[Zawgyi]

ညဥ့္နက္မွ အိပ္တဲ့သူေတြဟာ ရင္သားကင္ဆာျဖစ္ႏုိင္ေျခပုိမ်ားတယ္တဲ့

Circadian Rhythm ဆုိတာ (၂၄) နာရီအတြင္းမွာ ခႏၶာကုိယ္ကုိ ထိန္းခ်ဳပ္ထားၿပီး အလုပ္လုပ္ခ်ိန္နဲ႔ အိပ္ခ်ိန္ကုိ ခဲြျခားေပးထားတဲ့ ဇီဝျဖစ္စဥ္တစ္ခုလုိ႔ ေျပာရမွာပါ။ လူတုိင္းမွာရွိၾကတဲ့ Circadian Rhythm ေတြက မတူၾကပါဘူး။ တခ်ိဳ႕ေတြက ေစာေစာအိပ္တယ္၊ ေစာေစာထတယ္။ တခ်ိဳ႕က ညဥ့္နက္မွ အိပ္ၿပီး ေနျမင့္မွ ထၾကတယ္။ အဲဒီလုိနဲ႔ (၂၄) နာရီ လည္ပတ္ၾကတဲ့သေဘာပဲ။

ဒါေပမယ့္ ၿဗိတိန္ႏုိင္ငံမွာရွိတဲ့ University of Bristol ရဲ႕ သုေတသနပညာရွင္ေတြက ေစာေစာအိပ္ ေစာေစာထတဲ့လူေတြက ရင္သားကင္ဆာျဖစ္ႏုိင္ေျခ (၄ဝ) ရာခုိင္ႏႈန္းက (၄၈) ရာခုိင္ႏႈန္းအထိ ပုိနည္းပါးတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ အိပ္ခ်ိန္ (၈) နာရီထက္ ပုိအိပ္တဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ရင္သားကင္ဆာျဖစ္ႏုိင္ေျခ (၂ဝ) ရာခုိင္ႏႈန္းပုိမ်ားတယ္လုိ႔ သုံးသပ္သြားပါတယ္။

UK Biobank ပေရာဂ်က္မွာ ပါဝင္ခဲ့တဲ့ အမ်ိဳးသမီး (၁၈ဝ,၂၁၅) ဦးနဲ႔ Breast Cancer Association Consortium (BCAC) ရဲ႕ စစ္တမ္းမွာ ပါဝင္ခဲ့တဲ့ အမ်ိဳးသမီး (၂၂၈,၉၅၁) ဦးတုိ႔ရဲ႕ အေျဖေတြကုိ အေျခခံၿပီး ထုတ္ျပန္လုိက္တာပါ။ မနက္ပုိင္း သုိ႔မဟုတ္ ညေနပုိင္းမွာ လႈပ္ရွားမႈ၊ အိပ္ခ်ိန္နဲ႔ ညအိပ္မေပ်ာ္အေျခအေနေတြဟာ ရင္သားကင္ဆာျဖစ္တန္စြမ္းနဲ႔ ဆက္စပ္ေနပါတယ္လုိ႔ ေဖာ္ျပထားပါတယ္။ ကဲ . . . ညဥ့္နက္မွာ အိပ္တတ္တဲ့ ဇီးကြက္ေလးေတြကုိ လက္တုိ႔ၿပီး သတိေပးလုိက္ေနာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ညဉ့်နက်မှ အိပ်တဲ့သူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်တဲ့

Circadian Rhythm ဆိုတာ (၂၄) နာရီအတွင်းမှာ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပြီး အလုပ်လုပ်ချိန်နဲ့ အိပ်ချိန်ကို ခွဲခြားပေးထားတဲ့ ဇီဝဖြစ်စဉ်တစ်ခုလို့ ပြောရမှာပါ။ လူတိုင်းမှာရှိကြတဲ့ Circadian Rhythm တွေက မတူကြပါဘူး။ တချို့တွေက စောစောအိပ်တယ်၊ စောစောထတယ်။ တချို့က ညဉ့်နက်မှ အိပ်ပြီး နေမြင့်မှ ထကြတယ်။ အဲဒီလိုနဲ့ (၂၄) နာရီ လည်ပတ်ကြတဲ့သဘောပဲ။

ဒါပေမယ့် ဗြိတိန်နိုင်ငံမှာရှိတဲ့ University of Bristol ရဲ့ သုတေသနပညာရှင်တွေက စောစောအိပ် စောစောထတဲ့လူတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ (၄ဝ) ရာခိုင်နှုန်းက (၄၈) ရာခိုင်နှုန်းအထိ ပိုနည်းပါးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အိပ်ချိန် (၈) နာရီထက် ပိုအိပ်တဲ့ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ (၂ဝ) ရာခိုင်နှုန်းပိုများတယ်လို့ သုံးသပ်သွားပါတယ်။

UK Biobank ပရောဂျက်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး (၁၈ဝ,၂၁၅) ဦးနဲ့ Breast Cancer Association Consortium (BCAC) ရဲ့ စစ်တမ်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး (၂၂၈,၉၅၁) ဦးတို့ရဲ့ အဖြေတွေကို အခြေခံပြီး ထုတ်ပြန်လိုက်တာပါ။ မနက်ပိုင်း သို့မဟုတ် ညနေပိုင်းမှာ လှုပ်ရှားမှု၊ အိပ်ချိန်နဲ့ ညအိပ်မပျော်အခြေအနေတွေဟာ ရင်သားကင်ဆာဖြစ်တန်စွမ်းနဲ့ ဆက်စပ်နေပါတယ်လို့ ဖော်ပြထားပါတယ်။ ကဲ . . . ညဉ့်နက်မှာ အိပ်တတ်တဲ့ ဇီးကွက်လေးတွေကို လက်တို့ပြီး သတိပေးလိုက်နော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com