[Zawgyi]



(၅) အဂွဲရိုး Aguero

Sergio-Aguero

Sergio-Aguero



Lewandowski

Lewandowski


(၃) ကာဗာနီ Cavani

Cavani

Cavani


(၂) မက်ဆီ Messi

Messi

Messi


(၁) နေမာ Neymar

Neymar

Neymar


Ref:Sportskeeda
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လက်ရှိဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှုးများ အပိုင်း(၂)

ပရိသတ်တွေအတွက် လက်ရှိဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှုးများ အပိုင်း(၁)ကို ဖော်ပြပေးခဲ့ပြီးပါပြီ။ အခုဆက်လက်ပြီး အပိုင်း(၂)ဖော်ပြပေးလိုက်ပါတယ်။

(၅) အဂွဲရိုး Aguero

Sergio-Aguero

Sergio-Aguero

မန်စီးတီး တိုက်စစ်မှုး အဂွဲရိုး Aguero ဟာ အသက်ကြီးလေ ပိုကောင်းလေဖြစ်တာကြောင့် နှစ်ချို့ဝိုင်နဲ့ပဲ နှိုင်းယှဉ်ရမှာပါ။ တိုးအား ၊ ရုန်းအားနဲ့ ကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ အဂွဲရိုး ဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း လက်ရှိအချိန်ထိ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၁)ပွဲမှာ (၈)ဂိုးထိသွင်းယူထားပါတယ်။ အဂွဲရိုးရဲ့တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာ ( ဝ.၇၈ )ဂိုးရှိပါတယ်။

(၄) လီဝန်ဒေါစကီး Lewandowski

Lewandowski

Lewandowski

အေးဆေးတည်ငြိမ်တဲ့ ကစားဟန်နဲ့ နေရာယူပုံကောင်းပြီး တိကျသေသပ်တဲ့ အဆုံးသတ်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ လီဝန်ဒေါစကီး Lewandowski ဟာ ဘယ်လောက်ကောင်းတဲ့ တိုက်စစ်မှုးလည်းဆိုတာ ပြောစရာသိပ်မလိုပါဘူး။ လီဝန်ဒေါစကီးဟာ အခွင့်အရေးတစ်ကြိမ်ရရင်ပဲ ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ တိုက်စစ်မှုးမျိုးဖြစ်ပြီး သူ့ရဲ့တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းကတော့ (ဝ.၈၃ )ဂိုးရှိပါတယ်။

(၃) ကာဗာနီ Cavani

Cavani

Cavani

PSG တိုက်စစ်မှုး ကာဗာနီ Cavani ဟာ ကစားခဲ့တဲ့ အသင်းတိုင်းမှာ အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့တဲ့ ထိပ်တန်းအဆင့်တိုက်စစ်မှုးပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်အထိ တစ်ရာသီကို အနိမ့်ဆုံးသွင်းဂိုး(၂၅)ဂိုး နှုန်းသွင်းယူနိုင်တဲ့ ကာဗာနီဟာ နောက်ဆုံး(၂)နှစ်ဆက် ပြိုင်ပွဲစုံဂိုး(၄၀)နဲ့ အထက်သွင်းယူထားသူပါ။ ကာဗာနီရဲ့ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာ (ဝ.၈၅ )ဂိုးရှိပါတယ်။

(၂) မက်ဆီ Messi

Messi

Messi

ဘာစီလိုနာ တိုက်စစ်မှုး မက်ဆီ Messi ရဲ့ စွမ်းဆောင်ရည်ဟာ ဘာမှကိုပြောစရာမရှိတဲ့ စွမ်းဆောင်ရည်လို့ပဲပြောရမှာပါ။ ၂၀၁၁ – ၂၀၁၂ ဘောလုံးရာသီကဆိုရင် မက်ဆီဟာ (၇၃)ဂိုးထိသွင်းယူနိုင်ခဲ့ပြီး ဘယ်သူမှမလုပ်ပြနိုင်တဲ့ အရာကိုလုပ်ပြနိုင်ခဲ့သူပဲဖြစ်ပါတယ်။ မက်ဆီဟာ အသက်အရွယ်အနည်းငယ်ရလာပေမယ့် ခြေစွမ်းကတော့ အကောင်းဆုံးမှာရှိနေဆဲပဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ထိ တစ်ရာသီကို အနိမ့်ဆုံး ဂိုး(၄၀)အထက်သွင်းယူခဲ့တဲ့ မက်ဆီရဲ့ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာ (ဝ.၉၂ )ဂိုးရှိပါတယ်။

(၁) နေမာ Neymar

Neymar

Neymar

စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီတို့ရဲ့ နေရာကို ဝင်ရောက်ဖို့ကြိုးစားနေတဲ့ နေမာ Neymar ဟာလက်ရှိတိုက်စစ်မှုးတွေထဲမှာ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းအမြင့်ဆုံးကစားသမားပဲဖြစ်ပါတယ်။ နေမာဟာ ဆန်းတို့စ် ၊ ဘာစီလိုနာအသင်းတွေမှာ ကောင်းမွန်တဲ့ ဂိုးသွင်းမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့သလို လက်ရှိ PSG အသင်းမှာလည်း ဒီအနေအထားကိုထိန်းသိမ်းထားတုန်းပါပဲ။ နေမာဟာ အနာဂတ်မှာ ဒီထက်ပိုကောင်းလာမယ့် တိုက်စစ်မှုးဖြစ်သလို သူ့ရဲ့တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာတော့ (ဝ.၉၇ )ဂိုးထိရှိပါတယ်။

Ref:Sportskeeda
Photo: The UK Bulletin , Squawka , 90Min
Ko Kyue(Akhayar)
www.akhayar.com