This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာဖရိက အသင္းေတြထဲမွာ ကမၻာ႔ဖလား သမိုင္းမွတ္တမ္းေကာင္းေတြ ေရးထုိးထားတဲ့ ေမာ္ရိုကိုအသင္း

ေမာ္႐ိုကိုအသင္း
ေဘာလံုး ပရိသတ္ေတြနဲ႔ စိမ္းေကာင္းစိမ္းေနမယ့္ အသင္းတစ္သင္းပါပဲ။ အာဖရိကတိုက္ရဲ႕ အဆင့္အတန္း အျမင့္ဆံုး ၿပိဳင္ပြဲျဖစ္တဲ့ အာဖရိက ႏိုင္ငံမ်ားဖလားၿပိဳင္ပြဲ ခ်န္ပီယံဆုကို ၁၉၇၆ ခုႏွစ္မွာ ရယူႏိုင္ခဲ့တယ္။ အာဖရိကတိုက္ ကိုယ္စားျပဳအသင္းေတြထဲမွာ ပထမဆံုး ကမၻာ႔ဖလားႏိုင္ပြဲ ရရွိခဲ့တဲ့အသင္း။ မကၠဆီကိုႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ၁၉၈၆ ၿပိဳင္ပြဲမွာ ပထမဆံုး ကမၻာ႔ဖလား ႏိုင္ပြဲရတဲ့ အာဖရိကအသင္းဆိုတဲ့ မွတ္တမ္းအျပင္ ဒုတိယအဆင့္ (လက္ရွိ ၁၆ သင္း ႐ံႈးထြက္) ကို တက္ေရာက္ႏိုင္ခဲ့တဲ့ ပထမဆံုး အာဖရိကအသင္းဆိုတဲ့ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္ထားတဲ့ အသင္းပါပဲ။ ၁၉၉၈ ကမၻာ႔ဖလားမွာ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တဲ့ေနာက္ပိုင္း ေဘာလံုးစင္ျမင့္ထက္ကေန ေပ်ာက္ျခင္းမလွ ေပ်ာက္သြားတဲ့ အသင္းပါပဲ။ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ ႏွစ္ေပါင္း (၂၀)အၾကာ အလွမ္းေ၀းကြာသြားတဲ့ ေမာ္႐ိုကိုအသင္းဟာ ႐ုရွားေျမမွာ က်င္းပမယ့္ ၿပိဳင္ပြဲမွာေတာ့ တစ္ေက်ာ႔ျပန္ ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါတယ္။ ၂၀၁၆ ေဖေဖာ္၀ါရီမွာ အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ နည္းျပ ရီနာ႔ဒ္လက္ထက္မွာေတာ့ ေမာ္႐ိုကိုအသင္း ကမၻာ႔ေဘာလံုး ဇာတ္ခံုထက္ကို တစ္ေက်ာ႔ျပန္ တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အသင္းကို ကိုင္တြယ္ခဲ့တဲ့ (၂)ႏွစ္ေက်ာ္ၾကာ ကာလအတြင္း အေကာင္းဆံုးဆိုတဲ့ စြမ္းေဆာင္ရည္ေတြ ရရွိေအာင္ စြမ္းေဆာင္ျပခဲ့တဲ့ နည္းျပတစ္ဦးလည္း ျဖစ္ပါတယ္။ လူငယ္နည္းျပ တစ္ဦးျဖစ္ၿပီး အသင္းကို ကမၻာ႔ဖလား ေျခစစ္ပြဲ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးခဲ့သလို အာဖရိကတိုက္ ကိုယ္စားျပဳအသင္းေတြထဲမွာ သမိုင္းေၾကာင္း ေကာင္းခဲ့တဲ့ အတိတ္က စြမ္းေဆာင္ရည္မ်ိဳးေတြ ျပန္လည္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနတဲ့ အသင္းျဖစ္ပါတယ္။

1986-World-Cup-Morocco-squad

1986-World-Cup-Morocco-squad

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ေျမာက္အေမရိကတိုက္မွာ ပထမဆံုးအႀကိမ္ က်င္းပတဲ့ ၁၉၇၀ ကမၻာ႔ဖလားၿပိဳင္ပြဲမွာမွ ပထမဆံုးအႀကိမ္ ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ အသင္းျဖစ္ပါတယ္။ ပထမဆံုး ေျခစစ္ပြဲေအာင္ခဲ့တဲ့ ၿပိဳင္ပြဲမွာေတာ့ အုပ္စုတြင္း ႏိုင္ပြဲတစ္ပြဲမွ မရရွိခဲ့ဘဲ ဒီအဆင့္ကေနပဲ လွည့္ျပန္ခဲ့ရပါတယ္။ ဒီၿပိဳင္ပြဲအၿပီး (၁၆)ႏွစ္အၾကာမွာ က်င္းပခဲ့တဲ့ ၁၉၈၆ ၿပိဳင္ပြဲမွာေတာ့ အာဖရိကတိုက္ ကိုယ္စားျပဳအသင္းေတြထဲမွာ အေကာင္းဆံုး မွတ္တမ္းေတြကို ရယူႏိုင္ခဲ့တဲ့ အသင္းျဖစ္လာခဲ့ပါတယ္။ အဂၤလန္၊ ပိုလန္၊ ေပၚတူဂီအစရွိတဲ့ ဥေရာပအသင္းေကာင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ေပမယ့္ ပိုလန္နဲ႔ နာမည္ႀကီး အဂၤလန္အသင္းေတြကို (၂)ပြဲဆက္ သေရကစားၿပီး အုပ္စုေနာက္ဆံုးပြဲမွာ ေပၚတူဂီအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့လို႔ အုပ္စုပထမနဲ႔ ဒုတိယအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒုတိယအဆင့္မွာ ဥေရာပေဘာလံုး အင္အားႀကီး အေနာက္ဂ်ာမနီအသင္းနဲ႔ ေတြ႕ဆံုခဲ့ၿပီး အေကာင္းဆံုး တုန္႔ျပန္မႈေတြနဲ႔ ပံုစံေကာင္းေတြကို ျပသႏိုင္ခဲ့ေပမယ့္ အေနာက္ဂ်ာမနီအသင္းရဲ႕ နာမည္ႀကီး ကြင္းလယ္လူ လိုသာမားသီးယက္စ္ရဲ႕ ေနာက္က်ဂိုးေၾကာင့္သာ ဒီအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။ ၁၉၉၀ ၿပိဳင္ပြဲမွာေတာ့ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ျခင္းမရွိလို႔ ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ခြင့္ မရခဲ့ေပမယ့္ ၁၉၉၄ နဲ႔ ၁၉၉၈ ၿပိဳင္ပြဲေတြမွာ (၂)ႀကိမ္ဆက္ ျပန္လည္ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး ၁၉၈၆ ၿပိဳင္ပြဲမွာလို ထင္မွတ္မထားတာေတြ မလုပ္ျပႏိုင္ခဲ့လို႔ အုပ္စုအဆင့္နဲ႔ပဲ (၂)ႀကိမ္စလံုးကို ေက်နပ္ခဲ့ရပါတယ္။ ၁၉၉၈ ၿပိဳင္ပြဲေနာက္ပုိင္းမွာေတာ့ ေျခစြမ္းပိုင္း က်ဆင္းလာမႈနဲ႔အတူ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ ေတာက္ေလွ်ာက္ဆိုသလို လြဲေခ်ာ္ခဲ့ပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲ အဆင့္မွာ အိုင္ဗရီကို႔စ္၊ ဂါဘြန္နဲ႔ မာလီတို႔လို ဥေရာပအေျခစိုက္ ကစားသမားေကာင္းေတြ ပါ၀င္တဲ့ အသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္ခဲ့ေပမယ့္ ႐ံႈးပြဲေတာင္ မရွိခဲ့ဘဲ ေျခစစ္ပြဲကို ေအာင္ျမင္ခဲ့ပါတယ္။ ေျခစစ္ပြဲ (၄)ပြဲ ကစားၿပီးတဲ့ အခ်ိန္အထိ ႏိုင္ပြဲ (၁)ပြဲသာ ရရွိခဲ့ေပမယ့္ လက္က်န္ပြဲစဥ္ေတြမွာ အမွားမရွိေအာင္ ကစားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲ ေနာက္ဆံုးပြဲစဥ္အျဖစ္ အမွတ္ကြာဟမႈမရွိတဲ့ နာမည္ႀကီး အိုင္ဗရီကို႔စ္အသင္းကို အေ၀းကြင္းမွာ အႏိုင္ရခဲ့လို႔ ႐ုရွားေျမေပၚက ေနာက္ဆံုးအဆင့္ၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲ တစ္ေလွ်ာက္မွာေတာ့ ၀ါရင့္တိုက္စစ္ကစားသမား ေဘာတိတ္ဘ္က (၄)ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ေျခစစ္ပြဲ ေအာင္ျမင္ေအာင္ အဓိကေနရာကေန စြမ္းေဆာင္ေပးခဲ့ပါတယ္။

Morocco-Star-El-Khaabi

Morocco-Star-El-Khaabi

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ေဆာက္သမ္တန္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဘူဖယ္လ္ အၿပီးသတ္ လူစာရင္းမွာ မပါခဲ့ေပမယ့္ လူႀကီး၊ လူငယ္ အခ်ိဳးက်က် ေပါင္းစပ္မႈေတြနဲ႔ ၿပိဳင္ဘက္အသင္းေတြ သတိထားရမယ့္ အသင္းတစ္သင္းပါပဲ။ ေမာ္႐ိုကိုအသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္တဲ့ ဂ်ဴဗင္တပ္စ္ ေနာက္ခံလူ ဘီနာတီယာက အသင္းကို ဦးေဆာင္လာမွာျဖစ္ၿပီး နာမည္ေက်ာ္ ကစားသမားေတြ မ်ားမ်ားစားစားမရွိေပမယ့္ ဥေရာပအေျခစိုက္ ကစားသမားေတြကို ဦးစာေပးေရြးခ်ယ္ထားတဲ့ အသင္းျဖစ္ပါတယ္။ ကြင္းလယ္ပိုင္းမွာ စပိန္လာလီဂါ အေျခစိုက္ ကစားသမားေတြျဖစ္တဲ့ ဖဂ်ာ၊ ေနာ္ဒင္အမရာဘတ္တို႔လို ၀ါရင့္ကြင္းလယ္လူေတြကို ဥေရာပလိဂ္ေတြက ေျခစြမ္းထက္ လူငယ္ကစားသမားေတြျဖစ္တဲ့ ဇီယက္ခ်္၊ ဘန္နက္ဆာ၊ ဟာရစ္နဲ႔ ေဆာ့ဖ္ရမ္အမရာဘတ္တို႔လို႔ ကစားသမားေတြနဲ႔ စုဖြဲ႔ထားတာ ျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာေတာ့ အသင္းကို ေျခစစ္ပြဲေအာင္ျမင္ေအာင္ အေရးပါတဲ့ သြင္းဂိုးေတြနဲ႔ စြမ္းေဆာင္ေပးခဲ့တဲ့ တိုက္စစ္မွဴး ေဘာတိတ္ဘ္က အဓိကေနရာက ပါ၀င္လာခဲ့ပါတယ္။ အၿပီးသတ္ (၂၃)ဦးစာရင္းမွာ ပါ၀င္ခဲ့တဲ့ ျပည္တြင္းအေျခစိုက္ ကစားသမား (၂)ဦးထဲက တစ္ဦးျဖစ္တဲ့ လူငယ္တိုက္စစ္ ကစားသမား အယ္ခါဘီကေတာ့ ၿပိဳင္ပြဲမွာ ေစာင့္ၾကည့္သြားရမယ့္ ကစားသမား ျဖစ္ပါတယ္။ ႏိုင္ငံအသင္းအတြက္ (၁၀)ပြဲသာ ကစားေပးထားေပမယ့္ (၁၁)ဂိုးအထိ သြင္းယူထားႏိုင္တဲ့ သူ႔ရဲ႕ ေျခစြမ္းပိုင္းကေတာ့ ေဘာလံုးပရိသတ္ေတြနဲ႔ စိမ္းေနေသးေပမယ့္ အခုတစ္ႀကိမ္ ၿပိဳင္ပြဲမွာ အသင္းကို ဘယ္ေလာက္ အတိုင္းအတာအထိ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးမလဲဆိုတာက စိတ္၀င္စားစရာ ေကာင္းေနပါတယ္။

REF:Wikipedia
Photo:FIFA.com, AS, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာဖရိက အသင်းတွေထဲမှာ ကမ္ဘာ့ဖလား သမိုင်းမှတ်တမ်းကောင်းတွေ ရေးထိုးထားတဲ့ မော်ရိုကိုအသင်း

မော်ရိုကိုအသင်း
ဘောလုံး ပရိသတ်တွေနဲ့ စိမ်းကောင်းစိမ်းနေမယ့် အသင်းတစ်သင်းပါပဲ။ အာဖရိကတိုက်ရဲ့ အဆင့်အတန်း အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ အာဖရိက နိုင်ငံများဖလားပြိုင်ပွဲ ချန်ပီယံဆုကို ၁၉၇၆ ခုနှစ်မှာ ရယူနိုင်ခဲ့တယ်။ အာဖရိကတိုက် ကိုယ်စားပြုအသင်းတွေထဲမှာ ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲ ရရှိခဲ့တဲ့အသင်း။ မက္ကဆီကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၈၆ ပြိုင်ပွဲမှာ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲရတဲ့ အာဖရိကအသင်းဆိုတဲ့ မှတ်တမ်းအပြင် ဒုတိယအဆင့် (လက်ရှိ ၁၆ သင်း ရှုံးထွက်) ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကအသင်းဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းပါပဲ။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့နောက်ပိုင်း ဘောလုံးစင်မြင့်ထက်ကနေ ပျောက်ခြင်းမလှ ပျောက်သွားတဲ့ အသင်းပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ နှစ်ပေါင်း (၂၀)အကြာ အလှမ်းဝေးကွာသွားတဲ့ မော်ရိုကိုအသင်းဟာ ရုရှားမြေမှာ ကျင်းပမယ့် ပြိုင်ပွဲမှာတော့ တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ ရီနာ့ဒ်လက်ထက်မှာတော့ မော်ရိုကိုအသင်း ကမ္ဘာ့ဘောလုံး ဇာတ်ခုံထက်ကို တစ်ကျော့ပြန် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၂)နှစ်ကျော်ကြာ ကာလအတွင်း အကောင်းဆုံးဆိုတဲ့ စွမ်းဆောင်ရည်တွေ ရရှိအောင် စွမ်းဆောင်ပြခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ လူငယ်နည်းပြ တစ်ဦးဖြစ်ပြီး အသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သလို အာဖရိကတိုက် ကိုယ်စားပြုအသင်းတွေထဲမှာ သမိုင်းကြောင်း ကောင်းခဲ့တဲ့ အတိတ်က စွမ်းဆောင်ရည်မျိုးတွေ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတဲ့ အသင်းဖြစ်ပါတယ်။

1986-World-Cup-Morocco-squad

1986-World-Cup-Morocco-squad

ကမ္ဘာ့ဖလားသမိုင်းကြောင်း
မြောက်အမေရိကတိုက်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာမှ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ပထမဆုံး ခြေစစ်ပွဲအောင်ခဲ့တဲ့ ပြိုင်ပွဲမှာတော့ အုပ်စုတွင်း နိုင်ပွဲတစ်ပွဲမှ မရရှိခဲ့ဘဲ ဒီအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲအပြီး (၁၆)နှစ်အကြာမှာ ကျင်းပခဲ့တဲ့ ၁၉၈၆ ပြိုင်ပွဲမှာတော့ အာဖရိကတိုက် ကိုယ်စားပြုအသင်းတွေထဲမှာ အကောင်းဆုံး မှတ်တမ်းတွေကို ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်၊ ပိုလန်၊ ပေါ်တူဂီအစရှိတဲ့ ဥရောပအသင်းကောင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် ပိုလန်နဲ့ နာမည်ကြီး အင်္ဂလန်အသင်းတွေကို (၂)ပွဲဆက် သရေကစားပြီး အုပ်စုနောက်ဆုံးပွဲမှာ ပေါ်တူဂီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့လို့ အုပ်စုပထမနဲ့ ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒုတိယအဆင့်မှာ ဥရောပဘောလုံး အင်အားကြီး အနောက်ဂျာမနီအသင်းနဲ့ တွေ့ဆုံခဲ့ပြီး အကောင်းဆုံး တုန့်ပြန်မှုတွေနဲ့ ပုံစံကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့် အနောက်ဂျာမနီအသင်းရဲ့ နာမည်ကြီး ကွင်းလယ်လူ လိုသာမားသီးယက်စ်ရဲ့ နောက်ကျဂိုးကြောင့်သာ ဒီအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၉၀ ပြိုင်ပွဲမှာတော့ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိလို့ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရခဲ့ပေမယ့် ၁၉၉၄ နဲ့ ၁၉၉၈ ပြိုင်ပွဲတွေမှာ (၂)ကြိမ်ဆက် ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၁၉၈၆ ပြိုင်ပွဲမှာလို ထင်မှတ်မထားတာတွေ မလုပ်ပြနိုင်ခဲ့လို့ အုပ်စုအဆင့်နဲ့ပဲ (၂)ကြိမ်စလုံးကို ကျေနပ်ခဲ့ရပါတယ်။ ၁၉၉၈ ပြိုင်ပွဲနောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်း ကျဆင်းလာမှုနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ တောက်လျှောက်ဆိုသလို လွဲချော်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲ အဆင့်မှာ အိုင်ဗရီကို့စ်၊ ဂါဘွန်နဲ့ မာလီတို့လို ဥရောပအခြေစိုက် ကစားသမားကောင်းတွေ ပါဝင်တဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပေမယ့် ရှုံးပွဲတောင် မရှိခဲ့ဘဲ ခြေစစ်ပွဲကို အောင်မြင်ခဲ့ပါတယ်။ ခြေစစ်ပွဲ (၄)ပွဲ ကစားပြီးတဲ့ အချိန်အထိ နိုင်ပွဲ (၁)ပွဲသာ ရရှိခဲ့ပေမယ့် လက်ကျန်ပွဲစဉ်တွေမှာ အမှားမရှိအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် အမှတ်ကွာဟမှုမရှိတဲ့ နာမည်ကြီး အိုင်ဗရီကို့စ်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့လို့ ရုရှားမြေပေါ်က နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ တစ်လျှောက်မှာတော့ ဝါရင့်တိုက်စစ်ကစားသမား ဘောတိတ်ဘ်က (၄)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။

Morocco-Star-El-Khaabi

Morocco-Star-El-Khaabi

စောင့်ကြည့်ရမယ့် ကစားသမားများ
ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဘူဖယ်လ် အပြီးသတ် လူစာရင်းမှာ မပါခဲ့ပေမယ့် လူကြီး၊ လူငယ် အချိုးကျကျ ပေါင်းစပ်မှုတွေနဲ့ ပြိုင်ဘက်အသင်းတွေ သတိထားရမယ့် အသင်းတစ်သင်းပါပဲ။ မော်ရိုကိုအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂျူဗင်တပ်စ် နောက်ခံလူ ဘီနာတီယာက အသင်းကို ဦးဆောင်လာမှာဖြစ်ပြီး နာမည်ကျော် ကစားသမားတွေ များများစားစားမရှိပေမယ့် ဥရောပအခြေစိုက် ကစားသမားတွေကို ဦးစာပေးရွေးချယ်ထားတဲ့ အသင်းဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ စပိန်လာလီဂါ အခြေစိုက် ကစားသမားတွေဖြစ်တဲ့ ဖဂျာ၊ နော်ဒင်အမရာဘတ်တို့လို ဝါရင့်ကွင်းလယ်လူတွေကို ဥရောပလိဂ်တွေက ခြေစွမ်းထက် လူငယ်ကစားသမားတွေဖြစ်တဲ့ ဇီယက်ချ်၊ ဘန်နက်ဆာ၊ ဟာရစ်နဲ့ ဆော့ဖ်ရမ်အမရာဘတ်တို့လို့ ကစားသမားတွေနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ အသင်းကို ခြေစစ်ပွဲအောင်မြင်အောင် အရေးပါတဲ့ သွင်းဂိုးတွေနဲ့ စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူး ဘောတိတ်ဘ်က အဓိကနေရာက ပါဝင်လာခဲ့ပါတယ်။ အပြီးသတ် (၂၃)ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ ပြည်တွင်းအခြေစိုက် ကစားသမား (၂)ဦးထဲက တစ်ဦးဖြစ်တဲ့ လူငယ်တိုက်စစ် ကစားသမား အယ်ခါဘီကတော့ ပြိုင်ပွဲမှာ စောင့်ကြည့်သွားရမယ့် ကစားသမား ဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက် (၁၀)ပွဲသာ ကစားပေးထားပေမယ့် (၁၁)ဂိုးအထိ သွင်းယူထားနိုင်တဲ့ သူ့ရဲ့ ခြေစွမ်းပိုင်းကတော့ ဘောလုံးပရိသတ်တွေနဲ့ စိမ်းနေသေးပေမယ့် အခုတစ်ကြိမ် ပြိုင်ပွဲမှာ အသင်းကို ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်အောင် စွမ်းဆောင်ပေးမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

REF:Wikipedia
Photo:FIFA.com, AS, Goal.com
Aung Kyaw Wai (Akhayar)
www.akhayar.com