[Zawgyi]

ခ်န္ပီယံလိဂ္မွာ အဂၤလန္ကလပ္ေတြ မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့တဲ့ ပဲြမ်ား

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပဲြစဥ္မွာ လီဗာပူးလ္အသင္းဟာ အသင္းငယ္ ဇီဗက္ဒါကုိ မထင္မွတ္ဘဲ (၂-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။ လီဗာပူးလ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ႐ႈံးပဲြလုံး၀ မရွိေသးဘဲ ခ်န္ပီယံလိဂ္မွာလည္း ရလဒ္ေကာင္းေတြ ရယူေနတဲ့အသင္းပါ။ ပထမအေက်ာ႔ အိမ္ကြင္းမွာ ဂုိးျပတ္အႏုိင္ရခဲ့တဲ့ ဇီဗက္ဒါကုိ အေ၀းကြင္းမွာ (၂-၀)ဂုိးနဲ႔ ႐ႈံးမယ္လုိ႔ ပဲြမတိုင္ခင္က ဘယ္သူမွ မထင္ထားပါဘူး။ အဲဒီပဲြကုိ ႐ႈံးနိမ့္ခဲ့လုိ႔ လီဗာပူးလ္အသငး္ဟာ အုပ္စုက တက္ဖုိ႔အတြက္ ႐ုန္းကန္ရေတာ့မယ့္အေနအထားျဖစ္လာပါၿပီ။ ခ်န္ပီယံလိဂ္မွာ ပရီးမီးယားလိဂ္ကလပ္ေတြ အသင္းငယ္ေတြကုိ မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့တာ အမ်ားႀကီး ရွိခဲ့ဖူးပါတယ္။ အဲဒီထဲကမွ ထင္ရွားတဲ့ပဲြေတြကုိ Akhayar Sports ပရိသတ္ေတြအတြက္ ေဖာ္ျပလုိက္ပါတယ္ . . .

Spartak Moscow 4-1 Arsenal – November 22, 2000

SPARTAK-MOSCOW-4-1-ARSENAL

SPARTAK-MOSCOW-4-1-ARSENAL

၂၀၀၀-၀၁ ရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ အာဆင္နယ္အသင္းဟာ ရုရွားကအသင္းငယ္ေလး စပါးတပ္ေမာ္စကုိကုိ (၄-၁)ဂုိးနဲ႔ အရွက္တကဲြ ႐ႈံးနိမ့္ခဲ့ဖူးပါတယ္။ ကြင္းကလည္း ည့ံ ႐ုရွားႏုိင္ငံရဲ႕ ဆုိးရြားတဲ့ ရာသီဥတုအေျခအေနေတြေၾကာင့္ အာဆင္နယ္ကစားသမားေတြ ဘယ္လုိမွ ေျခစြမ္း မျပႏုိင္ဘဲ အခုလုိ ဂုိးျပတ္႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရတာလည္းျဖစ္ပါတယ္။

Maccabi Haifa 3-0 Manchester United – October 29, 2002

MACCABI-HAIFA-3-0-MANCHESTER-UNITED

MACCABI-HAIFA-3-0-MANCHESTER-UNITED

ဒီပဲြမွာေတာ့ မန္ယူအသင္းဟာ အုပ္စုကတက္ေနၿပီျဖစ္လုိ႔ နည္းျပႀကီး ဖာဂူဆန္ Alex Ferguson ဟာ အဓိက ကစားသမား အေတာ္မ်ားမ်ားကုိ အနားေပးၿပီး မကၠာဘီဟုိင္ဖာအသင္းကုိ ရင္ဆုိင္ခဲ့တယ္။ ရလဒ္ကေတာ့ အစၥေရးေျမမွာ ဂုိးျပတ္႐ႈံးပဲြတစ္ပဲြကုိ မန္ယူ ရင္ဆုိင္ခဲ့ရတာပါပဲ။

Chelsea 0-2 Besiktas – October 1, 2003

CHELSEA-0-2-BESIKTAS

CHELSEA-0-2-BESIKTAS

႐ုရွား သန္းၾကြယ္သူေဌး ေအဘရာမုိဗစ္ခ်္ Roman Abramovich ရဲ႕ ေငြေၾကးေတြနဲ႔ ကစားသမားသစ္ေတြ ေခၚယူၿပီး ျပင္ဆင္မႈေတြ လုပ္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ အိမ္ကြင္းမွာပဲ ဘက္ဆစ္တက္ကုိ မထင္မွတ္ဘဲ ႐ႈံးနိမ့္ခဲ့တယ္။ ခ်ယ္လ္ဆီးအသင္း လူစာရင္းမွာ ကစားသမားသစ္ (၅)ဦးအထိ ပါ၀င္ခဲ့ေပမယ့္ ဘက္ဆစ္တက္အသင္းရဲ႕ ေအာင္ပဲြကုိေတာ့ မတားဆီးႏုိင္ခဲ့ပါဘူး။

Liverpool 0-1 AK Graz – August 24, 2004

LIVERPOOL-0-1-AK-GRAZ

LIVERPOOL-0-1-AK-GRAZ

၂၀၀၄-၀၅ ရာသီမွာ လီဗာပူးလ္အသင္း (၅)ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကုိ ရယူႏုိင္ခဲ့ေပမယ့္ သူတို႔ရဲ႕ သမုိင္း၀င္မွတ္တမ္းက ေျခစစ္ပဲြမွာပဲ အဆုံးသတ္လုနီးပါးျဖစ္ခဲ့ရတယ္။ တတိယအဆင့္ ေျခစစ္ပဲြမွာ ၾသစႀတီးယားက အသင္းငယ္ေလး AK Graz နဲ႔ ဆုံေတြ႕ခဲ့လုိ႔ အုပ္စုအဆင့္ကုိ လြယ္လြယ္ကူကူ တက္ႏုိင္မယ္လုိ႔ ထင္ၾကေပမယ့္ ခက္ခက္ခဲခဲ ကစားခဲ့ရေသးတယ္။ အေ၀းကြင္းမွာ (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့ေပမယ့္ အိမ္ကြင္းမွာ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီး ဂုိးထပ္မေပးရလုိ႔သာ ေျခစစ္ပဲြေအာင္ခဲ့တာပါ။

Copenhagen 1-0 Manchester United – November 1, 2006

COPENHAGEN-1-0-MANCHESTER-UNITED

COPENHAGEN-1-0-MANCHESTER-UNITED

၂၀၀၆-၀၇ ရာသီမွာ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြ ဆင္ႏဲႊခြင့္ရခဲ့တဲ့ ဒိန္းမတ္ကလပ္ ကုိပင္ေဟဂင္အသင္းဟာ ပရီးမီးယားလိဂ္ ထိပ္သီး မန္ယူကုိ Shock ျဖစ္ေအာင္ လုပ္ျပခဲ့တယ္။ ကုိပင္ေဟဂင္အတြက္ အႏုိင္ဂုိးကုိ အက္စတြန္ဗီလာတိုက္စစ္မွဴးေဟာင္း ေအာလ္ဘတ္ Marcus Allback က သြင္းယူခဲ့ၿပီး မန္ယူအတြက္ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ေခ်ပဂုိး ျပန္သြင္းခဲ့ေပမယ့္ လူကၽြံေဘာျဖစ္ခဲ့တယ္။

Chelsea 1-2 Basel – September 18, 2013

CHELSEA-1-2-BASEL

CHELSEA-1-2-BASEL

ခ်ယ္လ္ဆီးအသင္းကုိ တစ္ေက်ာ႔ျပန္ကုိင္တြယ္တဲ့ ေမာ္ရင္ဟုိ Jose Mourinho ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ပဲြမွာ ေဘဆယ္အသင္းက မထင္မွတ္တဲ့ ရလဒ္ကုိ ရယူႏုိင္ခဲ့တယ္။ ခ်ယ္လ္ဆီးကုိ ဒုကၡေပးခဲ့တာက အဲဒီတုန္းက သူတို႔ရဲ႕ အပယ္ခံ ကစားသမားျဖစ္တဲ့ မုိဟာမတ္ဆာလာ Mohamed Salah ျဖစ္ၿပီး ေဘဆယ္အသင္းအတြက္ ေခ်ပဂုိးသြင္းယူခဲ့သလုိ Marco Streller က အႏုိင္ဂုိး သြင္းယူခဲ့လုိ႔ စတမ္းဖုိ႔ဘရစ္ခ်္မွာ ခ်ယ္လ္ဆီး အရွက္ကဲြခဲ့ရတယ္။

REF:.fourfourtwo.com
Photo:TheWorldNews,fourfourtwo
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ်တွေ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲများ

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ အသင်းငယ် ဇီဗက်ဒါကို မထင်မှတ်ဘဲ (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံး၀ မရှိသေးဘဲ ချန်ပီယံလိဂ်မှာလည်း ရလဒ်ကောင်းတွေ ရယူနေတဲ့အသင်းပါ။ ပထမအကျော့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဇီဗက်ဒါကို အဝေးကွင်းမှာ (၂-ဝ)ဂိုးနဲ့ ရှုံးမယ်လို့ ပွဲမတိုင်ခင်က ဘယ်သူမှ မထင်ထားပါဘူး။ အဲဒီပွဲကို ရှုံးနိမ့်ခဲ့လို့ လီဗာပူးလ်အသင်းဟာ အုပ်စုက တက်ဖို့အတွက် ရုန်းကန်ရတော့မယ့်အနေအထားဖြစ်လာပါပြီ။ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်တွေ အသင်းငယ်တွေကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာ အများကြီး ရှိခဲ့ဖူးပါတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ပွဲတွေကို Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ် . . .

Spartak Moscow 4-1 Arsenal – November 22, 2000

SPARTAK-MOSCOW-4-1-ARSENAL

SPARTAK-MOSCOW-4-1-ARSENAL

၂၀၀၀-၀၁ ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အာဆင်နယ်အသင်းဟာ ရုရှားကအသင်းငယ်လေး စပါးတပ်မော်စကိုကို (၄-၁)ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ကွင်းကလည်း ညံ့ ရုရှားနိုင်ငံရဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် အာဆင်နယ်ကစားသမားတွေ ဘယ်လိုမှ ခြေစွမ်း မပြနိုင်ဘဲ အခုလို ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

Maccabi Haifa 3-0 Manchester United – October 29, 2002

MACCABI-HAIFA-3-0-MANCHESTER-UNITED

MACCABI-HAIFA-3-0-MANCHESTER-UNITED

ဒီပွဲမှာတော့ မန်ယူအသင်းဟာ အုပ်စုကတက်နေပြီဖြစ်လို့ နည်းပြကြီး ဖာဂူဆန် Alex Ferguson ဟာ အဓိက ကစားသမား အတော်များများကို အနားပေးပြီး မက္ကာဘီဟိုင်ဖာအသင်းကို ရင်ဆိုင်ခဲ့တယ်။ ရလဒ်ကတော့ အစ္စရေးမြေမှာ ဂိုးပြတ်ရှုံးပွဲတစ်ပွဲကို မန်ယူ ရင်ဆိုင်ခဲ့ရတာပါပဲ။

Chelsea 0-2 Besiktas – October 1, 2003

CHELSEA-0-2-BESIKTAS

CHELSEA-0-2-BESIKTAS

ရုရှား သန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ် Roman Abramovich ရဲ့ ငွေကြေးတွေနဲ့ ကစားသမားသစ်တွေ ခေါ်ယူပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာပဲ ဘက်ဆစ်တက်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တယ်။ ချယ်လ်ဆီးအသင်း လူစာရင်းမှာ ကစားသမားသစ် (၅)ဦးအထိ ပါဝင်ခဲ့ပေမယ့် ဘက်ဆစ်တက်အသင်းရဲ့ အောင်ပွဲကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

Liverpool 0-1 AK Graz – August 24, 2004

LIVERPOOL-0-1-AK-GRAZ

LIVERPOOL-0-1-AK-GRAZ

၂၀၀၄-၀၅ ရာသီမှာ လီဗာပူးလ်အသင်း (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ သမိုင်းဝင်မှတ်တမ်းက ခြေစစ်ပွဲမှာပဲ အဆုံးသတ်လုနီးပါးဖြစ်ခဲ့ရတယ်။ တတိယအဆင့် ခြေစစ်ပွဲမှာ သြစတြီးယားက အသင်းငယ်လေး AK Graz နဲ့ ဆုံတွေ့ခဲ့လို့ အုပ်စုအဆင့်ကို လွယ်လွယ်ကူကူ တက်နိုင်မယ်လို့ ထင်ကြပေမယ့် ခက်ခက်ခဲခဲ ကစားခဲ့ရသေးတယ်။ အဝေးကွင်းမှာ (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာ (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဂိုးထပ်မပေးရလို့သာ ခြေစစ်ပွဲအောင်ခဲ့တာပါ။

Copenhagen 1-0 Manchester United – November 1, 2006

COPENHAGEN-1-0-MANCHESTER-UNITED

COPENHAGEN-1-0-MANCHESTER-UNITED

၂၀၀၆-၀၇ ရာသီမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲ ဆင်နွဲှခွင့်ရခဲ့တဲ့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်ယူကို Shock ဖြစ်အောင် လုပ်ပြခဲ့တယ်။ ကိုပင်ဟေဂင်အတွက် အနိုင်ဂိုးကို အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်း အောလ်ဘတ် Marcus Allback က သွင်းယူခဲ့ပြီး မန်ယူအတွက် စီရော်နယ်လ်ဒို Cristiano Ronaldo ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် လူကျွံဘောဖြစ်ခဲ့တယ်။

Chelsea 1-2 Basel – September 18, 2013

CHELSEA-1-2-BASEL

CHELSEA-1-2-BASEL

ချယ်လ်ဆီးအသင်းကို တစ်ကျော့ပြန်ကိုင်တွယ်တဲ့ မော်ရင်ဟို Jose Mourinho ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲမှာ ဘေဆယ်အသင်းက မထင်မှတ်တဲ့ ရလဒ်ကို ရယူနိုင်ခဲ့တယ်။ ချယ်လ်ဆီးကို ဒုက္ခပေးခဲ့တာက အဲဒီတုန်းက သူတို့ရဲ့ အပယ်ခံ ကစားသမားဖြစ်တဲ့ မိုဟာမတ်ဆာလာ Mohamed Salah ဖြစ်ပြီး ဘေဆယ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့သလို Marco Streller က အနိုင်ဂိုး သွင်းယူခဲ့လို့ စတမ်းဖို့ဘရစ်ချ်မှာ ချယ်လ်ဆီး အရှက်ကွဲခဲ့ရတယ်။

REF:.fourfourtwo.com
Photo:TheWorldNews,fourfourtwo
Naing Linn(Akhayar)
www.akhayar.com