[Zawgyi]

K-pop Industry ထဲက Idol တို႔၀တ္တဲ့ ေစ်းအႀကီးဆံုး ဖက္ရွင္ပစၥည္းမ်ား

K-pop ေလာကကေတာ့ သိတဲ့အတိုင္းပါပဲ..အၿမဲတမ္းသူမတူတဲ့ ဖက္ရွင္စတိုင္လ္ေတြ၊ တလက္လက္ထေနတဲ့ ၀တ္စံုေတြနဲ႔ အေရာင္အေသြးစံုတဲ့ ဆံပင္စတိုင္ေတြ၊ ျပင္ဆင္ျခယ္သမႈေတြေၾကာင့္ လူေတြရဲ႕ စိတ္၀င္စားမႈ
အျပည့္ရေနတုန္းပါ။ ဒါေပမယ့္ အဲဒါထက္ပိုစိတ္၀င္စားစရာေကာင္းတာက K-pop ေလာကရဲ႕ ဘယ္သူေတြက ဘယ္လိုမိုက္တဲ့ ဖက္ရွင္ေတြ၊ အ၀တ္အစားေတြ၊ ေစ်းႀကီးတဲ့ Limited- Edition ဖက္ရွင္အသံုးအေဆာင္ေတြကို သူ႔ထက္ငါ အၿပိဳင္အဆိုင္၀တ္ၾကသလဲဆိုတာပါပဲ။သင္ေရာ မသိခ်င္ဘူးလား။

CL's Versace Coat

CL’s Versace Coat

(၅) 2NE1 က CL ရဲ႕ Versace Intarisa Mink Fur Coat

Versace ကေတာ့ နာမည္ေက်ာ္ Brand တစ္ခုဆိုတဲ့အတိုင္းပါပဲ။ေစ်းကလည္း ေျမာက္ပါတယ္။ CL ရဲ႕ Versace Instarisa Mink Fur Coat က ၂၀၁၃ တုန္းက ထြက္ထားတဲ့ Versace Collection ထဲက ျဖစ္သလို ေစ်းႏႈန္းအားျဖင့္ $35712 ရွိပါတယ္။ သားေမြးကုတ္အမ်ိဳးအစားျဖစ္ၿပီးေတာ့ အျဖဴအမည္းလိုင္းစင္း အဆင္ကိုမွ ေကာ္လာနားမွာ အနီေရာင္ က်ားသစ္ကြက္လိုမ်ိဳးအဆင္နဲ႔ အလွဆင္ ဖန္တီးထားတာပါ။

CL's Versace Coat

CL’s Versace Coat

(၄) 2NE1 က CL ၀တ္တဲ့ Versace Coat

CL က Versace Coat ေတြကို ေတာ္ေတာ္ႏွစ္သက္ပံုရပါတယ္။  2NE1 ရဲ႕ Missing You ထဲမွာလည္း CL က Versace Coat ကိုပဲ ၀တ္ဆင္ထားခဲ့တာ ေတြ႔ရမွာပါ။ အ၀ါေရာင္ေအာက္ခံေပၚမွာ အနက္ေရာင္ လိုင္းစင္းၾကားေတြနဲ႔
ခါးနားမွာ ပတ္ၿပီး ၀တ္ဆင္ရတဲ့ Wrap Coat မ်ိဳးျဖစ္တဲ့ ဒီ Versace Intarisa Mink Coat ရဲ႕ တန္ဖိုးက $ 37094 ပါတဲ့။

CL's Fendi Coat

CL’s Fendi Coat

(၃) CL ရဲ႕ Fendi Fall Coat

Fendi ရဲ႕ အ၀ါေရာင္သားေမႊးကုတ္ကလည္း K ေလာကရဲ႕ ေစ်းအႀကီးဆံုးထဲမွာပါပါတယ္။ Fur Coat ေတြကို ႏွစ္သက္လြန္းသူ CL ၀တ္ဆင္ခဲ့တာ ျဖစ္ၿပီးေတာ့ ေစ်းႏႈန္းအားျဖင့္  $40300 ရွိပါတယ္။

SNSD's Yuri

SNSD’s Yuri

(၂) SNSD အဖြဲ႕က Yuri ရဲ႕ ဆြဲႀကိဳး

SNSD အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ့ Yuri  ရဲ႕ ဆြဲႀကိဳးကလည္း ေစ်းေတာ္ေတာ္ေျမာက္တဲ့အထဲမွာ ပါပါတယ္။ နာမည္ေက်ာ္ Brand ျဖစ္တဲ့ “Bulgari” ရဲ႕ Limited Edition ျဖစ္သလို Serpenti 18K ေရႊျဖဴ၊ ေသခ်ာအႏုစိတ္ ျပင္ဆင္ထားတဲ့ စိန္ စတာေတြနဲ႔ ေသခ်ာဖန္တီးထားတဲ့ လည္ဆြဲျဖစ္ၿပီးေတာ့ ေစ်းႏႈန္းအားျဖင့္ $75000 က်သင့္မွာျဖစ္ပါတယ္။

GD's Richard Mille Watch

GD’s Richard Mille Watch

(၁) Bigbang အဖြဲ႕က G-Dragon ရဲ႕ နာရီ

GD ကေတာ့သိတဲ့အတိုင္း တကယ့္ဖက္ရွင္ဂုရုႀကီးပါ။ သူမတူေအာင္ ၀တ္ေလ့ရွိတဲ့ သူ႔ထံုးစံအတိုင္း နာရီကိုလည္း လံုး၀ အမိုက္စား ၀တ္ဆင္သူပါ။ GD ၀တ္တဲ့ ဒီနာရီက Richard Mille တံဆိပ္ျဖစ္ၿပီးေတာ့ Limited Edition လည္း ျဖစ္ပါတယ္။ နာရီဒိုင္ခြက္ထဲမွာ နဂါးပံုနဲ႔ နာရီစက္သြားေတြကအစ အေသးစိတ္ဖန္တီးထားတဲ့ G-Dragon ရဲ႕ Richard Mille နာရီဟာဆုိရင္ $526250 တန္ဖိုးရွိပါတယ္။ တကယ့္ကို လံုး၀ ေစ်းအႀကီးဆံုးပါပဲ။

Su Yi Htet (Akhayar)

[Unicode]

K-pop Industry ထဲက Idol တို့ဝတ်တဲ့ ဈေးအကြီးဆုံး ဖက်ရှင်ပစ္စည်းများ

K-pop လောကကတော့ သိတဲ့အတိုင်းပါပဲ..အမြဲတမ်းသူမတူတဲ့ ဖက်ရှင်စတိုင်လ်တွေ၊ တလက်လက်ထနေတဲ့ ဝတ်စုံတွေနဲ့ အရောင်အသွေးစုံတဲ့ ဆံပင်စတိုင်တွေ၊ ပြင်ဆင်ခြယ်သမှုတွေကြောင့် လူတွေရဲ့ စိတ်ဝင်စားမှု
အပြည့်ရနေတုန်းပါ။ ဒါပေမယ့် အဲဒါထက်ပိုစိတ်ဝင်စားစရာကောင်းတာက K-pop လောကရဲ့ ဘယ်သူတွေက ဘယ်လိုမိုက်တဲ့ ဖက်ရှင်တွေ၊ အဝတ်အစားတွေ၊ ဈေးကြီးတဲ့ Limited- Edition ဖက်ရှင်အသုံးအဆောင်တွေကို သူ့ထက်ငါ အပြိုင်အဆိုင်ဝတ်ကြသလဲဆိုတာပါပဲ။သင်ရော မသိချင်ဘူးလား။

CL's Versace Coat

CL’s Versace Coat

(၅) 2NE1 က CL ရဲ့ Versace Intarisa Mink Fur Coat

Versace ကတော့ နာမည်ကျော် Brand တစ်ခုဆိုတဲ့အတိုင်းပါပဲ။ဈေးကလည်း မြောက်ပါတယ်။ CL ရဲ့ Versace Instarisa Mink Fur Coat က ၂၀၁၃ တုန်းက ထွက်ထားတဲ့ Versace Collection ထဲက ဖြစ်သလို ဈေးနှုန်းအားဖြင့် $35712 ရှိပါတယ်။ သားမွေးကုတ်အမျိုးအစားဖြစ်ပြီးတော့ အဖြူအမည်းလိုင်းစင်း အဆင်ကိုမှ ကော်လာနားမှာ အနီရောင် ကျားသစ်ကွက်လိုမျိုးအဆင်နဲ့ အလှဆင် ဖန်တီးထားတာပါ။

CL's Versace Coat

CL’s Versace Coat

(၄) 2NE1 က CL ဝတ်တဲ့ Versace Coat

CL က Versace Coat တွေကို တော်တော်နှစ်သက်ပုံရပါတယ်။ 2NE1 ရဲ့ Missing You ထဲမှာလည်း CL က Versace Coat ကိုပဲ ဝတ်ဆင်ထားခဲ့တာ တွေ့ရမှာပါ။ အဝါရောင်အောက်ခံပေါ်မှာ အနက်ရောင် လိုင်းစင်းကြားတွေနဲ့
ခါးနားမှာ ပတ်ပြီး ဝတ်ဆင်ရတဲ့ Wrap Coat မျိုးဖြစ်တဲ့ ဒီ Versace Intarisa Mink Coat ရဲ့ တန်ဖိုးက $ 37094 ပါတဲ့။

CL's Fendi Coat

CL’s Fendi Coat

(၃) CL ရဲ့ Fendi Fall Coat

Fendi ရဲ့ အဝါရောင်သားမွှေးကုတ်ကလည်း K လောကရဲ့ ဈေးအကြီးဆုံးထဲမှာပါပါတယ်။ Fur Coat တွေကို နှစ်သက်လွန်းသူ CL ဝတ်ဆင်ခဲ့တာ ဖြစ်ပြီးတော့ ဈေးနှုန်းအားဖြင့် $40300 ရှိပါတယ်။

SNSD's Yuri

SNSD’s Yuri

(၂) SNSD အဖွဲ့က Yuri ရဲ့ ဆွဲကြိုး

SNSD အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Yuri ရဲ့ ဆွဲကြိုးကလည်း ဈေးတော်တော်မြောက်တဲ့အထဲမှာ ပါပါတယ်။ နာမည်ကျော် Brand ဖြစ်တဲ့ “Bulgari” ရဲ့ Limited Edition ဖြစ်သလို Serpenti 18K ရွှေဖြူ၊ သေချာအနုစိတ် ပြင်ဆင်ထားတဲ့ စိန် စတာတွေနဲ့ သေချာဖန်တီးထားတဲ့ လည်ဆွဲဖြစ်ပြီးတော့ ဈေးနှုန်းအားဖြင့် $75000 ကျသင့်မှာဖြစ်ပါတယ်။

GD's Richard Mille Watch

GD’s Richard Mille Watch

(၁) Bigbang အဖွဲ့က G-Dragon ရဲ့ နာရီ

GD ကတော့သိတဲ့အတိုင်း တကယ့်ဖက်ရှင်ဂုရုကြီးပါ။ သူမတူအောင် ဝတ်လေ့ရှိတဲ့ သူ့ထုံးစံအတိုင်း နာရီကိုလည်း လုံး၀ အမိုက်စား ဝတ်ဆင်သူပါ။ GD ဝတ်တဲ့ ဒီနာရီက Richard Mille တံဆိပ်ဖြစ်ပြီးတော့ Limited Edition လည်း ဖြစ်ပါတယ်။ နာရီဒိုင်ခွက်ထဲမှာ နဂါးပုံနဲ့ နာရီစက်သွားတွေကအစ အသေးစိတ်ဖန်တီးထားတဲ့ G-Dragon ရဲ့ Richard Mille နာရီဟာဆိုရင် $526250 တန်ဖိုးရှိပါတယ်။ တကယ့်ကို လုံး၀ ဈေးအကြီးဆုံးပါပဲ။

Su Yi Htet (Akhayar)