[Zawgyi]

ေအာင္ျမင္ေက်ာ္ၾကားသူေတြရဲ႕ ထူးထူးေထြေထြမနက္ခင္းအမူအက်င့္ေလးမ်ား

မနက္မိုးလင္းရင္ ဘာစလုပ္ေလ့ရွိၾကလဲ။ တခ်ိဳ႕ေတြက မ်က္ႏွာသစ္ေရခ်ိဳးၿပီးတာနဲ႔ ဘုရားရွိခိုးေလ့ရွိတယ္။ တခ်ိဳ႕ေတြက မနက္စာအရင္စားတယ္။ တခ်ိဳ႕ေတြကက်ျပန္ေတာ့ အိပ္ရာထဲကမထေသးပဲ ဖုန္းပဲလိွမ့္ပြတ္ေနတတ္တယ္။ တကယ္ေတာ့ မနက္ေစာေစာ အၿမဲလုပ္ေလ့ရွိတဲ့ အေလ့အက်င့္က တစ္ေန႔တာလံုး လန္းဆန္းေပ်ာ္ရႊင္ေနႏုိင္မလားဆိုတဲ့အေပၚမွာ အမ်ားႀကီးမူတည္ေနတာပါေနာ္။ ႏုိင္ငံတကာမွာ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့သူေတြကေရာ မနက္ခင္းဆို ဘာေတြလုပ္ေလ့ရွိၾကလဲဆိုတာ တစ္ခါတေလ မစဥ္းစားဖူးဘူးလား။ ကိုယ္နဲ႔တူေနတာေတြေရာ ရွိေနမလားဆိုတာ စပ္စုၾကည့္ရေအာင္။

Jennifer Aniston

သူမကို Early Bird လို႔ ေျပာၾကပါတယ္။ မနက္ ၄ ခြဲဆိုထၿပီဆိုေပမယ့္ ဘာမွမလုပ္ေသးပဲ ၈နာရီ၊ ၉နာရီအထိ အိပ္ရာထဲမွာ လူးလွိမ့္ေနတတ္သူပါတဲ့ေနာ္။ ေနာက္ၿပီးေတာ့မွသာ အိပ္ရာေပၚကထၿပီး မ်က္ႏွာသစ္ Moisturizer လိမ္း၊ တရားထိုင္ စတာေတြကိုလုပ္ေလ့ရွိပါတယ္။ ဒါေတြလုပ္ၿပီးေတာ့မွသာ ပံုမွန္မနက္စာစားတာေတြ၊ က်န္တဲ့နိစၥဓူ၀အလုပ္ေတြကို ဆက္လုပ္တတ္ပါတယ္။

Jennifer Aniston

Jennifer Aniston

Mark Zuckerberg

သူကေတာ့ မနက္ဆို ေန႔တိုင္းလိုလို ၈နာရီေလာက္ဆို အိပ္ရာထေလ့ရွိၿပီး ပံုမွန္၀တ္ေနက်တီရွပ္ကိုပဲေကာက္စြပ္ရင္း အလုပ္စလုပ္တတ္တယ္လို႔ ေျပာၾကပါတယ္။ ေနာက္ၿပီး သူက အ၀တ္အစားေရြးခ်ယ္တာေၾကာင့္ တန္ဖိုးရွိတဲ့အခ်ိန္ေတြ အကုန္မခံပါဘူးတဲ့ေနာ္။ ကိုယ္ေတြနဲ႔မ်ား တျခားဆီပဲ။

Mark Zuckerberg

Mark Zuckerberg

Kate Hudson

သူမကေတာ့ မနက္ ၆ခြဲနဲ႔ ၇ခြဲၾကား ပံုမွန္ထေလ့ရွိသူပါ။ ဒါေပမယ့္ ဒီလိုထႏုိင္ေအာင္လည္း ၁၅မိနစ္ႀကိဳတင္ၿပီး Alarm ေပးထားရတာပါတဲ့ေနာ္။ ဘ၀တူေတြလို႔ပဲေျပာရေတာ့မွာပါပဲ။ အိပ္ရာႏိုးရင္ေတာ့ ေကာ္ဖီေဖ်ာ္ၿပီး Morning Joe အစီအစဥ္ကို အလြတ္မခံေစာင့္ၾကည့္ေသးပါတယ္တဲ့။ ဒါၿပီးရင္ေတာ့ ကေလးေတြကို ေက်ာင္းပို႔တာေတြ၊ အားကစားလုပ္တာေတြကို အစဥ္လိုက္လုပ္ပါေတာ့တယ္။

Kate Hudson

Kate Hudson

Oprah Winfrey

သူမဟာ မနက္ခင္းကို မိနစ္၂၀ေလာက္ တရားထုိင္တဲ့အေလ့အက်င့္နဲ႔ တစ္ေန႔တာကို အစျပဳေလ့ရွိတဲ့သူပါ။ ဒါၿပီးရင္ေတာ့ ၁၅မိနစ္ေလာက္ ေလ့က်င့္ခန္းလုပ္ၿပီးေတာ့ သီခ်င္းနားေထာင္ရင္း မနက္စာျပင္ဆင္ေတာ့တာပါပဲ။

Oprah Winfrey

Oprah Winfrey

Simon Cowell

သူကေတာ့ မနက္ခင္းမွာ အိပ္ရာကႏုိးလို႔ ေလ့က်င့္ခန္းလုပ္ၿပီးတာနဲပ ေရေႏြးေႏြးေလးနဲ႔ အၿမဲတမ္းေရခ်ိဳးၿပီး မနက္စာကို အိပ္ရာေပၚမွာ ျပန္စားသူပါ။ မယံုမရွိပါနဲ႔။ တစ္ခါတေလ အားတဲ့ေန႔ေတြမ်ားဆိုရင္ မနက္စာကို အိပ္ရာထဲမွာ ဇိမ္ယူရင္းစားရတာက ပိုမိုက္ပါတယ္။

Simon Cowell

Simon Cowell

Tory Burch

သူမကေတာ့ ၅နာရီနဲ႔ ၄၅မိနစ္မွာ ပံုမွန္အိပ္ရာထၿပီး မ်က္လံုးႏွစ္လံုးပြင့္တာနဲ႔ အလုပ္အတြက္ Email စစ္တတ္တဲ့သူပါ။ ဒါၿပီးရင္ေတာ့ သူမရဲ႕ ကေလးသံုးေယာက္ကို ႏုိးတာေတြ၊ ေလ့က်င့္ခန္းလုပ္တာေတြကို စတင္ပါေတာ့တယ္။ သူမကို မနက္ခင္းအခမ္းအနားရွိတဲ့ေန႔မ်ိဳးကလြဲလို႔ တျခားေန႔ေတြမွာ ေရမေျခာက္ေသးတဲ့ဆံပင္ေတြနဲ႔ အိမ္ကထြက္လာတာကို အၿမဲလိုလို ေတြ႕ျမင္ႏုိင္ပါတယ္။

Tory Burch

Tory Burch

ဒါေတြကေတာ့ ႏုိင္ငံတကာက ေအာင္ျမင္ေက်ာ္ၾကားသူတခ်ိဳ႕ရဲ႕ မနက္ခင္းအမူအက်င့္ေတြပဲ ျဖစ္ပါတယ္ေနာ္။ တစ္ေယာက္တစ္မ်ိဳးစီလည္း စိတ္၀င္စားစရာေကာင္းပါတယ္။ ကိုယ္နဲ႔ တူတဲ့သူမ်ား ပါေနေသးလားမသိဘူးေနာ္။ တုိက္ၾကည့္ၾကပါဦး။ ထူးျခားတာကေတာ့ အားလံုး အိပ္ရာကႏုိးတာနဲ႔ တရားထိုင္ရင္ထိုင္၊ မထိုင္ရင္ ေလ့က်င့္ခန္းလုပ္ၾကတာပဲ။ ဘာပဲေျပာေျပာ နာမည္ေက်ာ္ေတြရဲ႕ မနက္ခင့္အမူအက်င့္ေတြဆိုေတာ့ ကိုယ္ေတြလည္း ေကာ္ပီယူသင့္ရင္ ယူရမွာပဲေလေနာ္။

Moethaesay (Akhayar)

[Unicode]

အောင်မြင်ကျော်ကြားသူတွေရဲ့ ထူးထူးထွေထွေမနက်ခင်းအမူအကျင့်လေးများ

မနက်မိုးလင်းရင် ဘာစလုပ်လေ့ရှိကြလဲ။ တချို့တွေက မျက်နှာသစ်ရေချိုးပြီးတာနဲ့ ဘုရားရှိခိုးလေ့ရှိတယ်။ တချို့တွေက မနက်စာအရင်စားတယ်။ တချို့တွေကကျပြန်တော့ အိပ်ရာထဲကမထသေးပဲ ဖုန်းပဲလှိမ့်ပွတ်နေတတ်တယ်။ တကယ်တော့ မနက်စောစော အမြဲလုပ်လေ့ရှိတဲ့ အလေ့အကျင့်က တစ်နေ့တာလုံး လန်းဆန်းပျော်ရွှင်နေနိုင်မလားဆိုတဲ့အပေါ်မှာ အများကြီးမူတည်နေတာပါနော်။ နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားနေတဲ့သူတွေကရော မနက်ခင်းဆို ဘာတွေလုပ်လေ့ရှိကြလဲဆိုတာ တစ်ခါတလေ မစဉ်းစားဖူးဘူးလား။ ကိုယ်နဲ့တူနေတာတွေရော ရှိနေမလားဆိုတာ စပ်စုကြည့်ရအောင်။

Jennifer Aniston

သူမကို Early Bird လို့ ပြောကြပါတယ်။ မနက် ၄ ခွဲဆိုထပြီဆိုပေမယ့် ဘာမှမလုပ်သေးပဲ ၈နာရီ၊ ၉နာရီအထိ အိပ်ရာထဲမှာ လူးလှိမ့်နေတတ်သူပါတဲ့နော်။ နောက်ပြီးတော့မှသာ အိပ်ရာပေါ်ကထပြီး မျက်နှာသစ် Moisturizer လိမ်း၊ တရားထိုင် စတာတွေကိုလုပ်လေ့ရှိပါတယ်။ ဒါတွေလုပ်ပြီးတော့မှသာ ပုံမှန်မနက်စာစားတာတွေ၊ ကျန်တဲ့နိစ္စဓူဝအလုပ်တွေကို ဆက်လုပ်တတ်ပါတယ်။

Jennifer Aniston

Jennifer Aniston

Mark Zuckerberg

သူကတော့ မနက်ဆို နေ့တိုင်းလိုလို ၈နာရီလောက်ဆို အိပ်ရာထလေ့ရှိပြီး ပုံမှန်ဝတ်နေကျတီရှပ်ကိုပဲကောက်စွပ်ရင်း အလုပ်စလုပ်တတ်တယ်လို့ ပြောကြပါတယ်။ နောက်ပြီး သူက အဝတ်အစားရွေးချယ်တာကြောင့် တန်ဖိုးရှိတဲ့အချိန်တွေ အကုန်မခံပါဘူးတဲ့နော်။ ကိုယ်တွေနဲ့များ တခြားဆီပဲ။

Mark Zuckerberg

Mark Zuckerberg

Kate Hudson

သူမကတော့ မနက် ၆ခွဲနဲ့ ၇ခွဲကြား ပုံမှန်ထလေ့ရှိသူပါ။ ဒါပေမယ့် ဒီလိုထနိုင်အောင်လည်း ၁၅မိနစ်ကြိုတင်ပြီး Alarm ပေးထားရတာပါတဲ့နော်။ ဘဝတူတွေလို့ပဲပြောရတော့မှာပါပဲ။ အိပ်ရာနိုးရင်တော့ ကော်ဖီဖျော်ပြီး Morning Joe အစီအစဉ်ကို အလွတ်မခံစောင့်ကြည့်သေးပါတယ်တဲ့။ ဒါပြီးရင်တော့ ကလေးတွေကို ကျောင်းပို့တာတွေ၊ အားကစားလုပ်တာတွေကို အစဉ်လိုက်လုပ်ပါတော့တယ်။

Kate Hudson

Kate Hudson

Oprah Winfrey

သူမဟာ မနက်ခင်းကို မိနစ်၂၀လောက် တရားထိုင်တဲ့အလေ့အကျင့်နဲ့ တစ်နေ့တာကို အစပြုလေ့ရှိတဲ့သူပါ။ ဒါပြီးရင်တော့ ၁၅မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပြီးတော့ သီချင်းနားထောင်ရင်း မနက်စာပြင်ဆင်တော့တာပါပဲ။

Oprah Winfrey

Oprah Winfrey

Simon Cowell

သူကတော့ မနက်ခင်းမှာ အိပ်ရာကနိုးလို့ လေ့ကျင့်ခန်းလုပ်ပြီးတာနဲပ ရေနွေးနွေးလေးနဲ့ အမြဲတမ်းရေချိုးပြီး မနက်စာကို အိပ်ရာပေါ်မှာ ပြန်စားသူပါ။ မယုံမရှိပါနဲ့။ တစ်ခါတလေ အားတဲ့နေ့တွေများဆိုရင် မနက်စာကို အိပ်ရာထဲမှာ ဇိမ်ယူရင်းစားရတာက ပိုမိုက်ပါတယ်။

Simon Cowell

Simon Cowell

Tory Burch

သူမကတော့ ၅နာရီနဲ့ ၄၅မိနစ်မှာ ပုံမှန်အိပ်ရာထပြီး မျက်လုံးနှစ်လုံးပွင့်တာနဲ့ အလုပ်အတွက် Email စစ်တတ်တဲ့သူပါ။ ဒါပြီးရင်တော့ သူမရဲ့ ကလေးသုံးယောက်ကို နိုးတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေကို စတင်ပါတော့တယ်။ သူမကို မနက်ခင်းအခမ်းအနားရှိတဲ့နေ့မျိုးကလွဲလို့ တခြားနေ့တွေမှာ ရေမခြောက်သေးတဲ့ဆံပင်တွေနဲ့ အိမ်ကထွက်လာတာကို အမြဲလိုလို တွေ့မြင်နိုင်ပါတယ်။

Tory Burch

Tory Burch

ဒါတွေကတော့ နိုင်ငံတကာက အောင်မြင်ကျော်ကြားသူတချို့ရဲ့ မနက်ခင်းအမူအကျင့်တွေပဲ ဖြစ်ပါတယ်နော်။ တစ်ယောက်တစ်မျိုးစီလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်နဲ့ တူတဲ့သူများ ပါနေသေးလားမသိဘူးနော်။ တိုက်ကြည့်ကြပါဦး။ ထူးခြားတာကတော့ အားလုံး အိပ်ရာကနိုးတာနဲ့ တရားထိုင်ရင်ထိုင်၊ မထိုင်ရင် လေ့ကျင့်ခန်းလုပ်ကြတာပဲ။ ဘာပဲပြောပြော နာမည်ကျော်တွေရဲ့ မနက်ခင့်အမူအကျင့်တွေဆိုတော့ ကိုယ်တွေလည်း ကော်ပီယူသင့်ရင် ယူရမှာပဲလေနော်။

Moethaesay (Akhayar)