[ZawGyi]

အံ့ၾသမင္သက္ရမယ့္ Chanel ရဲ႕ အခမ္းနားဆံုး Fashion Show မ်ား

အေနာက္ႏိုင္ငံ Fashion ေလာကတစ္ခုလံုးရဲ႕ အသက္ဟာ Season အလိုက္ Fall၊ Summer၊ Winter Fashion Show ေတြနဲ႔ Designer’s Collection Fashion Show ပြဲေတြပါပဲ။ ႏွစ္တိုင္း၊ ရာသီတိုင္း၊ Collection တစ္ခုထြက္တိုင္း Runway ေလွ်ာက္လမ္းကအစ အဝတ္အစား Fashion တင္သာမက စင္ျမင့္ကိုပါ အခမ္းနားဆံုး အဆန္းၾကယ္ဆံုး တည္ေဆာက္ထားၾကတာမို႔ အလွအပနဲ႔ Fashion အတြက္သာမက မ်က္စိပသာဒပါျဖစ္ေစ ရင္သပ္ရႈေမာေစတာအမွန္ပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

Show တစ္ခုနဲ႔တစ္ခုမတူညီေအာင္ပိုၿပီးဆန္းသစ္ေအာင္ တီထြင္လာၾကရာမွ ခုဆိုရင္ေတာ့ မ်က္ေတာင္မခတ္မိခ်င္ေလာက္ေအာင္ စိတ္ဝင္တစား တီထြင္ထားတဲ့ေလွ်ာက္လမ္းမေတြ စင္အျပင္ဆင္ေတြက အမိုက္စားပါပဲ။ အဲ့ထဲကမွ အထူးျခားအဆန္းၾကယ္ဆံုး မထင္မွတ္ထားေလာက္တဲ့ စင္ျမင့္အဆန္းႀကီးေတြနဲ႔ ပရိသတ္အာရံုဖမ္းစားႏိုင္ဆံုးထဲမွာ Chanel ရဲ႕ Fashion Shows ေတြကေတာ့ စိတ္ဝင္စားမႈအမ်ားဆံုးပါပဲ။ အံ့ၾသမင္သက္ေလာက္ေစမယ့္ Chanel ရဲ႕ အလန္းဆံုး Show ေတြကေတာ့-

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၁) Chanel Space Station Show at Fall 2017 Fashion Week

Chanel ရဲ႕ ေနာက္ဆံုးပြဲသိမ္း က်င္းပထားတဲ့ Paris Fashion Week Fall 2017 Show မွာေတာ့ Chanel ရဲ႕ ကိုယ္ပိုင္အာကာသယာဥ္စခန္းႀကီးတစ္ခုအျဖစ္ အတတ္ႏိုင္ဆံုးပံုတူတည္ေဆာက္ထားတဲ့ Runway ႀကီးနဲ႔ Paris ၿမိဳ႕ရဲ႕ အထင္ကရ Grand Palais မွာ ခမ္းခမ္းနားနားက်င္းပသြားတာ ျဖစ္ပါတယ္။ ဒံုးပ်ံေတြ တက္လႊတ္သြားပံုေတြ၊ မီးခိုးေငြ႕ေတြၾကား Fashion Model ေတြ ရဲ႕ပံုရိပ္ေတြဟာ ၾကည့္ရဆန္းၾကယ္ေနေစခဲ့ပါတယ္။

Chanel Space Station Show at Fall 2017 Fashion Week

(၂) Chanel Fall/Winter 2008

Chanel ရဲ႕ ဒီ Show ပြဲႀကီးဟာလည္း Paris ရဲ႕ Grand Palais မွာပဲ က်င္းပခဲ့တာျဖစ္ၿပီး ပရိသတ္ပတ္ပတ္လည္ဝန္းရံထားတဲ့အလယ္မွာမွ ေလဆိပ္ပစၥည္းတင္တဲ့ Carousel သဖြယ္ Chanel ရဲ႕ ပုလဲ၊ ေက်ာက္မ်က္ရတနာပံုစံေတြ ပံုေဖာ္အလွဆင္ထားၿပီး Chanel ထုတ္ကုန္ ဖိနပ္၊ အိတ္၊ Accessories ေတြ ပံုေဖာ္ထားတဲ့အလွအပေတြနဲ႔ ဝန္းရံထားတာ အံ့ၾသစရာပါပဲ။

Chanel Fall/Winter 2008

(၃) Chanel Fall/Winter 2010

Chanel ရဲ႕ Fall/Winter 2010 ပံုကေတာ့ ၾကည့္လိုက္ရံုနဲ႔တင္ ခ်မ္းဆိမ့္ေနတဲ့ ေျမာက္ဝင္႐ိုးစြန္းေရခဲကမ႓ာထဲေရာက္သြားသလို ခံစားရေစမယ့္ Fashion Show ႀကီးပါ။ အဲ့လို ေရခဲအစစ္ေတြနဲ႔ တည္ေဆာက္ဖို႔ Designer ေတြကိုယ္တိုင္ အခန္းအပူခ်ိန္ေတြေသခ်ာညွိ၊ ၆ရက္ေလာက္ အခ်ိန္ေပးၿပီး ေရခဲေတြ သယ္ယူတည္ေဆာက္ခဲ့ရတာပါ။

Chanel Fall/Winter 2010

(၄) Metiers D’Art 2011

Chanel ရဲ႕ ဒီပြဲကိုေတာ့ အိႏၵိယနန္းေတာ္ႀကီးအျဖစ္ပံုေဖာ္ကာ ဗိသုကာပညာရွင္ေတြနဲ႔ အကုန္အက်ခံတည္ေဆာက္ထားခဲ့တာျဖစ္ၿပီး ေလွ်ာက္လမ္းမရဲ႕ ေဘးတစ္ဖက္စီမွာလည္း သစ္သီးေတြ၊ ပန္းေတြ၊ စင္ေတြနဲ႔ ဖေယာင္းတိုင္ေတြကိုပါ အလွဆင္ထားတာပါ။ တကယ့္ကို ခမ္းခမ္းနားနားပါပဲ။

Metiers D’Art 2011

(၅) Cruise 2015

ဒီပြဲကိုေတာ့ ဒူဘိုင္းမွာစတင္လုပ္ဖို႔စီစဥ္ခဲ့ၿပီး အစပထမကေတာ့ ပြဲက်င္းပမယ့္ေနရာေရြးခ်ယ္ရခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ Chanel ရဲ႕ အမွတ္အသားျဖစ္တဲ့ ပုလဲနဲ႔ ေက်ာက္မ်က္ရတနာေတြကို ကိုယ္စားျပဳတဲ့အေနနဲ႔ ပုလဲတူးေဖာ္ေရးစက္ရံုႀကီးတစ္ရံုကို အခမ္းနားဆံုးဖန္တီးခဲ့ပါတယ္။ ၂လေက်ာ္ၾကာၿပီး US$.7 သန္းေက်ာ္ကုန္ခဲ့ပါတယ္။

Cruise 2015

(၆) Couture Fall/Winter 2013

တစ္ခုခ်ီးက်ဴးစရာေကာင္းလြန္းတာက Chanel ရဲ႕ Show တိုင္းဟာ ေငြေၾကးေျမာက္ျမားစြာအကုန္အက်ခံၿပီး အေသးစိတ္ဖန္တီးထားတာမို႔ Show ပြဲတစ္ပြဲအေနနဲ႔ Fashion ေတြပါျမင္ရတာမဟုတ္ဘဲ ခံစားခ်က္အသစ္အဆန္းေတြကိုပါေပးစြမ္းႏိုင္ပါတယ္။ ဒီ Fall/Winter 2013 ဟာဆိုရင္လည္း ဗံုးဒဏ္သင့္ထားတဲ့ ျပခန္းတစ္ခုပံုစံပံုေဖာ္ထားၿပီး အပ်က္အစီးအၿပိဳအလဲေတြကို ဆန္းၾကယ္စြာ အခ်ိန္ယူတည္ေဆာက္ထားတာပါ။

Couture Fall/Winter 2013

(၇) Spring/Summer 2015

ဒီ 2015 ပြဲမွာေတာ့ Fashion အျပင္ မူဝါဒလႈပ္ရွားမႈေတြဆိုင္ရာကိုပါ တြဲဖက္ပံုေဖာ္လာၾကၿပီး Show ပြဲတစ္ခုလံုးကို ပြဲဆူေစတဲ့ပံုစံမ်ိဳးျဖစ္ေအာင္ အမ်ိဳးသမီးထုတစ္ရပ္လံုး ဆိုင္းဘုတ္မ်ား၊ ေဆာင္ပုဒ္မ်ားနဲ႔ လူ႔အခြင့္အေရး အျပည့္အဝေတာင္းဆိုေနဟန္ကို Fashion ေတြနဲ႔ တြဲဖက္ပံုေဖာ္ထားတာျဖစ္ပါတယ္။

Spring/Summer 2015

ကမ႓ာ႔အေနာက္ျခမ္းက ႏိုင္ငံေတြကေတာ့ Fashion နဲ႔ပတ္သက္ရင္ အေလးအနက္ထားလြန္းၿပီး ပိုမိုျမင့္မားတဲ့လူေနမႈစနစ္ကို တခမ္းတနားပံုေဖာ္လာၾကတာကို ဒီလိုတခမ္းတနားျပင္ဆင္ထားတဲ့ Runway Setting ေတြကို ၾကည့္ရံုနဲ႔တင္ အတုယူႏိုင္ေနပါၿပီ။

EiEiKhineMinn ( Akhayar )
[Unicode]

အံ့သြမင်သက်ရမယ့် Chanel ရဲ့ အခမ်းနားဆုံး Fashion Show များ

အနောက်နိုင်ငံ Fashion လောကတစ်ခုလုံးရဲ့ အသက်ဟာ Season အလိုက် Fall၊ Summer၊ Winter Fashion Show တွေနဲ့ Designer’s Collection Fashion Show ပွဲတွေပါပဲ။ နှစ်တိုင်း၊ ရာသီတိုင်း၊ Collection တစ်ခုထွက်တိုင်း Runway လျှောက်လမ်းကအစ အဝတ်အစား Fashion တင်သာမက စင်မြင့်ကိုပါ အခမ်းနားဆုံး အဆန်းကြယ်ဆုံး တည်ဆောက်ထားကြတာမို့ အလှအပနဲ့ Fashion အတွက်သာမက မျက်စိပသာဒပါဖြစ်စေ ရင်သပ်ရှုမောစေတာအမှန်ပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

Show တစ်ခုနဲ့တစ်ခုမတူညီအောင်ပိုပြီးဆန်းသစ်အောင် တီထွင်လာကြရာမှ ခုဆိုရင်တော့ မျက်တောင်မခတ်မိချင်လောက်အောင် စိတ်ဝင်တစား တီထွင်ထားတဲ့လျှောက်လမ်းမတွေ စင်အပြင်ဆင်တွေက အမိုက်စားပါပဲ။ အဲ့ထဲကမှ အထူးခြားအဆန်းကြယ်ဆုံး မထင်မှတ်ထားလောက်တဲ့ စင်မြင့်အဆန်းကြီးတွေနဲ့ ပရိသတ်အာရုံဖမ်းစားနိုင်ဆုံးထဲမှာ Chanel ရဲ့ Fashion Shows တွေကတော့ စိတ်ဝင်စားမှုအများဆုံးပါပဲ။ အံ့သြမင်သက်လောက်စေမယ့် Chanel ရဲ့ အလန်းဆုံး Show တွေကတော့-

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

(၁) Chanel Space Station Show at Fall 2017 Fashion Week

Chanel ရဲ့ နောက်ဆုံးပွဲသိမ်း ကျင်းပထားတဲ့ Paris Fashion Week Fall 2017 Show မှာတော့ Chanel ရဲ့ ကိုယ်ပိုင်အာကာသယာဉ်စခန်းကြီးတစ်ခုအဖြစ် အတတ်နိုင်ဆုံးပုံတူတည်ဆောက်ထားတဲ့ Runway ကြီးနဲ့ Paris မြို့ရဲ့ အထင်ကရ Grand Palais မှာ ခမ်းခမ်းနားနားကျင်းပသွားတာ ဖြစ်ပါတယ်။ ဒုံးပျံတွေ တက်လွှတ်သွားပုံတွေ၊ မီးခိုးငွေ့တွေကြား Fashion Model တွေ ရဲ့ပုံရိပ်တွေဟာ ကြည့်ရဆန်းကြယ်နေစေခဲ့ပါတယ်။

Chanel Space Station Show at Fall 2017 Fashion Week

(၂) Chanel Fall/Winter 2008

Chanel ရဲ့ ဒီ Show ပွဲကြီးဟာလည်း Paris ရဲ့ Grand Palais မှာပဲ ကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်ပတ်ပတ်လည်ဝန်းရံထားတဲ့အလယ်မှာမှ လေဆိပ်ပစ္စည်းတင်တဲ့ Carousel သဖွယ် Chanel ရဲ့ ပုလဲ၊ ကျောက်မျက်ရတနာပုံစံတွေ ပုံဖော်အလှဆင်ထားပြီး Chanel ထုတ်ကုန် ဖိနပ်၊ အိတ်၊ Accessories တွေ ပုံဖော်ထားတဲ့အလှအပတွေနဲ့ ဝန်းရံထားတာ အံ့သြစရာပါပဲ။

Chanel Fall/Winter 2008

(၃) Chanel Fall/Winter 2010

Chanel ရဲ့ Fall/Winter 2010 ပုံကတော့ ကြည့်လိုက်ရုံနဲ့တင် ချမ်းဆိမ့်နေတဲ့ မြောက်ဝင်ရိုးစွန်းရေခဲကမ္ဘာထဲရောက်သွားသလို ခံစားရစေမယ့် Fashion Show ကြီးပါ။ အဲ့လို ရေခဲအစစ်တွေနဲ့ တည်ဆောက်ဖို့ Designer တွေကိုယ်တိုင် အခန်းအပူချိန်တွေသေချာညှိ၊ ၆ရက်လောက် အချိန်ပေးပြီး ရေခဲတွေ သယ်ယူတည်ဆောက်ခဲ့ရတာပါ။

Chanel Fall/Winter 2010

(၄) Metiers D’Art 2011

Chanel ရဲ့ ဒီပွဲကိုတော့ အိန္ဒိယနန်းတော်ကြီးအဖြစ်ပုံဖော်ကာ ဗိသုကာပညာရှင်တွေနဲ့ အကုန်အကျခံတည်ဆောက်ထားခဲ့တာဖြစ်ပြီး လျှောက်လမ်းမရဲ့ ဘေးတစ်ဖက်စီမှာလည်း သစ်သီးတွေ၊ ပန်းတွေ၊ စင်တွေနဲ့ ဖယောင်းတိုင်တွေကိုပါ အလှဆင်ထားတာပါ။ တကယ့်ကို ခမ်းခမ်းနားနားပါပဲ။

Metiers D’Art 2011

(၅) Cruise 2015

ဒီပွဲကိုတော့ ဒူဘိုင်းမှာစတင်လုပ်ဖို့စီစဉ်ခဲ့ပြီး အစပထမကတော့ ပွဲကျင်းပမယ့်နေရာရွေးချယ်ရခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် Chanel ရဲ့ အမှတ်အသားဖြစ်တဲ့ ပုလဲနဲ့ ကျောက်မျက်ရတနာတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ပုလဲတူးဖော်ရေးစက်ရုံကြီးတစ်ရုံကို အခမ်းနားဆုံးဖန်တီးခဲ့ပါတယ်။ ၂လကျော်ကြာပြီး US$.7 သန်းကျော်ကုန်ခဲ့ပါတယ်။

Cruise 2015

(၆) Couture Fall/Winter 2013

တစ်ခုချီးကျူးစရာကောင်းလွန်းတာက Chanel ရဲ့ Show တိုင်းဟာ ငွေကြေးမြောက်မြားစွာအကုန်အကျခံပြီး အသေးစိတ်ဖန်တီးထားတာမို့ Show ပွဲတစ်ပွဲအနေနဲ့ Fashion တွေပါမြင်ရတာမဟုတ်ဘဲ ခံစားချက်အသစ်အဆန်းတွေကိုပါပေးစွမ်းနိုင်ပါတယ်။ ဒီ Fall/Winter 2013 ဟာဆိုရင်လည်း ဗုံးဒဏ်သင့်ထားတဲ့ ပြခန်းတစ်ခုပုံစံပုံဖော်ထားပြီး အပျက်အစီးအပြိုအလဲတွေကို ဆန်းကြယ်စွာ အချိန်ယူတည်ဆောက်ထားတာပါ။

Couture Fall/Winter 2013

(၇) Spring/Summer 2015

ဒီ 2015 ပွဲမှာတော့ Fashion အပြင် မူဝါဒလှုပ်ရှားမှုတွေဆိုင်ရာကိုပါ တွဲဖက်ပုံဖော်လာကြပြီး Show ပွဲတစ်ခုလုံးကို ပွဲဆူစေတဲ့ပုံစံမျိုးဖြစ်အောင် အမျိုးသမီးထုတစ်ရပ်လုံး ဆိုင်းဘုတ်များ၊ ဆောင်ပုဒ်များနဲ့ လူ့အခွင့်အရေး အပြည့်အဝတောင်းဆိုနေဟန်ကို Fashion တွေနဲ့ တွဲဖက်ပုံဖော်ထားတာဖြစ်ပါတယ်။

Spring/Summer 2015

ကမ္ဘာ့အနောက်ခြမ်းက နိုင်ငံတွေကတော့ Fashion နဲ့ပတ်သက်ရင် အလေးအနက်ထားလွန်းပြီး ပိုမိုမြင့်မားတဲ့လူနေမှုစနစ်ကို တခမ်းတနားပုံဖော်လာကြတာကို ဒီလိုတခမ်းတနားပြင်ဆင်ထားတဲ့ Runway Setting တွေကို ကြည့်ရုံနဲ့တင် အတုယူနိုင်နေပါပြီ။

EiEiKhineMinn ( Akhayar )