[Zaw Gyi]

Time ရဲ႕လႊမ္းမိုးမႈအရွိဆံုးလူ ၁၀၀ ထဲမွာပါဝင္လာတဲ႔ Deepika Padukone

Time ရဲ႕ The Most Influential People of 2018 ရဲ႕ Artists Category ေအာက္မွာပါဝင္လာသူကေတာ႔ ဒီဗီကာပဲျဖစ္ပါတယ္။ ဒီဗီကာဟာ သူမရဲ႕အလွအပ၊ သရုပ္ေဆာင္ပီျပင္မႈေတြၾကာင္႔ေက်ာ္ၾကားသလို ေလးစားအားက်စရာ သူမရဲ႕ၾကိဳးစားမႈေတြေၾကာင္႔လည္း ပိုျပီးအခ်စ္ေတြရခဲ႔သူပါ။ ဒီႏွစ္အတြင္းထြက္ရွိလာတဲ႔ ‘Padmavati’ ရုပ္ရွင္ကားၾကီးကလည္း သူမကိုသမိုင္းမွတ္တိုင္တစ္ခုျဖစ္ေစခဲ႔တာကိုလည္းေတြ႔ရမွာပါ။ သူမဟာ ၂၀၁၈ ရဲ႕ လႊမ္းမိုးမႈအရွိဆံုးသရုပ္ေဆာင္စာရင္းမွာအခုပါဝင္လာခဲ႔ေပမယ္႔ တကယ္တမ္းမွာေတာ႔သူမဟာ ဟိုအရင္ကတည္းက တစ္ကမၻာလံုးကလူေတြကို လႊမ္းမိုးႏိုင္ခဲ႔သူလုိ႔ဆုိၾကမွာပါ။ ႏိုင္ငံတကာထိထုိးေဖာက္ျပီးေအာင္ျမင္မႈရႏိုင္တဲ႔ အိႏၵိယအႏုပညာရွင္ေတြထဲမွာ ဒီဗီကာကထိပ္တန္းတစ္ေယာက္အျဖစ္ပါဝင္ပါတယ္။ မင္းသားမင္းသမီးေတြကို ဘုရားတစ္ဆူလုိကိုးကြယ္တဲ႔ ေဘာလိဝုဒ္မွာေတာ႔ သူမကအရိပ္တၾကည္႔ၾကည္႔ခ်စ္ခံရတဲ႔ အႏုပညာဘုရင္မတစ္ပါးျဖစ္ျပီး အႏုပညာေၾကးအျမင္႔ဆံုးရတဲ႔အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

deepika padukone

deepika padukone

ငယ္ဘဝ

ဒီဗီကာကို Copenhagen, Denmark မွာ ၁၉၈၆ ခုနစ္ ဇန္နဝါရီလ ၅ ရက္ေန႔ကေမြးဖြားခဲ႔တာျဖစ္ပါတယ္။ ဒါေၾကာင္႔ လက္ရွိသူမအသက္ ၃၂ ႏွစ္ရွိပါျပီ။ ဟိႏၵဴဘာသာဝင္ျဖစ္ျပီး အေဖက နာမည္ၾကီး ဘက္မင္တံကစားသမားျဖစ္ပါတယ္။ ဒိန္းမတ္မွာေမြးျပီး အိႏၵိယမွာၾကီးျပင္းခဲ႔တဲ႔သူမက ငယ္စဥ္ကေလးဘဝမွာေတာ႔ ေဖေဖ႔လုိပဲ ကမၻာအဆင္႔ဘက္မင္တံကစားသမားတစ္ေယာက္ျဖစ္ခ်င္တယ္လုိ႔ဆုိခဲ႔သူေပါ႔။

Deepika-Padukone-childhood-photo

Deepika-Padukone-childhood-photo

ဒါေပမဲ႔ အရြယ္ေရာက္လာခ်ိန္ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္လာခဲ႔ေလေတာ႔ သူမရဲ႕အားကစားသမား Career ဟာ တျဖည္းျဖည္းေမွးမွိန္လို႔ သြားပါေတာ႔တယ္။ ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္စတင္ခဲ႔တဲ႔သူမရဲ႕ အႏုပညာခရီးလမ္းဟာေျဖာင္႔ျဖဴးခဲ႔ျပီး Fashion Show ေတြကိုလည္း ဒိတ္ဒိတ္ၾကဲ ပြဲေတြမွာခ်ည္းေလွ်ာက္ခဲ႔ရသူပါ။ တကၠသိုလ္ကိုေတာ႔ Sociology ဘာသာရပ္နဲ႔ေက်ာင္းဝင္ခြင္႔ရခဲ႔ေပမယ္႔ ေမာ္ဒယ္လ္ေလာကမွာေအာင္ျမင္ေနခ်ိန္ဆုိေတာ႔ ပညာေရးကိုဦးစားမေပးႏိုင္ခဲ႔တဲ႔ အေျခအေနျဖစ္ခဲ႔ပါတယ္။ ကံေကာင္းတဲ႔သူမက Lakme Fashion Week မွာ ရိႈးေလွ်ာက္ခဲ႔ရသလုိ Kingfisher ျပကၡဒိန္မွာလည္း ပါဝင္ခြင္႔ရခဲ႔ျပန္ပါတယ္။ ျပီးေတာ႔ ‘Naam Hai Tera’ ဆုိတဲ႔ ဂီတဗီဒီယိုမွာ သူမရဲ႕အလွအပနဲ႔ သရုပ္ေဆာင္အရည္အေသြးေတြကို ျပသခြင္႔ရျပန္ပါတယ္။ အဲဒီအခ်ိန္ကာလမွာေတာ႔ ဒီလုိလႈပ္ရွားခြင္႔ရတာနဲ႔တင္လူေတြအားလံုးသတိထားမိျပီး တန္းတစ္ခုျမင္႔သြားတဲ႔အခ်ိန္ျဖစ္ပါတယ္။

ေအာင္ျမင္တဲ႔အႏုပညာရွင္အျဖစ္သို႔

deepika padukone

deepika padukone

အခ်ိန္အခါေကာင္းကိုသိတဲ႔ ဒီဗီကာဟာ Anupam Kher Film Academy မွာသရုပ္ေဆာင္သင္တန္းတက္ျပီး ၂၀၀၆ ခုနစ္မွာ ‘Aishwarya’ ကိုစရုိက္ပါတယ္။ ဒီရုပ္ရွင္ဟာ ေငြေရးေၾကးေရးအျမတ္အစြန္းမ်ားခဲ႔ပါတယ္။ အဲဒီေနာက္မွာသူမဟာ ‘Happy New Year’မွာဆက္လက္ပါဝင္ခြင္႔ရခဲ႔ပါတယ္။ ‘Om Shanti Om’ မွာေတာ႔ မင္းသားၾကီးရွရြတ္ခန္းနဲ႔တြဲဖက္ခြင္႔ရျပီး ေအာင္ျမင္မႈအၾကီးၾကီးရလာပါတယ္။ ‘Bachna Ae Haseeno’, ‘Chandni Chowk to China’ , ‘Love Aaj Kal’ ရုပ္ရွင္ေတြေၾကာင္႔ နာမည္တစ္ဟုန္ထိုးတက္လာခဲ႔ပါတယ္။ ဒါေပမဲ႔ ၂၀၁၀ ၊ ၂၀၁၁ မွာေတာ႔ သူမအေနနဲ႔ ကံအည႔ံေတြၾကံဳလာရတဲ႔အခ်ိန္လို႔ဆိုရမွာပါ။

ရွရြတ္ခန္နဲ႔

ရွရြတ္ခန္နဲ႔

သူမရိုက္တဲ႔ဇာတ္ကားေတြဟာ ေပါက္လည္းမေပါက္ နာမည္လည္းမရနဲ႔သူမရဲ႕ ေအာင္ျမင္မႈေတြတျဖည္းျဖည္းေမွးမွိန္သြားေတာ႔မလုိျဖစ္ခဲ႔ရတဲ႔အခ်ိန္ေတြပါ။ ဒါေပမဲ႔ ၂၀၁၂ မွာေတာ႔ ‘Cocktail’ ကိုရိုက္ျပီး သူမရဲ႕အႏုပညာလမ္းေၾကာင္းကိုတည္႔မတ္ႏိုင္ခဲ႔ပါတယ္။ ၂၀၁၃ ကေတာ႔ ဒီဗီကာအတြက္ကံတရားကျပန္လည္မ်က္ႏွာသာေပးလာတဲ႔ခုနစ္ပါ။ ‘Race 2’ , ‘Yeh Jawaani Hai Deewani’, ‘Chennai Express’, ‘Goliyon Ki Raasleela Ram-Leela’ စတဲ႔ဇာတ္ကားေတြဆက္တုိက္ရိုက္ျပီး ေဘာလိဝုဒ္ရဲ႕ဘုရင္မေနရာကို ခိုင္ခိုင္မာမာရခဲ႔ပါေတာ႔တယ္။ ‘Kochadaiiyaan’ ကို ၂၀၁၄ မွာရိုက္ခဲ႔ျပီး ‘Happy New Year’ထြက္လာျပန္ေတာ႔သူမဟာ ပိုျပီးလင္းလက္ေတာက္ပလာေတာ႔တာပါပဲ။

bajirao-mastani-poster

bajirao-mastani-poster

သမိုင္းရုပ္ရွင္ ‘Bajirao Mastani’ မွာ သူမက Bajirao ရဲ႕ဒုတိယဇနီးအျဖစ္ပါဝင္ခဲ႔ျပီး ဒီရုပ္ရွင္အတြက္ ျမင္းစီး၊ ဓားခုတ္ ကိုကၽြမ္းကၽြမ္းက်င္က်င္ျဖစ္ေအာင္သင္ခဲ႔ရပါတယ္။ အဲဒီရုပ္ရွင္ဟာ ၂၀၁၅ ခုနစ္မွာ စတုတၳအဆင္႔ဝင္ေငြအမ်ားဆံုးရခဲ႔တဲ႔ရုပ္ရွင္ပါ။

xXx: Return of Xander Cage

xXx: Return of Xander Cage

၂၀၁၇ ကေတာ႔ ေဘာလိဝုဒ္ကေန ေဟာလိဝုဒ္တက္လွမ္းတဲ႔အခ်ိန္ပါပဲ။ မင္းသားၾကီး Vin Diesel နဲ႔အတူ ‘xXx: Return of Xander Cage’မွာပါဝင္ရိုက္ကူးခြင္႔ရခဲ႔တာမုိ႔ သူမအတြက္ေတာ႔ ဂုဏ္ယူစရာမွတ္တိုင္တစ္ခုကိုေဆာက္တည္ႏိုင္ခဲ႔တဲ႔ႏွစ္ပါ။ ၂၀၁၈ ဟာလည္းသူမအတြက္ စိုးရိမ္ရမႈနဲ႔အတူ ေအာင္ျမင္မႈမွတ္တိုင္ စိုက္ထူႏိုင္ခဲ႔တဲ႔ႏွစ္ျဖစ္ျပန္ပါတယ္။ ျခိမ္းေျခာက္ခံရမႈေတြ ပိတ္ပင္ခံရမႈေတြနဲ႔ လူေတြစိတ္ဝင္စားမႈအမ်ားဆံုးရခဲ႔တဲ႔ ‘Padmavati’ ရုပ္ရွင္ကားမွာ သူမကေခါင္းေဆာင္မင္းသမီးအေနနဲ႔ပါဝင္ခဲ႔ျပီး ဒီရုပ္ရွင္ဟာဘယ္ေလာက္ထိဟုန္းဟုန္းေတာက္ ေအာင္ျမင္ခဲ႔တယ္ဆိုတာ အားလံုးလည္းေတြ႔ျမင္ၾကျပီးျဖစ္မွာပါ။

Padmavati

Padmavati

ထူးခၽြန္ဆုမ်ား

ဒီဗီကာဟာ ၾသဇာအာဏာၾကီးျပီး ဂုဏ္သိကၡာရွိတဲ႔အဖြဲ႕အစည္းေတြ မီဒီယာေတြကေပးအပ္တဲ႔ထူးခၽြန္ဆုေတြအမ်ားၾကီးကိုလည္း ပိုင္ဆိုင္ထားပါတယ္။ ‘Om Shanti Om’ (2008) အတြက္ Best Female Debut ဆု၊ ‘Goliyon Ki Raasleela: Ram-Leela’ (2014) နဲ႔ ‘Piku’ (2016) အတြက္ Best Actress ဆု ေတြရခဲ႔သလုိ ‘Most Desirable Woman’ ၊ ‘World’s Sexiest Woman’ ၊ ‘Most Beautiful Woman’ ဆိုတဲ႔ဘြဲ႔ေတြကေတာ႔ သူမရဲ႕အလွဘုရင္မဘြဲ႔ေတြပါပဲ။

Piku-Movie-Poster

Piku-Movie-Poster

အလွအပထိန္းသိမ္းနည္း

ဒီလိုအလွဘုရင္မဘြဲ႔ေတြကိုပိုင္ဆိုင္ထားတဲ႔သူမမွာ တင္႔တယ္လွပျခင္းအတြက္စည္းမ်ဥ္းေတြကလည္းအမ်ားၾကီးပါ။ ထူထဲရွည္လ်ားတဲ႔ဆံပင္ေတြအတြက္ေတာ႔ သူမဟာငယ္ငယ္ကတည္းကရိုးရာနည္းကိုသာသံုးပါတယ္။ တစ္ပတ္မွာတစ္ၾကိမ္ဆံပင္ကို အုန္းဆီစစ္စစ္လိမ္းျပီးဦးေရျပားကို ႏွိပ္နယ္ေလ႔ရွိပါတယ္တဲ႔။ SPF ပါတဲ႔ Moisturizer အျမဲလိမ္းသလိုအိမ္ေရာက္တာနဲ႔ မိတ္ကပ္ေသေသခ်ာခ်ာဖ်က္ျပီး Hydrating Cream လိမ္းေလ႔ရွိတယ္လို႔ဆုိပါတယ္။ Spa မွာအႏွိပ္ခံရတာသေဘာက်ျပီး မၾကာခဏဆုိသလို Spa သြားကာ Relax ျဖစ္ေအာင္လည္းေနတယ္လို႔ဆုိပါတယ္။ ငယ္ငယ္တည္းက ဘက္မင္တံရိုက္တဲ႔သူမက Fitness နဲ႔ပတ္သက္ရင္လည္း အရမ္းကို စည္းစနစ္ၾကီးသူပါ။ Gym မွာ Pilates နဲ႔ Stretching Exercises ေတြလုပ္ပါတယ္။ ေလ႔က်င္႔ခန္းကို နည္းလမ္းတက်ပံုမွန္ေလ႔က်င္႔ေလ႔ရွိျပီး အစားအေသာက္ကိုလည္း အထူးဂရုစိုက္တယ္လုိ႔ ဆိုထားပါေသးတယ္။

အခ်စ္ေရး

ဒီဗီကာဟာ မင္းသား Ranbir Kapoor နဲ႔ခ်စ္သူျဖစ္ခဲ႔ေပမယ္႔  Ranbir Kapoorကေဖာက္ျပန္တဲ႔အတြက္ လမ္းခြဲလိုက္ၾကပါတယ္။ သူတုိ႔ႏွစ္ဦးခ်စ္သူျဖစ္စဥ္ကေတာ႔ အားလံုးကခ်စ္ၾကတဲ႔ လွ်မ္းလွ်မ္းေတာက္အႏုပညာရွင္စံုတြဲေပါ႔။ လမ္းခြဲသတင္းၾကားရျပန္ေတာ႔ အားလံုးကဒီဗီကာအတြက္ စိတ္မေကာင္းျဖစ္ခဲ႔ၾကပါတယ္။

ranbir-kapoor-deepika-padukone

ranbir-kapoor-deepika-padukone

လက္ရွိမွာေတာ႔ သူမဟာ ‘Padmavati’ ရုပ္ရွင္ကားမွာအတူတြဲဖက္သရုပ္ေဆာင္ထားတဲ႔ မင္းသား Ranveer Singh နဲ႔ခ်စ္သူျဖစ္ေနျပီး သူမရဲ႕အျပံဳးအေပ်ာ္ပံုေလးေတြအရ ေတာ္ေတာ္ေလးအဆင္ေျပသာယာတဲ႔အခ်စ္ေရးကိုပိုင္ဆုိင္ထားႏိုင္တယ္ဆုိတာ သိသာေနပါတယ္။ ေသခ်ာတာကေတာ႔ သူမကိုအခ်စ္စစ္နဲ႔ခ်စ္သူကို ေတြ႔ေနရတာမို႔ အခ်စ္ေရးကံေကာင္းလာခဲ႔ပါျပီ။ သူတုိ႔ႏွစ္ဦးလက္ထပ္ပြဲဆင္ႏႊဲေတာ႔မယ္လို႔ ေကာလာဟလေတြထြက္လာခဲ႔ေပမယ္႔ သူတုိ႔ကေတာ႔ျငင္းဆုိထားပါေသးတယ္။ ရည္းစားေဟာင္း Ranbir Kapoor နဲ႔ခြဲခြာစဥ္ကေတာ႔ အမုန္းတရားေတြနဲ႔ျပတ္စဲခဲ႔ၾကေပမယ္႔လက္ရွိမွာေတာ႔ အႏုပညာေမာင္ႏွမခ်င္းခြင္႔လႊတ္နားလည္မႈနဲ႔အတူ အလုပ္ေတြတြဲဖက္လုပ္ေဆာင္သြားဖုိ႔ရွိတယ္လုိ႔ သိရပါတယ္ေနာ္။

လက္ရွိခ်စ္သူRanveer-Singh

လက္ရွိခ်စ္သူRanveer-Singh

ကဲ…ၾကိဳးစားမႈေတြမေလွ်ာ႔တဲ႔ အလွဘုရင္မေလး ဒီဗီကာ၊ အဆင္းေရာအခ်င္းပါျပည္႔စံုတဲ႔ သူမရဲ႕ေနာက္ထပ္အႏုပညာလႈပ္ရွားမႈေတြကို ထပ္ျပီးတင္ဆက္ေပးပါဦးမယ္။ သူမကိုအေၾကြၾကီးေၾကြေနတဲ႔ သူငယ္ခ်င္းေတြရွိရင္ မန္းရွင္းေခၚေပးလုိက္ပါဦးေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

Time ရဲ့လွှမ်းမိုးမှုအရှိဆုံးလူ ၁၀၀ ထဲမှာပါဝင်လာတဲ့ Deepika Padukone

Time ရဲ့ The Most Influential People of 2018 ရဲ့ Artists Category အောက်မှာပါဝင်လာသူကတော့ ဒီဗီကာပဲဖြစ်ပါတယ်။ ဒီဗီကာဟာ သူမရဲ့အလှအပ၊ သရုပ်ဆောင်ပီပြင်မှုတွေကြာင့်ကျော်ကြားသလို လေးစားအားကျစရာ သူမရဲ့ကြိုးစားမှုတွေကြောင့်လည်း ပိုပြီးအချစ်တွေရခဲ့သူပါ။ ဒီနှစ်အတွင်းထွက်ရှိလာတဲ့ ‘Padmavati’ ရုပ်ရှင်ကားကြီးကလည်း သူမကိုသမိုင်းမှတ်တိုင်တစ်ခုဖြစ်စေခဲ့တာကိုလည်းတွေ့ရမှာပါ။ သူမဟာ ၂၀၁၈ ရဲ့ လွှမ်းမိုးမှုအရှိဆုံးသရုပ်ဆောင်စာရင်းမှာအခုပါဝင်လာခဲ့ပေမယ့် တကယ်တမ်းမှာတော့သူမဟာ ဟိုအရင်ကတည်းက တစ်ကမ္ဘာလုံးကလူတွေကို လွှမ်းမိုးနိုင်ခဲ့သူလို့ဆိုကြမှာပါ။ နိုင်ငံတကာထိထိုးဖောက်ပြီးအောင်မြင်မှုရနိုင်တဲ့ အိန္ဒိယအနုပညာရှင်တွေထဲမှာ ဒီဗီကာကထိပ်တန်းတစ်ယောက်အဖြစ်ပါဝင်ပါတယ်။ မင်းသားမင်းသမီးတွေကို ဘုရားတစ်ဆူလိုကိုးကွယ်တဲ့ ဘောလိဝုဒ်မှာတော့ သူမကအရိပ်တကြည့်ကြည့်ချစ်ခံရတဲ့ အနုပညာဘုရင်မတစ်ပါးဖြစ်ပြီး အနုပညာကြေးအမြင့်ဆုံးရတဲ့အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

deepika padukone

deepika padukone

ငယ်ဘဝ

ဒီဗီကာကို Copenhagen, Denmark မှာ ၁၉၈၆ ခုနစ် ဇန်နဝါရီလ ၅ ရက်နေ့ကမွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိသူမအသက် ၃၂ နှစ်ရှိပါပြီ။ ဟိန္ဒူဘာသာဝင်ဖြစ်ပြီး အဖေက နာမည်ကြီး ဘက်မင်တံကစားသမားဖြစ်ပါတယ်။ ဒိန်းမတ်မှာမွေးပြီး အိန္ဒိယမှာကြီးပြင်းခဲ့တဲ့သူမက ငယ်စဉ်ကလေးဘဝမှာတော့ ဖေဖေ့လိုပဲ ကမ္ဘာအဆင့်ဘက်မင်တံကစားသမားတစ်ယောက်ဖြစ်ချင်တယ်လို့ဆိုခဲ့သူပေါ့။

Deepika-Padukone-childhood-photo

Deepika-Padukone-childhood-photo

ဒါပေမဲ့ အရွယ်ရောက်လာချိန်မော်ဒယ်လ်တစ်ယောက်ဖြစ်လာခဲ့လေတော့ သူမရဲ့အားကစားသမား Career ဟာ တဖြည်းဖြည်းမှေးမှိန်လို့ သွားပါတော့တယ်။ မော်ဒယ်လ်တစ်ယောက်အဖြစ်စတင်ခဲ့တဲ့သူမရဲ့ အနုပညာခရီးလမ်းဟာဖြောင့်ဖြူးခဲ့ပြီး Fashion Show တွေကိုလည်း ဒိတ်ဒိတ်ကြဲ ပွဲတွေမှာချည်းလျှောက်ခဲ့ရသူပါ။ တက္ကသိုလ်ကိုတော့ Sociology ဘာသာရပ်နဲ့ကျောင်းဝင်ခွင့်ရခဲ့ပေမယ့် မော်ဒယ်လ်လောကမှာအောင်မြင်နေချိန်ဆိုတော့ ပညာရေးကိုဦးစားမပေးနိုင်ခဲ့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ကံကောင်းတဲ့သူမက Lakme Fashion Week မှာ ရှိုးလျှောက်ခဲ့ရသလို Kingfisher ပြက္ခဒိန်မှာလည်း ပါဝင်ခွင့်ရခဲ့ပြန်ပါတယ်။ ပြီးတော့ ‘Naam Hai Tera’ ဆိုတဲ့ ဂီတဗီဒီယိုမှာ သူမရဲ့အလှအပနဲ့ သရုပ်ဆောင်အရည်အသွေးတွေကို ပြသခွင့်ရပြန်ပါတယ်။ အဲဒီအချိန်ကာလမှာတော့ ဒီလိုလှုပ်ရှားခွင့်ရတာနဲ့တင်လူတွေအားလုံးသတိထားမိပြီး တန်းတစ်ခုမြင့်သွားတဲ့အချိန်ဖြစ်ပါတယ်။

အောင်မြင်တဲ့အနုပညာရှင်အဖြစ်သို့

deepika padukone

deepika padukone

အချိန်အခါကောင်းကိုသိတဲ့ ဒီဗီကာဟာ Anupam Kher Film Academy မှာသရုပ်ဆောင်သင်တန်းတက်ပြီး ၂၀၀၆ ခုနစ်မှာ ‘Aishwarya’ ကိုစရိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ ငွေရေးကြေးရေးအမြတ်အစွန်းများခဲ့ပါတယ်။ အဲဒီနောက်မှာသူမဟာ ‘Happy New Year’မှာဆက်လက်ပါဝင်ခွင့်ရခဲ့ပါတယ်။ ‘Om Shanti Om’ မှာတော့ မင်းသားကြီးရှရွတ်ခန်းနဲ့တွဲဖက်ခွင့်ရပြီး အောင်မြင်မှုအကြီးကြီးရလာပါတယ်။ ‘Bachna Ae Haseeno’, ‘Chandni Chowk to China’ , ‘Love Aaj Kal’ ရုပ်ရှင်တွေကြောင့် နာမည်တစ်ဟုန်ထိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ၊ ၂၀၁၁ မှာတော့ သူမအနေနဲ့ ကံအညံ့တွေကြုံလာရတဲ့အချိန်လို့ဆိုရမှာပါ။

ရှရွတ်ခန်နဲ့

ရှရွတ်ခန်နဲ့

သူမရိုက်တဲ့ဇာတ်ကားတွေဟာ ပေါက်လည်းမပေါက် နာမည်လည်းမရနဲ့သူမရဲ့ အောင်မြင်မှုတွေတဖြည်းဖြည်းမှေးမှိန်သွားတော့မလိုဖြစ်ခဲ့ရတဲ့အချိန်တွေပါ။ ဒါပေမဲ့ ၂၀၁၂ မှာတော့ ‘Cocktail’ ကိုရိုက်ပြီး သူမရဲ့အနုပညာလမ်းကြောင်းကိုတည့်မတ်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ကတော့ ဒီဗီကာအတွက်ကံတရားကပြန်လည်မျက်နှာသာပေးလာတဲ့ခုနစ်ပါ။ ‘Race 2’ , ‘Yeh Jawaani Hai Deewani’, ‘Chennai Express’, ‘Goliyon Ki Raasleela Ram-Leela’ စတဲ့ဇာတ်ကားတွေဆက်တိုက်ရိုက်ပြီး ဘောလိဝုဒ်ရဲ့ဘုရင်မနေရာကို ခိုင်ခိုင်မာမာရခဲ့ပါတော့တယ်။ ‘Kochadaiiyaan’ ကို ၂၀၁၄ မှာရိုက်ခဲ့ပြီး ‘Happy New Year’ထွက်လာပြန်တော့သူမဟာ ပိုပြီးလင်းလက်တောက်ပလာတော့တာပါပဲ။

bajirao-mastani-poster

bajirao-mastani-poster

သမိုင်းရုပ်ရှင် ‘Bajirao Mastani’ မှာ သူမက Bajirao ရဲ့ဒုတိယဇနီးအဖြစ်ပါဝင်ခဲ့ပြီး ဒီရုပ်ရှင်အတွက် မြင်းစီး၊ ဓားခုတ် ကိုကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင်သင်ခဲ့ရပါတယ်။ အဲဒီရုပ်ရှင်ဟာ ၂၀၁၅ ခုနစ်မှာ စတုတ္ထအဆင့်ဝင်ငွေအများဆုံးရခဲ့တဲ့ရုပ်ရှင်ပါ။

xXx: Return of Xander Cage

xXx: Return of Xander Cage

၂၀၁၇ ကတော့ ဘောလိဝုဒ်ကနေ ဟောလိဝုဒ်တက်လှမ်းတဲ့အချိန်ပါပဲ။ မင်းသားကြီး Vin Diesel နဲ့အတူ ‘xXx: Return of Xander Cage’မှာပါဝင်ရိုက်ကူးခွင့်ရခဲ့တာမို့ သူမအတွက်တော့ ဂုဏ်ယူစရာမှတ်တိုင်တစ်ခုကိုဆောက်တည်နိုင်ခဲ့တဲ့နှစ်ပါ။ ၂၀၁၈ ဟာလည်းသူမအတွက် စိုးရိမ်ရမှုနဲ့အတူ အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့နှစ်ဖြစ်ပြန်ပါတယ်။ ခြိမ်းခြောက်ခံရမှုတွေ ပိတ်ပင်ခံရမှုတွေနဲ့ လူတွေစိတ်ဝင်စားမှုအများဆုံးရခဲ့တဲ့ ‘Padmavati’ ရုပ်ရှင်ကားမှာ သူမကခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ခဲ့ပြီး ဒီရုပ်ရှင်ဟာဘယ်လောက်ထိဟုန်းဟုန်းတောက် အောင်မြင်ခဲ့တယ်ဆိုတာ အားလုံးလည်းတွေ့မြင်ကြပြီးဖြစ်မှာပါ။

Padmavati

Padmavati

ထူးချွန်ဆုများ

ဒီဗီကာဟာ သြဇာအာဏာကြီးပြီး ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းတွေ မီဒီယာတွေကပေးအပ်တဲ့ထူးချွန်ဆုတွေအများကြီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ‘Om Shanti Om’ (2008) အတွက် Best Female Debut ဆု၊ ‘Goliyon Ki Raasleela: Ram-Leela’ (2014) နဲ့ ‘Piku’ (2016) အတွက် Best Actress ဆု တွေရခဲ့သလို ‘Most Desirable Woman’ ၊ ‘World’s Sexiest Woman’ ၊ ‘Most Beautiful Woman’ ဆိုတဲ့ဘွဲ့တွေကတော့ သူမရဲ့အလှဘုရင်မဘွဲ့တွေပါပဲ။

Piku-Movie-Poster

Piku-Movie-Poster

အလှအပထိန်းသိမ်းနည်း

ဒီလိုအလှဘုရင်မဘွဲ့တွေကိုပိုင်ဆိုင်ထားတဲ့သူမမှာ တင့်တယ်လှပခြင်းအတွက်စည်းမျဉ်းတွေကလည်းအများကြီးပါ။ ထူထဲရှည်လျားတဲ့ဆံပင်တွေအတွက်တော့ သူမဟာငယ်ငယ်ကတည်းကရိုးရာနည်းကိုသာသုံးပါတယ်။ တစ်ပတ်မှာတစ်ကြိမ်ဆံပင်ကို အုန်းဆီစစ်စစ်လိမ်းပြီးဦးရေပြားကို နှိပ်နယ်လေ့ရှိပါတယ်တဲ့။ SPF ပါတဲ့ Moisturizer အမြဲလိမ်းသလိုအိမ်ရောက်တာနဲ့ မိတ်ကပ်သေသေချာချာဖျက်ပြီး Hydrating Cream လိမ်းလေ့ရှိတယ်လို့ဆိုပါတယ်။ Spa မှာအနှိပ်ခံရတာသဘောကျပြီး မကြာခဏဆိုသလို Spa သွားကာ Relax ဖြစ်အောင်လည်းနေတယ်လို့ဆိုပါတယ်။ ငယ်ငယ်တည်းက ဘက်မင်တံရိုက်တဲ့သူမက Fitness နဲ့ပတ်သက်ရင်လည်း အရမ်းကို စည်းစနစ်ကြီးသူပါ။ Gym မှာ Pilates နဲ့ Stretching Exercises တွေလုပ်ပါတယ်။ လေ့ကျင့်ခန်းကို နည်းလမ်းတကျပုံမှန်လေ့ကျင့်လေ့ရှိပြီး အစားအသောက်ကိုလည်း အထူးဂရုစိုက်တယ်လို့ ဆိုထားပါသေးတယ်။

အချစ်ရေး

ဒီဗီကာဟာ မင်းသား Ranbir Kapoor နဲ့ချစ်သူဖြစ်ခဲ့ပေမယ့်  Ranbir Kapoorကဖောက်ပြန်တဲ့အတွက် လမ်းခွဲလိုက်ကြပါတယ်။ သူတို့နှစ်ဦးချစ်သူဖြစ်စဉ်ကတော့ အားလုံးကချစ်ကြတဲ့ လျှမ်းလျှမ်းတောက်အနုပညာရှင်စုံတွဲပေါ့။ လမ်းခွဲသတင်းကြားရပြန်တော့ အားလုံးကဒီဗီကာအတွက် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ranbir-kapoor-deepika-padukone

ranbir-kapoor-deepika-padukone

လက်ရှိမှာတော့ သူမဟာ ‘Padmavati’ ရုပ်ရှင်ကားမှာအတူတွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသား Ranveer Singh နဲ့ချစ်သူဖြစ်နေပြီး သူမရဲ့အပြုံးအပျော်ပုံလေးတွေအရ တော်တော်လေးအဆင်ပြေသာယာတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားနိုင်တယ်ဆိုတာ သိသာနေပါတယ်။ သေချာတာကတော့ သူမကိုအချစ်စစ်နဲ့ချစ်သူကို တွေ့နေရတာမို့ အချစ်ရေးကံကောင်းလာခဲ့ပါပြီ။ သူတို့နှစ်ဦးလက်ထပ်ပွဲဆင်နွှဲတော့မယ်လို့ ကောလာဟလတွေထွက်လာခဲ့ပေမယ့် သူတို့ကတော့ငြင်းဆိုထားပါသေးတယ်။ ရည်းစားဟောင်း Ranbir Kapoor နဲ့ခွဲခွာစဉ်ကတော့ အမုန်းတရားတွေနဲ့ပြတ်စဲခဲ့ကြပေမယ့်လက်ရှိမှာတော့ အနုပညာမောင်နှမချင်းခွင့်လွှတ်နားလည်မှုနဲ့အတူ အလုပ်တွေတွဲဖက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်နော်။

လက်ရှိချစ်သူRanveer-Singh

လက်ရှိချစ်သူRanveer-Singh

ကဲ…ကြိုးစားမှုတွေမလျှော့တဲ့ အလှဘုရင်မလေး ဒီဗီကာ၊ အဆင်းရောအချင်းပါပြည့်စုံတဲ့ သူမရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကို ထပ်ပြီးတင်ဆက်ပေးပါဦးမယ်။ သူမကိုအကြွေကြီးကြွေနေတဲ့ သူငယ်ချင်းတွေရှိရင် မန်းရှင်းခေါ်ပေးလိုက်ပါဦးနော်။

ဂျူဂျူး(Akhayar)

www.akhayar.com