[ZawGyi]

Instagram မွာ အားေပးခံရဆံုး ျမန္မာႏိုင္ငံရဲ႕Top Star 4 ဦး

Instagram ဆိုတာက Facebook ၿပီးရင္ အသံုးမ်ားဆံုး လူမႈကြန္ယက္တစ္ခုပါ။ Facebook နဲ႔မတူတာက Instagram မွာ High Resolution ပံုေတြ၊ အဆင့္တန္းျမင့္လူေနမႈပံုစံေတြနဲ႔ ပိုမို Smart က်တဲ့ သံုးစြဲသူအမ်ားစု စုေဝးေနျခင္းပါ။ အဲ့ဒါမို႔လည္း Facebook နဲ႔မတူ တသီးတျခားကြဲထြက္ေနၿပီး ျပည္တြင္းေရာ ကမ႓ာေက်ာ္ Celebrity အမ်ားစုရဲ႕ Lifestyle ကို ပိုမို အနီးကပ္ ျမင္ေတြ႕ႏိုင္တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာလည္း Instagram အသံုးျပဳမႈတိုးတက္လာတာနဲ႔အမွ် ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းဆယ္လီေတြ မင္းသား၊ မင္းသမီးတို႔ ထဲထဲဝင္ဝင္သံုးစြဲလာၾကပါၿပီ။ ျမန္မာ့ Instagram နယ္ပယ္မွာေတာ့ ႏိုင္ငံတကာေလာက္ Follower မမ်ားရင္ေတာင္မွ Follower အမ်ားဆံုးဆယ္လီေတြထဲမွာ ပရိသတ္အားေပးအၾကမ္းဆံုး Top Star 4 ဦးလည္း ရွိပါေသးတယ္။ ပံုတစ္ပံုတင္လိုက္တိုင္း Like ေတြ ေသာင္းခ်ီတဲ့အထိ ပရိသတ္ေတြ ခ်စ္ခင္ႏွစ္သက္ျခင္း ခံရတဲ့ သူတို႔ (4) ေယာက္က ဘယ္သူေတြမ်ားပါလိမ့္?

(၁) ယြန္းဝတီလြင္မိုး ( yunwlm )

Follower 2သိန္းခြဲေက်ာ္ေက်ာ္ပိုင္ဆိုင္ထားၿပီး ျမန္မာႏိုင္ငံမွာ Instagram အသံုးျပဳမႈ မက်ယ္ျပန္႔ခင္တည္းက သံုးေနခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ေလးတစ္ေယာက္မို႔ လတ္တေလာ သူမရဲ႕ မဂၤလာသတင္းေတြအရေရာ၊ ခုခ်ိန္ထိ ခ်စ္စဖြယ္ေကာင္းတဲ့ အမူရာေလးေတြေၾကာင့္ပါ အခ်စ္မေလ်ာ့ဘဲ အားေပးျခင္းခံရသူပါ။

ပရိသတ္ထံမွ Like ေတြ ေသာင္းခ်ီထိ အၿမဲရၿပီး ခုလတ္တေလာ Like အမ်ားဆံုးပံုကေတာ့ လြန္ခဲ့တဲ့ ၂ရက္ကမွ တင္ထားတဲ့ သူမနဲ႔ သူမ ခ်စ္ရသူခင္ပြန္းတို႔ ကမ္းေျခမွာ တူတူ Selfie ဆြဲထားတဲ့ပံုေလးျဖစ္ၿပီး Like ေတြ ၂ေသာင္းေက်ာ္ထိ အားရပါးရအားေပးျခင္းခံထားရသူေလးပါ။ ပံုေလးကလည္း ခ်စ္စရာေလးပါပဲ။

(၂) ေရႊမႈန္ရတီ ( Shwehmoneyati )

Follower 319,000 နဲ႔ ပရိသတ္အခ်စ္ေတာ္ ေရႊမင္းသမီးေလးကေတာ့ Facebook မွာသာမက Instagram မွာပါ အသက္ရႈရပ္တန္႔ေစေလာက္တဲ့ Fashion အလန္းစားေတြနဲ႔ ပရိသတ္အာရံုကို ေႁခြခ်ႏိုင္သူပါ။

သူမရဲ႕ ပံုေလးေတြကလည္း ဘာတင္တင္ တခဲနက္အားေပးခံရၿပီး ခုေနာက္ဆံုး Like အမ်ားဆံုးပံုေလးကေတာ့ အျပံဳးခ်ိဳခ်ိဳေလးနဲ႔ အရည္ေပ်ာ္သြားေစမယ့္ သူမရဲ႕ Selfie ပံုေလးပါ။ Like ေပါင္း 17,000 ေက်ာ္နဲ႔ ပရိသတ္အားေပးၾကမ္းထားၾကတာေတြ႕ရပါတယ္။ Caption ေလးကေတာ့ “အျပံဳး စြဲလမ္းမိတဲ့ သူ႕အျပံဳး” ပါတဲ့။ ရဲရင့္ေအာင္သီခ်င္းစာသားေလးနဲ႔ တကယ္လိုက္ဖက္ေနေအာင္ကို ခ်စ္ဖို႔ေကာင္းေနတာပါ။

(၃) ဝတ္မႈန္ေရႊရည္ ( wutthmoneshweyi )

Follower 380,000 နဲ႔ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ့ ဝတ္မႈန္ေရႊရည္ဟာလည္း Facebook မွာေရာ Instagram မွာပါ ပရိသတ္ေတြ သည္းသည္းလႈပ္အားေပးျခင္းကို ခံရသူပါ။

သူမဟာလည္း Instagram မွာပါ နာမည္ႀကီးသူျဖစ္ၿပီး မၾကာေသးခင္ကမွ သူမရဲ႕တစ္ဦးတည္းေသာအခ်စ္ဆံုးညီမေလး နဒီေရႊရည္ မဂၤလာေဆာင္သြားခဲ့တာနဲ႔ပတ္သက္ၿပီး Instagram မွာ မွ်ေဝထားခဲ့တဲ့ ပံုေလးက အမႀကီးတစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကို တစိမ့္စိမ့္ခံစားရေစၿပီး ၾကည့္သူတိုင္းကိုပါ ပီတိျဖာေစခဲ့လို႔ ပရိသတ္ေတြရဲ႕ Like ေပါင္း 14,000 ေက်ာ္နဲ႔ သူမရဲ႕ပံုေတြထဲမွာ လတ္တေလာ Like အမ်ားဆံုး ရၿပီး တခဲနက္အားေပးျခင္းကိုခံခဲ့ရသူပါ။ ပံုေလးကလည္း ၾကည္ႏူးစရာေလးပါပဲ။

(၄) ေနျခည္ဦး ( Beautybynaychi )

Follower 163,000 ထိ ရွိၿပီး Social Media ကို အလႈပ္ခတ္ေစႏိုင္ဆံုး ျမန္မာႏိုင္ငံရဲ႕ Top Star တစ္ေယာက္လည္းျဖစ္၊ Beauty Blogger လည္းျဖစ္တဲ့ ေနျခည္ဦးဟာဆိုရင္လည္း သူမရဲ႕ တမူထူးျခားတဲ့ Fashion ေတြ၊ အလွအပေတြ၊ Activities ေတြေၾကာင့္ အၿမဲလိုလို ပရိသတ္အားေပးျခင္းကို ခံရသူပါ။

သူမကို အားေပးတဲ့ Fan ေတြကလည္း Instagram ထိပါ အခိုင္အမာရွိၿပီး ခုလတ္တေလာ Like အမ်ားဆံုးရထားတဲ့ပံုေလးကေတာ့ ေဖေဖာ္ဝါရီလ 19 ရက္ေန႔က တင္ထားတဲ့ ထူးလိေမၼာ္ျခံထဲက ပံုေလးပါ။ သဘာဝဆန္ဆန္ေလးနဲ႔ ေနေရာင္ေလးေတြၾကား ၾကည့္လို႔ေကာင္းေနၿပီး Like ေတြလည္း 10,000 ေက်ာ္ထိ အားေပးျခင္း ခံထားရတဲ့ပံုေလးပါပဲ။ သေဘာက်စရာေလးပါ။

ႏိုင္ငံတကာနဲ႔ ယွဥ္ရင္ေတာ့ ဒီေလာက္ Fan မမ်ားေသးေပမယ့္ ေခသူေတြမဟုတ္တဲ့ တကယ့္ Top Star ေတြပါပဲ။ ဒီထဲမွာ ကိုယ့္အႀကိဳက္ဆံုးသူေတြေရာ ပါရဲ႕လား? ေျဖသြားေပးၾကဦးေနာ္။

Fashion အက်ဆံုး မိန္းကေလးေတြရဲ႕ ဝတ္စားဆင္ယင္မႈ၊ lifestyle ေတြကိုလည္း တစ္ေနရာတည္းမွာ ေဝေဝဆာဆာၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Akhayar Lifestyle Instagram ေလးကို Follow လုပ္ထားၿပီး ဘယ္ပြဲလမ္းသဘင္ ဘယ္ေနရာအေနအထားနဲ႔ ဘယ္လို Fashion မ်ိဳးက အလိုက္ဖက္ဆံုးလဲဆိုတာ ဝင္ေလ့လာလို႔ရေနၿပီေနာ္။ တစ္ေနရာတည္းမွာဘဲ Fashion အက်ဆံုး မိန္းကေလးေတြကို စုစည္းေပးထားတာမို႔ Fashion Inspiration တစ္ခုအေနနဲ႔ မိန္းကေလးေတြ ေသခ်ာေပါက္ Followထားသင့္တာအမွန္ပါပဲ။

EiEiKhineMinn ( Akhayar )

[Unicode]

Instagram မှာ အားပေးခံရဆုံး မြန်မာနိုင်ငံရဲ့Top Star 4 ဦး

Instagram ဆိုတာက Facebook ပြီးရင် အသုံးများဆုံး လူမှုကွန်ယက်တစ်ခုပါ။ Facebook နဲ့မတူတာက Instagram မှာ High Resolution ပုံတွေ၊ အဆင့်တန်းမြင့်လူနေမှုပုံစံတွေနဲ့ ပိုမို Smart ကျတဲ့ သုံးစွဲသူအများစု စုဝေးနေခြင်းပါ။ အဲ့ဒါမို့လည်း Facebook နဲ့မတူ တသီးတခြားကွဲထွက်နေပြီး ပြည်တွင်းရော ကမ္ဘာကျော် Celebrity အများစုရဲ့ Lifestyle ကို ပိုမို အနီးကပ် မြင်တွေ့နိုင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း Instagram အသုံးပြုမှုတိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆယ်လီတွေ မင်းသား၊ မင်းသမီးတို့ ထဲထဲဝင်ဝင်သုံးစွဲလာကြပါပြီ။ မြန်မာ့ Instagram နယ်ပယ်မှာတော့ နိုင်ငံတကာလောက် Follower မများရင်တောင်မှ Follower အများဆုံးဆယ်လီတွေထဲမှာ ပရိသတ်အားပေးအကြမ်းဆုံး Top Star 4 ဦးလည်း ရှိပါသေးတယ်။ ပုံတစ်ပုံတင်လိုက်တိုင်း Like တွေ သောင်းချီတဲ့အထိ ပရိသတ်တွေ ချစ်ခင်နှစ်သက်ခြင်း ခံရတဲ့ သူတို့ (4) ယောက်က ဘယ်သူတွေများပါလိမ့်?

(၁) ယွန်းဝတီလွင်မိုး ( yunwlm )

Follower 2သိန်းခွဲကျော်ကျော်ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာ Instagram အသုံးပြုမှု မကျယ်ပြန့်ခင်တည်းက သုံးနေခဲ့တဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်မို့ လတ်တလော သူမရဲ့ မင်္ဂလာသတင်းတွေအရရော၊ ခုချိန်ထိ ချစ်စဖွယ်ကောင်းတဲ့ အမူရာလေးတွေကြောင့်ပါ အချစ်မလျော့ဘဲ အားပေးခြင်းခံရသူပါ။

ပရိသတ်ထံမှ Like တွေ သောင်းချီထိ အမြဲရပြီး ခုလတ်တလော Like အများဆုံးပုံကတော့ လွန်ခဲ့တဲ့ ၂ရက်ကမှ တင်ထားတဲ့ သူမနဲ့ သူမ ချစ်ရသူခင်ပွန်းတို့ ကမ်းခြေမှာ တူတူ Selfie ဆွဲထားတဲ့ပုံလေးဖြစ်ပြီး Like တွေ ၂သောင်းကျော်ထိ အားရပါးရအားပေးခြင်းခံထားရသူလေးပါ။ ပုံလေးကလည်း ချစ်စရာလေးပါပဲ။

(၂) ရွှေမှုန်ရတီ ( Shwehmoneyati )

Follower 319,000 နဲ့ ပရိသတ်အချစ်တော် ရွှေမင်းသမီးလေးကတော့ Facebook မှာသာမက Instagram မှာပါ အသက်ရှုရပ်တန့်စေလောက်တဲ့ Fashion အလန်းစားတွေနဲ့ ပရိသတ်အာရုံကို ခြွေချနိုင်သူပါ။

သူမရဲ့ ပုံလေးတွေကလည်း ဘာတင်တင် တခဲနက်အားပေးခံရပြီး ခုနောက်ဆုံး Like အများဆုံးပုံလေးကတော့ အပြုံးချိုချိုလေးနဲ့ အရည်ပျော်သွားစေမယ့် သူမရဲ့ Selfie ပုံလေးပါ။ Like ပေါင်း 17,000 ကျော်နဲ့ ပရိသတ်အားပေးကြမ်းထားကြတာတွေ့ရပါတယ်။ Caption လေးကတော့ “အပြုံး စွဲလမ်းမိတဲ့ သူ့အပြုံး” ပါတဲ့။ ရဲရင့်အောင်သီချင်းစာသားလေးနဲ့ တကယ်လိုက်ဖက်နေအောင်ကို ချစ်ဖို့ကောင်းနေတာပါ။

(၃) ဝတ်မှုန်ရွှေရည် ( wutthmoneshweyi )

Follower 380,000 နဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ဟာလည်း Facebook မှာရော Instagram မှာပါ ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခြင်းကို ခံရသူပါ။

သူမဟာလည်း Instagram မှာပါ နာမည်ကြီးသူဖြစ်ပြီး မကြာသေးခင်ကမှ သူမရဲ့တစ်ဦးတည်းသောအချစ်ဆုံးညီမလေး နဒီရွှေရည် မင်္ဂလာဆောင်သွားခဲ့တာနဲ့ပတ်သက်ပြီး Instagram မှာ မျှဝေထားခဲ့တဲ့ ပုံလေးက အမကြီးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို တစိမ့်စိမ့်ခံစားရစေပြီး ကြည့်သူတိုင်းကိုပါ ပီတိဖြာစေခဲ့လို့ ပရိသတ်တွေရဲ့ Like ပေါင်း 14,000 ကျော်နဲ့ သူမရဲ့ပုံတွေထဲမှာ လတ်တလော Like အများဆုံး ရပြီး တခဲနက်အားပေးခြင်းကိုခံခဲ့ရသူပါ။ ပုံလေးကလည်း ကြည်နူးစရာလေးပါပဲ။

(၄) နေခြည်ဦး ( Beautybynaychi )

Follower 163,000 ထိ ရှိပြီး Social Media ကို အလှုပ်ခတ်စေနိုင်ဆုံး မြန်မာနိုင်ငံရဲ့ Top Star တစ်ယောက်လည်းဖြစ်၊ Beauty Blogger လည်းဖြစ်တဲ့ နေခြည်ဦးဟာဆိုရင်လည်း သူမရဲ့ တမူထူးခြားတဲ့ Fashion တွေ၊ အလှအပတွေ၊ Activities တွေကြောင့် အမြဲလိုလို ပရိသတ်အားပေးခြင်းကို ခံရသူပါ။

သူမကို အားပေးတဲ့ Fan တွေကလည်း Instagram ထိပါ အခိုင်အမာရှိပြီး ခုလတ်တလော Like အများဆုံးရထားတဲ့ပုံလေးကတော့ ဖေဖော်ဝါရီလ 19 ရက်နေ့က တင်ထားတဲ့ ထူးလိမ္မော်ခြံထဲက ပုံလေးပါ။ သဘာဝဆန်ဆန်လေးနဲ့ နေရောင်လေးတွေကြား ကြည့်လို့ကောင်းနေပြီး Like တွေလည်း 10,000 ကျော်ထိ အားပေးခြင်း ခံထားရတဲ့ပုံလေးပါပဲ။ သဘောကျစရာလေးပါ။

နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ ဒီလောက် Fan မများသေးပေမယ့် ခေသူတွေမဟုတ်တဲ့ တကယ့် Top Star တွေပါပဲ။ ဒီထဲမှာ ကိုယ့်အကြိုက်ဆုံးသူတွေရော ပါရဲ့လား? ဖြေသွားပေးကြဦးနော်။

Fashion အကျဆုံး မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှု၊ lifestyle တွေကိုလည်း တစ်နေရာတည်းမှာ ဝေဝေဆာဆာကြည့်ချင်တယ်ဆိုရင်တော့ Akhayar Lifestyle Instagram လေးကို Follow လုပ်ထားပြီး ဘယ်ပွဲလမ်းသဘင် ဘယ်နေရာအနေအထားနဲ့ ဘယ်လို Fashion မျိုးက အလိုက်ဖက်ဆုံးလဲဆိုတာ ဝင်လေ့လာလို့ရနေပြီနော်။ တစ်နေရာတည်းမှာဘဲ Fashion အကျဆုံး မိန်းကလေးတွေကို စုစည်းပေးထားတာမို့ Fashion Inspiration တစ်ခုအနေနဲ့ မိန်းကလေးတွေ သေချာပေါက် Followထားသင့်တာအမှန်ပါပဲ။