[Zawgyi]

ဒီရာသီ ပရီးမီးယားလိဂ္မွာ အခြင့္အေရး ျဖဳန္းတီးမႈ အမ်ားဆုံး ကစားသမားမ်ား အပုိင္း(၁)

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြက မုိင္တိုင္ (၁၂)ကုိ ေရာက္ရွိလာပါၿပီ။ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္ သြင္းဂုိးအမ်ားဆုံးစာရင္းမွာ အဂြဲ႐ုိး Agüero (၈ဂုိး)၊ အူဘာမီယန္း Aubameyang နဲ႔ ဟာဇက္ Hazard (၇ဂုိးစီ)တို႔က ဦးေဆာင္ေနၾကတယ္။ သူတို႔ေတြက အၿပိဳင္အဆုိင္ ေျခစြမ္းျပဂုိးေတြ သြင္းေနေပမယ့္ ဒီကစားသမားေတြနဲ႔ ဆန္႔က်င္ဘက္ အခြင့္အေရးေတြ လဲြေခ်ာ္ေနတဲ့ ကစားသမားေတြလည္း ရွိေနပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ပဲြစဥ္ (၁၂)အၿပီး ဂုိးသြင္းခြင့္ေတြ ျဖဳန္းတီးမႈအမ်ားဆုံး ကစားသမားေတြကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ရပါတယ္။

10 Mateo Kovacic – 15 shots – Chelsea

Mateo-Kovacic-

Mateo-Kovacic-

ခ႐ုိးေအရွား နာမည္ေက်ာ္ကြင္းလယ္လူ ကုိဗာခ်စ္ Mateo Kovacic ဟာ ဆာရီ Sarri ရဲ႕ နည္းဗ်ဴဟာထဲမွာ အေကာင္းဆုံး လုိက္ေလ်ာညီေထြျဖစ္ေအာင္ ကစားႏုိင္သူဆုိတာ အားလုံးအသိပါပဲ။ ဒါေပမဲ့ ကုိဗာခ်စ္ဟာ အသငး္သစ္အတြက္ ဂုိးေစ်းဦးမေပါက္ေသးပါဘူး။ ဂုိးေပါက္ကန္သြင္းခ်က္ (၁၅)ႀကိမ္မွာ တစ္ႀကိမ္မွ မဂုိးခဲ့တဲ့ ကုိဗာခ်စ္အတြက္ လာမယ့္ပဲြစဥ္ေတြက်ရင္ ခ်ယ္လ္ဆီးကစားသမားဘ၀ ပထမဆုံးဂုိးရေအာင္ ႀကိဳးစားရေတာ့မွာပါ။

9 Olivier Giroud – 16 shots – Chelsea

Olivier-Giroud-

Olivier-Giroud-

ဒီစာရင္းမွာ ဂ်႐ူး Olivier Giroud ပါ၀င္ေနတာကေတာ့ အျငင္းပြားစရာမရွိေလာက္ပါဘူး။ အခု ပရီးမီးယားလိဂ္မွာ တစ္ဂုိးမွ မသြင္းႏုိင္ေသးသလုိ ၿပိဳင္ပဲြစုံ (၁၂)ပဲြကစား (၁)ဂုိးသာ သြင္းခဲ့တာကေတာ့ ဂ်႐ူးလုိ ကစားသမားမ်ိဳးအတြက္ မျဖစ္သင့္ဘူးလုိ႔ပဲ ေျပာရမယ္။ သူ႔ရဲ႕ ေျခစြမ္းအေပၚ ေ၀ဖန္မႈေတြကုိ ေခ်ဖ်က္ဖုိ႔ ဂ်႐ူးအတြက္ သြင္းဂုိးေတြ လုိအပ္ေနပါၿပီ။

8 Diogo Jota – 16 shots – Wolve

Diogo-Jota

Diogo-Jota

ၿပီးခဲ့တဲ့ရာသီက လိဂ္ခ်န္ပီယံရွစ္မွာ ၀ုလ္ဗစ္အသင္းအတြက္ ေျခစြမ္းျပၿပီး ခ်န္ပီယံဖလား ရရွိေအာင္ သြင္းဂုိးေတြနဲ႔ ကူညီေပးခဲ့တဲ့ ဒီယုိဂုိယုိတာ Diogo Jota ဟာ ပရီးမီးယားလိဂ္မွာေတာ့ သြင္းဂုိး(၁)ဂုိးရေအာင္ ရုန္းကန္ေနရတယ္။ ဒါေပမဲ့ အသက္(၂၁)ႏွစ္သာ ရွိေသးတဲ့ ေပၚတူဂီလူငယ္ၾကယ္ပြင့္ ကြင္းလယ္လူ ယုိတာဟာ ၀ုလ္ဗ္အသင္းရဲ႕ ကြင္းလယ္မွာ အဓိက ကစားသမားအျဖစ္ ပါ၀င္ခြင့္ရေနၿပီး ဂုိးမသြင္းႏုိင္ေပမယ့္ အသင္းတိုက္စစ္ကုိ အေကာင္းဆုံး ကူညီပ့ံပုိးေနသူျဖစ္လုိ႔ မၾကာခင္ သူ႔ရဲ႕ သြင္းဂုိးေတြကုိ ျမင္ေတြ႕ရဖုိ႔ ရွိေနပါၿပီ။

7 Mario Lemina – 17 shots – Southampton

Mario-Lemina-

Mario-Lemina-

ၿပီးခဲ့တဲ့ႏွစ္က ဂ်ဴဗင္တပ္စ္အသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ လယ္မီနာ Mario Lemina အတြက္ ပရီးမီးယားလိဂ္ ခရီးလမ္းက ၾကမ္းတမ္းလြန္းေနပါတယ္။ ဂုိးေပါက္ကန္သြင္းခ်က္ (၁၇)ႀကိမ္မွာ တစ္ဂုိးမွ မ၀င္တဲ့အျပင္ သူ႔အသင္းကလည္း ရလဒ္ေတြ ဆုိးရြားေနလုိ႔ လယ္မီနာအတြက္ ေျမြပူရာ ကင္းေမွာက္ဆုိသလုိပါပဲ။

6 Helder Costa – 18 shots – Wolves

Helder-Costa-

Helder-Costa-

ထူးဆန္းတာက ဒီစာရင္းမွာ ပါ၀င္ေနတဲ့ ၀ုလ္ဗ္ကစားသမား (၂)ဦးေယာက္စလုံးက ေပၚတူဂီ ကစားသမားေတြ ျဖစ္ေနတာပါပဲ။ ဟယ္လ္ဒါေကာ္စတာကလည္း ဒီယုိဂုိယုိတာလုိပဲ အသင္းအတြက္ ေျခစြမ္းျပႏုိင္ေပမယ့္ ဂုိးမသြင္းႏုိင္တာက စိတ္ပ်က္စရာေကာင္းေနတယ္။ သူတို႔ႏွစ္ဦးရဲ႕ ဂုိးေပါက္ကန္သြင္းခ်က္က (၃၄)ႀကိမ္အထိရွိၿပီး တစ္ဂုိးမွ မရခဲ့ပါဘူး။

အခုေလာေလာဆယ္ေတာ့ ဒီစာရင္းမွာပါ၀င္တဲ့ ကစားသမား (၅)ဦးကုိ အရင္ဆုံးေဖာ္ျပလုိက္ပါတယ္။ လက္က်န္ (၅)ဦးကုိ ဆက္လက္ေဖာ္ျပမွာျဖစ္လုိ႔ အားေပးၾကပါဦး .ပရိသတ္ႀကီးေရ . . .

REF:dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီ ပရီးမီးယားလိဂ်မှာ အခွင့်အရေး ဖြုန်းတီးမှု အများဆုံး ကစားသမားများ အပိုင်း(၁)

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက မိုင်တိုင် (၁၂)ကို ရောက်ရှိလာပါပြီ။ အခုလောလောဆယ် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးစာရင်းမှာ အဂွဲရိုး Agüero (၈ဂိုး)၊ အူဘာမီယန်း Aubameyang နဲ့ ဟာဇက် Hazard (၇ဂိုးစီ)တို့က ဦးဆောင်နေကြတယ်။ သူတို့တွေက အပြိုင်အဆိုင် ခြေစွမ်းပြဂိုးတွေ သွင်းနေပေမယ့် ဒီကစားသမားတွေနဲ့ ဆန့်ကျင်ဘက် အခွင့်အရေးတွေ လွဲချော်နေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အပြီး ဂိုးသွင်းခွင့်တွေ ဖြုန်းတီးမှုအများဆုံး ကစားသမားတွေကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ရပါတယ်။

10 Mateo Kovacic – 15 shots – Chelsea

Mateo-Kovacic-

Mateo-Kovacic-

ခရိုးအေရှား နာမည်ကျော်ကွင်းလယ်လူ ကိုဗာချစ် Mateo Kovacic ဟာ ဆာရီ Sarri ရဲ့ နည်းဗျူဟာထဲမှာ အကောင်းဆုံး လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်သူဆိုတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ ကိုဗာချစ်ဟာ အသင်းသစ်အတွက် ဂိုးဈေးဦးမပေါက်သေးပါဘူး။ ဂိုးပေါက်ကန်သွင်းချက် (၁၅)ကြိမ်မှာ တစ်ကြိမ်မှ မဂိုးခဲ့တဲ့ ကိုဗာချစ်အတွက် လာမယ့်ပွဲစဉ်တွေကျရင် ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးဂိုးရအောင် ကြိုးစားရတော့မှာပါ။

9 Olivier Giroud – 16 shots – Chelsea

Olivier-Giroud-

Olivier-Giroud-

ဒီစာရင်းမှာ ဂျရူး Olivier Giroud ပါဝင်နေတာကတော့ အငြင်းပွားစရာမရှိလောက်ပါဘူး။ အခု ပရီးမီးယားလိဂ်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးသလို ပြိုင်ပွဲစုံ (၁၂)ပွဲကစား (၁)ဂိုးသာ သွင်းခဲ့တာကတော့ ဂျရူးလို ကစားသမားမျိုးအတွက် မဖြစ်သင့်ဘူးလို့ပဲ ပြောရမယ်။ သူ့ရဲ့ ခြေစွမ်းအပေါ် ဝေဖန်မှုတွေကို ချေဖျက်ဖို့ ဂျရူးအတွက် သွင်းဂိုးတွေ လိုအပ်နေပါပြီ။

8 Diogo Jota – 16 shots – Wolve

Diogo-Jota

Diogo-Jota

ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်မှာ ဝုလ်ဗစ်အသင်းအတွက် ခြေစွမ်းပြပြီး ချန်ပီယံဖလား ရရှိအောင် သွင်းဂိုးတွေနဲ့ ကူညီပေးခဲ့တဲ့ ဒီယိုဂိုယိုတာ Diogo Jota ဟာ ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုး(၁)ဂိုးရအောင် ရုန်းကန်နေရတယ်။ ဒါပေမဲ့ အသက်(၂၁)နှစ်သာ ရှိသေးတဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့် ကွင်းလယ်လူ ယိုတာဟာ ဝုလ်ဗ်အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရနေပြီး ဂိုးမသွင်းနိုင်ပေမယ့် အသင်းတိုက်စစ်ကို အကောင်းဆုံး ကူညီပံ့ပိုးနေသူဖြစ်လို့ မကြာခင် သူ့ရဲ့ သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ရှိနေပါပြီ။

7 Mario Lemina – 17 shots – Southampton

Mario-Lemina-

Mario-Lemina-

ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်စ်အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ လယ်မီနာ Mario Lemina အတွက် ပရီးမီးယားလိဂ် ခရီးလမ်းက ကြမ်းတမ်းလွန်းနေပါတယ်။ ဂိုးပေါက်ကန်သွင်းချက် (၁၇)ကြိမ်မှာ တစ်ဂိုးမှ မဝင်တဲ့အပြင် သူ့အသင်းကလည်း ရလဒ်တွေ ဆိုးရွားနေလို့ လယ်မီနာအတွက် မြွေပူရာ ကင်းမှောက်ဆိုသလိုပါပဲ။

6 Helder Costa – 18 shots – Wolves

Helder-Costa-

Helder-Costa-

ထူးဆန်းတာက ဒီစာရင်းမှာ ပါဝင်နေတဲ့ ဝုလ်ဗ်ကစားသမား (၂)ဦးယောက်စလုံးက ပေါ်တူဂီ ကစားသမားတွေ ဖြစ်နေတာပါပဲ။ ဟယ်လ်ဒါကော်စတာကလည်း ဒီယိုဂိုယိုတာလိုပဲ အသင်းအတွက် ခြေစွမ်းပြနိုင်ပေမယ့် ဂိုးမသွင်းနိုင်တာက စိတ်ပျက်စရာကောင်းနေတယ်။ သူတို့နှစ်ဦးရဲ့ ဂိုးပေါက်ကန်သွင်းချက်က (၃၄)ကြိမ်အထိရှိပြီး တစ်ဂိုးမှ မရခဲ့ပါဘူး။

အခုလောလောဆယ်တော့ ဒီစာရင်းမှာပါဝင်တဲ့ ကစားသမား (၅)ဦးကို အရင်ဆုံးဖော်ပြလိုက်ပါတယ်။ လက်ကျန် (၅)ဦးကို ဆက်လက်ဖော်ပြမှာဖြစ်လို့ အားပေးကြပါဦး .ပရိသတ်ကြီးရေ . . .

REF:dreamteamfc
Photo:dreamteamfc
Naing Linn(Akhayar)
www.akhayar.com