[Zawgyi]

Gal Gadot ရဲ႕တည္ၿငိမ္ရင့္က်က္ ဆြဲေဆာင္မႈရွိတဲ့ ရိုးရိုးရွင္းရွင္းဝတ္စံုေလးမ်ား

ပုရိသေတြအားလံုးသာမက မိန္းကေလးေတြပါ မခ်စ္ဘဲမေနႏိုင္ေလာက္ေအာင္ အျပံဳးခ်ိဳခ်ိဳနဲ႔ ဆြဲေဆာင္တတ္လြန္းတာကေတာ့ ပရိသတ္အားလံုးရဲ႕ Wonder Woman ႀကီး Gal Gadot ပါပဲ။ သူမရဲ႕ အျပံဳးတခ်က္နဲ႔တင္ ေႂကြဆင္းသြားၾကရတဲ့ သူေတြေၾကာင့္ Gal Gadot ဟာ Wonder Woman ႐ုပ္ရွင္တစ္ကားတည္းနဲ႔ ပရိသတ္အခိုင္အမာရခဲ့သူပါ။

ဒါ့အျပင္ Press Show ေတြထက္မွာ၊ Red Carpet ေတြေပၚမွာ လင္းလက္ေတာက္ပေနတတ္တဲ့သူမဟာ Fashion ပိုင္းနဲ႔ပတ္သက္ရင္လည္း အၿမဲတမ္းလံုလံုျခံဳျခံဳဝတ္ဆင္တတ္တာ ေတြ႕ရပါတယ္။

Mini Dress ေလးေတြ၊ Maxi Dress ေလးေတြနဲ႔ အၿမဲတမ္းရႊင္လန္းတက္ႂကြေနတတ္သူ Gal ရဲ႕ Fashion ေလးေတြက ျမန္မာမိန္းကေလးေတြနဲ႔လည္း လိုက္ဖက္လွတာမို႔ Monochrome ဆန္ဆန္ တစ္ေရာင္တည္း Fashion ေလးေတြဝတ္ေလ့ရွိသူ၊ အနီေရာင္ကို စြဲစြဲၿမဲၿမဲႀကိဳက္လြန္းလွသူ Gal ရဲ႕ အမိုက္စား Fashion ေလးေတြကို တင္ျပေပးလိုက္ရပါတယ္။

Wonder Woman Premiere Night မွာ အနီရဲရဲ တလက္လက္ေတာက္ပေနတဲ့ Givenchy Dress ေလးနဲ႔ Gal Gadot ဟာ အမ်ားၾကားထဲမွာ ထင္းလင္းေနခဲ့ပါတယ္။

Gal အနီႀကိဳက္ပံုကေတာ့ ျငင္းမရေအာင္ပါပဲ။ ပြဲတိုင္းနီးပါး အနီရဲရဲ ကိုသာေရြးခ်ယ္တတ္တဲ့ Gal ကို Vshape A-Line Dress ေလးနဲ႔ Batman Vs Superman:Dawn of Justic London Premiere ပြဲမွာ ေတြ႕ရတာျဖစ္ပါတယ္။

Variety’s Power of Women Event မွာ Gal ဝတ္ဆင္ထားတဲ့ Fashion ေလးကေရာ? ေသခ်ာေပါက္ အနီေရာင္ အဖ်ားတြန္႔ Dress ေလးနဲ႔ ေက်ာ့ရွင္းေနတာပါပဲ။

အရပ္ရွည္ရွည္ ေဒါင္ေကာင္းေကာင္းနဲ႔ Gal ဟာ ပုရိသေတြအတြက္ေတာ့ အိပ္မက္ထဲက တလက္လက္ေတာက္ပေနတဲ့ နတ္သမီးတပါးလိုအလွမ်ိဳးပိုင္ထားတယ္ဆိုတာ ဒီေငြေရာင္ Dress ေလးက ေဖာ္ျပေပးေနပါတယ္။

ကေလးမိခင္ျဖစ္ေနတာေတာင္ ပန္းေရာင္ Dress ေလးဝတ္ထားတဲ့ Gal အလွကေတာ့ အပ်ိဳျဖန္းေလးလိုပါပဲ။

အနက္ေရာင္ကေတာ့ ဘယ္သူဝတ္ဝတ္ကို ေက်ာ့ရွင္းလွပေနေစတာပါ။ ဒါေပမယ့္ Gal Gadot ကေတာ့ ရင့္က်က္တည္ၿငိမ္တဲ့ အလွမ်ိဳးနဲ႔ ျမင္သူ ရင္ဖိုေစမွာပါ။

New York ၿမိဳ႕ရဲ႕လမ္းမေတြထက္က အျဖဴေရာင္ရွင္းရွင္းေလးနဲ႔ ၾကည့္သူရင္ေအးေစမယ့္ အလွပါပဲ။

အၿမဲတမ္း တစ္ေရာင္တည္း Fashion ေလးေတြကိုသာဝတ္ဆင္တတ္တဲ့ Gal ရဲ႕ ဒီတခါ Blue Dress ေလးကေတာ့ ပုရိသေတြရင္ေအးေစမွာပါ။

အဝါေရာင္ဝတ္ခဲတဲ့ Gal ရဲ႕ ရွားရွားပါးပါး အဝါေရာင္ Fashion ပါ။

ပန္းေရာင္ေဖ်ာ့ေဖ်ာ့ mini dress ေလးနဲ႔ ေပါ့ေပါ့ပါးပါးျပံဳးေနတဲ့ Gal Gadot ကို ခုလိုပဲ လူငယ္ဆန္ဆန္ေလးလည္း ေတြ႕ရပါတယ္။

ဒီေလာက္ဆို ႐ိုး႐ိုးရွင္းရွင္းနဲ႔ အၿမဲလွေနျပံဳးေနတတ္သူ မင္းသမီးေခ်ာ Gal Gadot ရဲ႕ Fashion Taste ကိုၾကည့္ၿပီး ဘယ္လို အေရာင္ေလးကို ဘယ္လိုပံုစံေလးတြဲဖက္ဝတ္ဆင္လို႔ရမလဲ ေလ့လာႏိုင္ပါၿပီ။

EiEiKhineMinn (Akhayar)

[Unicode]

Gal Gadot ရဲ့တည်ငြိမ်ရင့်ကျက် ဆွဲဆောင်မှုရှိတဲ့ ရိုးရိုးရှင်းရှင်းဝတ်စုံလေးများ

ပုရိသတွေအားလုံးသာမက မိန်းကလေးတွေပါ မချစ်ဘဲမနေနိုင်လောက်အောင် အပြုံးချိုချိုနဲ့ ဆွဲဆောင်တတ်လွန်းတာကတော့ ပရိသတ်အားလုံးရဲ့ Wonder Woman ကြီး Gal Gadot ပါပဲ။ သူမရဲ့ အပြုံးတချက်နဲ့တင် ကြွေဆင်းသွားကြရတဲ့ သူတွေကြောင့် Gal Gadot ဟာ Wonder Woman ရုပ်ရှင်တစ်ကားတည်းနဲ့ ပရိသတ်အခိုင်အမာရခဲ့သူပါ။

ဒါ့အပြင် Press Show တွေထက်မှာ၊ Red Carpet တွေပေါ်မှာ လင်းလက်တောက်ပနေတတ်တဲ့သူမဟာ Fashion ပိုင်းနဲ့ပတ်သက်ရင်လည်း အမြဲတမ်းလုံလုံခြုံခြုံဝတ်ဆင်တတ်တာ တွေ့ရပါတယ်။

Mini Dress လေးတွေ၊ Maxi Dress လေးတွေနဲ့ အမြဲတမ်းရွှင်လန်းတက်ကြွနေတတ်သူ Gal ရဲ့ Fashion လေးတွေက မြန်မာမိန်းကလေးတွေနဲ့လည်း လိုက်ဖက်လှတာမို့ Monochrome ဆန်ဆန် တစ်ရောင်တည်း Fashion လေးတွေဝတ်လေ့ရှိသူ၊ အနီရောင်ကို စွဲစွဲမြဲမြဲကြိုက်လွန်းလှသူ Gal ရဲ့ အမိုက်စား Fashion လေးတွေကို တင်ပြပေးလိုက်ရပါတယ်။

Wonder Woman Premiere Night မှာ အနီရဲရဲ တလက်လက်တောက်ပနေတဲ့ Givenchy Dress လေးနဲ့ Gal Gadot ဟာ အများကြားထဲမှာ ထင်းလင်းနေခဲ့ပါတယ်။

Gal အနီကြိုက်ပုံကတော့ ငြင်းမရအောင်ပါပဲ။ ပွဲတိုင်းနီးပါး အနီရဲရဲ ကိုသာရွေးချယ်တတ်တဲ့ Gal ကို Vshape A-Line Dress လေးနဲ့ Batman Vs Superman:Dawn of Justic London Premiere ပွဲမှာ တွေ့ရတာဖြစ်ပါတယ်။

Variety’s Power of Women Event မှာ Gal ဝတ်ဆင်ထားတဲ့ Fashion လေးကရော? သေချာပေါက် အနီရောင် အဖျားတွန့် Dress လေးနဲ့ ကျော့ရှင်းနေတာပါပဲ။

အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့ Gal ဟာ ပုရိသတွေအတွက်တော့ အိပ်မက်ထဲက တလက်လက်တောက်ပနေတဲ့ နတ်သမီးတပါးလိုအလှမျိုးပိုင်ထားတယ်ဆိုတာ ဒီငွေရောင် Dress လေးက ဖော်ပြပေးနေပါတယ်။

ကလေးမိခင်ဖြစ်နေတာတောင် ပန်းရောင် Dress လေးဝတ်ထားတဲ့ Gal အလှကတော့ အပျိုဖြန်းလေးလိုပါပဲ။

အနက်ရောင်ကတော့ ဘယ်သူဝတ်ဝတ်ကို ကျော့ရှင်းလှပနေစေတာပါ။ ဒါပေမယ့် Gal Gadot ကတော့ ရင့်ကျက်တည်ငြိမ်တဲ့ အလှမျိုးနဲ့ မြင်သူ ရင်ဖိုစေမှာပါ။

New York မြို့ရဲ့လမ်းမတွေထက်က အဖြူရောင်ရှင်းရှင်းလေးနဲ့ ကြည့်သူရင်အေးစေမယ့် အလှပါပဲ။

အမြဲတမ်း တစ်ရောင်တည်း Fashion လေးတွေကိုသာဝတ်ဆင်တတ်တဲ့ Gal ရဲ့ ဒီတခါ Blue Dress လေးကတော့ ပုရိသတွေရင်အေးစေမှာပါ။

အဝါရောင်ဝတ်ခဲတဲ့ Gal ရဲ့ ရှားရှားပါးပါး အဝါရောင် Fashion ပါ။
ပန်းရောင်ဖျော့ဖျော့ mini dress လေးနဲ့ ပေါ့ပေါ့ပါးပါးပြုံးနေတဲ့ Gal Gadot ကို ခုလိုပဲ လူငယ်ဆန်ဆန်လေးလည်း တွေ့ရပါတယ်။

ဒီလောက်ဆို ရိုးရိုးရှင်းရှင်းနဲ့ အမြဲလှနေပြုံးနေတတ်သူ မင်းသမီးချော Gal Gadot ရဲ့ Fashion Taste ကိုကြည့်ပြီး ဘယ်လို အရောင်လေးကို ဘယ်လိုပုံစံလေးတွဲဖက်ဝတ်ဆင်လို့ရမလဲ လေ့လာနိုင်ပါပြီ။

EiEiKhineMinn (Akhayar)