[Zawgyi]

ငတ္ျပတ္လြန္းလွလို႔ ၆ ႏွစ္သမီးငယ္ေလးကိုေတာင္ ေရာင္းစားေနရတဲ့ အာဖဂန္မိသားစုမ်ား

အာဖဂန္နစၥတန္ႏိုင္ငံမွာ အစဥ္အလာမဟုတ္ဘဲ အလြန္အမင္းမိုးေခါင္မႈေတြေၾကာင့္ မိသားစုေတြဟာ သူတို႔ အသက္ဆက္ဖို႔အတြက္ ကေလးငယ္ေတြကို တျခားအိမ္ေထာင္စုေတြဆီ ေရာင္းခ်ေနရပါတယ္။

အာဖဂန္ေနာက္ပိုင္းက Herat ၿမိဳ႕တဝိုက္က မိသားစုေတြ အေတာ္မ်ားမ်ားဟာ စံခ်ိန္တင္မိုးေခါက္ေျခာက္ေသြ႕မႈေၾကာင့္ အိမ္ေတြကို စြန္႔ခြာၿပီး ေရၾကည္ရာ ျမက္ႏုရာ ရွာေနၾကရပါတယ္။ ဒီလို ေရႊ႕ေျပာင္းေနရျခင္းဟာ ႏိုင္ငံတဝိုက္ျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ေျပာင္းေရႊ႕ရတဲ့သူေတြထက္ အေရအတြက္ပိုပါတယ္။

လူေပါင္း ၂၇၅,၀၀၀ ေလာက္ဟာ မိုးေခါင္မႈေၾကာင့္ ေနရာေျပာင္းေျပးရၿပီး လူေပါင္း ၈၄,၀၀၀ ေလာက္ကေတာ့ Herat က ျဖစ္ၿပီး လူေပါင္း ၁၈၂၀၀၀ ေလာက္ကေတာ့ Badghis ေဒသတဝိုက္က ျဖစ္ပါတယ္။

ေလးႏွစ္ေလာက္မိုးရြာသြန္းမႈမရွိတဲ့အခါ ေဒသရဲ႕ စိုက္ပ်ိဳးေရးအေျခအေနကို လံုးဝပ်က္ျပားသြားေစၿပီး ဘိန္းစိုက္တာေတာင္မွ ပ်က္စီးခဲ့ရပါတယ္။ ရာသီဥတုျပင္းထန္မႈဟာ ကမာၻလံုးဆိုင္ရာ ရာသီဥတုေျပာင္းလဲမႈေၾကာင့္လည္း ျဖစ္ၿပီး စစ္ေၾကာင့္ ပ်က္စီးေနတဲ့ ေဒသဟာ စီးပြားေရးက်ဆင္းမႈနဲ႔အတူ ဖုန္မႈန္႔ေတြပဲ က်န္ခဲ့ပါေတာ့တယ္။
Herat ၿမိဳ႕ အျပင္ဘက္က ဒုကၡသည္စခန္းမွာ ေနထိုင္တဲ့ အာဖဂန္မိသားစု တစ္စုျဖစ္တဲ့ Mamareen တို႔ မိသားစုဟာ စစ္ပြဲအတြင္းမွာ ခင္ပြန္းသည္ကို ဆံုးရႈံးခဲ့ရသလို သူ႔အိမ္ကိုလည္း ရာသီဥတု ေဖာက္ျပန္မႈေၾကာင့္ စြန္႔ခြာခဲ့ရပါတယ္။ ကေလးသံုးေယာက္ရွိတဲ့ သူတို႔ရဲ႕မိသားစုဟာ တျဖည္းျဖည္းငတ္သထက္ ငတ္လာတဲ့အတြက္ အသက္ ၆ ႏွစ္သာရွိေသးတဲ့ Akila ေလးကို တျခားမိသားစုလက္ထဲကို ေဒၚလာ ၃၀၀၀ နဲ႔ ေရာင္းခ်လိုက္ရပါတယ္။ ဝယ္ယူသူ Najmuddin ကလည္း Akila ေလးကို သူ႔ရဲ႕ အသက္ ၁၀ႏွစ္အရြယ္သားေလး Sher Agha အတြက္ ရည္ရြယ္ၿပီး ဝယ္ခဲ့တာ ျဖစ္ပါတယ္။
Mamareen က ” မိုးေခါင္လြန္းလို႔ ကၽြန္မ ကေလး ၃ေယာက္နဲ႔ ရြာကို စြန္႔လာခဲ့ရပါတယ္။ ဒီေနရာကို လာခဲ့တာကလည္း အကူအညီနည္းနည္းရမယ္ထင္လို႔ပါ။ ဒါေပမယ့္ ဘာမွ မရခဲ့ပါဘူး။ ကၽြန္မ ကေလးေတြ အစာငတ္ေတာ့မွာကို ေရွာင္ဖို႔ ကၽြန္မသမီးေလးကို ေဒၚလာ ၃၀၀၀ နဲ႔ ဝယ္မယ့္ အမ်ိဳးသားတစ္ေယာက္ဆီေရာင္းခ်ခဲ့ရပါတယ္။ အခုထိေတာ့ ေဒၚလာ ၇၀ ပဲ ေငြရပါေသးတယ္။ ကၽြန္မမွာ ပိုက္ဆံလည္းမရွိ၊ စားစရာလည္းမရွိသလို၊ အိမ္ေထာင္ဦးစီးလည္း မရွိေတာ့ပါဘူး” လို႔ သူ႔အျဖစ္ကို ေျပာျပခဲ့ပါတယ္။
“ကၽြန္မသမီးေလးကေတာ့ သူေရာင္းခ်ခံလိုက္ရတာ မသိရွာဘူး၊ ဘယ္သိပါမလဲေလ၊ သူက ကေလးပဲ ရွိေသးတာကို၊ ကၽြန္မမွာ တျခားေရြးခ်ယ္စရာလည္း မရွိေတာ့လို႔ပါ၊ ဘယ္သူကေတာ့ ကိုယ့္ႏွလံုးသည္းပြတ္လို ျဖစ္ေနတဲ့ ကေလးကို ေရာင္းခ်င္မလဲရွင္” လို႔ ေျပာျပခဲ့ပါတယ္။
ကေလးကို ဝယ္ယူခဲ့တဲ့ သူတို႔ထက္ နည္းနညး္ပိုခ်မ္းသာတဲ့ အမ်ိဳးသားကေတာ့ Najmuddin ျဖစ္ပါတယ္။ Najmuddin အတြက္ေတာ့ ဒီလို ဝယ္ယူခဲ့တာဟာ Mamareen တို႔ မိသားစုကို ကူညီခဲ့တာပါတဲ့။ “Mamareen တို႔ မိသားစုဟာ စားစရာမရွိဘဲ ဆာေနၾကရွာတယ္။ ကၽြန္ေတာ္လည္း ဆင္းရဲတာပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ ဒီပိုက္ဆံကို ၂ ႏွစ္ကေန ၃ ႏွစ္အတြင္း တျဖည္းျဖည္းေပးေခ်ႏိုင္မွာပါ။ သူတို႔ဟာ ကေလးေတြဆိုေပမယ့္ ဒီလိုပဲ ျဖစ္လာၿပီပဲ။ အာဖဂန္မွာ အသက္ႀကီးတဲ့ လူႀကီးေတြေတာင္ မိန္းမငယ္၊ ကေလးငယ္ေလးေတြကို ယူေနတာ ရွိတာပဲ၊ ဒီလိုပဲ ျဖစ္သြားမွာေပါ့” လို႔ ဆိုပါတယ္။
Najmuddin ထပ္ေျပာခဲ့တာက “ဂ်ံဳခင္းေတြလည္း ပ်က္ကုန္ၿပီ၊ တျခားသီးႏွံေတြလည္း မိုးေခါင္လြန္းလို႔ ပ်က္စီးကုန္ၿပီ၊ ကၽြန္ေတာ္တို႔ အိုးအိမ္ေတြလည္း ဆံုးရႈံးရတယ္၊ ေနာက္ဆံုး သိုးေတြ၊ ႏြားေတြနဲ႔ ဆိတ္ေတြေတာင္ အစာေရစာမေကၽြးႏိုင္လို႔ ေသေၾကကုန္ၾကပါၿပီ” လို႔ သူတို႔ရဲ႕ ဆိုးဝါးလွတဲ့ အျဖစ္ကို ေျပာျပခဲ့ပါတယ္။
ေရသြားခပ္တဲ့ အာဖဂန္သမီးပ်ိဳတစ္ဦး

ေရသြားခပ္တဲ့ အာဖဂန္သမီးပ်ိဳတစ္ဦး

ဒီလို အျဖစ္ေတြဟာ ဒီတစ္ခုတည္း ရွိတာမဟုတ္ဘဲ အမည္မေဖာ္လိုတဲ့ အမ်ိဳးသားတစ္ေယာက္ဆိုရင္လည္း သူ႔ရဲ႕ အသက္ ၄ႏွစ္အရြယ္သမီးငယ္ကို ေရာင္းခ်ခဲ့ရပါတယ္။ “ကၽြန္ေတာ့္မွာ ေရြးခ်ယ္စရာမရွိပါဘူး။ ပိုက္ဆံလည္းမရွိသလို ဝင္ေငြလည္းမရွိပါဘူး။ ကၽြန္ေတာ့္ကို ပိုက္ဆံေခ်းဖူးတဲ့သူက ေရာက္လာၿပီး သူ႔ပိုက္ဆံျပန္ေပးမလား ဒါမွမဟုတ္ သမီးကို ေပးဆပ္မလားလို႔ ေမးတဲ့အခါ ကၽြန္ေတာ့္မွာ ေရြးခ်ယ္စရာမရွိခဲ့ပါဘူး” လို႔ ရင္ဖြင့္ခဲ့ပါတယ္။
အာဖဂန္နစၥတန္ႏိ္ုင္ငံဟာ တာလီဘန္ေတြရဲ႕ အၾကမ္းဖက္နဲ႔ မတည္မၿငိမ္ျဖစ္ေနသလို ႏိုင္ငံသားေတြဟာလည္း ျပည္သူ႔စစ္အတြက္ တပ္ဖြဲ႔ဝင္ရင္း စစ္ေျမျပင္မွာ ေသေၾကပ်က္စီးၾကရပါတယ္။ အခုလို မိုးေခါင္ေရရွားမႈေတြ ဆက္ျဖစ္မွေတာ့ ဘဝေတြဟာလည္း ၾကမ္းတမ္းဆိုးရြားလာပါေတာ့တယ္။
Yoe Lu (Akhayar)
Source : CNN.com

[Unicode]

ငတ်ပြတ်လွန်းလှလို့ ၆ နှစ်သမီးငယ်လေးကိုတောင် ရောင်းစားနေရတဲ့ အာဖဂန်မိသားစုများ

အာဖဂန်နစ္စတန်နိုင်ငံမှာ အစဉ်အလာမဟုတ်ဘဲ အလွန်အမင်းမိုးခေါင်မှုတွေကြောင့် မိသားစုတွေဟာ သူတို့ အသက်ဆက်ဖို့အတွက် ကလေးငယ်တွေကို တခြားအိမ်ထောင်စုတွေဆီ ရောင်းချနေရပါတယ်။

အာဖဂန်နောက်ပိုင်းက Herat မြို့တဝိုက်က မိသားစုတွေ အတော်များများဟာ စံချိန်တင်မိုးခေါက်ခြောက်သွေ့မှုကြောင့် အိမ်တွေကို စွန့်ခွာပြီး ရေကြည်ရာ မြက်နုရာ ရှာနေကြရပါတယ်။ ဒီလို ရွှေ့ပြောင်းနေရခြင်းဟာ နိုင်ငံတဝိုက်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ပြောင်းရွှေ့ရတဲ့သူတွေထက် အရေအတွက်ပိုပါတယ်။

လူပေါင်း ၂၇၅,၀၀၀ လောက်ဟာ မိုးခေါင်မှုကြောင့် နေရာပြောင်းပြေးရပြီး လူပေါင်း ၈၄,၀၀၀ လောက်ကတော့ Herat က ဖြစ်ပြီး လူပေါင်း ၁၈၂၀၀၀ လောက်ကတော့ Badghis ဒေသတဝိုက်က ဖြစ်ပါတယ်။

လေးနှစ်လောက်မိုးရွာသွန်းမှုမရှိတဲ့အခါ ဒေသရဲ့ စိုက်ပျိုးရေးအခြေအနေကို လုံးဝပျက်ပြားသွားစေပြီး ဘိန်းစိုက်တာတောင်မှ ပျက်စီးခဲ့ရပါတယ်။ ရာသီဥတုပြင်းထန်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ဖြစ်ပြီး စစ်ကြောင့် ပျက်စီးနေတဲ့ ဒေသဟာ စီးပွားရေးကျဆင်းမှုနဲ့အတူ ဖုန်မှုန့်တွေပဲ ကျန်ခဲ့ပါတော့တယ်။
Herat မြို့ အပြင်ဘက်က ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အာဖဂန်မိသားစု တစ်စုဖြစ်တဲ့ Mamareen တို့ မိသားစုဟာ စစ်ပွဲအတွင်းမှာ ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရသလို သူ့အိမ်ကိုလည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် စွန့်ခွာခဲ့ရပါတယ်။ ကလေးသုံးယောက်ရှိတဲ့ သူတို့ရဲ့မိသားစုဟာ တဖြည်းဖြည်းငတ်သထက် ငတ်လာတဲ့အတွက် အသက် ၆ နှစ်သာရှိသေးတဲ့ Akila လေးကို တခြားမိသားစုလက်ထဲကို ဒေါ်လာ ၃၀၀၀ နဲ့ ရောင်းချလိုက်ရပါတယ်။ ဝယ်ယူသူ Najmuddin ကလည်း Akila လေးကို သူ့ရဲ့ အသက် ၁၀နှစ်အရွယ်သားလေး Sher Agha အတွက် ရည်ရွယ်ပြီး ဝယ်ခဲ့တာ ဖြစ်ပါတယ်။
Mamareen က ” မိုးခေါင်လွန်းလို့ ကျွန်မ ကလေး ၃ယောက်နဲ့ ရွာကို စွန့်လာခဲ့ရပါတယ်။ ဒီနေရာကို လာခဲ့တာကလည်း အကူအညီနည်းနည်းရမယ်ထင်လို့ပါ။ ဒါပေမယ့် ဘာမှ မရခဲ့ပါဘူး။ ကျွန်မ ကလေးတွေ အစာငတ်တော့မှာကို ရှောင်ဖို့ ကျွန်မသမီးလေးကို ဒေါ်လာ ၃၀၀၀ နဲ့ ဝယ်မယ့် အမျိုးသားတစ်ယောက်ဆီရောင်းချခဲ့ရပါတယ်။ အခုထိတော့ ဒေါ်လာ ၇၀ ပဲ ငွေရပါသေးတယ်။ ကျွန်မမှာ ပိုက်ဆံလည်းမရှိ၊ စားစရာလည်းမရှိသလို၊ အိမ်ထောင်ဦးစီးလည်း မရှိတော့ပါဘူး” လို့ သူ့အဖြစ်ကို ပြောပြခဲ့ပါတယ်။
“ကျွန်မသမီးလေးကတော့ သူရောင်းချခံလိုက်ရတာ မသိရှာဘူး၊ ဘယ်သိပါမလဲလေ၊ သူက ကလေးပဲ ရှိသေးတာကို၊ ကျွန်မမှာ တခြားရွေးချယ်စရာလည်း မရှိတော့လို့ပါ၊ ဘယ်သူကတော့ ကိုယ့်နှလုံးသည်းပွတ်လို ဖြစ်နေတဲ့ ကလေးကို ရောင်းချင်မလဲရှင်” လို့ ပြောပြခဲ့ပါတယ်။
ကလေးကို ဝယ်ယူခဲ့တဲ့ သူတို့ထက် နည်းနည်းပိုချမ်းသာတဲ့ အမျိုးသားကတော့ Najmuddin ဖြစ်ပါတယ်။ Najmuddin အတွက်တော့ ဒီလို ဝယ်ယူခဲ့တာဟာ Mamareen တို့ မိသားစုကို ကူညီခဲ့တာပါတဲ့။ “Mamareen တို့ မိသားစုဟာ စားစရာမရှိဘဲ ဆာနေကြရှာတယ်။ ကျွန်တော်လည်း ဆင်းရဲတာပါပဲ။ ဒါပေမယ့် ကျွန်တော် ဒီပိုက်ဆံကို ၂ နှစ်ကနေ ၃ နှစ်အတွင်း တဖြည်းဖြည်းပေးချေနိုင်မှာပါ။ သူတို့ဟာ ကလေးတွေဆိုပေမယ့် ဒီလိုပဲ ဖြစ်လာပြီပဲ။ အာဖဂန်မှာ အသက်ကြီးတဲ့ လူကြီးတွေတောင် မိန်းမငယ်၊ ကလေးငယ်လေးတွေကို ယူနေတာ ရှိတာပဲ၊ ဒီလိုပဲ ဖြစ်သွားမှာပေါ့” လို့ ဆိုပါတယ်။
Najmuddin ထပ်ပြောခဲ့တာက “ဂျုံခင်းတွေလည်း ပျက်ကုန်ပြီ၊ တခြားသီးနှံတွေလည်း မိုးခေါင်လွန်းလို့ ပျက်စီးကုန်ပြီ၊ ကျွန်တော်တို့ အိုးအိမ်တွေလည်း ဆုံးရှုံးရတယ်၊ နောက်ဆုံး သိုးတွေ၊ နွားတွေနဲ့ ဆိတ်တွေတောင် အစာရေစာမကျွေးနိုင်လို့ သေကြေကုန်ကြပါပြီ” လို့ သူတို့ရဲ့ ဆိုးဝါးလှတဲ့ အဖြစ်ကို ပြောပြခဲ့ပါတယ်။
ရေသွားခပ်တဲ့ အာဖဂန်သမီးပျိုတစ်ဦး

ရေသွားခပ်တဲ့ အာဖဂန်သမီးပျိုတစ်ဦး

ဒီလို အဖြစ်တွေဟာ ဒီတစ်ခုတည်း ရှိတာမဟုတ်ဘဲ အမည်မဖော်လိုတဲ့ အမျိုးသားတစ်ယောက်ဆိုရင်လည်း သူ့ရဲ့ အသက် ၄နှစ်အရွယ်သမီးငယ်ကို ရောင်းချခဲ့ရပါတယ်။ “ကျွန်တော့်မှာ ရွေးချယ်စရာမရှိပါဘူး။ ပိုက်ဆံလည်းမရှိသလို ဝင်ငွေလည်းမရှိပါဘူး။ ကျွန်တော့်ကို ပိုက်ဆံချေးဖူးတဲ့သူက ရောက်လာပြီး သူ့ပိုက်ဆံပြန်ပေးမလား ဒါမှမဟုတ် သမီးကို ပေးဆပ်မလားလို့ မေးတဲ့အခါ ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ပါဘူး” လို့ ရင်ဖွင့်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဟာ တာလီဘန်တွေရဲ့ အကြမ်းဖက်နဲ့ မတည်မငြိမ်ဖြစ်နေသလို နိုင်ငံသားတွေဟာလည်း ပြည်သူ့စစ်အတွက် တပ်ဖွဲ့ဝင်ရင်း စစ်မြေပြင်မှာ သေကြေပျက်စီးကြရပါတယ်။ အခုလို မိုးခေါင်ရေရှားမှုတွေ ဆက်ဖြစ်မှတော့ ဘဝတွေဟာလည်း ကြမ်းတမ်းဆိုးရွားလာပါတော့တယ်။
Yoe Lu (Akhayar)
Source : CNN.com