ဘောလုံးပွဲတစ်ပွဲမှာ ကစားသမားတစ်ယောက် အနီကတ်ပြသခံရတာက ပွဲတိုင်းလိုလို ဖြစ်နေတာ မဟုတ်ပါဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ်လိဂ်မှာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်လျှောက်မှာ ပါဝင်ဖြတ်သန်းခဲ့တဲ့ ဘောလုံးသမားတွေ အများကြီးရှိခဲ့ပြီး တချို့ကစားသမားတွေဆိုရင် နှစ်ပေါင်းများစွာ ကစားခဲ့ပေမယ့် အနီကတ်ပြသခံခဲ့ရတာက လက်ချိုးရေလို့ရတယ်။ တချို့ကစားသမားတွေကတော့ အနီကတ်ဆိုတာ သူတို့အတွက် သိပ်မထူးဆန်းတဲ့ အရာတစ်ခုလို့ သတ်မှတ်ထားကြတယ်။ ပင်ကိုယ်ကစားဟန်ကိုက ခပ်ကြမ်းကြမ်းဆိုတော့ အနီတွေ၊ အ၀ါတွေဆိုတာက သူတို့အတွက် ဂရုစိုက်စရာ မဟုတ်တော့ဘူး။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ အနီကတ်အများဆုံးထိခဲ့တဲ့ လူကြမ်းကစားသမားတွေကို ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ရပါတယ် . . .

ဗီအဲရာ Vieira (၈ကြိမ်)

viera-vs-Roy-kane

viera-vs-Roy-kane

အာဆင်နယ် ဂန္ထ၀င်အသင်းခေါင်းဆောင် ဗီအဲရာရဲ့ အကြောင်းကိုတော့ ပရိသတ်တွေကို အထူးပြောစရာ လိုမယ် မထင်ပါဘူး။ နိုင်လိုစိတ်ပြင်းပြမှုကနေ ရန်လိုတဲ့ပုံစံဖြစ်သွားတတ်လို့ အနီကတ် ထိခဲ့တာလည်း ခဏခဏပါပဲ။ မန်ယူ ကွင်းလယ်လူ ရွိုင်ကိန်း Roy Kane နဲ့ ကွင်းတွင်း၊ ကွင်းပြတိုက်ပွဲတွေက အခုအချိန်အထိ ပရိသတ်တွေ အမှတ်ရနေဆဲဖြစ်ပါတယ်။

ရွိုင်ကိန်း Roy Keane (၇ကြိမ်)

Roy-kane

Roy-kane

ဗီအဲရာလိုပဲ ရွိုင်ကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ လူကြမ်းစာရင်းဝင် ကစားသမားတစ်ဦးပါ။ ပြိုင်ဘက်ကို ဘာမှ မဆိုင်ဘဲ ခြေထောက်နဲ့ကန်တာ၊ အသားလွတ် ဖျက်ထုတ်တာတွေက ရွိုင်ကိန်းအတွက် မထူးဆန်းတော့ ပါဘူး။ သူ့ရဲ့ လုပ်ရပ်ကြောင့် မန်စီးတီးကစားသမား ဟာလန်း Haaland ခြေထောက်ကျိုးပြီး ဘောလုံးသမားဘ၀ ဇာတ်သိမ်းသွားတာကိုလည်း အားလုံးအသိဖြစ်ပါလိမ့်မယ်။

အလန်စမစ် Alan Smith (၇ကြိမ်)

Alan-Smith

Alan-Smith

ကစားသမားဘ၀ အစမှာ တိုက်စစ်မှူးဖြစ်ပေမယ့် မန်ယူရောက်တဲ့အချိန်မှာတော့ ကွင်းလယ်ခံစစ်အဖြစ် ကစားခဲ့ရပြီး ‘ရွိုင်ကိန်း’ လက်သစ်လို့ တင်စားခံခဲ့ရတယ်။ အလန်စမစ်အတွက် အနီကတ် (၇)ကြိမ်ဆိုတာက နည်းတောင် နည်းသေးတယ်လို့ ဆိုရမယ်။

ဂျိုယေးဘာတန် Joey Barton (၆ကြိမ်)

Joey-Barton

Joey-Barton

ဘာတန်ဆိုတာက ကွင်းထဲမှာ ခြေစွမ်းပြဖို့ထက် ဘယ်ကစားသမားကို ဘယ်လို ချိုးရမလဲဆိုတာကိုပဲ အမြဲချောင်းနေတဲ့သူ။ ပြိုင်ဘက်တင်မကဘူး ကိုယ့်အသင်းဖော်အချင်းချင်းတောင် ရန်စောင်တတ်လို့ နည်းပြတွေဟာ ဘာတန်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အမြဲခေါင်းစားရတယ်။ ဘောလုံးသမားဘ၀ အဆုံးသတ်ခါနီးမှာလည်း လောင်းကစားပြဿနာတွေကြောင့် နာမည်ပျက်ခဲ့ရပါသေးတယ်။

ဘယ်ရီ Barry (၆ ကြိမ်)

Barry

Barry

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားသူ ဘယ်ရီကလည်း အေးမလိုလိုနဲ့ ကြမ်းရမ်းတဲ့ ကစားသမားတစ်ယောက်ပါပဲ။ အက်စတွန်ဗီလာ ကစားသမားဘ၀မှာတုန်းက အနီကတ်ပြခံရတာ နည်းပါးခဲ့ပေမယ့် မန်စီးတီး၊ အဲဗာတန်အသင်းတွေမှာတော့ အနီကတ်တွေနဲ့ ယဉ်ပါးခဲ့တယ်။

ဘောလုံးသမားတစ်ဦးအတွက် အနီကတ်ပြခံရတယ်ဆိုတာက သိပ်မဆန်းပေမယ့် ဒီကစားသမားတွေကတော့ တမင်တကာ အနီကတ်ထိအောင် ကြမ်းတမ်းခဲ့တဲ့ သူတွေလို့ ဆိုရမယ်။ ဒါပေမဲ့လည်း သူတို့ဟာ နိုင်လိုစိတ်ပြင်းထန်သူတွေ၊ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတွေဖြစ်ပြီး သူတို့ရဲ့ Professional ပီသတဲ့ စိတ်ဓာတ်ကြောင့် အခုထိ ပရိသတ်တွေ မမေ့နိုင်တာပဲဖြစ်ပါတော့တယ် . .

REF:sportskeeda
Photo:ESPN,Inkhel.,sportskeeda
Naing Linn(Akhayar)
www.akhayar.com