[Zawgyi]

လက္ရိွေဘာလံုးေလာကရဲ႕ ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္မႈးမ်ား အပိုင္း(၁)

ေဘာလံုးပြဲေတြမွာ အေရးၾကီးဆံုးအရာကဘာလဲဆိုရင္ သြင္းဂိုးေတြလို႔ပဲ ေျဖရမွာပါ။ ပရိသတ္ေတြဟာလည္း ဂိုးမ်ားမ်ားသြင္းတဲ႔ ပြဲေတြကို ၾကိဳက္ႏွစ္သက္ၾကျပီး ဂိုးသြင္းေကာင္းတဲ႔ တိုက္စစ္မႈးဆိုရင္ ဘေဘာက်ၾကတာကလည္း ထံုးစံပါပဲ။ ဒါေပမဲ႔ ထိပ္တန္းအဆင္႔ရိွတဲ႔ ဂိုးသြင္းေကာင္းတဲ႔ တိုက္စစ္မႈးျဖစ္ဖို႔ဆိုတာက သိပ္ျပီးလြယ္ကူတဲ႔အရာေတာ႔မဟုတ္ပါဘူး။ ေကာင္းမြန္တဲ႔ ေျခစြမ္း ၊ ၾကိဳးစားအားထုတ္မႈအျပင္ ပါရမီေကာင္းဖို႔လည္း လိုပါေသးတယ္။ ဒါေၾကာင္႔ ပရိသတ္ေတြအတြက္ လက္ရိွေဘာလံုးေလာကရဲ႕ ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္မႈးမ်ား အပိုင္း(၁)ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၅) အူဘာမီယန္း Aubameyang

Aubameyang

Aubameyang

အာဆင္နယ္တိုက္စစ္မႈး အူဘာမီယန္း Aubameyang ဟာ လက္ရိွေဘာလံုးေလာကရဲ႕ အေကာင္းဆံုးတိုက္စစ္မႈးေတြထဲကတစ္ဦးပါ။ အူဘာမီယန္းဟာ ေနရာလြတ္ေပးလို႔မရတဲ႔ တိုက္စစ္မႈးျဖစ္ျပီၤး ေတာင္ပံတိုက္စစ္မွာသာမက အေထာင္တိုက္စစ္မႈးအျဖစ္ပါကစားႏိုင္သူျဖစ္ပါတယ္။ အာဆင္နယ္အသင္းကိုစေရာက္စမွာပဲ အစြမ္းျပႏိုင္တဲ႔ အူဘာမီယန္းဟာ လက္ရိွမွာေတာ႔ အသင္းမွာအေကာင္းဆံုးအထိုင္က်ေနျပီး အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကိုလည္း ျပသေနခဲ႔ပါျပီ။ အူဘာမီယန္းရဲ႕ တစ္ပြဲပွ်မ္းမွ်သြင္းဂိုးႏႈန္းဟာ ( ၀.၆၆ )ဂိုးရိွပါတယ္။

(၄) အီမိုဘီလီ Immobile

Immobile

Immobile

စီးရီးေအရဲ႕ ထြန္းေတာက္ၾကယ္ လာဇီယိုတိုက္စစ္မႈး အီမိုဘီလီ Immobile ဟာ ေကာင္းမြန္တဲ႔ တိုက္စစ္မႈးဆိုတာ အားလံုးအသိပါပဲ။ တိုရီႏုိအသင္းနဲ႔အတူ ေတာက္ပလာခဲ႔တဲ႔ အီမိုဘီလီဟာ ေဒါ႔မြန္အသင္းမွာ က်႐ံႈးခဲ႔ေပမယ္႔ အဲဒီက်႐ံႈးမႈကို လာဇီယိုအသင္းမွာ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြနဲ႔ ျပန္လည္ေခ်ဖ်က္ျပေနသူပါ။ အီမိုဘီလီဟာ ပိုေကာင္းတဲ႔ အသင္းမွာကစားရင္ပိုေကာင္းတဲ႔ စြမ္းေဆာင္ရည္ကိုျပသႏိုင္မယ္႔ တိုက္စစ္မႈးမ်ိဳးျဖစ္ျပီး သူ႔ရဲ႕ တစ္ပြဲပွ်မ္းမွ်သြင္းဂိုးႏႈန္းကေတာ႔ (၀.၇၁)ဂိုးရိွပါတယ္။

(၃) စီေရာ္နယ္လ္ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ ဘယ္ေလာက္ေကာင္းတဲ႔ တိုက္စစ္မႈးလည္းဆိုတာကို မန္ယူနဲ႔ ရီးယဲလ္တို႔မွာ အၾကိမ္ၾကိမ္သက္ေသျပျပီးပါျပီ။ လက္ရိွ ဂ်ဴဗင္တပ္စ္မွာလည္း စီေရာ္နယ္လ္ဒိုဟာ အေကာင္းဆံုးေျခစြမ္းေတြနဲ႔ အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ကစားေနျပီး ရာသီအစကသာ အထိုင္က်ဖို႔ အနည္းငယ္႐ုန္းကန္ခဲ႔ရတာပါ။ ဒီလိုအေနအထားေၾကာင္႔ စီေရာ္နယ္လ္ဒို ရဲ႕တစ္ပြဲပွ်မ္းမွ်သြင္းဂိုးႏႈန္းဟာ အနည္းငယ္ က်ဆင္းသြားခဲ႔ရျပီး လက္ရိွ စီေရာ္နယ္လ္ဒိုရဲ႕ တစ္ပြဲပွ်မ္းမွ်သြင္းဂိုးႏႈန္းကေတာ႔ ( ၀.၇၂)ဂိုးရိွပါတယ္။

(၂) ဘာေပ Mbappe

Mbappe

Mbappe

ဘာေပ Mbappe ဟာ ျပင္သစ္လိဂ္မွာကစားလို႔ အခုလိုေျခစြမ္းျပေနတာလို႔ ေတြးမိရင္ေတာ႔ မွားယြင္းတဲ႔ အေတြးလို႔ပဲဲေျပာရပါလိမ္႔မယ္။ ဘာေပဟာ ဘယ္ေလာက္ေကာင္းတဲ႔ ကစားသမားလည္းဆိုတာ ခ်န္ပီယံလိဂ္ပြဲေတြနဲ႔ ကမၻာ႔ဖလားျပိဳင္ပြဲမွာ ျမင္ေတြ႕ခဲ႔ရျပီးပါျပီ။ လက္ရိွမွာလည္း ဘာေပရဲ႕ အသက္ဟာငယ္ရြယ္ေသးတာေၾကာင္႔ အနာဂတ္မွာ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မက္ဆီ Messi တို႔ရဲ႕ေနရာကိုယူမယ္႔သူလည္းျဖစ္လာႏိုင္ပါတယ္။ ဘာေပရဲ႕ တစ္ပြဲပွ်မ္းမွ်သြင္းဂိုးႏႈန္းဟာ( ၀.၇၃)ဂိုးရိွပါတယ္။

(၁) ဟယ္ရီကိန္း Harry Kane

Harry-Kane

Harry-Kane

ဟယ္ရီကိန္း Harry Kane ဟာ သူ႔အလုပ္ပဲသူလုပ္တဲ႔သူ ဒါမွမဟုတ္ သစၥာေစာင္႔သိျပီး ပေရာ္ဖက္ရွင္နယ္ဆန္တဲ႔ ကစားသမားလို႔ပဲဆုိခ်င္ပါတယ္။ သူ႔ရဲ႕ေျခစြမ္းဟာ ထိပ္တန္းအဆင္႔ရိွျပီး ေခၚယူခ်င္တဲ႔ အသင္းၾကီးေတြရိွေနသလို ရရိွေနတဲ႔ လစာေငြဟာလည္း ရသင္႔တဲ႔ ႏႈန္းထက္နည္းေနေပမယ္႔ ဘာအသံမွမထြက္ဘဲ စပါးအသင္းအတြက္ပဲ အရာရာအားလံုးေပးဆပ္ေနသူပါ။ အဂၤလန္ရဲ႕ ရြန္နီ Rooney ေနာက္ပိုင္း အေကာင္းဆံုးတိုက္စစ္ ထုတ္ကုန္ ဟယ္ရီကိန္းရဲ႕ တစ္ပြဲပွ်မ္းမွ်သြင္းဂိုးႏႈန္းဟာ ( ၀.၇၆)ဂိုးရိွပါတယ္။

Ref: Sportskeeda
Photo: Metro , San Francisco Chronicle , SPORTbible
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လက်ရှိဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှုးများ အပိုင်း(၁)

ဘောလုံးပွဲတွေမှာ အရေးကြီးဆုံးအရာကဘာလဲဆိုရင် သွင်းဂိုးတွေလို့ပဲ ဖြေရမှာပါ။ ပရိသတ်တွေဟာလည်း ဂိုးများများသွင်းတဲ့ ပွဲတွေကို ကြိုက်နှစ်သက်ကြပြီး ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုးဆိုရင် ဘဘောကျကြတာကလည်း ထုံးစံပါပဲ။ ဒါပေမဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုးဖြစ်ဖို့ဆိုတာက သိပ်ပြီးလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ခြေစွမ်း ၊ ကြိုးစားအားထုတ်မှုအပြင် ပါရမီကောင်းဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် လက်ရှိဘောလုံးလောကရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှုးများ အပိုင်း(၁)ကို ဖော်ပြပေးလိုက်ပါတယ်။

(၅) အူဘာမီယန်း Aubameyang

Aubameyang

Aubameyang

အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်း Aubameyang ဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှုးတွေထဲကတစ်ဦးပါ။ အူဘာမီယန်းဟာ နေရာလွတ်ပေးလို့မရတဲ့ တိုက်စစ်မှုးဖြစ်ပြီၤး တောင်ပံတိုက်စစ်မှာသာမက အထောင်တိုက်စစ်မှုးအဖြစ်ပါကစားနိုင်သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းကိုစရောက်စမှာပဲ အစွမ်းပြနိုင်တဲ့ အူဘာမီယန်းဟာ လက်ရှိမှာတော့ အသင်းမှာအကောင်းဆုံးအထိုင်ကျနေပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုလည်း ပြသနေခဲ့ပါပြီ။ အူဘာမီယန်းရဲ့ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာ ( ဝ.၆၆ )ဂိုးရှိပါတယ်။

(၄) အီမိုဘီလီ Immobile

Immobile

Immobile

စီးရီးအေရဲ့ ထွန်းတောက်ကြယ် လာဇီယိုတိုက်စစ်မှုး အီမိုဘီလီ Immobile ဟာ ကောင်းမွန်တဲ့ တိုက်စစ်မှုးဆိုတာ အားလုံးအသိပါပဲ။ တိုရီနိုအသင်းနဲ့အတူ တောက်ပလာခဲ့တဲ့ အီမိုဘီလီဟာ ဒေါ့မွန်အသင်းမှာ ကျရှုံးခဲ့ပေမယ့် အဲဒီကျရှုံးမှုကို လာဇီယိုအသင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ ပြန်လည်ချေဖျက်ပြနေသူပါ။ အီမိုဘီလီဟာ ပိုကောင်းတဲ့ အသင်းမှာကစားရင်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကိုပြသနိုင်မယ့် တိုက်စစ်မှုးမျိုးဖြစ်ပြီး သူ့ရဲ့ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းကတော့ (ဝ.၇၁)ဂိုးရှိပါတယ်။

(၃) စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဘယ်လောက်ကောင်းတဲ့ တိုက်စစ်မှုးလည်းဆိုတာကို မန်ယူနဲ့ ရီးယဲလ်တို့မှာ အကြိမ်ကြိမ်သက်သေပြပြီးပါပြီ။ လက်ရှိ ဂျူဗင်တပ်စ်မှာလည်း စီရော်နယ်လ်ဒိုဟာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ကစားနေပြီး ရာသီအစကသာ အထိုင်ကျဖို့ အနည်းငယ်ရုန်းကန်ခဲ့ရတာပါ။ ဒီလိုအနေအထားကြောင့် စီရော်နယ်လ်ဒို ရဲ့တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာ အနည်းငယ် ကျဆင်းသွားခဲ့ရပြီး လက်ရှိ စီရော်နယ်လ်ဒိုရဲ့ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းကတော့ ( ဝ.၇၂)ဂိုးရှိပါတယ်။

(၂) ဘာပေ Mbappe

Mbappe

Mbappe

ဘာပေ Mbappe ဟာ ပြင်သစ်လိဂ်မှာကစားလို့ အခုလိုခြေစွမ်းပြနေတာလို့ တွေးမိရင်တော့ မှားယွင်းတဲ့ အတွေးလို့ပဲပြောရပါလိမ့်မယ်။ ဘာပေဟာ ဘယ်လောက်ကောင်းတဲ့ ကစားသမားလည်းဆိုတာ ချန်ပီယံလိဂ်ပွဲတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ခဲ့ရပြီးပါပြီ။ လက်ရှိမှာလည်း ဘာပေရဲ့ အသက်ဟာငယ်ရွယ်သေးတာကြောင့် အနာဂတ်မှာ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မက်ဆီ Messi တို့ရဲ့နေရာကိုယူမယ့်သူလည်းဖြစ်လာနိုင်ပါတယ်။ ဘာပေရဲ့ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာ( ဝ.၇၃)ဂိုးရှိပါတယ်။

(၁) ဟယ်ရီကိန်း Harry Kane

Harry-Kane

Harry-Kane

ဟယ်ရီကိန်း Harry Kane ဟာ သူ့အလုပ်ပဲသူလုပ်တဲ့သူ ဒါမှမဟုတ် သစ္စာစောင့်သိပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားလို့ပဲဆိုချင်ပါတယ်။ သူ့ရဲ့ခြေစွမ်းဟာ ထိပ်တန်းအဆင့်ရှိပြီး ခေါ်ယူချင်တဲ့ အသင်းကြီးတွေရှိနေသလို ရရှိနေတဲ့ လစာငွေဟာလည်း ရသင့်တဲ့ နှုန်းထက်နည်းနေပေမယ့် ဘာအသံမှမထွက်ဘဲ စပါးအသင်းအတွက်ပဲ အရာရာအားလုံးပေးဆပ်နေသူပါ။ အင်္ဂလန်ရဲ့ ရွန်နီ Rooney နောက်ပိုင်း အကောင်းဆုံးတိုက်စစ် ထုတ်ကုန် ဟယ်ရီကိန်းရဲ့ တစ်ပွဲပျှမ်းမျှသွင်းဂိုးနှုန်းဟာ ( ဝ.၇၆)ဂိုးရှိပါတယ်။

Ref: Sportskeeda
Photo: Metro , San Francisco Chronicle , SPORTbible
Ko Kyue(Akhayar)
www.akhayar.com