[ZawGyi]

အေမမ်ားေန႔မွာေမေမ႔ကိုေပးဖို႔အတြက္ ခ်စ္ျခင္းလက္ေဆာင္မ်ား

အေမဆိုတာသားသမီးေတြအေပၚ ျခြင္းခ်က္မရွိအခ်စ္ေမတၱာေတြ အေပးႏိုင္ဆံုးေသာလူသားတစ္ဦး၊

အေမဆုိတာ သားသမီးေတြအတြက္ အရဲရင္႔ဆံုးေသာ သူရဲေကာင္း၊

အေမဆုိတာ မကုန္ခန္းႏိုင္ေသာစိမ္႔စမ္းေရလို ေမတၱာေတြတစ္သက္တာေပးေဝသူ။

အေမရဲ႕ဂုဏ္ေက်းဇူးေတြ အေမရဲ႕ေမတၱာတရားေတြဟာ တုႏႈိင္းလို႔မရႏိုင္ေပ။

အေမေတြဟာရင္ေသြးေတြကို သေႏၶသားေလာင္းေလးရယ္လို႔ သူတို႔ဝမ္းဗိုက္ထဲမကပ္တြယ္လာခင္ကတည္းက စိတ္ကူးနဲ႔ခ်စ္ခဲ႔ၾက စိတ္ကူးနဲ႔ေမတၱာထားခဲ႔ၾကသူေတြပါ။ ဝမ္းဗိုက္ထဲလြယ္ထားရျပန္ေတာ႔လည္း ကိုယ္႔ကေလးအတြက္အေနအထိုင္ အစားအေသာက္ဆင္ျခင္ရ အသြားအလာဂရုစိုက္ရနဲ႔ခ်စ္ခဲ႔ၾကသလုိ ေမြးဖြားျပီးခ်ိန္ကေန သားသမီးေတြ အရြယ္ေရာက္လာတဲ႔အခ်ိန္အထိေတာင္ကေလးလိုစိတ္ပူျပီး မကုန္ခမ္းႏိုင္တဲ႔ေမတၱာေတြနဲ႔ ခ်စ္ႏိုင္တဲ႔လူသားတစ္ဦးျဖစ္ပါတယ္။ ဒီလိုမ်ိဳး သားသမီးေတြအေပၚအခ်စ္ေတြပံုေပးရင္း ကိုယ္႔ကိုယ္ကိုယ္ဂရုစိုက္ဖုိ႔ ၊ခ်စ္ဖုိ႔ပါေမ႔သြားတတ္တဲ႔အေမတို႔အတြက္ သားသမီးေတြဟာ တန္ျပန္အခ်စ္ေတြ၊ ဂရုစိုက္မႈေတြကိုျပန္ေပးသင္႔တယ္မဟုတ္ပါလား။

သားသမီးအတြက္ဆုိ ခ်စ္ျခင္းေမတၱာမကုန္ခမ္းႏိုင္ပါေသာ ေမေမတုိ႔အတြက္ရည္ရြယ္ဂုဏ္ျပဳတဲ႔ “Mother’s Day” ဟာဆုိရင္ေတာ႔ ေမလ ၁၃ ရက္ေန႔မွာက်ေရာက္ေတာ႔မွာပဲျဖစ္ပါတယ္။

best-gifts-for-mothers-day

best-gifts-for-mothers-day

Mother’s Day ဘယ္ကစ

Mother’s Dayဟာ ဂရိလူမ်ိဳးေတြကစတင္ခဲ႔တာလုိ႔လည္း ဖတ္မွတ္ရပါတယ္။ ေရာမေခတ္မွာ ဂရိေတြဟာ Rhea လို႔အမည္ရတဲ႔နတ္သမီးကိုပူေဇာ္ရာကေန ဒီလုိေန႔ထူးေန႔ျမတ္ကို သတ္မွတ္ခဲ႔ၾကတာျဖစ္ပါတယ္။ အဂၤလန္မွာေတာ႔ ၁၇ ရာစုကတည္းက အေမမ်ားေန႔ကိုက်င္းပခဲ႔ၾကတယ္လုိ႔ဆုိပါတယ္။ အဂၤလန္နဲ႔ စေကာ႔တလန္ဘက္မွာေတာ႔ Carlings လို႔ေခၚတဲ့ စားစရာတစ္မ်ဳိးကို Mother’s Day မွာလုပ္စားၾကတဲ့အတြက္ Mother’s Day ကို Carling Sunday လို႔လည္း ေခၚၾကပါတယ္တဲ႔။ အေမရိကန္သမၼတႀကီး ဝူးဒရိုးဝီလ္ဆင္ကိုယ္တုိင္ကလည္း ကြန္ကရတ္လႊတ္ေတာ္မွာ”ကမၻာေပၚတြင္ အေကာင္းဆုံးမိခင္ျဖစ္သည့္ သင္၏မိခင္ကိုဂုဏ္ျပဳလ်ွက္” ဆုိတဲ႔ ဂုဏ္ျပဳစကားနဲ႔အတူ အေမမ်ားေန႔က်င္းပဖို႔ သတ္မွတ္ေပးခဲ႔တာေၾကာင္႔အဲဒီအခ်ိန္ကစျပီး လက္တင္အေမရိကႏွင့္ေရွ႕ပိုင္းႏိုင္ငံေတြမွာ ေမလရဲ႕ဒုတိယတနဂၤေႏြေန႔တိုင္းကို Mother’s Day လုိ႔အခုတုိင္သတ္မွတ္က်င္းပလာခဲ႔တာပါ။

တန္ျပန္ေမတၱာေပးၾကမယ္

Mothers-Day-Gift

Mothers-Day-Gift

အေမဆုိတာကေတာ႔ သားသမီးက ေႏြးေထြးခ်စ္ခင္ေပးေနရင္ မ်က္ရည္ဝဲေလာက္ေအာင္ အေပ်ာ္ၾကီးေပ်ာ္ေနတတ္သူေတြပါ။ ကိုယ္ကနီးနီးေလးမွာေနျပီးစားဝတ္ေနေရးလံုးပန္းေနရလုိ႔ အေမ႔ကိုစိတ္ရွိသေလာက္ဂရုမစိုက္ႏိုင္ခဲ႔ရင္ပဲျဖစ္ျဖစ္၊ အေဝးေရာက္ေနလုိ႔ ထင္သေလာက္ေႏြးေထြးခ်စ္ခင္မႈမေပးႏိုင္ရင္ပဲျဖစ္ျဖစ္ အေမမ်ားေန႔ဟာ အေမ႔ကိုခ်စ္ေၾကာင္းျပဖုိ႔အေကာင္းဆံုးေန႔ရက္ေလးပါ။ အေမမ်ားေန႔မွာ အေမ႔ကိုဖုန္းေခၚျပီး သတိရေၾကာင္းအထူးတလည္ေျပာမယ္။ လက္ေဆာင္ေလးေတြဝယ္ေပးမယ္။ အဆင္ေျပရင္ Medical Check Up လုပ္ေပးမယ္၊ ဘုရားဖူးခရီးစဥ္ေတြပို႔မယ္ စသျဖင္႔ကိုယ္စိတ္ကူးရွိသလုိ အေမ႔အတြက္လက္ေဆာင္ေလးေတြဖန္တီးေပးႏိုင္ၾကပါတယ္။

Mothers-Day-Promotion

Mothers-Day-Promotion

ေမေမတို႔အတြက္အမွတ္တရလက္ေဆာင္ေပးခ်င္သူေတြအေနနဲ႔ ဒီရက္ေတြမွာ သူတို႔ရဲ႕လိုအပ္ခ်က္ေလးေတြ၊ လိုခ်င္တာေလးေတြကို မသိမသာၾကည္႔ရႈ ေမးျမန္းထားႏိုင္ပါတယ္။ ေသခ်ာတာကေတာ႔ အေမတိုင္းဟာ သားသမီးေတြရဲ႕ဂရုတစိုက္ သတိတရနဲ႔ေပးတဲ႔ဘယ္လက္ေဆာင္မဆုိ ၾကည္ႏူးစြာနဲ႔လက္ခံၾကသူခ်ည္းပါပဲ။ ခ်စ္ျခင္းတရားနဲ႔ထံုမႊမ္းတဲ႔လက္ေဆာင္ဟာ နည္းသည္မ်ားသည္မဟုတ္ဘဲ ထာဝရတန္ဖိုးရွိပါတယ္။ ဒါေၾကာင္႔ ကိုယ္စိတ္ကူးရွိသလို အေကာင္းဆံုးဖန္တီးျပီးလက္ေဆာင္ေလးေတြေပးႏိုင္ၾကပါတယ္ေနာ္။ အခုဆုိရင္လက္ဝတ္ရတနာဆုိင္ေတြမွအစ ေစ်းဝယ္စင္တာၾကီးေတြလုိမ်ိဳးအထိေနရာေတာ္ေတာ္မ်ားမ်ားမွာလည္း Mother’s Day အတြက္ အထူးလက္ေဆာင္ေလးေတြ၊ အထူး Discount ေတြရွိသလို ကိတ္မုန္႔ဆုိင္ေတြမွာဆုိရင္လည္း Mother’s Day ကိတ္လွလွေလးေတြကို ေရြးခ်ယ္စရာအမ်ားၾကီးနဲ႔ဝယ္ယူႏိုင္တာေတြ႔ေနရပါတယ္။ City Mart Supermarket ေတြတုိင္းမွာဆိုရင္လည္း ဧျပီလ ၂၆ ရက္ေန႔ကေန ေမလ ၁၆ ရက္ေန႔အထိ “ေမေမ႔ေမတၱာတုန္႔ျပန္ပါ Mother’s Day Promotion” ေတြရွိေနပါတယ္။

Gift-Basket

Gift-Basket

ကိုယ္တုိင္စိတ္ၾကိဳက္ဖန္တီးျပီး လက္ေဆာင္ေလးေတြေပးၾကမယ္

ေမေမ႔အတြက္လုိအပ္တာေတြခ်ည္းစုစည္းျပီး လက္ေဆာင္ေပးႏိုင္ဖုိ႔အတြက္ City Mart Supermarket ေတြမွာ ေမေမ႔ကိုေပးဖုိ႔သင္႔ေတာ္တဲ႔ Item ေလးေတြကိုေရြးခ်ယ္စုစည္းထားတာေတြ႔ရပါတယ္။ လက္ေဆာင္ေပးဖုိ႔ Gift Hamper ၊ Gift Set နဲ႔ အာဟာရျဖည္႔စြက္စာႏုိ႔မႈန္႔ေတြကိုလည္း တစ္ေနရာတည္းမွာရႏိုင္တာမုိ႔ လက္ေဆာင္အတြက္ အမ်ားၾကီးေတြးေတာေနစရာမလုိေတာ႔ပါဘူး။ ေမေမ႔အတြက္ Skincare မွအစ အာဟာရရွိတဲ႔ေဆးေတြမုန္႔ေတြအျပင္ အိမ္သံုးပစၥည္းေတြကိုပါ Discount နဲ႔ရရွိမွာျဖစ္ပါတယ္။ လက္ေဆာင္ျခင္းေတာင္းလွလွေလးထဲကို ကိုယ္႔ေမေမအတြက္အလိုအပ္ဆံုးပစၥည္းေလးေတြကိုေရြးခ်ယ္ထည္၊႔ ဖဲၾကိဳးလွလွေလးစည္းျပီး အေမ႔အိမ္ကို အသြက္လက္ဆံုးေျခလွမ္းေတြနဲ႔အေရာက္လွမ္းရံုပါပဲေနာ္။

အားလံုးပဲ ေမေမ႔ေမတၱာရိပ္မွာထာဝရ ေအးခ်မ္းစြာခိုလံႈခြင္႔ရႏိုင္ၾကပါေစ…။

www.akhayar.com

[Unicode]

အမေများနေ့မှာမေမေ့ကိုပေးဖို့အတွက် ချစ်ခြင်းလက်ဆောင်များ

အမေဆိုတာသားသမီးတွေအပေါ် ခြွင်းချက်မရှိအချစ်မေတ္တာတွေ အပေးနိုင်ဆုံးသောလူသားတစ်ဦး၊

အမေဆိုတာ သားသမီးတွေအတွက် အရဲရင့်ဆုံးသော သူရဲကောင်း၊

အမေဆိုတာ မကုန်ခန်းနိုင်သောစိမ့်စမ်းရေလို မေတ္တာတွေတစ်သက်တာပေးဝေသူ။

အမေရဲ့ဂုဏ်ကျေးဇူးတွေ အမေရဲ့မေတ္တာတရားတွေဟာ တုနှိုင်းလို့မရနိုင်ပေ။

အမေတွေဟာရင်သွေးတွေကို သန္ဓေသားလောင်းလေးရယ်လို့ သူတို့ဝမ်းဗိုက်ထဲမကပ်တွယ်လာခင်ကတည်းက စိတ်ကူးနဲ့ချစ်ခဲ့ကြ စိတ်ကူးနဲ့မေတ္တာထားခဲ့ကြသူတွေပါ။ ဝမ်းဗိုက်ထဲလွယ်ထားရပြန်တော့လည်း ကိုယ့်ကလေးအတွက်အနေအထိုင် အစားအသောက်ဆင်ခြင်ရ အသွားအလာဂရုစိုက်ရနဲ့ချစ်ခဲ့ကြသလို မွေးဖွားပြီးချိန်ကနေ သားသမီးတွေ အရွယ်ရောက်လာတဲ့အချိန်အထိတောင်ကလေးလိုစိတ်ပူပြီး မကုန်ခမ်းနိုင်တဲ့မေတ္တာတွေနဲ့ ချစ်နိုင်တဲ့လူသားတစ်ဦးဖြစ်ပါတယ်။ ဒီလိုမျိုး သားသမီးတွေအပေါ်အချစ်တွေပုံပေးရင်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ ၊ချစ်ဖို့ပါမေ့သွားတတ်တဲ့အမေတို့အတွက် သားသမီးတွေဟာ တန်ပြန်အချစ်တွေ၊ ဂရုစိုက်မှုတွေကိုပြန်ပေးသင့်တယ်မဟုတ်ပါလား။

သားသမီးအတွက်ဆို ချစ်ခြင်းမေတ္တာမကုန်ခမ်းနိုင်ပါသော မေမေတို့အတွက်ရည်ရွယ်ဂုဏ်ပြုတဲ့ “Mother’s Day” ဟာဆိုရင်တော့ မေလ ၁၃ ရက်နေ့မှာကျရောက်တော့မှာပဲဖြစ်ပါတယ်။

best-gifts-for-mothers-day

best-gifts-for-mothers-day

Mother’s Day ဘယ်ကစ

Mother’s Dayဟာ ဂရိလူမျိုးတွေကစတင်ခဲ့တာလို့လည်း ဖတ်မှတ်ရပါတယ်။ ရောမခေတ်မှာ ဂရိတွေဟာ Rhea လို့အမည်ရတဲ့နတ်သမီးကိုပူဇော်ရာကနေ ဒီလိုနေ့ထူးနေ့မြတ်ကို သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလန်မှာတော့ ၁၇ ရာစုကတည်းက အမေများနေ့ကိုကျင်းပခဲ့ကြတယ်လို့ဆိုပါတယ်။ အင်္ဂလန်နဲ့ စကော့တလန်ဘက်မှာတော့ Carlings လို့ခေါ်တဲ့ စားစရာတစ်မျိုးကို Mother’s Day မှာလုပ်စားကြတဲ့အတွက် Mother’s Day ကို Carling Sunday လို့လည်း ခေါ်ကြပါတယ်တဲ့။ အမေရိကန်သမ္မတကြီး ဝူးဒရိုးဝီလ်ဆင်ကိုယ်တိုင်ကလည်း ကွန်ကရတ်လွှတ်တော်မှာ”ကမ္ဘာပေါ်တွင် အကောင်းဆုံးမိခင်ဖြစ်သည့် သင်၏မိခင်ကိုဂုဏ်ပြုလျှက်” ဆိုတဲ့ ဂုဏ်ပြုစကားနဲ့အတူ အမေများနေ့ကျင်းပဖို့ သတ်မှတ်ပေးခဲ့တာကြောင့်အဲဒီအချိန်ကစပြီး လက်တင်အမေရိကနှင့်ရှေ့ပိုင်းနိုင်ငံတွေမှာ မေလရဲ့ဒုတိယတနင်္ဂနွေနေ့တိုင်းကို Mother’s Day လို့အခုတိုင်သတ်မှတ်ကျင်းပလာခဲ့တာပါ။

တန်ပြန်မေတ္တာပေးကြမယ်

Mothers-Day-Gift

Mothers-Day-Gift

အမေဆိုတာကတော့ သားသမီးက နွေးထွေးချစ်ခင်ပေးနေရင် မျက်ရည်ဝဲလောက်အောင် အပျော်ကြီးပျော်နေတတ်သူတွေပါ။ ကိုယ်ကနီးနီးလေးမှာနေပြီးစားဝတ်နေရေးလုံးပန်းနေရလို့ အမေ့ကိုစိတ်ရှိသလောက်ဂရုမစိုက်နိုင်ခဲ့ရင်ပဲဖြစ်ဖြစ်၊ အဝေးရောက်နေလို့ ထင်သလောက်နွေးထွေးချစ်ခင်မှုမပေးနိုင်ရင်ပဲဖြစ်ဖြစ် အမေများနေ့ဟာ အမေ့ကိုချစ်ကြောင်းပြဖို့အကောင်းဆုံးနေ့ရက်လေးပါ။ အမေများနေ့မှာ အမေ့ကိုဖုန်းခေါ်ပြီး သတိရကြောင်းအထူးတလည်ပြောမယ်။ လက်ဆောင်လေးတွေဝယ်ပေးမယ်။ အဆင်ပြေရင် Medical Check Up လုပ်ပေးမယ်၊ ဘုရားဖူးခရီးစဉ်တွေပို့မယ် စသဖြင့်ကိုယ်စိတ်ကူးရှိသလို အမေ့အတွက်လက်ဆောင်လေးတွေဖန်တီးပေးနိုင်ကြပါတယ်။

Mothers-Day-Promotion

Mothers-Day-Promotion

မေမေတို့အတွက်အမှတ်တရလက်ဆောင်ပေးချင်သူတွေအနေနဲ့ ဒီရက်တွေမှာ သူတို့ရဲ့လိုအပ်ချက်လေးတွေ၊ လိုချင်တာလေးတွေကို မသိမသာကြည့်ရှု မေးမြန်းထားနိုင်ပါတယ်။ သေချာတာကတော့ အမေတိုင်းဟာ သားသမီးတွေရဲ့ဂရုတစိုက် သတိတရနဲ့ပေးတဲ့ဘယ်လက်ဆောင်မဆို ကြည်နူးစွာနဲ့လက်ခံကြသူချည်းပါပဲ။ ချစ်ခြင်းတရားနဲ့ထုံမွှမ်းတဲ့လက်ဆောင်ဟာ နည်းသည်များသည်မဟုတ်ဘဲ ထာဝရတန်ဖိုးရှိပါတယ်။ ဒါကြောင့် ကိုယ်စိတ်ကူးရှိသလို အကောင်းဆုံးဖန်တီးပြီးလက်ဆောင်လေးတွေပေးနိုင်ကြပါတယ်နော်။ အခုဆိုရင်လက်ဝတ်ရတနာဆိုင်တွေမှအစ ဈေးဝယ်စင်တာကြီးတွေလိုမျိုးအထိနေရာတော်တော်များများမှာလည်း Mother’s Day အတွက် အထူးလက်ဆောင်လေးတွေ၊ အထူး Discount တွေရှိသလို ကိတ်မုန့်ဆိုင်တွေမှာဆိုရင်လည်း Mother’s Day ကိတ်လှလှလေးတွေကို ရွေးချယ်စရာအများကြီးနဲ့ဝယ်ယူနိုင်တာတွေ့နေရပါတယ်။ City Mart Supermarket တွေတိုင်းမှာဆိုရင်လည်း ဧပြီလ ၂၆ ရက်နေ့ကနေ မေလ ၁၆ ရက်နေ့အထိ “မေမေ့မေတ္တာတုန့်ပြန်ပါ Mother’s Day Promotion” တွေရှိနေပါတယ်။

Gift-Basket

Gift-Basket

ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးပြီး လက်ဆောင်လေးတွေပေးကြမယ်

မေမေ့အတွက်လိုအပ်တာတွေချည်းစုစည်းပြီး လက်ဆောင်ပေးနိုင်ဖို့အတွက် City Mart Supermarket တွေမှာ မေမေ့ကိုပေးဖို့သင့်တော်တဲ့ Item လေးတွေကိုရွေးချယ်စုစည်းထားတာတွေ့ရပါတယ်။ လက်ဆောင်ပေးဖို့ Gift Hamper ၊ Gift Set နဲ့ အာဟာရဖြည့်စွက်စာနို့မှုန့်တွေကိုလည်း တစ်နေရာတည်းမှာရနိုင်တာမို့ လက်ဆောင်အတွက် အများကြီးတွေးတောနေစရာမလိုတော့ပါဘူး။ မေမေ့အတွက် Skincare မှအစ အာဟာရရှိတဲ့ဆေးတွေမုန့်တွေအပြင် အိမ်သုံးပစ္စည်းတွေကိုပါ Discount နဲ့ရရှိမှာဖြစ်ပါတယ်။ လက်ဆောင်ခြင်းတောင်းလှလှလေးထဲကို ကိုယ့်မေမေအတွက်အလိုအပ်ဆုံးပစ္စည်းလေးတွေကိုရွေးချယ်ထည်၊့ ဖဲကြိုးလှလှလေးစည်းပြီး အမေ့အိမ်ကို အသွက်လက်ဆုံးခြေလှမ်းတွေနဲ့အရောက်လှမ်းရုံပါပဲနော်။

အားလုံးပဲ မေမေ့မေတ္တာရိပ်မှာထာဝရ အေးချမ်းစွာခိုလှုံခွင့်ရနိုင်ကြပါစေ…။

www.akhayar.com