[Zawgyi]

2018 အတြင္းမွာ ျပန္ေခတ္စားလာတဲ့ Electric Color Eyeshadow မ်ား

Eyeshadow ေတြကေတာ့  အေရာင္မ်ဳိးစံု၊ Texture မ်ိဳးစံုနဲ႔ကုိ မရိုးႏိုင္ေအာင္ ထြက္ေနတာပါ။ဒါေပမယ့္ ကၽြန္မတို႔ မိန္းကေလးေတြအေနနဲ႔က မ်ားေသာအားျဖင့္ ေရြးခ်ယ္လုိက္ၿပီဆိုရင္ အညိဳ၊ အသားေရာင္၊ မွ်င္ငပိေရာင္စတာေတြပဲ ဓာတ္က်တတ္ၾကပါတယ္။ ဒီအေရာင္ေတြပဲ အၿမဲေရြးခ်ယ္ေနမယ္ဆိုရင္ ပ်င္းရိစရာေကာင္းလြန္းေနမွာေတာ့ တကယ္အမွန္ပါ။တစ္ခါတေလေတာ့ သင့္ရဲ႕ ငယ္ရြယ္ႏုပ်ိဳမႈေတြနဲ႔အတူ တက္ၾကြမွႈေတြကို ထင္သာျမင္သာျဖစ္ေစမယ့္ အေရာင္ေတာက္ေလးေတြ သံုးေပးသင့္ပါတယ္။အခုဆုိရင္ အေရာင္ေတာက္ေတာက္ Electric Eyeshadow ေတြလည္း ေခတ္စားေနတာဆုိေတာ့ ပိုၿပီးေတာ့ေတာင္ ျပင္ဆင္ၾကည့္သင့္တာေပါ့။အေရာင္ေတာက္ေတာက္ Electric Eyeshadow ေတြဟာ Fall Runway မွာလည္း ေနရာယူဦးမွာျဖစ္သလို Celebrities ေတြ ၾကားမွာလည္း ေတာ္ေတာ္ေလး ျပန္ျပင္ဆင္လာၾကတဲ့အတြက္ မိန္းကေလးေတြအေနနဲ႔ အေျပာင္းအလဲေလးလုပ္ၾကည့္သင့္တာမို႔ Electric Color ထဲက ေရြးခ်ယ္သင့္တဲ့ အေရာင္ေတြနဲ႔ Tips ေလးေတြကို ေျပာျပေပးလုိက္ပါတယ္ေနာ္။

Blue Eyeshadow

Blue Eyeshadow

Blue

Electric Eyeshadow ဆိုတည္းက အျပာေရာင္က မပါမျဖစ္ပါ။ အျပာေရာင္ကို ျခယ္မယ္ဆုိရင္ေတာ့ မ်က္ခြံအျပည့္ျခယ္တာက နည္းနည္းရိုးတဲ့အတြက္ အရင္ဆံုး Cream Type ကို Eyeliner လုိ ဆြဲၿပီးမွ အေပၚက Eyeshadow ထပ္ျခယ္သင့္ပါတယ္။ ဒီလို ျခယ္လိုက္ျခင္းအားျဖင့္ ျမင္ေတြ႔ေနက် အျပာေရာင္နဲ႔မတူဘဲ ပိုၿပီး ေခတ္ဆန္သြားတာ ေတြ႔ရမွာပါ။

Retro Blue

Retro Blue

Retro Blue

ဒါကေတာ့ ၇၀ ခုႏွစ္မ်ားဆီက ေခတ္စားခဲ့တဲ့ အျပာေရာင္ပါ။ အနီးစပ္ဆံုးေျပာရရင္ အျပာေဖ်ာ့ေရာင္လိုမ်ိဳးေပါ့။ ခ်စ္စရာေကာင္းတဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးေတြ ေရြးသင့္တဲ့အေရာင္ေလးျဖစ္သလို အျပာကအေရာင္ေဖ်ာ့ အႏုျဖစ္တဲ့အတြက္ မ်က္လံုးတစ္၀ိုက္ကို ပုိၿပီးလင္းေစပါတယ္။ Lily Collin ဆိုရင္ Eyeliner မသံုးဘဲ အျပာေရာင္ကို ပိုေပၚေအာင္ ျခယ္ထားတာ ေတြ႔ရမွာပါ။ တစ္ခုသတိထားရမွာက အျပာႏုေရာင္က အေရာင္လင္းၿပီးသားျဖစ္တဲ့အတြက္ ႏႈတ္ခမ္းနီအေရာင္ေတာက္ေတာက္၊ ပါးနီအေရာင္ေတာက္ေတာက္ေတြ ထပ္မထည့္ဖို႔ပါ။ မဟုတ္ရင္ မ်က္ႏွာတစ္ျပင္လံုးက ဂ်ိဳကာရုပ္လုိ ျဖစ္သြားပါလိမ့္မယ္ေနာ္။

Cobalt Blue

Cobalt Blue

Cobalt Blue

လံုး၀ Hot တာမ်ဳိးမွ ႀကိဳက္တယ္ဆုိရင္ေတာ့ ဒီ့ထက္ Hot တာမရွိေတာ့ပါဘူး။ Cobalt Blue လို႔ေခၚတဲ့ အျပာေတာက္ေတာက္ကို Smokey Eyes ျခယ္သလို ျခယ္မယ္ဆုိရင္ သင့္မ်က္၀န္းရဲ႕ အၾကည့္ေတြကို လူတိုင္းျငင္းဆန္ႏိုင္မွာမဟုတ္ပါဘူး။ ပြဲေတြနဲ႔ Festival ေတြမွာ အထူးျခယ္သလို႔ေကာင္းၿပီး လူလတ္ပိုင္းအမ်ိဳးသမီးေတြအထိပါ ျခယ္သလို႔ရပါတယ္။

Rainbow Eyeshadow

Rainbow Eyeshadow

Combined Rainbow

ဒါကေတာ့ တစ္ေရာင္တည္းမျခယ္ခ်င္တဲ့သူေတြအတြက္  Electric Color ေတြကို Rainbow Color အေနနဲ႔ ျပန္ဖန္တီးလိုက္တာပါ။ Eyeshadow Palette တစ္ခုတည္းထဲမွာပဲ ပါၿပီးသားအေရာင္ေတြျဖစ္တဲ့အတြက္ Palette ႏွစ္ခုသံုးခုရွိေနစရာလည္း မလုိပါဘူး။ အေရာင္ေတာက္ေတြခ်ည္းပဲ ေပါင္းစပ္ထားတဲ့အတြက္ သင့္မ်က္၀န္းအလွကုိ ပိုေပၚလြင္ေစတဲ့အျပင္ Party ေတြ၊ Festival ေတြ သြားရင္လည္း ျပင္သြားလု႔ိရပါတယ္။

Orange Eyeshadow

Orange Eyeshadow

Hot Orange

လိေမၼာ္ေရာင္က Summer Color ဆိုေပမယ့္ သင့္စိတ္ႀကိဳက္ ဘယ္ခ်ိန္ခ်ိန္ျခယ္ျခယ္ရပါတယ္။ သတိထားရမယ့္အခ်က္ကေတာ့ အေရာင္ေတာက္ျဖစ္တဲ့အတြက္ Blending ေသခ်ာလုပ္ေပးမွ အဆင္ေျပမွာျဖစ္သလုိ ေန႔ဘက္ထက္စာရင္ ညေနခင္းပြဲေတြ၊ ညပိုင္းပါတီေတြအတြက္ ပိုသင့္ေတာ္ပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ Eyeliner အေနနဲ႔ သံုးၾကည့္လိုက္ပါ။ Cat Eye လို Eyeliner ေလးဆြဲလည္း လွတာပါပဲ။

Yellow Eyeshadow

Yellow Eyeshadow

Say “Yellow”

ဒီႏွစ္ရဲ႕ ေရပန္းအစားဆံုးအေရာင္လုိ႔ေတာင္ တင္စားလို႔ရတဲ့ အ၀ါေရာင္ကိုလည္း ေမ့ထားလို႔ ဘယ္ရပါ့မလဲ။ အ၀ါေရာင္ကိုလည္း Eyeshadow အေနနဲ႔ သံုးၾကည့္သင့္ပါတယ္။ အ၀ါေရာင္က အေရာင္ေဖ်ာ့တဲ့အတြက္ ျခယ္သရတာ နည္းနည္းခက္ေပမယ့္လို႔ အသားေဆာင္ပါတယ္။ International Runway ျပင္ဆင္မႈေတြမွာလည္း မၾကာမၾကာဆိုသလို ေတြ႔ရတဲ့အေရာင္ပါ။ Bella Hadid ကေတာ့ သူမရဲ႕ ၀တ္စံုနဲ႔လုိက္ေအာင္ အ၀ါေရာင္သီးသန္႔ျခယ္ထားၿပီး Mascara ခပ္ထူထူေလးသံုးထားတာ ေတြ႔ရမွာပါ။ အ၀ါေရာင္သံုးၿပီဆိုရင္ Eyeliner မထည့္တာ အေကာင္းဆံုးျဖစ္ပါတယ္။

ေနာက္ဆံုးအေနနဲ႔ သတိထားရမယ့္ Tip ကေတာ့ Electric Color Eyeshadow ေတြသံုးမယ္ဆုိရင္ ပါးနီအေရာင္ေတာက္ေတာက္ေတြ၊ ႏႈတ္ခမ္းနီေတာက္ေတာက္ေတြကို မသံုးဖို႔ပါပဲ။

Ref: elle.com

Su Yi Htet (Akhayar)

[Unicode]

2018 အတွင်းမှာ ပြန်ခေတ်စားလာတဲ့ Electric Color Eyeshadow များ

Eyeshadow တွေကတော့  အရောင်မျိုးစုံ၊ Texture မျိုးစုံနဲ့ကို မရိုးနိုင်အောင် ထွက်နေတာပါ။ဒါပေမယ့် ကျွန်မတို့ မိန်းကလေးတွေအနေနဲ့က များသောအားဖြင့် ရွေးချယ်လိုက်ပြီဆိုရင် အညို၊ အသားရောင်၊ မျှင်ငပိရောင်စတာတွေပဲ ဓာတ်ကျတတ်ကြပါတယ်။ ဒီအရောင်တွေပဲ အမြဲရွေးချယ်နေမယ်ဆိုရင် ပျင်းရိစရာကောင်းလွန်းနေမှာတော့ တကယ်အမှန်ပါ။တစ်ခါတလေတော့ သင့်ရဲ့ ငယ်ရွယ်နုပျိုမှုတွေနဲ့အတူ တက်ကြွမှှုတွေကို ထင်သာမြင်သာဖြစ်စေမယ့် အရောင်တောက်လေးတွေ သုံးပေးသင့်ပါတယ်။အခုဆိုရင် အရောင်တောက်တောက် Electric Eyeshadow တွေလည်း ခေတ်စားနေတာဆိုတော့ ပိုပြီးတော့တောင် ပြင်ဆင်ကြည့်သင့်တာပေါ့။အရောင်တောက်တောက် Electric Eyeshadow တွေဟာ Fall Runway မှာလည်း နေရာယူဦးမှာဖြစ်သလို Celebrities တွေ ကြားမှာလည်း တော်တော်လေး ပြန်ပြင်ဆင်လာကြတဲ့အတွက် မိန်းကလေးတွေအနေနဲ့ အပြောင်းအလဲလေးလုပ်ကြည့်သင့်တာမို့ Electric Color ထဲက ရွေးချယ်သင့်တဲ့ အရောင်တွေနဲ့ Tips လေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

Blue Eyeshadow

Blue Eyeshadow

Blue

Electric Eyeshadow ဆိုတည်းက အပြာရောင်က မပါမဖြစ်ပါ။ အပြာရောင်ကို ခြယ်မယ်ဆိုရင်တော့ မျက်ခွံအပြည့်ခြယ်တာက နည်းနည်းရိုးတဲ့အတွက် အရင်ဆုံး Cream Type ကို Eyeliner လို ဆွဲပြီးမှ အပေါ်က Eyeshadow ထပ်ခြယ်သင့်ပါတယ်။ ဒီလို ခြယ်လိုက်ခြင်းအားဖြင့် မြင်တွေ့နေကျ အပြာရောင်နဲ့မတူဘဲ ပိုပြီး ခေတ်ဆန်သွားတာ တွေ့ရမှာပါ။

Retro Blue

Retro Blue

Retro Blue

ဒါကတော့ ၇၀ ခုနှစ်များဆီက ခေတ်စားခဲ့တဲ့ အပြာရောင်ပါ။ အနီးစပ်ဆုံးပြောရရင် အပြာဖျော့ရောင်လိုမျိုးပေါ့။ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေ ရွေးသင့်တဲ့အရောင်လေးဖြစ်သလို အပြာကအရောင်ဖျော့ အနုဖြစ်တဲ့အတွက် မျက်လုံးတစ်ဝိုက်ကို ပိုပြီးလင်းစေပါတယ်။ Lily Collin ဆိုရင် Eyeliner မသုံးဘဲ အပြာရောင်ကို ပိုပေါ်အောင် ခြယ်ထားတာ တွေ့ရမှာပါ။ တစ်ခုသတိထားရမှာက အပြာနုရောင်က အရောင်လင်းပြီးသားဖြစ်တဲ့အတွက် နှုတ်ခမ်းနီအရောင်တောက်တောက်၊ ပါးနီအရောင်တောက်တောက်တွေ ထပ်မထည့်ဖို့ပါ။ မဟုတ်ရင် မျက်နှာတစ်ပြင်လုံးက ဂျိုကာရုပ်လို ဖြစ်သွားပါလိမ့်မယ်နော်။

Cobalt Blue

Cobalt Blue

Cobalt Blue

လုံး၀ Hot တာမျိုးမှ ကြိုက်တယ်ဆိုရင်တော့ ဒီ့ထက် Hot တာမရှိတော့ပါဘူး။ Cobalt Blue လို့ခေါ်တဲ့ အပြာတောက်တောက်ကို Smokey Eyes ခြယ်သလို ခြယ်မယ်ဆိုရင် သင့်မျက်ဝန်းရဲ့ အကြည့်တွေကို လူတိုင်းငြင်းဆန်နိုင်မှာမဟုတ်ပါဘူး။ ပွဲတွေနဲ့ Festival တွေမှာ အထူးခြယ်သလို့ကောင်းပြီး လူလတ်ပိုင်းအမျိုးသမီးတွေအထိပါ ခြယ်သလို့ရပါတယ်။

Rainbow Eyeshadow

Rainbow Eyeshadow

Combined Rainbow

ဒါကတော့ တစ်ရောင်တည်းမခြယ်ချင်တဲ့သူတွေအတွက်  Electric Color တွေကို Rainbow Color အနေနဲ့ ပြန်ဖန်တီးလိုက်တာပါ။ Eyeshadow Palette တစ်ခုတည်းထဲမှာပဲ ပါပြီးသားအရောင်တွေဖြစ်တဲ့အတွက် Palette နှစ်ခုသုံးခုရှိနေစရာလည်း မလိုပါဘူး။ အရောင်တောက်တွေချည်းပဲ ပေါင်းစပ်ထားတဲ့အတွက် သင့်မျက်ဝန်းအလှကို ပိုပေါ်လွင်စေတဲ့အပြင် Party တွေ၊ Festival တွေ သွားရင်လည်း ပြင်သွားလု့ိရပါတယ်။

Orange Eyeshadow

Orange Eyeshadow

Hot Orange

လိမ္မော်ရောင်က Summer Color ဆိုပေမယ့် သင့်စိတ်ကြိုက် ဘယ်ချိန်ချိန်ခြယ်ခြယ်ရပါတယ်။ သတိထားရမယ့်အချက်ကတော့ အရောင်တောက်ဖြစ်တဲ့အတွက် Blending သေချာလုပ်ပေးမှ အဆင်ပြေမှာဖြစ်သလို နေ့ဘက်ထက်စာရင် ညနေခင်းပွဲတွေ၊ ညပိုင်းပါတီတွေအတွက် ပိုသင့်တော်ပါတယ်။ ဒါမှမဟုတ်ရင်တော့ Eyeliner အနေနဲ့ သုံးကြည့်လိုက်ပါ။ Cat Eye လို Eyeliner လေးဆွဲလည်း လှတာပါပဲ။

Yellow Eyeshadow

Yellow Eyeshadow

Say “Yellow”

ဒီနှစ်ရဲ့ ရေပန်းအစားဆုံးအရောင်လို့တောင် တင်စားလို့ရတဲ့ အဝါရောင်ကိုလည်း မေ့ထားလို့ ဘယ်ရပါ့မလဲ။ အဝါရောင်ကိုလည်း Eyeshadow အနေနဲ့ သုံးကြည့်သင့်ပါတယ်။ အဝါရောင်က အရောင်ဖျော့တဲ့အတွက် ခြယ်သရတာ နည်းနည်းခက်ပေမယ့်လို့ အသားဆောင်ပါတယ်။ International Runway ပြင်ဆင်မှုတွေမှာလည်း မကြာမကြာဆိုသလို တွေ့ရတဲ့အရောင်ပါ။ Bella Hadid ကတော့ သူမရဲ့ ဝတ်စုံနဲ့လိုက်အောင် အဝါရောင်သီးသန့်ခြယ်ထားပြီး Mascara ခပ်ထူထူလေးသုံးထားတာ တွေ့ရမှာပါ။ အဝါရောင်သုံးပြီဆိုရင် Eyeliner မထည့်တာ အကောင်းဆုံးဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ သတိထားရမယ့် Tip ကတော့ Electric Color Eyeshadow တွေသုံးမယ်ဆိုရင် ပါးနီအရောင်တောက်တောက်တွေ၊ နှုတ်ခမ်းနီတောက်တောက်တွေကို မသုံးဖို့ပါပဲ။

Ref: elle.com

Su Yi Htet (Akhayar)