[Zawgyi]

Plastic Surgery လုပ္ၿပီး Barbie႐ုပ္အသြင္ေျပာင္းခဲ့တဲ့ မိန္းကေလးမ်ား

ငယ္စဥ္ကေလးဘဝအရြယ္က Barbie ကားေလးေတြၾကည့္ရင္း ျပစ္မ်ိဳးမွဲ႕မထင္သြယ္လ်လွပတဲ့ Barbie အ႐ုပ္မေလးလို ခ်စ္ဖို႔ေကာင္းၿပီး ေခ်ာေမာခ်င္တဲ့စိတ္ဟာ မိန္းကေလးတိုင္းရင္ထဲ ခိုေအာင္းခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကိုယ့္နဂိုမူလ႐ုပ္သြင္ကိုစြန္႔လႊတ္ၿပီး Barbie အ႐ုပ္မေလးေတြလို အသြင္ေျပာင္းဖို႔ကက် ေတာ္ေတာ့္ကိုမလြယ္တဲ့ အေျခအေနမ်ိဳးပါ။

သက္ရွိဘာဘီ႐ုပ္မ်ိဳးနဲ႔တူဖို႔ ခႏၶာကိုယ္အသားေတြခြဲစိတ္၊ အနာက်င္ခံရမယ့္အျပင္ ေငြေၾကးအေနနဲ႔လည္း သိန္းေပါင္းမ်ားစြာကုန္က်ႏိုင္တာမို႔ လွခ်င္ေပမယ့္ မစြန္႔စားသင့္တဲ့ ႐ူးမိုက္မိုက္လုပ္ရပ္ပါ။ ဒါေပမယ့္ ဒီလိုစြန္႔စားမႈေတြကို မရမကျပဳလုပ္ခဲ့ၿပီး ကိုယ့္နဂိုမူလ႐ုပ္သြင္ကိုစြန္႔လႊတ္ခဲ့တဲ့ သက္ရွိအ႐ုပ္မေလးေတြလည္း အမ်ားအျပားေပၚထြက္ခဲ့ပါတယ္။ သူတို႔ကေတာ့-

(၁) Valeria Lukyanova

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ယူကရိန္းေမာ္ဒယ္ေလး Vakeria ကေတာ့ သူမရဲ႕ Barbie အ႐ုပ္မေလးလို မ်က္ႏွာသြင္ျပင္နဲ႔ ခႏၶာကိုယ္အခ်ိဳးအစားေၾကာင့္ လူမႈကြန္ရက္တစ္ခြင္ နာမည္ႀကီးခဲ့သူပါ။ အ႐ုပ္အစစ္နဲ႔ ခြ်တ္စြပ္တူတဲ့သူမကေတာ့ ဒီပလတ္စတစ္ဆာဂ်ရီခြဲစိတ္မႈေတြလုပ္ဖို႔ ေဒၚလာေငြေၾကးအမ်ားႀကီးကုန္က်ခဲ့ရပါတယ္။

(၂) Angelica Kenova

အသက္ ၃၀ ႏွစ္ရွိၿပီျဖစ္တဲ့ Angelica ဟာလည္း ေသးသြယ္လြန္းတဲ့ခါး၊ အ႐ုပ္မေလးလို ခ်စ္ဖို႔ေကာင္းလြန္းတဲ့ မ်က္ႏွာေလးနဲ႔ လူတိုင္းခ်စ္ခင္ခံရသူပါ။ သူမဒီလို သက္ရွိBarbie ပံုစံအသြင္ေျပာင္းခဲ့ရတဲ့အေၾကာင္းရင္းကေတာ့ ငယ္ငယ္တည္းက မိဘေတြကမင္းသမီးေလးတစ္ပါးလို အလိုလိုက္ထားခဲ့တာေၾကာင့္လို႔ေျပာပါတယ္။ သူမကေတာ့ ခြဲစိတ္မႈေတြလံုးဝမလုပ္ခဲ့ဘူးလို႔ အေၾကာက္အကန္ျငင္းခဲ့ေပမယ့္ မ်က္ႏွာေျပာင္းလဲမႈေတြကအစ သိသာေနပါတယ္။ ခုခ်ိန္မွာေတာ့ Photo Model လုပ္ေနပါၿပီ။

(၃) Lolita Richi

အသက္ ငယ္ငယ္ မိန္းမပ်ိဳေလး Lolita ဟာလည္း ဘာခြဲစိတ္မႈတစ္ခုမွမလုပ္ထားပါဘူးလို႔ ျငင္းဆန္ထားသူပါ။ စိတ္ပညာရွင္တစ္ေယာက္ျဖစ္ခ်င္ခဲ့သူ Lolita ဟာ သူမရဲ႕ အလွအပေၾကာင့္လည္း ေအာင္ျမင္ေက်ာ္ၾကားခ်င္သူပါ။ သူမကေတာ့ ဒီလိုပံုစံမ်ိဳးရဖို႔ မိတ္ကပ္နဲ႔ အသြင္ေျပာင္းထားတာလို႔ ဆိုခဲ့ပါတယ္။

(၄) Anastasiya Shpagina

အသက္ ၂၆ ဝန္းက်င္ရွိတဲ့ မိတ္ကပ္ပညာရွင္ေလး Anastasiya ဟာ ဂ်ပန္ Anime ဇာတ္ကားေတြထဲကလို ကာတြန္းဇာတ္ေကာင္မေလးျဖစ္ေအာင္ မိတ္ကပ္ပညာနဲ႔ ဖန္တီးထားသူပါ။ လူမႈကြန္ရက္မွာေတာ့ “The Master of Animation” ဆိုၿပီးေခတ္စားသူပါ။ သူမကလည္း ဘယ္ဆာဂ်ရီမွမလုပ္ထားဘဲ မိတ္ကပ္ပညာနဲ႔သာ အသြင္ေျပာင္းခဲ့သူပါ။

(၅) Amber Guzman

Amber Guzman ကလည္း မိတ္ကပ္နဲ႔သာ အသြင္ေျပာင္းထားတဲ့ သက္ရွိအ႐ုပ္မေလးပါ။ အသက္ ၃၁ ႏွစ္ဝန္းက်င္ရွိၿပီး လက္ထပ္ထားသူလည္းျဖစ္ပါတယ္။ သူမဟာလည္း ပလတ္စတစ္ဆာဂ်ရီလံုးဝမလုပ္ထားပါဘူးလို႔ ျငင္းဆန္ခဲ့ပါတယ္။

(၆) Alina Kovalevskaya

Alina ကေတာ့ အသက္ ၂၅ ႏွစ္ရွိသူျဖစ္ၿပီး သူမကေတာ့ သူမရဲ႕ အသားအေရ၊ အျပာေရာင္မ်က္လံုး၊ ႏွာေခါင္းခြ်န္ခြ်န္၊ ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ Youtube ကေန နာမည္ေက်ာ္ခဲ့ၿပီး Disney ကာတြန္းေတြထဲက မင္းသမီးေလးလို ခ်စ္ဖို႔ေကာင္းသူပါ။ သူမလည္း ပလတ္စတစ္ဆာဂ်ရီလုပ္ထားတယ္ဆိုတဲ့ထင္ၿမင္ခ်က္ကို ျငင္းဆန္ခဲ့ပါတယ္။

(၇) Pixee Fox

The Mother Busty Barbie လို႔ ေခၚတဲ့သူမဟာလည္း ပလတ္စတစ္ဆာဂ်ရီေလာကမွာ နာမည္ႀကီးသူပါ။ အသက္ ၂၆ ႏွစ္အရြယ္မွာပဲ ပလတ္စတစ္ဆာဂ်ရီေပါင္း ၁၉ ခုလုပ္ခဲ့ၿပီး စတာလင္ေပါင္ ၈၀,၀၀၀ ခန္႔သံုးစြဲခဲ့သူပါ။ မ်က္လံုးကို အစိမ္းေရာင္ရဖို႔ ေဆးထိုးသြင္းတာေတြ၊ နံ႐ိုး ၆ေခ်ာင္းခ်ိဳးထုတ္ခဲ့တာေတြ၊ ရင္သားခြဲစိတ္တာအျပင္ မေရမတြက္ႏိုင္တဲ့ ခြဲစိတ္မႈေတြလုပ္ခဲ့တာပါ။ သူမရဲ႕ရည္မွန္းခ်က္ကေတာ့ ကမ႓ာ့ခါးအေသးဆံုးလူသားအျဖစ္ ဂင္းနစ္မွတ္တမ္းဝင္ခ်င္တာပဲျဖစ္ပါတယ္။

(၈) Olga Oleynik

သူမကလည္း ယူကရိန္းသူျဖစ္ၿပီး Valeria နဲ႔ Anastasiya တို႔ရဲ႕သူငယ္ခ်င္းျဖစ္ပါတယ္။ သူမကေတာ့ သူမရဲ႕ Barbie ႐ုပ္သူငယ္ခ်င္းေတြနဲ႔တူေအာင္ ပလတ္စတစ္ဆာဂ်ရီအနည္းငယ္လုပ္ခဲ့ပါတယ္။

ဒီ သက္ရွိ Barbie ႐ုပ္ေလးေတြကေတာ့ အသည္းယားစရာ၊ ခ်စ္စရာေလးေတြေပမယ့္ ပလတ္စတစ္ဆာဂ်ရီေတြလုပ္ထားၿပီး အတုအပအလွအပကိုပိုင္ဆိုင္ထားရတာမို႔ ဆိုးက်ိဳးေတြရွိလာတဲ့တစ္ေန႔ သူတို႔ရဲ႕အေျခအေနေတြဘယ္လိုေျပာင္းလဲသြားမလဲဆိုတာကေတာ့ ေတြးပူစရာပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

Plastic Surgery လုပ်ပြီး Barbieရုပ်အသွင်ပြောင်းခဲ့တဲ့ မိန်းကလေးများ

ငယ်စဉ်ကလေးဘဝအရွယ်က Barbie ကားလေးတွေကြည့်ရင်း ပြစ်မျိုးမှဲ့မထင်သွယ်လျလှပတဲ့ Barbie အရုပ်မလေးလို ချစ်ဖို့ကောင်းပြီး ချောမောချင်တဲ့စိတ်ဟာ မိန်းကလေးတိုင်းရင်ထဲ ခိုအောင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ့်နဂိုမူလရုပ်သွင်ကိုစွန့်လွှတ်ပြီး Barbie အရုပ်မလေးတွေလို အသွင်ပြောင်းဖို့ကကျ တော်တော့်ကိုမလွယ်တဲ့ အခြေအနေမျိုးပါ။

သက်ရှိဘာဘီရုပ်မျိုးနဲ့တူဖို့ ခန္ဓာကိုယ်အသားတွေခွဲစိတ်၊ အနာကျင်ခံရမယ့်အပြင် ငွေကြေးအနေနဲ့လည်း သိန်းပေါင်းများစွာကုန်ကျနိုင်တာမို့ လှချင်ပေမယ့် မစွန့်စားသင့်တဲ့ ရူးမိုက်မိုက်လုပ်ရပ်ပါ။ ဒါပေမယ့် ဒီလိုစွန့်စားမှုတွေကို မရမကပြုလုပ်ခဲ့ပြီး ကိုယ့်နဂိုမူလရုပ်သွင်ကိုစွန့်လွှတ်ခဲ့တဲ့ သက်ရှိအရုပ်မလေးတွေလည်း အများအပြားပေါ်ထွက်ခဲ့ပါတယ်။ သူတို့ကတော့-

(၁) Valeria Lukyanova

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းမော်ဒယ်လေး Vakeria ကတော့ သူမရဲ့ Barbie အရုပ်မလေးလို မျက်နှာသွင်ပြင်နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် လူမှုကွန်ရက်တစ်ခွင် နာမည်ကြီးခဲ့သူပါ။ အရုပ်အစစ်နဲ့ ချွတ်စွပ်တူတဲ့သူမကတော့ ဒီပလတ်စတစ်ဆာဂျရီခွဲစိတ်မှုတွေလုပ်ဖို့ ဒေါ်လာငွေကြေးအများကြီးကုန်ကျခဲ့ရပါတယ်။

(၂) Angelica Kenova

အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ Angelica ဟာလည်း သေးသွယ်လွန်းတဲ့ခါး၊ အရုပ်မလေးလို ချစ်ဖို့ကောင်းလွန်းတဲ့ မျက်နှာလေးနဲ့ လူတိုင်းချစ်ခင်ခံရသူပါ။ သူမဒီလို သက်ရှိBarbie ပုံစံအသွင်ပြောင်းခဲ့ရတဲ့အကြောင်းရင်းကတော့ ငယ်ငယ်တည်းက မိဘတွေကမင်းသမီးလေးတစ်ပါးလို အလိုလိုက်ထားခဲ့တာကြောင့်လို့ပြောပါတယ်။ သူမကတော့ ခွဲစိတ်မှုတွေလုံးဝမလုပ်ခဲ့ဘူးလို့ အကြောက်အကန်ငြင်းခဲ့ပေမယ့် မျက်နှာပြောင်းလဲမှုတွေကအစ သိသာနေပါတယ်။ ခုချိန်မှာတော့ Photo Model လုပ်နေပါပြီ။

(၃) Lolita Richi

အသက် ငယ်ငယ် မိန်းမပျိုလေး Lolita ဟာလည်း ဘာခွဲစိတ်မှုတစ်ခုမှမလုပ်ထားပါဘူးလို့ ငြင်းဆန်ထားသူပါ။ စိတ်ပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့သူ Lolita ဟာ သူမရဲ့ အလှအပကြောင့်လည်း အောင်မြင်ကျော်ကြားချင်သူပါ။ သူမကတော့ ဒီလိုပုံစံမျိုးရဖို့ မိတ်ကပ်နဲ့ အသွင်ပြောင်းထားတာလို့ ဆိုခဲ့ပါတယ်။

(၄) Anastasiya Shpagina

အသက် ၂၆ ဝန်းကျင်ရှိတဲ့ မိတ်ကပ်ပညာရှင်လေး Anastasiya ဟာ ဂျပန် Anime ဇာတ်ကားတွေထဲကလို ကာတွန်းဇာတ်ကောင်မလေးဖြစ်အောင် မိတ်ကပ်ပညာနဲ့ ဖန်တီးထားသူပါ။ လူမှုကွန်ရက်မှာတော့ “The Master of Animation” ဆိုပြီးခေတ်စားသူပါ။ သူမကလည်း ဘယ်ဆာဂျရီမှမလုပ်ထားဘဲ မိတ်ကပ်ပညာနဲ့သာ အသွင်ပြောင်းခဲ့သူပါ။

(၅) Amber Guzman

Amber Guzman ကလည်း မိတ်ကပ်နဲ့သာ အသွင်ပြောင်းထားတဲ့ သက်ရှိအရုပ်မလေးပါ။ အသက် ၃၁ နှစ်ဝန်းကျင်ရှိပြီး လက်ထပ်ထားသူလည်းဖြစ်ပါတယ်။ သူမဟာလည်း ပလတ်စတစ်ဆာဂျရီလုံးဝမလုပ်ထားပါဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

(၆) Alina Kovalevskaya

Alina ကတော့ အသက် ၂၅ နှစ်ရှိသူဖြစ်ပြီး သူမကတော့ သူမရဲ့ အသားအရေ၊ အပြာရောင်မျက်လုံး၊ နှာခေါင်းချွန်ချွန်၊ နှုတ်ခမ်းဖူးဖူးလေးနဲ့ Youtube ကနေ နာမည်ကျော်ခဲ့ပြီး Disney ကာတွန်းတွေထဲက မင်းသမီးလေးလို ချစ်ဖို့ကောင်းသူပါ။ သူမလည်း ပလတ်စတစ်ဆာဂျရီလုပ်ထားတယ်ဆိုတဲ့ထင်မြင်ချက်ကို ငြင်းဆန်ခဲ့ပါတယ်။

(၇) Pixee Fox

The Mother Busty Barbie လို့ ခေါ်တဲ့သူမဟာလည်း ပလတ်စတစ်ဆာဂျရီလောကမှာ နာမည်ကြီးသူပါ။ အသက် ၂၆ နှစ်အရွယ်မှာပဲ ပလတ်စတစ်ဆာဂျရီပေါင်း ၁၉ ခုလုပ်ခဲ့ပြီး စတာလင်ပေါင် ၈၀,၀၀၀ ခန့်သုံးစွဲခဲ့သူပါ။ မျက်လုံးကို အစိမ်းရောင်ရဖို့ ဆေးထိုးသွင်းတာတွေ၊ နံရိုး ၆ချောင်းချိုးထုတ်ခဲ့တာတွေ၊ ရင်သားခွဲစိတ်တာအပြင် မရေမတွက်နိုင်တဲ့ ခွဲစိတ်မှုတွေလုပ်ခဲ့တာပါ။ သူမရဲ့ရည်မှန်းချက်ကတော့ ကမ္ဘာ့ခါးအသေးဆုံးလူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ချင်တာပဲဖြစ်ပါတယ်။

(၈) Olga Oleynik

သူမကလည်း ယူကရိန်းသူဖြစ်ပြီး Valeria နဲ့ Anastasiya တို့ရဲ့သူငယ်ချင်းဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ Barbie ရုပ်သူငယ်ချင်းတွေနဲ့တူအောင် ပလတ်စတစ်ဆာဂျရီအနည်းငယ်လုပ်ခဲ့ပါတယ်။

ဒီ သက်ရှိ Barbie ရုပ်လေးတွေကတော့ အသည်းယားစရာ၊ ချစ်စရာလေးတွေပေမယ့် ပလတ်စတစ်ဆာဂျရီတွေလုပ်ထားပြီး အတုအပအလှအပကိုပိုင်ဆိုင်ထားရတာမို့ ဆိုးကျိုးတွေရှိလာတဲ့တစ်နေ့ သူတို့ရဲ့အခြေအနေတွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့ တွေးပူစရာပါပဲ။

EiEiKhineMinn (Akhayar)