[Zawgyi]

ရင္ခုန္စရာေကာင္းခဲ႔တဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမ်ား

ပရိသတ္ေတြအတြက္ ေမာ္ဒန္ေဘာလံုးေလာကရဲ႕ ရင္ခုန္စရာေကာင္းခဲ႔တဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ(၅)ပြဲကို ေဖာ္ျပေပးခဲ႔ျပီးပါျပီ။ အခုထပ္ျပီး ပရိသတ္ရင္ထဲမွာ စြဲၿမဲေနဆဲျဖစ္တဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေတြကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

(၅) ဂ်ဴဗင္တပ္စ္ ႏွင္႔ ေအစီမီလန္ (၂၀၀၃) ( ၂– ၃ ပယ္နယ္တီ )

Shevchenko

Shevchenko

အီတလီကလပ္အသင္းႏွစ္သင္း ထိပ္တိုက္ေတြ႕ဆံုတဲ႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲစဥ္ျဖစ္ျပီး မန္ယူအသင္းရဲ႕ အိုးထရက္ဖို႔ဒ္ကြင္းမွာ ကစားခဲ႔တာပါ။ အႏိုင္ရလဒ္ ထြက္ေပၚဖို႔အတြက္ ပယ္နယ္တီ အဆံုးအျဖတ္ခံယူခဲ႔ၾကျပီး အိုးထရက္ဖို႔ဒ္ကြင္းမွာ ျဖစ္ေနတာေၾကာင္႔ နစၥတယ္ရိြဳင္း Nistelrooy ကိုေတာင္ လြမ္းစရာျဖစ္ခဲ႔ပါတယ္။ ပယ္နယ္တီ အဆံုးအျဖတ္မွာေတာ႔ ေအစီမီလန္ဂိုးသမား ဒီဒါ Dida ကလက္စြမ္းျပ ကာကြယ္မႈေတြျပဳလုပ္ခဲ႔ျပီး အႏိုင္ဂိ္ုး ပယ္နယ္တီကိုေတာ႔ ရွက္ဗ္ခ်င္ကို Shevchenko ကကန္သြင္းယူခဲ႔ပါတယ္။

(၄) ဘာစီလိုနာ ႏွင္႔ အာဆင္နယ္ ( ၂၀၀၆ ) ( ၂ – ၁ )

Barcelona

Barcelona

ဆိုးကမ္းဘဲလ္ Sol Campbell ရဲ႕ဦးေဆာင္ဂိုးေၾကာင္႔ အာဆင္နယ္ကို ေမွ်ာ္လင္႔ခဲ႔ၾကေပမယ္႔ အီတူး Eto’o ရဲ႕ေခ်ပဂိုးနဲ႔ ဘယ္လက္တီ Belletti ရဲ႕ အႏိုင္ဂိုးေၾကာင္႔ အာဆင္နယ္အသင္း အသည္းကြဲခဲ႔ရပါတယ္။ ေလမန္း Lehmann သာေစာေစာစီးစီး အထုတ္မခံရရင္ အာဆင္နယ္နဲ႔ အာစင္၀င္းဂါး Arsène Wenger တို႔အတြက္ ပထမဆံုးခ်န္ပီယံလိဂ္ ဆုဖလားျဖစ္လာႏိုင္တဲ႔ ပြဲပါပဲ။

(၃) ေလဗာကူဆင္ ႏွင္႔ ရီးယဲလ္မက္ဒရစ္ ( ၂၀၀၂ ) ( ၁ – ၂ )

Zidane

Zidane

ပြဲေကာင္းတစ္္ပြဲ ျဖစ္ခဲ႔ျပီး ခ်န္ပီယံလိဂ္မွာ ဘယ္ေတာ႔မွေမ႔လို႔ ရမွာမဟုတ္တဲ႔ ဂိုးကို ဇီဒန္း Zidane က Volley ကန္ခ်က္နဲ႔လွလွပပ ကန္သြင္းယူခဲ႔ပါတယ္။

(၂) ရီးယဲလ္မက္ဒရစ္ ႏွင္႔ အက္သလက္တီကို (၂၀၁၄ ) ( ၁ – ၁ ၊ ၄ – ၁ အခ်ိန္ပို )

Real-Madrid

Real-Madrid

ခ်န္ပီယံလိဂ္ရဲ႕ ရင္ခုန္စရာ မက္ဒရစ္ဒါဘီျဖစ္ခဲ႔တာပါ။ အက္သလက္တီကိုအသင္း ခ်န္ပီယံျဖစ္ျပီလို႔ ထင္ခဲ႔မိေပမယ္႔ ရာမို႔စ္ Ramos ရဲ႕ဂိုးနဲ႔ ရီးယဲလ္အသင္းျပန္လာႏိုင္ခဲ႔ပါတယ္။ အခ်ိန္ပိုမွာေတာ႔ ပြဲရဲ႕ အရာရာအားလံုးဟာ ရီးယဲလ္အသင္းအတြက္ ျဖစ္ခဲ႔ပါတယ္။

(၁) မန္ယူ ႏွင္႔ ဘိုင္ယန္ျမဴးနစ္ ( ၁၉၉၉ ) ( ၂ – ၁ )

Manchester-United

Manchester-United

မန္ယူအသင္းရဲ႕ အဲဒီအခ်ိန္က အဓိက ကြင္းလယ္အတြဲျဖစ္တဲ႔ ရိြဳင္ကိန္း Roy Keaneနဲ႔ ေပါလ္စခိုးလ္ Paul Scholes တို႔လြဲေခ်ာ္ခဲ႔တဲ႔ပြဲစဥ္ပါ။ မန္ယူအသင္းရဲ႕ ခ်န္ပီယံလိဂ္ေအာင္ပြဲေတြဟာ ရင္ခုန္စရာေကာင္းခဲ႔တာကေတာ႔ အမွန္ပါပဲ။ ပြဲခ်ိန္(၉၁)မိနစ္နဲ႔ (၉၃)မိနစ္ေတြမွာ ေဒးဗစ္ဘက္ခမ္ David Beckham ရဲ႕ေထာင္႔ကန္ေဘာကေန ရွရင္ဂမ္ Sheringham နဲ႔ ဆိုးလ္ရွားလ္ Solskjær တို႔က ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြသြင္းယူခဲ႔ၾကတာေၾကာင္႔ ဘိုင္ယန္ျမဴးနစ္အသင္းဟာ မိနစ္ပိုင္းေတြအတြင္းမွာပဲ ငုတ္တုတ္ေမ႔ခဲ႔ပါတယ္။

Photo: theresiaintan – WordPress.com , Televisa Deportes , Football Fancast , YouTube , Pinterest
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရင်ခုန်စရာကောင်းခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲများ

ပရိသတ်တွေအတွက် မော်ဒန်ဘောလုံးလောကရဲ့ ရင်ခုန်စရာကောင်းခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ(၅)ပွဲကို ဖော်ပြပေးခဲ့ပြီးပါပြီ။  အခုထပ်ပြီး ပရိသတ်ရင်ထဲမှာ စွဲမြဲနေဆဲဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၅) ဂျူဗင်တပ်စ် နှင့် အေစီမီလန် (၂၀၀၃) ( ၂– ၃ ပယ်နယ်တီ )

Shevchenko

Shevchenko

အီတလီကလပ်အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ဖြစ်ပြီး မန်ယူအသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တာပါ။ အနိုင်ရလဒ် ထွက်ပေါ်ဖို့အတွက် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ကြပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ ဖြစ်နေတာကြောင့် နစ္စတယ်ရွိုင်း Nistelrooy ကိုတောင် လွမ်းစရာဖြစ်ခဲ့ပါတယ်။ ပယ်နယ်တီ အဆုံးအဖြတ်မှာတော့ အေစီမီလန်ဂိုးသမား ဒီဒါ Dida ကလက်စွမ်းပြ ကာကွယ်မှုတွေပြုလုပ်ခဲ့ပြီး အနိုင်ဂိုး ပယ်နယ်တီကိုတော့ ရှက်ဗ်ချင်ကို Shevchenko ကကန်သွင်းယူခဲ့ပါတယ်။

(၄) ဘာစီလိုနာ နှင့် အာဆင်နယ် ( ၂၀၀၆ ) ( ၂ – ၁ )

Barcelona

Barcelona

ဆိုးကမ်းဘဲလ် Sol Campbell ရဲ့ဦးဆောင်ဂိုးကြောင့် အာဆင်နယ်ကို မျှော်လင့်ခဲ့ကြပေမယ့် အီတူး Eto’o ရဲ့ချေပဂိုးနဲ့ ဘယ်လက်တီ Belletti ရဲ့ အနိုင်ဂိုးကြောင့် အာဆင်နယ်အသင်း အသည်းကွဲခဲ့ရပါတယ်။ လေမန်း Lehmann သာစောစောစီးစီး အထုတ်မခံရရင် အာဆင်နယ်နဲ့ အာစင်ဝင်းဂါး Arsène Wenger တို့အတွက် ပထမဆုံးချန်ပီယံလိဂ် ဆုဖလားဖြစ်လာနိုင်တဲ့ ပွဲပါပဲ။

(၃) လေဗာကူဆင် နှင့် ရီးယဲလ်မက်ဒရစ် ( ၂၀၀၂ ) ( ၁ – ၂ )

Zidane

Zidane

ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ဘယ်တော့မှမေ့လို့ ရမှာမဟုတ်တဲ့ ဂိုးကို ဇီဒန်း Zidane က Volley ကန်ချက်နဲ့လှလှပပ ကန်သွင်းယူခဲ့ပါတယ်။

(၂) ရီးယဲလ်မက်ဒရစ် နှင့် အက်သလက်တီကို (၂၀၁၄ ) ( ၁ – ၁ ၊ ၄ – ၁ အချိန်ပို )

Real-Madrid

Real-Madrid

ချန်ပီယံလိဂ်ရဲ့ ရင်ခုန်စရာ မက်ဒရစ်ဒါဘီဖြစ်ခဲ့တာပါ။ အက်သလက်တီကိုအသင်း ချန်ပီယံဖြစ်ပြီလို့ ထင်ခဲ့မိပေမယ့် ရာမို့စ် Ramos ရဲ့ဂိုးနဲ့ ရီးယဲလ်အသင်းပြန်လာနိုင်ခဲ့ပါတယ်။ အချိန်ပိုမှာတော့ ပွဲရဲ့ အရာရာအားလုံးဟာ ရီးယဲလ်အသင်းအတွက် ဖြစ်ခဲ့ပါတယ်။

(၁) မန်ယူ နှင့် ဘိုင်ယန်မြူးနစ် ( ၁၉၉၉ ) ( ၂ – ၁ )

Manchester-United

Manchester-United

မန်ယူအသင်းရဲ့ အဲဒီအချိန်က အဓိက ကွင်းလယ်အတွဲဖြစ်တဲ့ ရွိုင်ကိန်း Roy Keaneနဲ့ ပေါလ်စခိုးလ် Paul Scholes တို့လွဲချော်ခဲ့တဲ့ပွဲစဉ်ပါ။ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်အောင်ပွဲတွေဟာ ရင်ခုန်စရာကောင်းခဲ့တာကတော့ အမှန်ပါပဲ။ ပွဲချိန်(၉၁)မိနစ်နဲ့ (၉၃)မိနစ်တွေမှာ ဒေးဗစ်ဘက်ခမ် David Beckham ရဲ့ထောင့်ကန်ဘောကနေ ရှရင်ဂမ် Sheringham နဲ့ ဆိုးလ်ရှားလ် Solskjær တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူခဲ့ကြတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ မိနစ်ပိုင်းတွေအတွင်းမှာပဲ ငုတ်တုတ်မေ့ခဲ့ပါတယ်။

Photo: theresiaintan – WordPress.com , Televisa Deportes , Football Fancast , YouTube , Pinterest
Ko Kyue(Akhayar)
www.akhayar.com