[Zawgyi] 

iPhone 6S ကစၿပီး 3D Touch ကို မိတ္ဆက္ေပးခဲ့ပါတယ္။ Display ေအာက္မွာ Pressure Sensitive Layer တစ္ခုထည့္ၿပီး လက္နဲ႔ဖိတဲ့အားအေပၚမူတည္ၿပီး Menu ေတြနဲ႔ Button ေတြကို ႏွိပ္ဖြင့္ႏိုင္ေအာင္လုပ္ေပးတဲ့ Feature အျဖစ္ အခုေနာက္ဆံုးထြက္တဲ့ iPhone XS နဲ႔ XS Max ေတြအထိ ပါလာပါေသးတယ္။

iPhone XR

iPhone XS ေတြနဲ႔အတူထြက္လာခဲ့တဲ့ iPhone XR မွာေတာ့ Apple က 3D Touch ကိုထည့္မေပးဘဲ ခ်န္ထားခဲ့ပါတယ္။ 3D Touch အတြက္ အေရးပါတဲ့အစိတ္အပိုင္းက ႏွစ္ခုရွိပါတယ္။ အဲ့တာေတြကေတာ့ Pressure Sensitive Sensor နဲ႔ Haptic Engine ပါ။ iPhone XR မွာေတာ့ Haptic Engine ပဲပါလို႔ Pressure သံုးရတဲ့ 3D Touch ကို သံုးလို႔မရပါဘူး။ အဲ့ဒီအတြက္ Haptic Touch ဆိုၿပီး iPhone XR မွာ မိတ္ဆက္ေပးလိုက္ပါတယ္။ 

Lock Screen Shortcuts

Haptic Touch ကေတာ့ 3D Touch လိုဆိုေပမယ့္ အားနဲ႔ဖိရတာမဟုတ္ဘဲ တစ္ေနရာကို အၾကာႀကီး ႏွိပ္ထားရတာပါ။ Htptic Touch လို႔နာမည္ေပးထားတာကေတာ့ လက္နဲ႔ အၾကာႀကီး ႏွိပ္ထားၿပီးရင္ Haptic Feedback ေပးတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ Haptic Touch ကိုေတာ့ လက္ရွိအခ်ိန္မွာ Lock Screen Shortcut ေတြနဲ႔ Control Center Toggle ေတြကိုပဲ Long Tap လုပ္ၿပီး သံုးလို႔ရဦးမွာပါ။ ဒါေပမယ့္ လာမယ့္ iOS 12.1.1 Update မွာ Haptic Touch အတြက္ 3D Touch ရဲ႕ Feature တခ်ိဳ႕ကို iPhone XR အတြက္ ထည့္ေပးလာႏိုင္မယ္လို႔ သိရပါတယ္။ 

Haptic Touch for Notifications

iOS 12.1.1 Beta မွာေတာ့ Haptic Touch ကို Notification Center မွာပါ သံုးလို႔ရလာႏိုင္ပါၿပီ။ အရင္ကေတာ့ 3D Touch ကိုသံုးၿပီးေတာ့ပဲ Notification ေတြကို ဖိလိုက္မွာ Expand ျဖစ္လာတာပါ။ အခုလို Haptic Touch နဲ႔ရလာၿပီဆိုေတာ့ iPhone XR User ေတြအတြက္ ေကာင္းတဲ့အခ်က္ပါပဲ။ က်န္တဲ့ iPhone ေတြကေတာ့ Swype လုပ္ၿပီး Notification ေတြမွာ View ဆိုတာကို ႏွိပ္ၾကည့္ႏိုင္မွာပါ။ Haptic Touch မွာ ဒီထက္ပိုတဲ့ Feature ေတြ ထပ္ထည့္ေပးလာခဲ့ရင္ေတာ့ Apple ရဲ႕ 3D Touch က အသံုးမဝင္ေတာ့သလို ျဖစ္သြားမွာပါ။ ဒါေပမယ့္ 3D Touch သံုးေနက်သူဆိုရင္ေတာ့ ဖိရတဲ့အရသာကို ပိုသေဘာက်မိမွာ အမွန္ပါပဲ။ 

Ref: The Verge | 9To5Mac

Min Than Htike (Akhayar)

www.akhayar.com

 [Unicode] 

iPhone XR အတွက် 3D Touch Feature တွေကိုထပ်တွေ့ရတော့မယ်

iPhone 6S ကစပြီး 3D Touch ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Display အောက်မှာ Pressure Sensitive Layer တစ်ခုထည့်ပြီး လက်နဲ့ဖိတဲ့အားအပေါ်မူတည်ပြီး Menu တွေနဲ့ Button တွေကို နှိပ်ဖွင့်နိုင်အောင်လုပ်ပေးတဲ့ Feature အဖြစ် အခုနောက်ဆုံးထွက်တဲ့ iPhone XS နဲ့ XS Max တွေအထိ ပါလာပါသေးတယ်။

iPhone XR

iPhone XS တွေနဲ့အတူထွက်လာခဲ့တဲ့ iPhone XR မှာတော့ Apple က 3D Touch ကိုထည့်မပေးဘဲ ချန်ထားခဲ့ပါတယ်။ 3D Touch အတွက် အရေးပါတဲ့အစိတ်အပိုင်းက နှစ်ခုရှိပါတယ်။ အဲ့တာတွေကတော့ Pressure Sensitive Sensor နဲ့ Haptic Engine ပါ။ iPhone XR မှာတော့ Haptic Engine ပဲပါလို့ Pressure သုံးရတဲ့ 3D Touch ကို သုံးလို့မရပါဘူး။ အဲ့ဒီအတွက် Haptic Touch ဆိုပြီး iPhone XR မှာ မိတ်ဆက်ပေးလိုက်ပါတယ်။ 

Lock Screen Shortcuts

Haptic Touch ကတော့ 3D Touch လိုဆိုပေမယ့် အားနဲ့ဖိရတာမဟုတ်ဘဲ တစ်နေရာကို အကြာကြီး နှိပ်ထားရတာပါ။ Htptic Touch လို့နာမည်ပေးထားတာကတော့ လက်နဲ့ အကြာကြီး နှိပ်ထားပြီးရင် Haptic Feedback ပေးတာကြောင့် ဖြစ်နိုင်ပါတယ်။ Haptic Touch ကိုတော့ လက်ရှိအချိန်မှာ Lock Screen Shortcut တွေနဲ့ Control Center Toggle တွေကိုပဲ Long Tap လုပ်ပြီး သုံးလို့ရဦးမှာပါ။ ဒါပေမယ့် လာမယ့် iOS 12.1.1 Update မှာ Haptic Touch အတွက် 3D Touch ရဲ့ Feature တချို့ကို iPhone XR အတွက် ထည့်ပေးလာနိုင်မယ်လို့ သိရပါတယ်။ 

Haptic Touch for Notifications

iOS 12.1.1 Beta မှာတော့ Haptic Touch ကို Notification Center မှာပါ သုံးလို့ရလာနိုင်ပါပြီ။ အရင်ကတော့ 3D Touch ကိုသုံးပြီးတော့ပဲ Notification တွေကို ဖိလိုက်မှာ Expand ဖြစ်လာတာပါ။ အခုလို Haptic Touch နဲ့ရလာပြီဆိုတော့ iPhone XR User တွေအတွက် ကောင်းတဲ့အချက်ပါပဲ။ ကျန်တဲ့ iPhone တွေကတော့ Swype လုပ်ပြီး Notification တွေမှာ View ဆိုတာကို နှိပ်ကြည့်နိုင်မှာပါ။ Haptic Touch မှာ ဒီထက်ပိုတဲ့ Feature တွေ ထပ်ထည့်ပေးလာခဲ့ရင်တော့ Apple ရဲ့ 3D Touch က အသုံးမဝင်တော့သလို ဖြစ်သွားမှာပါ။ ဒါပေမယ့် 3D Touch သုံးနေကျသူဆိုရင်တော့ ဖိရတဲ့အရသာကို ပိုသဘောကျမိမှာ အမှန်ပါပဲ။ 

Ref: The Verge | 9To5Mac

Min Than Htike (Akhayar)

www.akhayar.com