ပရီးမီးယားလိဂ် (၂)ရာသီဆက် ချန်ပီယံ မန်စီးတီးအသင်းဟာ ဈေးကွက်ပေါက်ကြေး အများဆုံး ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီ Rodri ကို ယူရို(၆၉.၉)သန်းနဲ့ ခေါ်ယူခဲ့တာကလွဲလို့ ကြီးကြီးမားမား အပြောင်းအရွှေ့ မလုပ်သေးပေမယ့် မန်စီးတီးအသင်းဟာ အရည်အသွေးမြင့်ကစားသမားတွေကို နောက်ထပ်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းရဲ့ လက်ရှိကစားသမားတွေထဲမှာ ကမ္ဘာ့အဆင့်ကစားသမားတွေ ပါဝင်နေတာကြောင့် နောက်ထပ် ကစားသမားသစ် ခေါ်ဖို့ လိုရဲ့လားလို့တောင် မေးခွန်းထုတ်ရမှာပါ။ မန်စီးတီးအသင်းရဲ့ ကစားသမားတွေထဲမှာ ဘာနာဒိုဆေးလ်ဗား Bernardo Silva (ယူရို သန်း ၁၀၀)၊ ဆာနေး Sané (ယူရို သန်း ၁၀၀)၊ ဒီဘရိုင်းနား De Bruyne (ယူရို သန်း ၁၃၀)၊ စတာလင် Sterling (ယူရို သန်း ၁၄၀)တို့လို ဈေးကွက်ပေါက်ကြေး ယူရိုသန်း(၁၀၀)နဲ့အထက် ကစားသမားတွေ ရှိနေတာဖြစ်ပါတယ်။ Transfermakt ၀က်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ မန်စီးတီး ကစားသမားတွေရဲ့ လက်ရှိဈေးကွက်ပေါက်ကြေးက ယူရို(၁၂၆၀)သန်းအထိရှိပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။


မန်စီးတီးအသင်းရဲ့ နောက်မှာတော့ လာလီဂါထိပ်သီးကလပ် ရီးယဲလ်အသင်းက ယူရို (၁၂၃၀)သန်းနဲ့ ရပ်တည်နေပါတယ်။ ရီးယဲလ်အသင်းဟာ ဒီနွေရာသီမှာ မီလီတာအို Militao (ယူရို သန်း ၇၀)၊ ဟာဇက် Hazard (ယူရို သန်း ၁၅၀)၊ ရိုဒရီဂို Rodrygo (ယူရို သန်း ၄၀)၊ ယိုဗစ် Jovic (ယူရို သန်း ၆၀)တို့ကို ခေါ်ယူထားပြီး ဒီကစားသမား (၅)ဦးရဲ့ စုစုပေါင်းတန်ဖိုးကပဲ ယူရိုသန်း(၃၅၀)အထိရှိနေပါပြီ။ ရီးယဲလ်အသင်းမှာ ဈေးကွက်ပေါက်ကြေးအများဆုံး ကစားသမားတွေက ဗင်နီစီယက်စ် Vinicius (ယူရို သန်း ၇၀)၊ ဗာရန်း Varane (ယူရို သန်း ၇၀)၊ အဆန်စီယို Asensio ၊ ကရူးစ် Kroos ၊ ကတ်စ်မဲရိုး Casemiro (အားလုံး ယူရို သန်း ၆၀)တို့ပဲဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဈေးကွက်ပေါက်ကြေးအများဆုံး ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

နာမည်ကျော် ကစားသမား မက်ဆီ Messi ပါဝင်ကစားနေတဲ့ ဘာစီလိုနာအသင်းကတော့ ယူရို(၁၁၁၄)သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ မက်ဆီရဲ့ ဈေးကွက်ပေါက်ကြေးက ယူရိုသန်း(၁၅၀)အထိရှိနေပြီး သူပြီးရင် တန်ဖိုးအများဆုံး ဘာစီလိုနာကစားသမားက ဒမ်ဘီလီ Dembélé (ယူရို သန်း ၁၀၀)ဖြစ်ပါတယ်။ Transfermakt ရဲ့စာရင်းမှာ တခြားထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ စပါး၊ PSG ၊ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်အသင်းတို့လည်း ပါဝင်ခဲ့ပါတယ်။

The 10 most valuable squads in Europe

Manchester City  – €1,260M
Real Madrid –  €1,230M
Barcelona –  €1,114M
Liverpool –  €1,090M
Tottenham Hotspur –  €947M
Paris Saint-Germain –  €947M
Atlético Madrid –  €910M
Juventus –  €871M
Chelsea –  €868M
Bayern Munich –  €757M

REF:Transfermakt
Photo:Manchester City Facebook,Real Madrid Facebook
Naing Linn(Akhayar)
www.akhayar.com