[Zawgyi]

အမြန္းနဲ႔ပတ္သက္ျပီး မိုရီဆာကီဝင္းက ဘာေၾကာင့္ရင္ခုန္ေနရသလဲ…

ျမန္မာျပည္ဖြား ဂ်ပန္အဆိုေတာ္မိုရီဆာကီဝင္းက သူ႔ဘဝမွာ ေတးသံရွင္အမြန္းနဲ႔သီခ်င္းတဲြဆိုျခင္းက မိန္းကေလးနဲ႔ ႏွစ္ေယာက္အတူ ပထမဆံုးတဲြဆိုတာျဖစ္လို႔ စိတ္လႈပ္ရွားေနတယ္လို႔ေျပာပါတယ္။ ဂ်ပန္ဂီတ Prizmax အဖြဲ႕ရဲ႕ Vocalist တစ္ဦးျဖစ္တဲ့ အဆိုေတာ္မိုရီဆာကီဝင္းက“ကၽြန္ေတာ့္ဘဝမွာ မိန္းကေလးနဲ႔သီခ်င္းဆိုတာ ပထမဦးအႀကိမ္ဆိုေတာ့ ကၽြန္ေတာ္အရမ္းစိတ္လႈပ္ရွားေနပါတယ္။ အတူတူ အျမန္တဲြၿပီး သီဆိုေဖ်ာ္ေျဖခ်င္ေနပါၿပီ။ အဲဒါေၾကာင့္ ႏွစ္ေယာက္အတူေတြ႕ၿပီးေတာ့ ေသခ်ာသီခ်င္းကို ေလ့က်င့္ၾကမယ္”လို႔ ဆိုပါတယ္။

လာမယ့္ ေဖေဖာ္ဝါရီ ၂၄ ရက္၊ Thuwanna Event Park မွာ က်င္းပမယ့္ ဂ်ပန္-ျမန္မာပြဲေတာ္မွာ ဂ်ပန္အဆိုေတာ္မိုရီဆာကီဝင္းနဲ႔ ေတးသံရွင္အမြန္းက အတူတြဲဖက္ၿပီး “အတူေမွ်ာ္မွန္းသည့္အိပ္မက္” သီခ်င္းကို သီဆိုေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။ ဒီသီခ်င္းကို အဆိုေတာ္အမြန္းနဲ႔ မိုရီဆာကီဝင္းတို႔က တြဲဖက္ေရးသားထားတာျဖစ္ၿပီး မိုရီဆာကီဝင္းက သီခ်င္းစာသားေရးစပ္ကာ အမြန္းက သံစဥ္ထည့္ဖန္တီးထားတာပဲျဖစ္ပါတယ္။

မိုရီဆာကီဝင္းအေနနဲ႔ အခုလိုေတးသံရွင္အမြန္းနဲ႔တြဲဖက္ၿပီး သီခ်င္းဖန္တီးတဲ့အခါ အမြန္းရဲ႕အႏုပညာ စိတ္အားထက္သန္မႈေတြကိုလည္း အခုလိုပဲေျပာပါတယ္။ “စိတ္အားထက္သန္မႈ အရမ္းျပင္းျပတယ္လို႔ဆိုရမလား အရာရာကိုအရံႈးမေပးလိုဘူး၊ ငါက ဒီထက္အျမင့္ကို တက္လွမ္းရမယ္ဆိုတဲ့ပံုစံမ်ိဳး အရမ္းျပင္းျပသူအျဖစ္ ခံစားမိပါတယ္။ အဲဒီအတြက္ ႏွစ္ေယာက္အတူတူ ဒီထက္ပိုၿပီး ႀကီးႀကီးမားမားနဲ႔ ပံုစံအမ်ိဳးမ်ိဳးလုပ္ၾကည့္ခ်င္တယ္ ဂ်ပန္ႏိုင္ငံနဲ႔တင္မဟုတ္ဘဲ ျမန္မာနဲ႔တျခားႏိုင္ငံေတြအၾကား ေပါင္းကူးတံတားျဖစ္ခ်င္တယ္ အႏုပညာဖန္တီးမႈမ်ိဳးစံုကိုလုပ္ခ်င္တယ္တို႔ ”လို႔လည္း မိုရီဆာကီဝင္းက အမြန္းရဲ႕ အႏုပညာစိတ္အားထက္သန္မႈနဲ႔ ေရွ႕ဆက္ေလွ်ာက္လွမ္းခ်င္တဲ႔ အႏုပညာခရီးလမ္းေၾကာင္းကိုပါ ေျပာျပသြားပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမွန်းနဲ့ပတ်သက်ပြီး မိုရီဆာကီဝင်းက ဘာကြောင့်ရင်ခုန်နေရသလဲ…

မြန်မာပြည်ဖွား ဂျပန်အဆိုတော်မိုရီဆာကီဝင်းက သူ့ဘဝမှာ တေးသံရှင်အမွန်းနဲ့သီချင်းတွဲဆိုခြင်းက မိန်းကလေးနဲ့ နှစ်ယောက်အတူ ပထမဆုံးတွဲဆိုတာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ပြောပါတယ်။ ဂျပန်ဂီတ Prizmax အဖွဲ့ရဲ့ Vocalist တစ်ဦးဖြစ်တဲ့ အဆိုတော်မိုရီဆာကီဝင်းက“ကျွန်တော့်ဘဝမှာ မိန်းကလေးနဲ့သီချင်းဆိုတာ ပထမဦးအကြိမ်ဆိုတော့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အတူတူ အမြန်တွဲပြီး သီဆိုဖျော်ဖြေချင်နေပါပြီ။ အဲဒါကြောင့် နှစ်ယောက်အတူတွေ့ပြီးတော့ သေချာသီချင်းကို လေ့ကျင့်ကြမယ်”လို့ ဆိုပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်၊ Thuwanna Event Park မှာ ကျင်းပမယ့် ဂျပန်-မြန်မာပွဲတော်မှာ ဂျပန်အဆိုတော်မိုရီဆာကီဝင်းနဲ့ တေးသံရှင်အမွန်းက အတူတွဲဖက်ပြီး “အတူမျှော်မှန်းသည့်အိပ်မက်” သီချင်းကို သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။ ဒီသီချင်းကို အဆိုတော်အမွန်းနဲ့ မိုရီဆာကီဝင်းတို့က တွဲဖက်ရေးသားထားတာဖြစ်ပြီး မိုရီဆာကီဝင်းက သီချင်းစာသားရေးစပ်ကာ အမွန်းက သံစဉ်ထည့်ဖန်တီးထားတာပဲဖြစ်ပါတယ်။

မိုရီဆာကီဝင်းအနေနဲ့ အခုလိုတေးသံရှင်အမွန်းနဲ့တွဲဖက်ပြီး သီချင်းဖန်တီးတဲ့အခါ အမွန်းရဲ့အနုပညာ စိတ်အားထက်သန်မှုတွေကိုလည်း အခုလိုပဲပြောပါတယ်။ “စိတ်အားထက်သန်မှု အရမ်းပြင်းပြတယ်လို့ဆိုရမလား အရာရာကိုအရှုံးမပေးလိုဘူး၊ ငါက ဒီထက်အမြင့်ကို တက်လှမ်းရမယ်ဆိုတဲ့ပုံစံမျိုး အရမ်းပြင်းပြသူအဖြစ် ခံစားမိပါတယ်။ အဲဒီအတွက် နှစ်ယောက်အတူတူ ဒီထက်ပိုပြီး ကြီးကြီးမားမားနဲ့ ပုံစံအမျိုးမျိုးလုပ်ကြည့်ချင်တယ် ဂျပန်နိုင်ငံနဲ့တင်မဟုတ်ဘဲ မြန်မာနဲ့တခြားနိုင်ငံတွေအကြား ပေါင်းကူးတံတားဖြစ်ချင်တယ် အနုပညာဖန်တီးမှုမျိုးစုံကိုလုပ်ချင်တယ်တို့ ”လို့လည်း မိုရီဆာကီဝင်းက အမွန်းရဲ့ အနုပညာစိတ်အားထက်သန်မှုနဲ့ ရှေ့ဆက်လျှောက်လှမ်းချင်တဲ့ အနုပညာခရီးလမ်းကြောင်းကိုပါ ပြောပြသွားပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။