ့ Moto Mod တွေကိုလည်း ဆက်ပြီး အသုံးပြုလို့ရတာကြောင့် Z3 Play ဝယ်ထားသူတွေအနေနဲ့လည်း Mod တွေကို နှမျောစရာမလိုဘဲ Moto Z3 ကို Upgrade လိုပ်လိုက်လို့ရပါတယ်။ 

$480 ဝန်းကျင်နဲ့ Flagship ဖုန်းကို ရောင်းချင်တာကြောင့် Flagship Processor ဖြစ်ပေမယ့် အရင်နှစ်ကဟာကိုပဲ သုံးထားတာပါ။ ဒီလိုလုပ်လိုက်တာက ဈေးကိုသက်သာစေတာပါ။ နောက်ဆုံးထွက်တဲ့ Snapdragon 845 ကိုသုံးမယ်ဆို ဈေးက ဒီထက်များသွားမှာဖြစ်သလို Mod တွေပါ ဝယ်မယ်ဆိုရင် ပိုပြီးဈေးမျာသွားဦးမှာပါ။

Moto Z3 Specs

Spec တွေကလည်း အရင်က Moto Z3 Play နဲ့ သိပ်မကွာအောင်လုပ်ပေးထားတာကြောင့် အသစ်ပြောင်းသွားတာ ဘာမှသိပ်မရှိပါဘူး။ Moto က ဈေးသက်သာစေဖို့ ဦးစားပေးနေတာကြောင့် ဖုန်းရဲ့ Design ကိုလည်း အသစ်ထပ်မလုပ်တော့ဘဲ Moto Z3 Play ရဲ့ Body ကိုပဲ ပြန်ယူသုံးထားတယ်လို့ ယူဆရပါတယ်။ 

Moto TurboPower

Moto ကတော့ 3000mAh Battery ကို TurboPower နဲ့ Fast Charging ရအောင်လုပ်ပေးထားပါတယ်။ Fingerprint Scanner ကိုလည်း ဖုန်းဘေးဘောင်မှာ တပ်ပေးထားပါတယ်။ Moto ရဲ့ နာမည်ကြီး Mod တွေဖြစ်တဲ့ Speaker Mod ၊ Battery Mod တွေကတော့ ဒီဖုန်းနဲ့ တွဲပြီးဝယ်တဲ့သူအများဆုံး Mod တွေ ဖြစ်လာဦးမှာပါ။

Moto Mods

Moto အနေနဲ့လည်း Mod တွေကိုဦးစားပေးနေတုန်းဖြစ်တာကြောင့် ဒီဖုန်းမှာလည်း ထူးထူးခြားခြား Mod အသစ်ကို ထပ်မိတ်ဆက်ပေးလိုက်ပါသေးတယ်။ အဲ့တာကတော့ 5G သုံးလို့ရအောင်လုပ်ပေးမယ့် Mod ပါ။ လက်ရှိအချိန်မှာ ဖုန်းဝယ်လို့ရပေမယ့် ဖုန်းမှာ 5G နည်းပညာအတွက် ဘာမှထည့်ပေးမထားသလို ဆက်သွယ်ရေးကုမ္ပဏီတွေကလည်း 5G ကွန်ယက်တွေကို မလုပ်ပေးနိုင်သေးပါဘူး။ Moto ကတော့ ဘမ္ဘာ့ပထမဦးဆုံး 5G အတွက် အဆင့်မြှင့်လို့ရတဲ့ ဖုန်းကိုထုတ်နိုင်ပြီဆိုပြီး ဂုဏ်ယူနေပါတယ်။ 

Ref: 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။