[Zawgyi]

ပိုက္ဆံခိုးတယ္ဆိုၿပီး မိခင္ကဆိုင္ကယ္နဲ႔ဒရြတ္တိုက္ဆြဲအျပစ္ေပးခံခဲ့ရတဲ့ ေကာင္ေလး

ကေလးေတြကိုဆံုးမတဲ့ေနရာမွာ အေရွ႕တိုင္းကမိဘေတြနဲ႔ အေနာက္တိုင္းကမိဘေတြၾကားမွာ ဆံုးမနည္းမတူၾကပါဘူး။ အေရွ႕တိုင္းကမိဘေတြက မ်ားေသာအားျဖင့္ ကေလးေတြကို စည္းကမ္းတင္းတင္းက်ပ္က်ပ္နဲ႔ ဆံုးမတာဟာ ကေလးေတြအနာဂတ္ေကာင္းစားဖို႔၊ ကေလးေတြအေပၚထားတဲ့သူတို႔ ရဲ႕ခ်စ္ျခင္းေမတၱာပဲလို႔ ဆိုၾကတယ္။ ဒီအယူအဆဟာ တရုတ္ႏိုင္ငံကမိဘေတြၾကားမွာလည္း ထံုးထမ္း အစဥ္အလာတစ္ခုလိုရပ္တည္ေနၿပီး ကေလးေတြဟာ မိခင္ေတြရဲ႕ တင္းက်ပ္လြန္းတဲ့စည္းကမ္းေတြနဲ႔ အုပ္ထိန္းမႈေအာက္မွာေနေနရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီေလာက္တင္းက်ပ္တဲ့နည္းကိုသံုးတာမွန္ကန္ရဲ႕လားဆိုတာ ေဆာင္းပါးကိုဆက္ လက္ဖတ္ရႈၾကည့္ပါဦး။

တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ Zhaotong ေဒသမွာ အမ်ိဳးသမီးတစ္ဦးက သူ႔ရဲ႕သားျဖစ္သူက ပိုက္ဆံခိုးယူခဲ့လို႔ ဆိုင္ကယ္နဲ႔ဒရြတ္တိုက္ဆြဲၿပီး အျပစ္ေပးခဲ့တာပဲျဖစ္ပါတယ္။ ေကာင္ေလးခမ်ာ လက္ႏွစ္ဖက္ကို ႀကိဳးနဲ႔ခ်ည္ခံထားရၿပီး ေျမႀကီးမွာလွဲလ်က္ ဒရြတ္တုိက္ပါသြားခဲ့တာကို ျမင္ေတြ႕တဲ့သူေတြက ဗီဒီယိုရိုက္ယူခဲ့ၿပီး တရုတ္လူမႈကြန္ရက္မွာတင္ခဲ့ရာမွ ၾကည့္ရႈသူသန္းခ်ီသြားခဲ့ပါတယ္။

ဗီဒီယိုက စကၠန္႔ပိုင္းေလာက္သာၾကာေပမယ့္ ဘယ္ေလာက္ထိ ဒရြတ္တုိက္ဆြဲသြားလဲဆိုတာေတာ့ အတိအက်မသိရပါဘူး။ အဲဒီ Video မွာ သက္လတ္ပိုင္းအမ်ိဳးသမီးတစ္ဦးက အသက္ ၁၀ ႏွစ္အရြယ္ ကေလးငယ္ကို ဆိုုင္ကယ္ေနာက္မွာ လက္ႏွစ္ဖက္ႀကိဳးခ်ည္ၿပီး ဆြဲထားတာျဖစ္ပါတယ္။ ကေလးငယ္က လက္မွာႀကိဳးနဲ႔ခ်ည္ခံထားရၿပီး ေျမႀကီးမွာဒရြတ္တိုက္ဆြဲခံရတဲ့အတြက္ ေအာ္ငိုေနခဲ့ပါတယ္။

ဗီဒီယိုရိုက္သူေတြကို အမ်ိဳးသမီးက သူ႔သားကအမိန္႔မနာခံတဲ့အတြက္ သူ႔ကို သင္ခန္းစာရေအာင္ ဆံုးမေနတာလို႔ဆိုပါတယ္။ ဗီဒီယိုၾကည့္မိတဲ့သူေတြကလည္း ကေလးအေပၚဒီလိုျပဳမူတဲ့အျပဳအမူေတြဟာ မိေထြးေတာင္ ဒီလိုလုပ္မွာမဟုတ္သလို ကိုယ္တိုင္ေမြးထားတဲ့အေမအရင္းျဖစ္ၿပီး ယခုလုပ္ရပ္ဟာ ဆိုးရြားတဲ့ဆံုးမနည္းျဖစ္ေၾကာင္း ေဝဖန္မွတ္ခ်က္ျပဳထားၾကပါတယ္။

ေနာက္ပိုင္းမွာ ဒီဗီဒီယိုေၾကာင့္ ေဒသခံရဲေတြက စံုစမ္းစစ္ေဆးခဲ့ရာ ျဖစ္စဥ္ပါသားအမိေနထိုင္တဲ့ အိမ္ရာမွာ ယြမ္ ၂၀၀၀(ျမန္မာေငြ ၄၀၀,၀၀၀ေက်ာ္) ေပ်ာက္ဆံုးသြားၿပီး ယင္းေငြေပ်ာက္ဆံုးမႈမွာ ကေလးငယ္လည္းပါဝင္ပတ္သက္ေနတယ္လို႔ ရဲေတြကထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့ ေငြေပ်ာက္ဆံုးမႈအမွန္မေပၚေသးဘဲ ကေလးငယ္မွာ အမွန္တကယ္အျပစ္ရွိမရွိဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးဘူးလို႔လည္း ဆိုပါတယ္။

ကေလးငယ္ရဲ႕မိခင္ျဖစ္သူကေတာ့ မိခင္တစ္ေယာက္အေနနဲ႔ ယခုလိုအၾကမ္းဖက္မႈမ်ိဳး မလုပ္သင့္မွန္းသိေပမယ့္လည္း သားျဖစ္သူရဲ႕အျပဳအမူကို သင္ခန္းစာရေအာင္ ဆံုးမျခင္းျဖစ္တယ္လို႔ဆိုပါတယ္။ ဆိုင္ကယ္နဲ႔ဒရြတ္တိုက္ဆြဲခံရေပမယ့္ ဆိုင္ကယ္က အင္ဂ်င္အားသိပ္မျပင္းတဲ့ စကူတာ ဆိုင္ကယ္ အေသးစားေလးျဖစ္တဲ့အတြက္ ကေလးငယ္အေနနဲ႔ ဒဏ္ရာႀကီးႀကီးမားမားေတာ့မရွိခဲ့ဘူးလို႔လည္း ဆိုထားပါတယ္။ ပရိတ္သတ္ေတြအျမင္မွာေကာ ဒီဆံုးမနည္းနဲ႔ ဆံုးမသင္႔မသင္႔ ထင္ျမင္ခ်က္ေလးေပးသြားပါၾကပါအံုး။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပိုက်ဆံခိုးတယ်ဆိုပြီး မိခင်ကဆိုင်ကယ်နဲ့ဒရွတ်တိုက်ဆွဲအပြစ်ပေးခံခဲ့ရတဲ့ ကောင်လေး

ကလေးတွေကိုဆုံးမတဲ့နေရာမှာ အရှေ့တိုင်းကမိဘတွေနဲ့ အနောက်တိုင်းကမိဘတွေကြားမှာ ဆုံးမနည်းမတူကြပါဘူး။ အရှေ့တိုင်းကမိဘတွေက များသောအားဖြင့် ကလေးတွေကို စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့ ဆုံးမတာဟာ ကလေးတွေအနာဂတ်ကောင်းစားဖို့၊ ကလေးတွေအပေါ်ထားတဲ့သူတို့ ရဲ့ချစ်ခြင်းမေတ္တာပဲလို့ ဆိုကြတယ်။ ဒီအယူအဆဟာ တရုတ်နိုင်ငံကမိဘတွေကြားမှာလည်း ထုံးထမ်း အစဉ်အလာတစ်ခုလိုရပ်တည်နေပြီး ကလေးတွေဟာ မိခင်တွေရဲ့ တင်းကျပ်လွန်းတဲ့စည်းကမ်းတွေနဲ့ အုပ်ထိန်းမှုအောက်မှာနေနေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်တင်းကျပ်တဲ့နည်းကိုသုံးတာမှန်ကန်ရဲ့လားဆိုတာ ဆောင်းပါးကိုဆက် လက်ဖတ်ရှုကြည့်ပါဦး။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် Zhaotong ဒေသမှာ အမျိုးသမီးတစ်ဦးက သူ့ရဲ့သားဖြစ်သူက ပိုက်ဆံခိုးယူခဲ့လို့ ဆိုင်ကယ်နဲ့ဒရွတ်တိုက်ဆွဲပြီး အပြစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကောင်လေးခမျာ လက်နှစ်ဖက်ကို ကြိုးနဲ့ချည်ခံထားရပြီး မြေကြီးမှာလှဲလျက် ဒရွတ်တိုက်ပါသွားခဲ့တာကို မြင်တွေ့တဲ့သူတွေက ဗီဒီယိုရိုက်ယူခဲ့ပြီး တရုတ်လူမှုကွန်ရက်မှာတင်ခဲ့ရာမှ ကြည့်ရှုသူသန်းချီသွားခဲ့ပါတယ်။

ဗီဒီယိုက စက္ကန့်ပိုင်းလောက်သာကြာပေမယ့် ဘယ်လောက်ထိ ဒရွတ်တိုက်ဆွဲသွားလဲဆိုတာတော့ အတိအကျမသိရပါဘူး။ အဲဒီ Video မှာ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက အသက် ၁၀ နှစ်အရွယ် ကလေးငယ်ကို ဆိုုင်ကယ်နောက်မှာ လက်နှစ်ဖက်ကြိုးချည်ပြီး ဆွဲထားတာဖြစ်ပါတယ်။ ကလေးငယ်က လက်မှာကြိုးနဲ့ချည်ခံထားရပြီး မြေကြီးမှာဒရွတ်တိုက်ဆွဲခံရတဲ့အတွက် အော်ငိုနေခဲ့ပါတယ်။

ဗီဒီယိုရိုက်သူတွေကို အမျိုးသမီးက သူ့သားကအမိန့်မနာခံတဲ့အတွက် သူ့ကို သင်ခန်းစာရအောင် ဆုံးမနေတာလို့ဆိုပါတယ်။ ဗီဒီယိုကြည့်မိတဲ့သူတွေကလည်း ကလေးအပေါ်ဒီလိုပြုမူတဲ့အပြုအမူတွေဟာ မိထွေးတောင် ဒီလိုလုပ်မှာမဟုတ်သလို ကိုယ်တိုင်မွေးထားတဲ့အမေအရင်းဖြစ်ပြီး ယခုလုပ်ရပ်ဟာ ဆိုးရွားတဲ့ဆုံးမနည်းဖြစ်ကြောင်း ဝေဖန်မှတ်ချက်ပြုထားကြပါတယ်။

နောက်ပိုင်းမှာ ဒီဗီဒီယိုကြောင့် ဒေသခံရဲတွေက စုံစမ်းစစ်ဆေးခဲ့ရာ ဖြစ်စဉ်ပါသားအမိနေထိုင်တဲ့ အိမ်ရာမှာ ယွမ် ၂၀၀၀(မြန်မာငွေ ၄၀၀,၀၀၀ကျော်) ပျောက်ဆုံးသွားပြီး ယင်းငွေပျောက်ဆုံးမှုမှာ ကလေးငယ်လည်းပါဝင်ပတ်သက်နေတယ်လို့ ရဲတွေကထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ငွေပျောက်ဆုံးမှုအမှန်မပေါ်သေးဘဲ ကလေးငယ်မှာ အမှန်တကယ်အပြစ်ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့လည်း ဆိုပါတယ်။

ကလေးငယ်ရဲ့မိခင်ဖြစ်သူကတော့ မိခင်တစ်ယောက်အနေနဲ့ ယခုလိုအကြမ်းဖက်မှုမျိုး မလုပ်သင့်မှန်းသိပေမယ့်လည်း သားဖြစ်သူရဲ့အပြုအမူကို သင်ခန်းစာရအောင် ဆုံးမခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဆိုင်ကယ်နဲ့ဒရွတ်တိုက်ဆွဲခံရပေမယ့် ဆိုင်ကယ်က အင်ဂျင်အားသိပ်မပြင်းတဲ့ စကူတာ ဆိုင်ကယ် အသေးစားလေးဖြစ်တဲ့အတွက် ကလေးငယ်အနေနဲ့ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ဘူးလို့လည်း ဆိုထားပါတယ်။ ပရိတ်သတ်တွေအမြင်မှာကော ဒီဆုံးမနည်းနဲ့ ဆုံးမသင့်မသင့် ထင်မြင်ချက်လေးပေးသွားပါကြပါအုံး။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။