ယောက်ျားတစ်ယောက်ရဲ့ အပျော်ဆုံးအချိန်ကတော့ ရှင်လိင်ပြန်ချိန် (ကိုရင်လူထွက်ချိန်) ၊ မင်္ဂလာဆောင်ချိန်နဲ့ ထောင်ထွက်ချိန်တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးရှုထောင့်ကကြည့်ရင် တစ်မျိုးတစ်ဖုံပြောင်းလဲသွားတာမို့ လူတိုင်းအတွက် ဘဝမှာ စိတ်ကျေနပ်ဖွယ်ရာ အကောင်းဆုံး (၈) ချိန်ကို ဖော်ပြလိုက်ပါတယ်။

၁။ မိဘကို ပထမဆုံးလစာ ကန်တော့လိုက်တဲ့အချိန်

မိဘနှစ်ပါးဆိုတာ သားသမီးတွေကို ငယ်စဉ်ကတည်းက လုပ်ငန်းကျွေးမွေးခဲ့ရုံမက ဘွဲ့ရတဲ့အချိန်အထိ မိဘဆီမှာ လက်ဖြန့်တောင်းတုန်းပါပဲ။ ဘွဲ့ရပြီးတဲ့အခါ အလုပ်တွေဘာတွေရပြီးတော့ ပထမဆုံးလစာကို ကန်တော့လိုက်ရတဲ့ပီတိက ဘာနဲ့မှ မလဲနိုင်ပါဘူး။ “ငါ မိဘနှစ်ပါးကို လုပ်ကျွေးနိုင်ပြီဟေ့” လို့ကြွေးကြော်နိုင်အောင် မိဘနှစ်ပါးကို ရှာထားတာတွေနဲ့ ကန်တော့လိုက်ပါဦး။

၂။ ဓာတ်ပုံအဟောင်းတွေကို ပြန်ကြည့်ရတဲ့အချိန်

ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်ရတာလည်း စိတ်ကြည်နူးစရာပါပဲ။ ဓာတ်ပုံအဟောင်းတွေကို ပြန်ကြည့်လိုက်တိုင်း ကလေးဘဝပြန်ရောက်သွားသလို ခံစားရပြီး စိတ်ပေါ့ပါးလန်းဆန်းသွားပါတယ်။ အချိန်ရရင် ဓာတ်ပုံအဟောင်းတွေကို ပြန်ကြည့်လိုက်ပါဦး။

၃။ သူငယ်ချင်းတွေနဲ့ ပျော်ရတဲ့အချိန်

သူငယ်ချင်းတွေနဲ့ လူငယ်သဘာဝ ဟေးလားဝါးလားလုပ်ရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ သူငယ်ချင်းတွေနဲ့ အတူပြန်ဆုံဖို့ဆိုတာလည်း အခွင့်အရေးနည်းသွားပါပြီ။ ကျောင်းသားဘဝ သူငယ်ချင်းတွေနဲ့ ဗရုတ်ကျတဲ့အချိန်ကလည်း ကြည်နူးဖို့ကောင်းပါတယ်။

You May Like : Dab Dab Dab ကြစို့ဟေ့

၎။ ချစ်ဦးသူနဲ့လက်ချင်းချိတ်ပြီး လမ်းလျှောက်တဲ့အချိန်

သူငယ်ချင်းဘဝကနေ ရည်းစားဘဝကို အဆင့်ကူးပေမယ့်လည်း တစ်ယောက်လက်ကို တစ်ယောက်မကိုင်ရဲသေးပါဘူး။ ရင်ထဲက ပီတိအဟုန်က မြင့်မားနေပေမယ့် လက်ချင်းထိဖို့တောင် တုန်လှုပ်နေတတ်ပါတယ်။ ချစ်ဦးသူနဲ့ ပထမဆုံးလက်တွဲလျှောက်ရတဲ့ ကြည်နူးမှုဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

၅။ အားငယ်နေချိန်မှာ ထွေးပွေ့လိုက်တဲ့အချိန်

လူ့ဘဝဆိုတာ အခက်အခဲတွေ တွေ့ကြုံရပြီး စိတ်ပျက်စရာဖြစ်နေတတ်ပါတယ်။ လုပ်သမျှအလုပ်တိုင်း တလွဲတွေဖြစ်နေပြီးတော့ စိတ်ဓာတ်တွေကလည်း အဝိစီထိ ကျနေတတ်ပါတယ်။ ဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်က “ဘာမှ အားမငယ်နဲ့၊ မင်းဘေးမှာ ငါရှိတယ်” လို့များ ထွေးပွေ့ပြီး အားပေးစကားပြောလိုက်ရင် ဖြစ်ပေါ်လာတဲ့ပီတိက ပြောမတတ်အောင်ပါပဲ။

၆။ သားဦးကို ပထမဆုံးနမ်းရတဲ့အချိန်

အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်တွေကျတဲ့အခါ ပထမဆုံးမွေးလာတဲ့ သားဦးလေးကို မွှေးမွှေးပေးလိုက်တဲ့အရသာက ဘယ်လောက်ချိုမြိန်တယ်ဆိုတာ မိဘတွေပဲ နားလည်ပါတယ်။ ရှုမဝတဲ့ ချစ်တုံးလေးအတွက် ပထမဆုံးအနမ်းကလည်း ကျေနပ်စရာကောင်းလှပါတယ်။

ကဲ . . . . အခရာသူ၊ အခရာသားတို့ရေ ဒါတွေကတော့ ဘဝမှာ စိတ်ကျေနပ်စရာအကောင်းဆုံးအချိန်တွေပါပဲ။ သူငယ်ချင်းတို့ရဲ့ဘဝမှာရော ဘယ်လိုအချိန်က ကျေနပ်စရာအကောင်းဆုံးလဲဆိုတာ Comment မှာ ကြွားလိုက်ဦးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com