[Zawgyi]

Akhayar Media ကေန စာဖတ္ပရိတ္သတ္ေတြ သုတ၊ ရသနဲ့ ဗဟုသုတပိုၿပီးစံုစံုလင္လင္ရနိုင္ဖို႔အတြက္ လက္ရွိ Akhayar အဖြဲ့သားေတြတင္ဆက္ေနတဲ႔ ေဆာင္းပါးေတြအျပင္ ဒီတစ္ပတ္ကစၿပီး ျပင္ပကစာေရးဆရာေတြရဲ့ေဆာင္းပါးလက္ရာေကာင္းေတြကိုပါ အလ်ဥ္းသင့္သလိုေဖၚျပေပးသြားမွာျဖစ္ပါတယ္။ ဒီေန့မွာေတာ့ အြန္လိုင္းမွာေရာ လူသိမ်ားတဲ့ စာေရးဆရာတစ္ဦးျဖစ္သူ ေဒါက္တာၿဖိဳးသီဟရဲ႕ေဆာင္းပါးေကာင္းတစ္ပုဒ္ကို စတင္တင္ဆက္ေပးလိုက္ပါတယ္။ ဆရာ၀န္တစ္ျဖစ္လည္း စာအေရးအသားေကာင္းၿပီး လူငယ္ေတြအတြက္ ဗဟုသုတရဖြယ္ ပညာေပးေဆာင္းပါးေတြေရးသားတင္ဆက္ေလ့ရွိတဲ့ ေဒါက္တာၿဖိဳးသီဟရဲ႕ ေဆာင္းပါးေကာင္းေတြကို အခရာမွာေစာင့္ေမွ်ာ္ဖတ္ရႈၽႏိုင္ပါတယ္။

“သိထားသင့္တဲ့ PR Skill”

လက္ရွိ လိႈင္သာယာက စြန္႕ပစ္အမိႈက္ပံု မီးေလာင္ေနတာနဲ႔ပတ္သက္ျပီး ရန္ကုန္တုိင္းအစုိးရရဲ႕ တံု႕ျပန္မႈေႏွးေကြးေနတဲ့အခါမွာ လူေတြက ေ၀ဖန္ေနၾကပါတယ္။ အဲဒီမွာ ဘာသြားေတြ႕ရလဲဆုိေတာ့ အစုိးရဟာ PR အားနည္းတယ္ဆုိျပီး ေျပာေနၾကတာပါပဲ။ ဒါက အရင္တုန္းကတည္းကလည္း မၾကာမၾကာ ၾကားရတယ္။ တခ်ိဳ႕အႏုပညာရွင္ေတြကိုလည္း အဲ့လိုေ၀ဖန္ၾကတယ္။ အဲဒါနဲ႔ ကၽြန္ေတာ္ နားလည္ထားတဲ့ PR ဆုိတာေလးကို ေ၀မွ်ေပးခ်င္မိတယ္။

PR ဆုိတာ အရွည္ေကာက္ Public Relations ကို ေခၚတာပါ။ အဓိပၸါယ္က လူထုဆက္ဆံေရးေပါ့။ Persuasion Business စည္းရံုးစြဲေဆာင္တဲ့ အလုပ္လုိ႔လည္း ဆုိၾကတယ္။ လူတစ္ေယာက္၊ အဖြဲ႕အစည္းတစ္ခုအေနနဲ႕ လူထုရဲ႕အျမင္မွာ ဘယ္လုိပံုရိပ္ေပၚေစခ်င္သလဲဆုိျပီး တည္ေဆာက္တာကုိ PR လုပ္တယ္လုိ႔ ေခၚပါတယ္။ မီဒီယာေတြမွာ အင္တာဗ်ဴးေျဖတယ္၊ ကုိယ္ပုိင္၀က္ဆုိက္၊ ေဖ့စ္ဘြတ္စာမ်က္ႏွာေတြကေန ေဆာင္းပါးေတြေရးတယ္၊ ထုတ္ျပန္ခ်က္ေတြ ထုတ္တယ္၊ သတင္းစာရွင္းလင္းပြဲ လုပ္တယ္၊ မိန္႕ခြန္းေတြ ေျပာတယ္၊ ျပႆနာတစ္ခုခုျဖစ္လာရင္ ကုိယ့္အဖြဲ႕အစည္းရဲ႕ ပံုရိပ္မထိခုိက္ေအာင္ စနစ္တက် ကိုင္တြယ္တယ္၊ Brand image တည္ေဆာက္တယ္ စသျဖင့္ ပါ၀င္ပါတယ္။ ေတာ္ေတာ္ေလးလည္း က်ယ္ျပန္႕တဲ့ကိစၥပါ။

ျမင္သာတဲ့ ဥပမာေလးေတြ ေပးၾကည့္ခ်င္တယ္။ ခီေမာင္ႏွံရဲ႕ ေအာင္ျမင္မႈမွာ အင္တာဗ်ဴးေျဖဆိုမႈေတြက အမ်ားၾကီး သက္ေရာက္မႈရွိခဲ့တယ္၊ သူတို႕ ဘယ္လိုလူဆုိတာကို လူေတြက နားလည္သြားတာကိုး။ ဟာ တစ္ေယာက္ကို တစ္ေယာက္ ခ်စ္လိုက္ၾကတာ၊ သူတုိ႕က ဘယ္လိုပညာတတ္တာ၊ ႏုိင္ငံတကာအျမင္ရွိတာ၊ ေျဖသြားတာေလးက ဘယ္လိုပညာပါတာ၊ ဇဏ္ခီလို ေယာက်ာ္းမ်ိဳး၊ ခရစၥတီးနားလို မိန္းမမ်ိဳး စသျဖင့္ ေရးကုန္ၾကတယ္။ ဒီေတာ့ ရုပ္ရွင္က ပိုေပါက္တယ္။ ပရိသတ္ ပုိရတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ေနာက္ဥပမာ စို္င္းစုိင္းခမ္းလိႈင္ေပါ့။ အေခြသစ္မထြက္တာ ၅ ႏွစ္ေလာက္ၾကာသြားတယ္၊ ေတာ္ရံုအဆုိေတာ္ဆုိ ေပ်ာက္သြားျပီ၊ ဒါေပမယ့္ သူက် ေအာင္ျမင္ေနဆဲပဲ။ ဘာလို႔လဲဆုိေတာ့ သူ႔ပရိသတ္နဲ႕ အေကာင္းဆံုး Communicate လုပ္ႏုိင္တာေၾကာင့္ပဲ။ အေ၀ဖန္ခံ၊ အဆဲဆုိခံ၊ အျပံဳးမပ်က္ဘူး။ တကယ္တမ္း အျပင္မွာ စိတ္ဆုိးခ်င္ဆုိး၊ ဆဲခ်င္ထုိင္ဆဲေနမယ္၊ ဒါေပမယ့္ အဲဒါေတြက လူမႈကြန္ရက္ေပၚ ေရာက္မလာဘူး။ ပရိသတ္ကိုခ်ဳပ္တဲ့ တစ္နည္းအားျဖင့္ ပရိသတ္ေတြနဲ႕ Engage ျဖစ္တဲ့ ပုိ႔စ္ေတြ မၾကာခဏ တင္တယ္။ ရုပ္ရွင္တစ္ကား တင္တုန္းကလည္း လူ၀င္ဖုိ႔က လိုေနတယ္၊ အဲဒီမွာ အင္တာဗ်ဴးေမးေတာ့ ပရိသတ္ကို ဘာေျပာခ်င္လဲဆုိတဲ့အခါ စိုင္းစုိင္းပရိသတ္က ဘယ္ေတာ့မွ သူ႕ကို မ်က္ႏွာငယ္ေအာင္မထားပါဘူးတဲ့ ေျဖခ်လိုက္တယ္။ ဘယ္ပရိသတ္က လာမၾကည့္ဘဲ ေနႏုိင္ပါေတာ့မလဲ။ ဒါေတြေၾကာင့္ စုိင္းစုိင္းခမ္းလိႈင္ကို သူ႕သီခ်င္းေတြ၊ ရုပ္ရွင္ေတြ မၾကိဳက္ေသာ္ျငား အေကာင္းျမင္တဲ့သူေတြ ရွိလာတယ္။

ေန႔လည္က ဗီဒီယုိတစ္ခု ၾကည့္လုိက္ရတယ္။ လီဗာပူးကစားသမား မုိဟာမက္ဆာလာအေၾကာင္း။ သူက ဘာသာတရား ကုိင္းရိႈင္းတယ္။ အေနေအးတယ္။ ၾကိဳးစားတယ္။ စိတ္အားထက္သန္တယ္။ အသင္းေဖာ္အခ်င္းခ်င္းတင္မကဘူး ျပိဳင္ဘက္ေတြအေပၚပါ ေလးစားမႈရွိတယ္။ အဲဒီဗီဒီယိုမွာ သူ ပရီးမီးယားလိဂ္ အေကာင္းဆံုးကစားသမားဆု ေရြးခ်ယ္တဲ့ အခမ္းအနားကို သြားေတာ့ အသင္းေခါင္းေဆာင္ကိုပါ အတူေခၚသြားတယ္ဆုိျပီး ေျပာျပထားတယ္။ အေၾကာင္းက သူ႕ေအာင္ျမင္မႈဟာ တစ္သင္းလံုးနဲ႔ ဆုိင္တယ္ဆုိတာကို ျပခ်င္လို႔တဲ့။ အဲဒါကို ၾကည့္လုိက္ရတဲ့ ကၽြန္ေတာ္တုိ႔က သူ႔ကို အားမေပးဘူး၊ မၾကိဳက္ဘူးဆုိေတာင္ သူ႕စိတ္ဓါတ္ေလးကို သေဘာက်သြားတယ္။ ဒါသည္ PR ပဲ။

ဦးေဇာ္ေဇာ္က သူ႕ျဖတ္သန္းမႈဆုိျပီး ဗီဒီယုိရုိက္တယ္။ အားက်တဲ့သူက က်၊ ေလးစားတဲ့သူက ေလးစား ျဖစ္ကုန္တယ္။ ေဘာလံုးပြဲေတြမွာ စိတ္အားထက္သန္မႈအျပည္႕နဲ႕ အားေပးေနတာ၊ ရံႈးသြားရင္လည္း ေဘာလံုးသမားေတြကုိ လိုက္ႏွစ္သိမ့္တာ၊ ဒါေတြကို ျမင္ေနရေတာ့ ခရိုနီခ်င္းအတူတူ သူ႕ကုိ လူအခ်စ္ဆံုးပဲ။ ဒါသည္လည္း ေျပာရမယ္ဆုိ PR ပဲ။

အေမရိကန္သမၼတေဟာင္း အုိဘားမားကို မဆီမဆုိင္ ဒီႏုိင္ငံက ကိုယ္ေတြပါ သေဘာေတြက်ေနၾကတာလည္း PR ေၾကာင့္ပဲ။ ကေလးေသးေသးေလးတစ္ေယာက္ကုိ ေခ်ာ့ျမဴေနတဲ့ပံု၊ ရဟတ္ယာဥ္ေပၚကအဆင္း မုိးရြာၾကီးထဲမွာ သူနဲ႔အတူတူပါလာတဲ့ အမ်ိဳးသမီးေတြကို ထီးမိုးေပးေနတဲ့ပံု၊ သန္႕ရွင္းေရး၀န္ထမ္းေတြနဲ႔ ႏႈတ္ဆက္ေနတဲ့ပံု၊ ဒါေတြျမင္ရတာကိုး။ ဟာ ဒီလူဟာ သိပ္ကိုမွ ႏွလံုးသားျပည့္၀ပါလားလို႕ ထင္ကုန္ၾကတာေပါ့။ တျခားဥပမာေတြလည္း အမ်ားၾကီး ရွိပါေသးတယ္။

ဟုတ္ျပီ၊ ဒါျဖင့္ PR မေကာင္းရင္ေရာ ဘာျဖစ္သလဲ။ လူထုနဲ႔ ကုိယ္နဲ႕ ဆက္ဆံေရးမေကာင္းဘူးေပါ့။ ဥပမာ အင္တာဗ်ဴးကို တစ္ခ်ိဳ႕လူေတြေရွာင္တယ္။ ဒီေတာ့ သူ႕အေၾကာင္းေတြ၊ သူလုပ္ေနတာေတြ လူမသိေတာ့ဘူး။ ကုိယ့္အဖြဲ႕အစည္း၊ ကိုယ့္လုပ္ငန္း၊ ကုိယ့္ပြဲတစ္ခုခုကို လူေတြေ၀ဖန္ေနၾကျပီဆုိ ကတ္ကတ္လန္ေအာင္ ျပန္ရန္ေတြ႕တယ္၊ အဲ့ေလာက္တတ္ေနရင္ ၀င္လုပ္ ဘာညာနဲ႕ ေျပာတယ္၊ အေၾကာင္းေတြ ေလွ်ာက္ျပတယ္၊ တစ္စက္မွ ေတာင္းပန္မယ္၊ တာ၀န္ယူမယ္ မရွိဘူး။ သတင္းစာရွင္းလင္းပြဲမွာ ေဒါသတၾကီး တံု႕ျပန္ေျဖဆုိသြားတယ္။ မိန္႔ခြန္းမွာ လူရယ္စရာျဖစ္မယ့္ အသံုးအႏႈန္းေတြ ထည္႔ေျပာတယ္။ အစုိးရအဖြဲ႕၀င္ေတြ၊ ၀န္ၾကီးေတြ၊ ေသခ်ာတာက အိမ္မွာ ကုိရီးယားကားေတြခ်ည္း ထုိင္ၾကည္႔ေနမွာေတာ့ မဟုတ္ဘူူး။ အလုပ္ေတြလုပ္ေနမယ္၊ ဒါေပမယ့္ အဲဒါကုိ လူမသိဘူး။ ဒီလိုနဲ႔ သုိက္ကလာတယ္ စကားမေျပာဘူးဆုိတာေတြ ျဖစ္ကုန္တယ္။

ေျပာခ်င္တာက PR Skill ကြာျခားမႈေၾကာင့္ တခ်ိဳ႕ေတြ အလုပ္လုပ္ပါရက္နဲ႕ မလုပ္ဘူး အျမင္ခံရတယ္။ လူရယ္စရာအျဖစ္ တံဆိပ္ကပ္ခံရတယ္။ နာမည္ပ်က္ရတယ္။ တခ်ိဳ႕ေတြက်ေတာ့လည္း လူၾကီးလူေကာင္း အထင္ခံရတယ္။ လူေလးစားခံရတယ္။ လူခ်စ္လူခင္ ပိုမ်ားတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

အဲဒီလိုျမင္တဲ့သူေတြကို သြားအျပစ္ေျပာလုိ႔ မရဘူး။ ငပိန္းေတြလို႔လည္း သတ္မွတ္လို႕မရဘူး။ ကိုယ့္ရဲ႕ Communication ညံ႕တာ၊ တစ္နည္းအားျဖင့္ PR အားနည္းတာကိုပဲ ျမင္ေအာင္ၾကည့္ၾကရမွာ ျဖစ္ပါတယ္။

ေနာက္ဆံုးအေနနဲ႕ ေျပာခ်င္တာကေတာ့ ကုိယ့္ရဲ႕ Brand ဆိုတာ ကုိယ္ကေျပာတဲ့ ကိုယ့္အေၾကာင္း မဟုတ္ပါဘူး။ သူမ်ားကေျပာတဲ့ ကုိယ့္အေၾကာင္းကသာ ကုိယ့္ Brand ပါ။ ကုိယ္မရွိတဲ့အခ်ိန္မ်ား သူတို႔ေတြ ကုိယ့္အေၾကာင္းေျပာတဲ့အခါ ဘာေတြမ်ားေျပာေနၾကမလဲ စဥ္းစားၾကည္႕ပါ။ သူတို႕ေျပာသမွ်ဟာ ကုိယ့္ Brand ပါပဲ။

အဲဒီလို ကိုယ့္အေၾကာင္းေျပာၾကတဲ့အခါ ဘာေတြေျပာေစခ်င္သလဲဆုိျပီး ပံုရိပ္တည္ေဆာက္တာသည္ PR ျဖစ္ပါတယ္။ ဘယ္သူေတြ ဘယ္လုိထင္ထင္ ဆုိတာက အခါခပ္သိမ္း မမွန္ႏုိင္ပါဘူး။ လူအမ်ားနဲ႕ ထိေတြ႕အလုပ္လုပ္ရတဲ့သူေတြကေတာ့ ဂရုစုိက္ကုိစုိက္ရပါမယ္။ ဒါေၾကာင့္ လူတုိင္းဆီက ခ်ီးက်ဴးစကားၾကားရဖုိ႕ မျဖစ္ႏုိင္ေပမယ့္ ကုိယ္ဦးတည္တဲ့ လူအုပ္စုရဲ႕ စိတ္ထဲမွာ ေကာင္းတဲ့ပံုရိပ္တစ္ခု ရွိေနဖို႔အတြက္ေတာ့ PR ဟာ သိပ္အေရးၾကီးပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Akhayar Media ကနေ စာဖတ်ပရိတ်သတ်တွေ သုတ၊ ရသနဲ့ ဗဟုသုတပိုပြီးစုံစုံလင်လင်ရနိုင်ဖို့အတွက် လက်ရှိ Akhayar အဖွဲ့သားတွေတင်ဆက်နေတဲ့ ဆောင်းပါးတွေအပြင် ဒီတစ်ပတ်ကစပြီး ပြင်ပကစာရေးဆရာတွေရဲ့ဆောင်းပါးလက်ရာကောင်းတွေကိုပါ အလျဉ်းသင့်သလိုဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အွန်လိုင်းမှာရော လူသိများတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဒေါက်တာဖြိုးသီဟရဲ့ဆောင်းပါးကောင်းတစ်ပုဒ်ကို စတင်တင်ဆက်ပေးလိုက်ပါတယ်။ ဆရာဝန်တစ်ဖြစ်လည်း စာအရေးအသားကောင်းပြီး လူငယ်တွေအတွက် ဗဟုသုတရဖွယ် ပညာပေးဆောင်းပါးတွေရေးသားတင်ဆက်လေ့ရှိတဲ့ ဒေါက်တာဖြိုးသီဟရဲ့ ဆောင်းပါးကောင်းတွေကို အခရာမှာစောင့်မျှော်ဖတ်ရှုျနိုင်ပါတယ်။

“သိထားသင့်တဲ့ PR Skill”

လက်ရှိ လှိုင်သာယာက စွန့်ပစ်အမှိုက်ပုံ မီးလောင်နေတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရရဲ့ တုံ့ပြန်မှုနှေးကွေးနေတဲ့အခါမှာ လူတွေက ဝေဖန်နေကြပါတယ်။ အဲဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ အစိုးရဟာ PR အားနည်းတယ်ဆိုပြီး ပြောနေကြတာပါပဲ။ ဒါက အရင်တုန်းကတည်းကလည်း မကြာမကြာ ကြားရတယ်။ တချို့အနုပညာရှင်တွေကိုလည်း အဲ့လိုဝေဖန်ကြတယ်။ အဲဒါနဲ့ ကျွန်တော် နားလည်ထားတဲ့ PR ဆိုတာလေးကို ဝေမျှပေးချင်မိတယ်။

PR ဆိုတာ အရှည်ကောက် Public Relations ကို ခေါ်တာပါ။ အဓိပ္ပါယ်က လူထုဆက်ဆံရေးပေါ့။ Persuasion Business စည်းရုံးစွဲဆောင်တဲ့ အလုပ်လို့လည်း ဆိုကြတယ်။ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ လူထုရဲ့အမြင်မှာ ဘယ်လိုပုံရိပ်ပေါ်စေချင်သလဲဆိုပြီး တည်ဆောက်တာကို PR လုပ်တယ်လို့ ခေါ်ပါတယ်။ မီဒီယာတွေမှာ အင်တာဗျူးဖြေတယ်၊ ကိုယ်ပိုင်ဝက်ဆိုက်၊ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ဆောင်းပါးတွေရေးတယ်၊ ထုတ်ပြန်ချက်တွေ ထုတ်တယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်တယ်၊ မိန့်ခွန်းတွေ ပြောတယ်၊ ပြဿနာတစ်ခုခုဖြစ်လာရင် ကိုယ့်အဖွဲ့အစည်းရဲ့ ပုံရိပ်မထိခိုက်အောင် စနစ်တကျ ကိုင်တွယ်တယ်၊ Brand image တည်ဆောက်တယ် စသဖြင့် ပါဝင်ပါတယ်။ တော်တော်လေးလည်း ကျယ်ပြန့်တဲ့ကိစ္စပါ။

မြင်သာတဲ့ ဥပမာလေးတွေ ပေးကြည့်ချင်တယ်။ ခီမောင်နှံရဲ့ အောင်မြင်မှုမှာ အင်တာဗျူးဖြေဆိုမှုတွေက အများကြီး သက်ရောက်မှုရှိခဲ့တယ်၊ သူတို့ ဘယ်လိုလူဆိုတာကို လူတွေက နားလည်သွားတာကိုး။ ဟာ တစ်ယောက်ကို တစ်ယောက် ချစ်လိုက်ကြတာ၊ သူတို့က ဘယ်လိုပညာတတ်တာ၊ နိုင်ငံတကာအမြင်ရှိတာ၊ ဖြေသွားတာလေးက ဘယ်လိုပညာပါတာ၊ ဇဏ်ခီလို ယောကျာ်းမျိုး၊ ခရစ္စတီးနားလို မိန်းမမျိုး စသဖြင့် ရေးကုန်ကြတယ်။ ဒီတော့ ရုပ်ရှင်က ပိုပေါက်တယ်။ ပရိသတ် ပိုရတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

နောက်ဥပမာ စိုင်းစိုင်းခမ်းလှိုင်ပေါ့။ အခွေသစ်မထွက်တာ ၅ နှစ်လောက်ကြာသွားတယ်၊ တော်ရုံအဆိုတော်ဆို ပျောက်သွားပြီ၊ ဒါပေမယ့် သူကျ အောင်မြင်နေဆဲပဲ။ ဘာလို့လဲဆိုတော့ သူ့ပရိသတ်နဲ့ အကောင်းဆုံး Communicate လုပ်နိုင်တာကြောင့်ပဲ။ အဝေဖန်ခံ၊ အဆဲဆိုခံ၊ အပြုံးမပျက်ဘူး။ တကယ်တမ်း အပြင်မှာ စိတ်ဆိုးချင်ဆိုး၊ ဆဲချင်ထိုင်ဆဲနေမယ်၊ ဒါပေမယ့် အဲဒါတွေက လူမှုကွန်ရက်ပေါ် ရောက်မလာဘူး။ ပရိသတ်ကိုချုပ်တဲ့ တစ်နည်းအားဖြင့် ပရိသတ်တွေနဲ့ Engage ဖြစ်တဲ့ ပို့စ်တွေ မကြာခဏ တင်တယ်။ ရုပ်ရှင်တစ်ကား တင်တုန်းကလည်း လူဝင်ဖို့က လိုနေတယ်၊ အဲဒီမှာ အင်တာဗျူးမေးတော့ ပရိသတ်ကို ဘာပြောချင်လဲဆိုတဲ့အခါ စိုင်းစိုင်းပရိသတ်က ဘယ်တော့မှ သူ့ကို မျက်နှာငယ်အောင်မထားပါဘူးတဲ့ ဖြေချလိုက်တယ်။ ဘယ်ပရိသတ်က လာမကြည့်ဘဲ နေနိုင်ပါတော့မလဲ။ ဒါတွေကြောင့် စိုင်းစိုင်းခမ်းလှိုင်ကို သူ့သီချင်းတွေ၊ ရုပ်ရှင်တွေ မကြိုက်သော်ငြား အကောင်းမြင်တဲ့သူတွေ ရှိလာတယ်။

နေ့လည်က ဗီဒီယိုတစ်ခု ကြည့်လိုက်ရတယ်။ လီဗာပူးကစားသမား မိုဟာမက်ဆာလာအကြောင်း။ သူက ဘာသာတရား ကိုင်းရှိုင်းတယ်။ အနေအေးတယ်။ ကြိုးစားတယ်။ စိတ်အားထက်သန်တယ်။ အသင်းဖော်အချင်းချင်းတင်မကဘူး ပြိုင်ဘက်တွေအပေါ်ပါ လေးစားမှုရှိတယ်။ အဲဒီဗီဒီယိုမှာ သူ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ရွေးချယ်တဲ့ အခမ်းအနားကို သွားတော့ အသင်းခေါင်းဆောင်ကိုပါ အတူခေါ်သွားတယ်ဆိုပြီး ပြောပြထားတယ်။ အကြောင်းက သူ့အောင်မြင်မှုဟာ တစ်သင်းလုံးနဲ့ ဆိုင်တယ်ဆိုတာကို ပြချင်လို့တဲ့။ အဲဒါကို ကြည့်လိုက်ရတဲ့ ကျွန်တော်တို့က သူ့ကို အားမပေးဘူး၊ မကြိုက်ဘူးဆိုတောင် သူ့စိတ်ဓါတ်လေးကို သဘောကျသွားတယ်။ ဒါသည် PR ပဲ။

ဦးဇော်ဇော်က သူ့ဖြတ်သန်းမှုဆိုပြီး ဗီဒီယိုရိုက်တယ်။ အားကျတဲ့သူက ကျ၊ လေးစားတဲ့သူက လေးစား ဖြစ်ကုန်တယ်။ ဘောလုံးပွဲတွေမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ အားပေးနေတာ၊ ရှုံးသွားရင်လည်း ဘောလုံးသမားတွေကို လိုက်နှစ်သိမ့်တာ၊ ဒါတွေကို မြင်နေရတော့ ခရိုနီချင်းအတူတူ သူ့ကို လူအချစ်ဆုံးပဲ။ ဒါသည်လည်း ပြောရမယ်ဆို PR ပဲ။

အမေရိကန်သမ္မတဟောင်း အိုဘားမားကို မဆီမဆိုင် ဒီနိုင်ငံက ကိုယ်တွေပါ သဘောတွေကျနေကြတာလည်း PR ကြောင့်ပဲ။ ကလေးသေးသေးလေးတစ်ယောက်ကို ချော့မြူနေတဲ့ပုံ၊ ရဟတ်ယာဉ်ပေါ်ကအဆင်း မိုးရွာကြီးထဲမှာ သူနဲ့အတူတူပါလာတဲ့ အမျိုးသမီးတွေကို ထီးမိုးပေးနေတဲ့ပုံ၊ သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ နှုတ်ဆက်နေတဲ့ပုံ၊ ဒါတွေမြင်ရတာကိုး။ ဟာ ဒီလူဟာ သိပ်ကိုမှ နှလုံးသားပြည့်ဝပါလားလို့ ထင်ကုန်ကြတာပေါ့။ တခြားဥပမာတွေလည်း အများကြီး ရှိပါသေးတယ်။

ဟုတ်ပြီ၊ ဒါဖြင့် PR မကောင်းရင်ရော ဘာဖြစ်သလဲ။ လူထုနဲ့ ကိုယ်နဲ့ ဆက်ဆံရေးမကောင်းဘူးပေါ့။ ဥပမာ အင်တာဗျူးကို တစ်ချို့လူတွေရှောင်တယ်။ ဒီတော့ သူ့အကြောင်းတွေ၊ သူလုပ်နေတာတွေ လူမသိတော့ဘူး။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လုပ်ငန်း၊ ကိုယ့်ပွဲတစ်ခုခုကို လူတွေဝေဖန်နေကြပြီဆို ကတ်ကတ်လန်အောင် ပြန်ရန်တွေ့တယ်၊ အဲ့လောက်တတ်နေရင် ဝင်လုပ် ဘာညာနဲ့ ပြောတယ်၊ အကြောင်းတွေ လျှောက်ပြတယ်၊ တစ်စက်မှ တောင်းပန်မယ်၊ တာဝန်ယူမယ် မရှိဘူး။ သတင်းစာရှင်းလင်းပွဲမှာ ဒေါသတကြီး တုံ့ပြန်ဖြေဆိုသွားတယ်။ မိန့်ခွန်းမှာ လူရယ်စရာဖြစ်မယ့် အသုံးအနှုန်းတွေ ထည့်ပြောတယ်။ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ၊ သေချာတာက အိမ်မှာ ကိုရီးယားကားတွေချည်း ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူူး။ အလုပ်တွေလုပ်နေမယ်၊ ဒါပေမယ့် အဲဒါကို လူမသိဘူး။ ဒီလိုနဲ့ သိုက်ကလာတယ် စကားမပြောဘူးဆိုတာတွေ ဖြစ်ကုန်တယ်။

ပြောချင်တာက PR Skill ကွာခြားမှုကြောင့် တချို့တွေ အလုပ်လုပ်ပါရက်နဲ့ မလုပ်ဘူး အမြင်ခံရတယ်။ လူရယ်စရာအဖြစ် တံဆိပ်ကပ်ခံရတယ်။ နာမည်ပျက်ရတယ်။ တချို့တွေကျတော့လည်း လူကြီးလူကောင်း အထင်ခံရတယ်။ လူလေးစားခံရတယ်။ လူချစ်လူခင် ပိုများတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

အဲဒီလိုမြင်တဲ့သူတွေကို သွားအပြစ်ပြောလို့ မရဘူး။ ငပိန်းတွေလို့လည်း သတ်မှတ်လို့မရဘူး။ ကိုယ့်ရဲ့ Communication ညံ့တာ၊ တစ်နည်းအားဖြင့် PR အားနည်းတာကိုပဲ မြင်အောင်ကြည့်ကြရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကိုယ့်ရဲ့ Brand ဆိုတာ ကိုယ်ကပြောတဲ့ ကိုယ့်အကြောင်း မဟုတ်ပါဘူး။ သူများကပြောတဲ့ ကိုယ့်အကြောင်းကသာ ကိုယ့် Brand ပါ။ ကိုယ်မရှိတဲ့အချိန်များ သူတို့တွေ ကိုယ့်အကြောင်းပြောတဲ့အခါ ဘာတွေများပြောနေကြမလဲ စဉ်းစားကြည့်ပါ။ သူတို့ပြောသမျှဟာ ကိုယ့် Brand ပါပဲ။

အဲဒီလို ကိုယ့်အကြောင်းပြောကြတဲ့အခါ ဘာတွေပြောစေချင်သလဲဆိုပြီး ပုံရိပ်တည်ဆောက်တာသည် PR ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုထင်ထင် ဆိုတာက အခါခပ်သိမ်း မမှန်နိုင်ပါဘူး။ လူအများနဲ့ ထိတွေ့အလုပ်လုပ်ရတဲ့သူတွေကတော့ ဂရုစိုက်ကိုစိုက်ရပါမယ်။ ဒါကြောင့် လူတိုင်းဆီက ချီးကျူးစကားကြားရဖို့ မဖြစ်နိုင်ပေမယ့် ကိုယ်ဦးတည်တဲ့ လူအုပ်စုရဲ့ စိတ်ထဲမှာ ကောင်းတဲ့ပုံရိပ်တစ်ခု ရှိနေဖို့အတွက်တော့ PR ဟာ သိပ်အရေးကြီးပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။